အခန်း (၄) : ငယ်ရွယ်မှုကို ပြန်လည်ရရှိခဲ့သော်
နောက်တစ်နေ့။
မနက် ရှစ်နာရီ။
လင်းလော့ ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး မျက်နှာကြက်ကို စူးစိုက်ကြည့်နေရင်း ရယ်မောလိုက်မိတယ်။ သူ တကယ်ပဲ ပြန်လည်မွေးဖွားလာခဲ့ပြီဆိုတာ သေချာသွားပြီ။
အသက် (၁၈) နှစ်ဆိုတာ သိပ်ကောင်းတာပဲ။
အသိသာဆုံး ခံစားချက်ကတော့ သူ မနက် (၂) နာရီကျော်မှ အိပ်ရာဝင်ခဲ့တာ ဆိုလိုတာက သူ (၅) နာရီကျော်ကျော်လေးပဲ အိပ်ရသေးပေမယ့် လုံးဝ လန်းဆန်းတက်ကြွနေပြီး အိပ်ရေးမဝလို့ ခေါင်းကိုက်တာမျိုး မရှိတာပဲ။
ဒါဟာ အသက် (၁၈) နှစ်ပဲ။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတိုင်းက အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်။ သူ့ရဲ့ အသက် သုံးဆယ်ကျော်တုန်းကနဲ့ လုံးဝမတူဘူး အဲ့တုန်းကသာ အိပ်ချိန် (၈) နာရီ အပြည့်မရရင် တစ်နေ့လုံး အိပ်မက်ထဲ လမ်းလျှောက်နေသလို ခံစားရတာ။
သူ အိပ်ရာထပြီး မျက်နှာသစ်လိုက်တယ်။
ဒီအချိန်မှာ အိမ်ထဲမှာ ဘယ်သူမှ မရှိဘူး။
သူ့မိဘတွေက နေ့တိုင်း မနက် (၇) နာရီ အိပ်ရာထပြီး (၇) နာရီခွဲတိတိမှာ စက်ရုံကို ထွက်ရတယ်။ သူတို့က ည (၈) နာရီ (၉) နာရီလောက်မှ ပြန်ရောက်တာ များတယ်။ နှစ်ယောက်လုံးက မြို့ငယ်လေးထဲက အထည်ချုပ်စက်ရုံတစ်ခုက ဝန်ထမ်းတွေ ဖြစ်ကြတယ်။
အရင်က လင်းလော့က ကျန်းရှင်းယင်ကြောင့်နဲ့ လုံးဝ စိတ်မဝင်စားခဲ့တော့ သူ့မိဘတွေ ဘယ်လောက် ပင်ပန်းကြီးစွာ အလုပ်လုပ်ခဲ့ရလဲဆိုတာကို ဘယ်တုန်းကမှ မသိခဲ့ဘူး။
အိမ်မှာ စက်ရုံက ယူလာတဲ့ အပ်ချုပ်စက်တစ်လုံး ရှိနေပြီး တစ်ခါတလေ သူ့မိဘတွေက မပြီးသေးတဲ့ အဝတ်အစားတွေကို အိမ်ယူလာပြီး ဆက်ချုပ်ကြရင်တောင် လင်းလော့က အဲ့ဒါ ဘာအဓိပ္ပာယ်လဲဆိုတာကို သတိမထားမိခဲ့ဘူး။
သူ့ရဲ့ အချစ်ကြောင့် မျက်စိမမြင်တဲ့စိတ်တွေ လုံးဝ ကြည်လင်သွားပြီး သူ့မိဘတွေရဲ့ အခက်အခဲကို နားလည်သွားတဲ့အချိန်ကျမှ လင်းလော့က သူ့ကိုယ်သူ ပါးရိုက်ခဲ့မိတယ်။
ဘာလို့လဲဆိုတော့ လင်းလော့က ဒီအရာအားလုံးကို နားလည်သွားတဲ့အချိန်မှာ သူ့မိဘတွေရဲ့ ခန္ဓာကိုယ်တွေက အဲ့ဒီ ကားတိုက်မှုမှာ ပျက်စီးသွားခဲ့ပြီးပြီ သူ ဘယ်လောက်ပဲ ပိုက်ဆံရှာနိုင်ပါစေ သူတို့ကို ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခံစားစေဖို့ ခက်ခဲသွားခဲ့ပြီ။
"ငယ်ရွယ်မှုကို ပြန်လည်ရရှိခဲ့သော် ရွှေတစ်ကျပ်သားနဲ့ လေတစ်ကျပ်သား" ပြန်လည်မွေးဖွားလာတဲ့အခါ လင်းလော့က သူ့မိဘတွေကို ချမ်းသာကြွယ်ဝခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားစေချင်တယ် ပြီးတော့ ကျန်းကျန်းမာမာနဲ့ ခံစားစေချင်တယ်။
အတွေးပေါင်းများစွာကြားထဲမှာ လင်းလော့က မျက်နှာသစ်ပြီးသွားတော့ ကျဉ်းမြောင်းတဲ့ မီးဖိုချောင်ထဲကို တိုးဝှေ့ဝင်သွားပြီး သူ့အမေ အမြဲတမ်း ချန်ထားခဲ့ပေးနေကျ မနက်စာကို နွှေးလိုက်တယ်။
မနက်စာက သိပ်ကို ရိုးရှင်းပေမယ့် လင်းလော့က ပျော်ရွှင်စွာ စားသုံးခဲ့တယ်။ ဒါက ရိုးရိုး ဆန်ပြုတ်ဖြူတစ်ပန်းကန်ရယ် အတို့အမြှုပ်အဖြစ် မုန်ညင်းချဉ်ရယ် ကြက်ဥပြုတ် နှစ်လုံးရယ်ပဲ မုန်ညင်းချဉ်က သူ့အမေ ကိုယ်တိုင်လုပ်ထားတာ ကားတိုက်မှုဖြစ်ပြီးနောက်ပိုင်း လင်းလော့ ဘယ်တော့မှ ပြန်ရှာမတွေ့နိုင်တော့တဲ့ အရသာတစ်ခုပေါ့။
မနက်စာ စားပြီးနောက် လင်းလော့က သူ့အိပ်ခန်းကို ပြန်လာတယ် ကွန်ပျူတာဖွင့်ပြီး "ယွင်ချီ အကယ်ဒမီ" ထဲကို ဝင်လိုက်တယ်။ "အတွင်းရေးမှူးကင်မ် ဘာဖြစ်နေတာလဲ" စာအုပ် အောင်မြင်စွာ တင်ပြီးသွားတာကို သူ တွေ့လိုက်တယ်။
လက်ရှိမှာ စာဖတ်သူ အကြိုက် (favorites) ၃ ခု ရထားပေမယ့် မှတ်ချက် တစ်ခုမှ မရှိသေးဘူး စာအုပ်က မနေ့ညကမှ တင်လိုက်တာဆိုတော့လေ။
လင်းလော့က သိပ်ဂရုမစိုက်ပါဘူး ဘာလို့လဲဆိုတော့ ဝတ္ထုက ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှာပေးနိုင်ရင်တောင် ကိစ္စမရှိဘူး။ အဆိုးဆုံးကတော့ သူ ပိုက်ဆံရှာဖို့ တခြားနည်းလမ်းတစ်ခု ရှာလိုက်ရုံပဲ။
သူက ပိုက်ဆံရှာဖို့ စာရေးခြင်းအပေါ်မှာပဲ တစ်ခုတည်း မှီခိုနေတာ မဟုတ်ဘူး။ မနေ့က ဒီလမ်းကြောင်းကို သူ အမှတ်မထင် တွေးမိသွားတာပဲ ရှိတယ်။
ခုချိန်ကစပြီး ဝတ္ထုကို နေ့တိုင်း အချိန်မှန် တင်သွားမယ်။ အခြေအနေကို ခဏလောက် စောင့်ကြည့်လိုက်ဦးမယ် ဘယ်သူမှ မဖတ်ဘူးဆိုရင်တော့ သူ ရပ်ပစ်လိုက်ရုံပဲ။
လင်းလော့ဆီမှာ အခု ပိုအရေးကြီးတဲ့ ကိစ္စတွေ လုပ်စရာရှိနေတယ် သူ့ရဲ့ ကိုယ်ပိုင်ပြောင်းလဲရေး အစီအစဉ်။
ပြောင်းလဲမှုတစ်ခုအတွက် သူ့ဆံပင်ပုံစံက သေချာပေါက် ပြောင်းလဲဖို့လိုတယ် ပြီးတော့ အဝတ်အစားအဟောင်းတွေကိုလည်း သေချာပေါက် အသစ်လဲရမယ်။ ဒါပေမဲ့ ဒီအချက်နှစ်ချက်က သိပ်ရိုးရှင်းလွန်းတယ် သူ့ရဲ့ ဖက်ရှင်အမြင်သာ ရှိနေသေးရင် ပိုက်ဆံနဲ့ တိုက်ရိုက် စီစဉ်လိုက်လို့ ရတယ်။
ဒါကြောင့် ဒီအရာနှစ်ခုက အရေးမကြီးသေးဘူး။
ဒါမှမဟုတ် ပြောရရင် ဆံပင်ပုံစံနဲ့ အဝတ်အစား လောက်ပဲ ပြောင်းလဲရုံနဲ့ လင်းလော့ကို ကျေနပ်စေမှာ မဟုတ်ဘူး။
လင်းလော့ လိုချင်တာက တကယ့်ကို သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခု။ သူက သူ့ရဲ့ ပုံပန်းသဏ္ဌာန်ကို ကမ္ဘာမြေကြီး တုန်ခါသွားလောက်တဲ့ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားတယ်။
ပြီးတော့ ဒီလိုပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ကြံ့ခိုင်ရေးလုပ်တာက လုံးဝ မရှိမဖြစ် လိုအပ်တယ်။
သိထားသင့်တာက လင်းလော့က အရပ် (၁.၈၂) မီတာ (၆ ပေ နီးပါး) ရှိပြီး ခြေတံတွေက 'ရွှေအချိုးအစား' လို့ ခေါ်နိုင်ပေမယ့် သူသာ အင်္ကျီနဲ့ ဘောင်းဘီ ချွတ်လိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်ပေါ်မှာ ပျော့အိအိ အသားတွေ အများကြီး ရှိနေတာကို တွေ့ရလိမ့်မယ် သူ့ဝမ်းဗိုက် အပါအဝင်ပေါ့ ဖိလိုက်ရင် ပျော့နေတာကို သိသိသာသာ ခံစားရတယ်။
ဒါက ဝနေလို့ မဟုတ်ဘူး လေ့ကျင့်ခန်း အကြာကြီး မလုပ်တာကြောင့် သူ့ကြွက်သားတွေက ပျော့တွဲနေတာ။
ဒါကြောင့် လင်းလော့က သူ့ကြွက်သားတွေကို တင်းရင်းအောင် လုပ်ရမယ် ပြီးတော့ "အဝတ်အစားဝတ်ထားရင် ပိန်တယ် အဝတ်အစားချွတ်လိုက်ရင် ကြွက်သားတွေ ရှိတယ်" ဆိုတဲ့ မြင်ကွင်းမျိုး ရရှိအောင် သူ့ရဲ့ ဝမ်းဗိုက်ကြွက်သားတွေကို ထွက်လာအောင် လုပ်ရမယ်။
မဟုတ်ရင် ကောင်းကင်ဘုံက သူ့ကို ပေးထားတဲ့ မွေးရာပါ အခြေအနေတွေကို သူက သက်သက်မဲ့ ဖြုန်းတီးရာ မရောက်ဘူးလား။
ဒီပန်းတိုင်က ခက်ခဲတယ်လို့ မထင်လိုက်ပါနဲ့။ သူ့မှာ ဈေးကြီးတဲ့ ပရိုတိန်းမှုန့်တွေ မလိုအပ်ဘူး ဒါမှမဟုတ် ချဲ့ကားထားတဲ့ အမြှောင်းလိုက် ထနေတဲ့ ကာယဗလမောင်လိုမျိုး ရလဒ်တွေရအောင် လေ့ကျင့်စရာ မလိုဘူး။
လင်းလော့ ရောက်ချင်တဲ့ အဆင့်က တကယ်တော့ အသက် (၁၈) နှစ်အရွယ် ကောင်လေးအများစု ရောက်နိုင်တဲ့ အဆင့်မျိုးပဲ သူတို့သာ လုံလောက်တဲ့ စည်းကမ်းရှိပြီး ကြံ့ခိုင်ရေးကို တစိုက်မတ်မတ် လုပ်မယ်ဆိုရင်ပေါ့။
ပြီးတော့ ကျောင်းမဖွင့်ခင် လပေါင်း နှစ်လနီးပါး ကျန်သေးတာနဲ့ ဒါက လင်းလော့ လိုချင်တဲ့ ယေဘုယျ ခန္ဓာကိုယ်အချိုးအစားကို ရရှိဖို့ လုံလောက်တဲ့ အချိန် ဖြစ်သင့်တယ်။
ဒီလိုတွေးရင်း လင်းလော့က ဂန္တဝင် လေ့ကျင့်ခန်းဖြစ်တဲ့ အပြေးလေ့ကျင့်ဖို့ ပြင်ဆင်လိုက်တယ်။ လူငယ်တွေက ဒူးဒဏ်ရာရမှာ မကြောက်ပါဘူး။
ဟုတ်ပါတယ် အပြင်မထွက်ခင်မှာ လင်းလော့က (၁၀) မိနစ်လောက် အကြောလျှော့ဖို့ မမေ့ခဲ့ဘူး။
ဘယ်လောက်ပဲ ငယ်ငယ် လေ့ကျင့်ခန်းမလုပ်ခင် လိုအပ်တဲ့ သွေးပူလေ့ကျင့်ခန်းကိုတော့ ချန်လှပ်ထားလို့ မရဘူး။ ကြံ့ခိုင်ရေးဆိုတာက သိပ္ပံနည်းကျ ဖြစ်ပြီး တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်ရမှာ။
သူ့အရင်ဘဝတုန်းက လင်းလော့ဆီမှာ ကိုယ်ပိုင် ကြံ့ခိုင်ရေး နည်းပြ ရှိခဲ့တယ် ဒါကြောင့် လေ့ကျင့်ခန်း လုပ်နည်းလုပ်ဟန် အမျိုးမျိုးနဲ့ သူ မစိမ်းပါဘူး။ ဒါကို သူ့ရဲ့ ကိုယ်ပိုင်အခြေအနေနဲ့ ပေါင်းစပ်ပြီး သူက ထိရောက်တဲ့ လေ့ကျင့်ခန်းပုံစံတစ်ခုကိုလည်း ရှာတွေ့ထားပြီးသား။
ဘာပဲပြောပြော သူက သရုပ်ဆောင်ဖို့အတွက် မကြာခဏ ဝိတ်ချတာ ဝိတ်တင်တာတွေ လုပ်ဖို့ လိုအပ်ခဲ့ပြီး ဒါကို သူ ကျင့်သားရနေပြီ။ တစ်ခါတလေ ဒါက သူ့ခန္ဓာကိုယ်ကို ထိခိုက်စေမှန်း သိသိကြီးနဲ့တောင် သူ ဘာမှလုပ်လို့ မရခဲ့ဘူး။
ဒီဘဝမှာတော့ သူက အသက်မွေးဝမ်းကျောင်းအတွက် သီချင်းဆိုတာနဲ့ သရုပ်ဆောင်တာကို မှီခိုတော့မှာ မဟုတ်ဘူး ဒါကြောင့် ကြံ့ခိုင်ရေးကိုတော့ သေချာပေါက် အကျန်းမာဆုံး နည်းလမ်းနဲ့ပဲ လုပ်ဆောင်သွားမှာ။
အကြောလျှော့ပြီးတဲ့နောက် လင်းလော့က သူ့ရဲ့ "မညီမညာ တိုတိရှည်တိ" ဆံပင်ပုံစံနဲ့ အဲ့ဒီနေ့အတွက် သူ့ရဲ့ မနက်ခင်း အပြေးလေ့ကျင့်ခန်းကို စတင်လိုက်တယ်။
သူ့မနက်စာ ကြေညက်သွားအောင် အရင်ဆုံး ဖြည်းဖြည်းပြေးတာနဲ့ စလိုက်တယ် ပြီးမှ တဖြည်းဖြည်း အရှိန်မြှင့်ပြီး အဲ့ဒီခံစားချက်နဲ့ ဖြည်းဖြည်းချင်း အသားကျအောင် လုပ်လိုက်တယ်။
ဒီနေ့က သူ့ရဲ့ ကြံ့ခိုင်ရေး ခရီးစဉ်ရဲ့ အစပဲ ရှိသေးတာကို ထည့်တွက်ပြီး သူက တစ်နာရီလောက်ပဲ ပြေးလိုက်မယ်။ ဘယ်နှ ကီလိုမီတာလောက် ပြေးနိုင်မလဲ ဆိုတာကတော့ ကံတရားအတိုင်းပဲ ထားလိုက်မယ်။
ဘာပဲပြောပြော (၆) လွှာမှာ နေပြီး အတက်အဆင်း အမြဲတမ်း လုပ်နေရတာက သူ့အလိုလို လေ့ကျင့်ခန်း ဖြစ်နေစေတယ် ဒါကြောင့် သူ့ရဲ့ ခံနိုင်ရည်က အနည်းဆုံးတော့ အထက်တန်းကျောင်းသားတွေကြားထဲမှာ ပျမ်းမျှအဆင့် ရှိနေတယ်။ တစ်နာရီလောက် ပြေးတာက ပြဿနာမရှိလောက်ဘူးလို့ သူ ခန့်မှန်းလိုက်တယ်။
ပြောရမယ်ဆိုရင် ပြေးတယ်ဆိုတာက တကယ်ကို အံ့ဩဖို့ကောင်းတယ် ဒါက ပျော့ပျောင်းမှု ရှိပုံရတယ်။
မင်းက ပင်ပန်းနွမ်းနယ်မှု အတိုင်းအတာတစ်ခုကို ရောက်သွားတဲ့အခါ မင်း တဖြည်းဖြည်း မပင်ပန်းတော့သလို ခံစားလာရတယ် မင်းရဲ့ ခန္ဓာကိုယ်က ရှေ့ဆက်ရမယ့် စည်းချက်နဲ့ လုံးဝ အသားကျသွားသလိုမျိုးပဲ။
ဒါက လင်းလော့ ခံစားခဲ့ရပုံပဲ။ သူ မိနစ် (၃၀) ပြည့်တဲ့အချိန်မှာ အပင်ပန်းဆုံး ခံစားခဲ့ရတယ် သူ့ခြေထောက်တွေ တုန်တယ် သူ့အရှိန်က နှေးကျသွားတယ် သူ့ခန္ဓာကိုယ်က အလိုလို ကုန်းသွားတယ် သူ့အသက်ရှူသံက ပြင်းထန်နေပြီး ဘယ်အချိန် ပြိုလဲကျသွားမလဲဆိုတဲ့ ခံစားချက်မျိုး ဖြစ်နေခဲ့တယ်။
ဒါပေမဲ့ သွားကြိတ်ပြီး ခဏလောက် ဆက်ခံနိုင်ရည်ရှိအောင် ကြိုးစားပြီးတဲ့နောက် သူ့အရှိန်က တကယ်ပဲ မသိမသာ ပြန်မြန်လာတယ် ပြီးတော့ သူ့ခန္ဓာကိုယ်ကလည်း အရင်လို မပင်ပန်းတော့သလို ခံစားရတယ်။ သူ့နားထဲက လေတိုးသံတောင်မှ ပိုပြီး သာယာလာသလိုပဲ။
နွေရာသီ မနက်ခင်းရဲ့ နေက တဖြည်းဖြည်း ပိုပူလာတယ် သစ်ရွက်တွေရဲ့ ကြားကနေ ထိုးဖောက်ဝင်ရောက်လာတယ်။ လူငယ်လေးရဲ့ အဝတ်အစားတွေက စိုရွှဲနေတယ် သူ့ခြေထောက်တွေက မြေပြင်ပေါ်က အလင်းရောင် အကွက်အပျောက်လေးတွေကို နင်းခြေသွားတယ်။ တည်ငြိမ်တဲ့ အသက်ရှူသံ တစ်ချက်တိုင်းမှာ ကမ္ဘာကြီးထဲမှာ သူတစ်ယောက်တည်းပဲ ရှိနေသလို ခံစားရတယ်။
သုံး ကီလိုမီတာ…
ငါး ကီလိုမီတာ…
ခုနစ် ကီလိုမီတာ…
တစ်နာရီလောက် ကြာပြီးနောက် ခန့်မှန်းခြေ ခုနစ် ကီလိုမီတာလောက် ပြေးပြီးချိန်မှာ လင်းလော့က သူ့ကို ရေထဲကနေ ဆွဲထုတ်လိုက်သလို ခံစားလိုက်ရတယ် သူ့ခန္ဓာကိုယ်ပေါ်မှာ ခြောက်သွေ့နေတဲ့ နေရာ တစ်နေရာမှ မကျန်တော့ဘူး။
သူ ချက်ချင်း မရပ်လိုက်ဘူး။ လင်းလော့က လမ်းလျှောက်ရင်း သူ့စိတ်ထဲမှာ ကြံ့ခိုင်ရေး အစီအစဉ်ကို မွမ်းမံနေတယ်
"မနက် (၈) နာရီ အိပ်ရာထတာက အရမ်း နောက်ကျနေတုန်းပဲ။ အခုက နွေရာသီ ပြေးပြီးရင် နေက အရမ်းပူတယ်။ မနက်ဖြန် ငါ (၇) နာရီ ထမယ် မဟုတ်ဘူး (၆) နာရီခွဲ ထမယ်။"
"ငါ ဒီနေ့ ပြန်ရောက်ရင် ငါ ဒိုက်ထိုးတာနဲ့ တခြား အလားတူ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖို့ လိုတယ်။ ငါ့ရဲ့ နောက်ပိုင်းဘဝက ကိုယ်ပိုင် ကြံ့ခိုင်ရေး နည်းပြရဲ့ နည်းလမ်းတွေအတိုင်း လိုက်လုပ်ရင် ဒါက ရလဒ် အရမ်းမြန်မြန် ပြသင့်တယ်။"
(၁၀) နာရီ ထိုးနေပြီ။ လင်းလော့ အိမ်ပြန်ရောက်လာတယ်။ လှေကားတက်တော့ ခြေလှမ်းတိုင်းက ပေါင်တစ်ထောင်လောက် လေးလံနေသလို ခံစားရတယ်။
ဒီလိုဖြစ်နေရင်တောင် အိမ်ပြန်ရောက်တဲ့အခါ လင်းလော့က သူ့ရဲ့ မူလ အစီအစဉ်အတိုင်း လိုက်နာဆဲပဲ သူ့ရဲ့ ရင်ဘတ်နဲ့ ဝမ်းဗိုက်ကြွက်သားတွေလိုမျိုး အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တချို့ကို ဇွဲကောင်းကောင်းနဲ့ ဆက်ပြီး လေ့ကျင့်ခဲ့တယ်။ ပြီးတော့ လုံးဝ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို ဆွဲပြီး သူက သူ့အတွက် နေ့လယ်စာကို ရိုးရိုးရှင်းရှင်းပဲ လုပ်စားလိုက်တယ်။
သူ့မိဘတွေက နေ့လယ်စာကို စက်ရုံမှာပဲ စားပြီး အိမ်ပြန်မလာကြဘူး ဒါကြောင့် လင်းလော့က သူ့နေ့လယ်စာကို အမြဲတမ်း ကိုယ့်ဘာသာကိုယ် ပြင်ဆင်စားသောက်တယ်။
နေ့လယ်စာ စားပြီးနောက် လင်းလော့က နာရီဝက်လောက် လမ်းလျှောက်တယ် နာရီဝက်လောက် တစ်ရေးအိပ်တယ် ပြီးတော့ သူ့ဝတ္ထုကို စရေးတယ်။ သူက အရမ်း ပင်ပန်းနေတော့ စာရိုက်တာတောင် နည်းနည်း ခက်ခဲနေပုံပဲ။
ဇွဲရှိရမယ်။
ဒါက "ပြောင်းလဲခြင်း" ရဲ့ လမ်းကြောင်းအမှန်ပဲ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်

No comments: