အခန်း (၆) : မဖြစ်နိုင်ဘူး
လင်းထျန်းက သူ့အတန်းဖော်တွေရဲ့ လှောင်ပြောင်မှုတွေကို လျစ်လျူရှုပြီး သူ့စာအုပ်တွေကိုသာ ဖတ်ကာ အတွင်းက အသိပညာတွေကို အငမ်းမရ စုပ်ယူနေခဲ့တယ်။
တတိယမြောက်အတန်းချိန်က တရုတ်စာအတန်းဖြစ်ပြီး လင်းထျန်းက လုံးဝနားမထောင်ဘဲ သူ့စာဖတ်ခြင်းထဲမှာသာ စိတ်နှစ်ထားခဲ့တယ်။
တရုတ်စာဆရာက လင်းထျန်း အတန်းထဲမှာ အာရုံမစိုက်တာကို သတိထားမိပေမယ့် သူ့ကို ဂရုမစိုက်ခဲ့ဘူး။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဖို့ သုံးလပဲကျန်တော့တဲ့အချိန်မှာ ဆရာတွေက သူ့လိုစာညံ့တဲ့ကျောင်းသားတွေကို အများအားဖြင့် လျစ်လျူရှုထားကြတယ်။ သူက အရမ်းအနှောင့်အယှက်မဖြစ်နေသရွေ့ သူတို့က ဝင်မစွက်ဖက်ကြဘူး။
ဆရာရဲ့ ဒီလိုဂရုမစိုက်မှုက လင်းထျန်းအတွက် ပိုလို့တောင် အဆင်ပြေစေခဲ့တယ်။
တတိယအတန်းချိန်ပြီးဆုံးတဲ့အချိန်မှာ လင်းထျန်းက အထက်တန်း ပထမနှစ်ကနေ တတိယနှစ်အထိ ဖတ်စာအုပ်အားလုံးကို ပြန်လည်လေ့လာပြီးသွားခဲ့ပြီ။
ဒီအချိန်မှာ လင်းထျန်းက အဲ့ဒီဖတ်စာအုပ်တွေထဲက အကြောင်းအရာတွေကို လုံးဝအလွတ်ရပြီး နားလည်သွားခဲ့ပြီ။
ဒါပေမဲ့ သူ မေ့သွားမှာစိုးတာကြောင့် လင်းထျန်းက နောက်တစ်ခေါက် ထပ်ပြီးပြန်လေ့လာဖို့ စီစဉ်ထားတုန်းပဲ။
ဒါကြောင့် တတိယအတန်းချိန်ပြီးတော့ တခြားသူတွေအားလုံးက အနားယူဖို့ ထွက်သွားကြပေမယ့် လင်းထျန်းကတော့ သူ့စားပွဲမှာပဲ ကျန်နေပြီး စာဖတ်နေခဲ့တယ်။
ဒင်.. ဒင်... သူ မသိလိုက်ခင်မှာပဲ စတုတ္ထအတန်းချိန်အတွက် ခေါင်းလောင်းက မြည်လာခဲ့ပြီ။
ခေါင်းလောင်းသံကြားတော့ လင်းထျန်းက သူ့စားပွဲပေါ်က အချိန်ဇယားကို တစ်ချက်ကြည့်လိုက်ပြီး ဒီအတန်းချိန်က ဇီဝဗေဒဖြစ်နေတုန်းပဲဆိုတာ တွေ့လိုက်တယ်။
"ဆရာမဟဲရဲ့ အတန်းပဲ!" ဒီလိုတွေးရင်း လင်းထျန်းက အတန်းတံခါးဝဘက်ကို မော့ကြည့်လိုက်တယ်။
သူမော့ကြည့်လိုက်တာနဲ့ လင်းထျန်းက အဖြူရောင်ဝတ်စုံနဲ့ ဟဲချန်ချန်က ပြုံးရင်းနဲ့ အတန်းထဲကို လျှောက်ဝင်လာတာကို တွေ့လိုက်တယ်။
မတ်တပ်ရပ်၊ အတန်းစပြီ ဒါတွေက အရင်အတိုင်း ပုံမှန်အတိုင်းပဲ။
ဒီအတန်းချိန်အတွင်းမှာ လင်းထျန်းက သိပ်ပြီးစိတ်မလွင့်တော့ဘူး၊ သူက အရင်အတန်းကလိုပဲ စာဆက်ဖတ်ပြီး လေ့လာနေခဲ့တယ်။
သူက လုံးဝသင်ယူပြီးဖြစ်ကြောင်းနဲ့ မမေ့တော့ဘူးဆိုတာကို သေချာချင်ခဲ့တယ်!
ရှေ့မှာတော့ ဟဲချန်ချန်က စာသင်ကြားနေပြီး အောက်မှာတော့ လင်းထျန်းက တိတ်တဆိတ် လေ့လာနေခဲ့တယ်။
အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးသွားပြီး အတန်းပြီးဖို့ ဆယ်မိနစ်အလိုမှာ ဟဲချန်ချန်က ဒီနေ့အတွက် အဓိကအချက်အလက်တွေကို ရှင်းပြပြီးသွားခဲ့ပြီ။
သူမ ခုမှရှင်းပြပြီးသွားတဲ့ အချက်အလက်တွေကိုကြည့်ရင်း ဟဲချန်ချန်က အောက်ကကျောင်းသားတွေကို ပြုံးပြပြီးပြောလိုက်တယ်၊ "ဒီနေ့အတွက် သင်ခန်းစာက ဒီလောက်ပါပဲ။ အတန်းပြီးဖို့ ဆယ်မိနစ်ကျန်သေးတယ်၊ ဒါကြောင့် ကျောင်းသားတို့ ကိုယ့်ဘာသာကိုယ် ပြန်လေ့လာကြပါ!"
စာသင်ချိန်က ပြီးသွားပေမယ့် ကျောင်းသားအားလုံးက ဟဲချန်ချန်ရဲ့စကားကိုနားထောင်ပြီး တိတ်တဆိတ် ပြန်လေ့လာနေကြတာတော့မဟုတ်ဘူး။ ကျောင်းသားတချို့က လင်းထျန်းနဲ့ ဟဲချန်ချန်ရဲ့ အလောင်းအစားကို သတိရသွားကြတယ်။
အဲ့ဒီအလောင်းအစားကို တွေးမိတော့ တစ်ယောက်ယောက်က ဟဲချန်ချန်ကို အသံကျယ်ကျယ်နဲ့ ရုတ်တရက်မေးလိုက်တယ်၊ "ဆရာမဟဲ၊ လင်းထျန်းက ဆရာမနဲ့ အလောင်းအစားလုပ်ထားတယ်လို့ ပြောတာကြားတယ်၊ ဟုတ်လား?"
လင်းထျန်းနဲ့ ဆရာမဟဲရဲ့ အလောင်းအစား!
ဒီအကြောင်းအရာကိုကြားတော့ ကျောင်းသားအားလုံးက မော့ကြည့်လိုက်ကြပြီး သူတို့ရဲ့အကြည့်တွေက ဟဲချန်ချန်အပေါ်မှာ စုစည်းသွားတယ်။ သူတို့က ဒီလို စပ်စုချင်စရာကိစ္စမျိုးကို အရမ်းစိတ်ဝင်စားကြတယ်။
သူတို့အားလုံးက လင်းထျန်းက တစ်တန်းလုံးမှာ အဆင့်တစ်ရမယ်လို့ ကြွားဝါခဲ့တာကို သိကြတယ်။
"အလောင်းအစား?" ဟဲချန်ချန်က အမေးခံလိုက်ရလို့ လန့်သွားတယ်။ ခဏကြာတော့ သူမက အသိပြန်ဝင်လာပြီး အောက်ကကျောင်းသားတွေကို ပြုံးပြကာ ပြောလိုက်တယ်၊ "ဟုတ်တယ်၊ လင်းထျန်းနဲ့ ဆရာမနဲ့ အလောင်းအစားလုပ်ထားတယ်။ သူသာ တစ်တန်းလုံးမှာ အဆင့်တစ်ရခဲ့ရင် ဆရာမက သူ့ကိုနမ်းမယ်လို့ ပြောထားတယ်!"
"အိုး!" ဒီစကားကိုကြားတော့ အောက်က ကျောင်းသားတချို့က စူးစူးဝါးဝါးအော်ကြတယ်!
အနမ်း!
စဉ်းစားကြည့်ရုံနဲ့တင် စိတ်လှုပ်ရှားစရာပဲ!
ဒါက နတ်ဘုရားမရဲ့အနမ်းပဲ!
အောက်ကကျောင်းသားတွေရဲ့ စူးစူးဝါးဝါးအော်သံတွေနဲ့ စိတ်လှုပ်ရှားမှုတွေကိုမြင်တော့ ဟဲချန်ချန်က လူလည်ကျစွာ မျက်တောင်ခတ်ပြလိုက်ပြီး၊ "မင်းတို့ထဲက တစ်ယောက်ယောက်သာ လစဉ်စာမေးပွဲမှာ ပထမနေရာရရင် ဆရာမက နမ်းမှာပဲ!"
"အိုး!" ချက်ချင်းပဲ အောက်မှာ အော်သံတွေ ညံသွားတော့တယ်!
ဒါပေမဲ့ ခဏလောက် စူးစူးဝါးဝါးအော်ပြီးတဲ့နောက်မှာတော့ သက်ပြင်းချသံတွေ ထွက်ပေါ်လာခဲ့တယ်။
ခက်တယ်!
အရမ်းခက်တယ်!
ဒါက လုံးဝမဖြစ်နိုင်သလောက်ပဲ!
လင်းထျန်းရဲ့အတန်းက စာညံ့တဲ့အတန်းဖြစ်တယ်၊ ပုံမှန်အားဖြင့် သူတို့အတန်းရဲ့ အတော်ဆုံးကျောင်းသားက လစဉ်စာမေးပွဲတွေမှာ တစ်တန်းလုံးမှာ အဆင့် ၂၀၀ လောက်ပဲ ချိတ်တယ်။
တစ်တန်းလုံးမှာ အဆင့်တစ်ဖြစ်ဖို့ဆိုတာ... မဖြစ်နိုင်ဘူး!
သူတို့အတန်းထဲက ဘယ်သူမှ မလုပ်နိုင်ဘူး!
"ဆရာမ၊ အဆင့် ၂၀၀ ဆိုရင်ရော အဆင်ပြေလား?" စကားပြောတဲ့သူက မျက်နှာမှာ ဝက်ခြံတွေပြည့်နေတဲ့ ကောင်လေးတစ်ယောက်ပဲ။ သူက အတန်းထဲက စာအတော်ဆုံးကျောင်းသားတွေထဲကတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံးအဆင့်က တစ်တန်းလုံးမှာ အဆင့် ၂၀၀ လောက်ပဲ ချိတ်နိုင်တယ်။
ဒီအချိန်မှာ ဝက်ခြံမျက်နှာနဲ့ကောင်လေးက စာသင်စင်မြင့်ပေါ်က ဟဲချန်ချန်ကို မျှော်လင့်တကြီးနဲ့ ကြည့်နေပြီး အနမ်းတစ်ပွင့်ရဖို့ စိတ်အားထက်သန်နေခဲ့တယ်။
"ဟင့်အင်း၊ ဒါတော့ မဖြစ်နိုင်ဘူး!" ဟဲချန်ချန်က ပြုံးပြီး ခေါင်းခါလိုက်တယ်။
"ဟူး!" ဒီစကားကိုကြားတော့ အောက်မှာ သက်ပြင်းချသံတွေ ထွက်ပေါ်လာတယ်၊ "ဒါက လုံးဝမဖြစ်နိုင်တာကြီး!"
"ဟုတ်တယ်လေ၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"
ဟဲချန်ချန်က အောက်မှာ သက်ပြင်းချသံတွေ ထွက်ပေါ်လာတာကိုကြည့်ရင်း ပြုံးနေပြီး ဘာမှမပြောခဲ့ဘူး။
ဖြစ်နိုင်လား? ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဖြစ်နိုင်ရင် သူမက ဘာလို့ ဒီလိုအခြေအနေမျိုးကို သဘောတူမှာလဲ?
ဒီလိုတွေးရင်း ဟဲချန်ချန်က လင်းထျန်းဘက်ကို လှမ်းကြည့်လိုက်တယ်။
ဟဲချန်ချန်က လင်းထျန်းက လက်ရှိမှာ စာအုပ်တစ်အုပ်ကို ငုံ့ကြည့်နေပြီး ပြင်ပလောကနဲ့ အဆက်အသွယ်ပြတ်နေသလိုဖြစ်နေတာကို သတိထားမိလိုက်တယ်။
ဟဲချန်ချန်ရဲ့နေရာကနေကြည့်ရင် သူမက လင်းထျန်း သင်္ချာစာအုပ်ဖတ်နေတာကို ရှင်းရှင်းလင်းလင်းမြင်နေရတယ်။
လင်းထျန်း ဇွဲထက်သန်စွာ စာဖတ်နေတာကိုမြင်တော့ ဟဲချန်ချန်ရဲ့မျက်လုံးထဲမှာ သဘောကျတဲ့အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတယ်၊ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဟဲချန်ချန်က လင်းထျန်း တစ်တန်းလုံးမှာ အဆင့်တစ်ဖြစ်လာလိမ့်မယ်လို့ မယုံကြည်ခဲ့ဘူး!
မဖြစ်နိုင်ဘူး၊ နည်းနည်းလေးတောင် မဖြစ်နိုင်ဘူး!
ဒီအချိန်မှာ လင်းထျန်းက သူ့စာအုပ်ထဲမှာ စိတ်နှစ်ထားပြီး အပြင်ကဆူညံသံတွေကို လျစ်လျူရှုထားခဲ့တယ်။ သူက သူ့အတန်းဖော်တွေရဲ့ ပြောဆိုဆွေးနွေးမှုတွေကို သဘာဝအတိုင်းကြားနေရပြီး သူတို့က မဖြစ်နိုင်ဘူးလို့ ပြောနေကြမှန်းလည်း သိတယ်။
သူ့ကို ရူးနေတယ်လို့ခေါ်ပြီး တစ်တန်းလုံးမှာ အဆင့်တစ်ကို ဘယ်လိုလုပ်ရနိုင်မှာလဲလို့ မေးနေတာကိုတောင် သူကြားခဲ့တယ်။
လင်းထျန်းက ဒီမှတ်ချက်တွေကို အာရုံမစိုက်ဘဲ တိတ်တဆိတ် စာဆက်ဖတ်နေခဲ့တယ်။
လင်းထျန်းစာဖတ်နေရင်း အချိန်တွေက တဖြည်းဖြည်းကုန်ဆုံးသွားပြီး မကြာခင်မှာပဲ ဆယ်မိနစ်ပြည့်သွားခဲ့တယ်။
ဒင်.. ဒင်... ခေါင်းလောင်းသံနဲ့အတူ ကျောင်းဆင်းသွားပြီ။
ခေါင်းလောင်းသံကြားတော့ လင်းထျန်းက သူ့စာအုပ်ဖတ်တာကို မရပ်ဘဲ ဆက်လုပ်နေခဲ့တယ်။
အတန်းထဲက လူအများစု ထွက်သွားတဲ့အထိ လင်းထျန်းက နောက်ဆုံးမှာမှ မတ်တပ်ရပ်လိုက်တယ်။
လင်းထျန်းမတ်တပ်ရပ်လိုက်တော့ သူက သူ့စိတ်ထဲက အသိပညာတွေကို တိတ်တဆိတ် ပြန်အမှတ်ရကြည့်လိုက်တယ်။ ဒီဒုတိယအကြိမ် ပြန်လည်လေ့လာမှုကနေတစ်ဆင့် အသိပညာတွေက ပိုပြီးခိုင်ခိုင်မာမာ စွဲထင်သွားတာကို သူတွေ့လိုက်ရတယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်

No comments: