အခန်း ၁၄: လူကို သတ်ရုံတင်မကဘူး သူတို့ရဲ့ စိတ်ဓာတ်ကိုပါ ဖျက်ဆီးပစ်ရမယ်။
"ဟား ဟား ဟား ဟား……"
မန်နေဂျာက ဒီစကားကို ကြားတော့ အော်ရယ်လိုက်တယ်: "ဒီစားသောက်ဆိုင်ကို ပိတ်ပစ်မယ်? မင်းက ဘယ်သူမို့လို့လဲ ဘုရားသခင်လား?!"
"ဘုရားသခင်က မင်းကို ဘာမှမလုပ်နိုင်ပေမဲ့ ငါက လုပ်နိုင်တယ်။ တခါတလေ ငါက ဘုရားသခင်ထက်တောင် ပို အစွမ်းထက်သေးတယ်။" ဆူရွှင့်က မျက်နှာထား တင်းတင်းနဲ့ ပြောလိုက်တယ် သူ့လေသံက အေးစက်နေသည်။
မန်နေဂျာ စကားမပြောနိုင်ခင်မှာပဲ ချန်ကျိုးက စိတ်မရှည်တော့ဘူး: "မင်းက ဘာ... ရပ်လုပ်နေတာလဲ? မင်းလူတွေကို လုပ်ခိုင်းလိုက်။ ဘာပဲမှားသွားမှားသွား ငါ တာဝန်ယူတယ်။"
"သခင်လေး ချန် ပြောတာ မကြားဘူးလား? အမြန်ဆုံး လုပ်လိုက်!" မန်နေဂျာက လှည့်လိုက်ပြီး သူ့နောက်က လုံခြုံရေး ဝန်ထမ်း လေးယောက်ကို အော်လိုက်သည်။
လုံခြုံရေး ဝန်ထမ်း လေးယောက်က သူတို့ရဲ့ ရာဘာတုတ်တွေကို မြှောက်လိုက်ပြီး ဆူရွှင့်ကို ဝိုင်းလိုက်ကြသည်။
"ရွှစ် ရွှစ် ရွှစ် ရွှစ်..."
ထိုအချိန်တွင် အရပ်မြင့်မြင့် ကြံ့ခိုင်သန်မာသော ပုံရိပ် ဒါဇင်တစ်ခုလောက်က စားသောက်ဆိုင်ထဲတွင် ထရပ်လိုက်ကြသည်။
ဒီ ရုတ်တရက်နဲ့ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းက လူတိုင်းကို ကြက်သေသေသွားစေသည်။
မန်နေဂျာလည်း ခဏတာ ကြောင်သွားသည်: "လူကြီးမင်းတို့ ဒါက ဘာသဘောလဲ?"
သူက ဒီလူတွေအားလုံးက ထမင်းလာစားတဲ့ ဧည့်သည်တွေလို့ ထင်နေတာ။ သူတို့က အမှန်တရားအတွက် ထရပ်တည်ပေးမလို့ ကြိုးစားနေတာလား?
အားလုံက သူ့ကို အေးစက်စက် တစ်ချက်ပဲ ကြည့်လိုက်တယ် ပြီးတော့ ဆူရွှင့်ဆီ လျှောက်သွားပြီး ရိုသေစွာ နှုတ်ဆက်လိုက်တယ် "သခင်လေး။"
တခြား ကိုယ်ရံတော်တွေကလည်း ဆူရွှင့်ကို အနည်းငယ် ခါးကိုင်း အရိုအသေ ပေးလိုက်ကြတယ် စကားတစ်ခွန်းမှ မပြောပေမဲ့ သူတို့ရဲ့ ခန့်ညားထည်ဝါတဲ့ Aura က ဖိစီးလွှမ်းမိုးနေသည်။
ဒီမြင်ကွင်းကို မြင်တော့ လူတိုင်း သူတို့ ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရတယ်။ ဒီ ခန်းမထဲက ဧည့်သည် သုံးပုံတစ်ပုံက တကယ်တမ်း ဆူရွှင့်ရဲ့ ကိုယ်ရံတော်တွေ ဖြစ်နေလိမ့်မယ်လို့ ဘယ်သူမှ မမျှော်လင့်ထားခဲ့ဘူး။
မန်နေဂျာနဲ့ ချန်ကျိုး နှစ်ယောက်လုံး ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့ နှစ်ယောက် အချင်းချင်း ကြည့်လိုက်ကြတယ် ကြံ့ခိုင်သန်မာတဲ့ လူတစ်စု ဝန်းရံထားတာ ခံနေရတော့ အရမ်း သေးငယ်ပြီး အားကိုးရာမဲ့နေပုံ ပေါ်နေသည်။
လုံခြုံရေး ဝန်ထမ်း လေးယောက်က သူတို့ရဲ့ ရာဘာတုတ်တွေက သူတို့လက်ကို လောင်ကျွမ်းနေသလိုမျိုး မြေကြီးပေါ် ပစ်ချလိုက်ဖို့ မစောင့်နိုင်တော့ဘူး။
ခန်းမထဲမှာ ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည် လူတိုင်းက အသက်ရှူတာတောင် သတိထားနေရသည်။ ဒီအချိန်မှာ ဒါက ဆူရွှင့်ရဲ့ အပိုင်နယ်မြေ ဖြစ်နေသည်။
"မင်း ငါ ခုနက ပြောလိုက်တာကို ရယ်စရာကောင်းတုန်းပဲလို့ ထင်နေသေးလား?" ဆူရွှင့်က မန်နေဂျာကို ခပ်မဲ့မဲ့ ပြုံးရင်း ကြည့်လိုက်တယ် သူ့လက်ချောင်းတွေက စားပွဲပေါ်မှာ စည်းချက်ကျကျ ခေါက်နေသည်။
"ဒေါက် ဒေါက် ဒေါက်..."
လက်ချောင်းက စားပွဲကို တစ်ချက် ထိလိုက်တိုင်း မန်နေဂျာရဲ့ နှလုံးသားကို ထိုးနှက်လိုက်သလို ခံစားရသည်။ သူ့မျက်နှာက ပို ဖြူဖျော့လာတယ် သူ့ကျောကနေ ချွေးတွေ စီးကျလာပြီး သူ့နှုတ်ခမ်းတွေ တုန်ယင်နေသည်။
ထမင်းစားတာလေး တစ်ခုတောင် ဒီလောက်များတဲ့ ကိုယ်ရံတော် အုပ်စုကြီးနဲ့ ခရီးသွားလာတဲ့သူက သာမန်လူတစ်ယောက် ဖြစ်နိုင်ပါ့မလား?
သူ တောင်းပန်ခွင့် ရချင်ခဲ့တယ် ဒါပေမဲ့ ဆူရွှင့်ရဲ့ တည်ငြိမ်ပြီး ရေကန်လို မျက်လုံးတွေနဲ့ ဆုံလိုက်တဲ့အခါ သူ စကားတစ်ခွန်းမှ မပြောနိုင်တော့ဘူး။ ကြောက်ရွံ့မှုက သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားပြီး သူ့လည်ချောင်း ခြောက်ကပ်သွားစေတယ် သူ စကားပြောချင်ပေမဲ့ အသံက ထွက်မလာခဲ့ဘူး။
ပြီးတော့ ဆူရွှင့်က ချန်ကျိုးကို ကြည့်လိုက်သည်။
ဆူရွှင့်ရဲ့ အကြည့်က သူ့အပေါ် ကျရောက်လာတာကို ခံစားမိတော့ ချန်ကျိုး မသိစိတ်ကနေ တုန်သွားသည်: "မင်း...မင်း ဘာမှ မဆင်မခြင် မလုပ်ရဘူးနော်..."
"မင်းအဖေကို ခေါ်ပြီး သူ့ကို ဒီကို လာတွေ့ခိုင်းလိုက်" ဆူရွှင့်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဒီလို "တော်" တဲ့ သားတစ်ယောက် ရှိတာ ချန်ဟွာက သူ့ဘဝ အတိတ်က နဂါးငွေ့တန်းကြီးကို ကယ်တင်ခဲ့ဖူးမှာပဲ။
ဒီစကားကို ကြားတော့ ချန်ကျိုး၏ မျက်လုံးများ ဝင်းပသွားပြီး သူ့ဖုန်းကို အမြန် ထုတ်ကာ သူ့အဖေဆီ ခေါ်လိုက်သည်: "အဖေ လာ ကယ်ပါဦး..."
ဖုန်းချပြီးနောက် သူ ပိုပြီး ယုံကြည်မှု ရှိသွားသလို ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှာတော့ သူ့အဖေ ရောက်လာသရွေ့ သူ အဆင်ပြေသွားမှာပဲ။ မန်နေဂျာကလည်း ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိလိုက်သလိုမျိုး သူ့မျက်နှာအမူအရာ အနည်းငယ် ပျော့ပျောင်းသွားသည်။
သူတို့နှစ်ယောက်လုံး ချန်ဟွာ ရောက်လာမှာကို တက်ကြွစွာ စောင့်မျှော်နေကြသည်။
ဆူရွှင့်က သူတို့ရဲ့ အတွေးတွေကို မြင်ပြီး ပြုံးလိုက်ရုံသာ ပြုံးကာ ကျောက်လျန်ကို ပြောလိုက်သည် "ငါတို့ ဆက်ပြီး မှာကြစို့။"
သူက တည်ငြိမ်အေးဆေးစွာ ရှိနေပြီး ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်သည်။
ခုနက ဖြစ်ပျက်ခဲ့တာတွေက သူ့အတွက် သေးဖွဲတဲ့ ဖြစ်ရပ်တစ်ခု သက်သက်ဖြစ်ပြီး ဒါက သူ့ရဲ့ အစားစားချင်စိတ်ကိုတောင် မထိခိုက်စေခဲ့သလိုပဲ။
အန်ကျီချင်၏ လှပသော မျက်ဝန်းများ တလက်လက် ဒေါက်ပနေသည် သူမက ဆူရွှင့်က အခု ပိုပြီးတောင် ခန့်ညားလာတယ်လို့ ထင်လိုက်ပြီး သူမ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
ကျောက်လျန် ချန်လျန် နဲ့ ကျန်းယွင်တို့ အချင်းချင်း မျက်လုံးချင်း ဆုံလိုက်ကြတယ် အားလုံးက တူညီတဲ့ အတွေးတစ်ခုကို တွေးနေကြသည်: ကြွားလိုက်တာ!
အစားအသောက်တွေ မှာပြီးနောက် စားပွဲထိုးဆီကို မီနူး (Menu) ကို ပေးလိုက်သည်။ ဒါက ဆူရွှင့်က ချောလို့လားတော့ မသိဘူး မီးဖိုချောင်ကနေ အစားအသောက်တွေက အရမ်း မြန်မြန် ထွက်လာသည်။
နောက်ဆက်တွဲ ဖြစ်လာတာကတော့ စားသောက်ဆိုင်ထဲက ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုပဲ။ ခန်းမထဲက လူတိုင်းက သူတို့ စားသောက်နေကြတဲ့ ဆူရွှင့်ရဲ့ စားပွဲကို စိုက်ကြည့်နေကြသည်။
ကျောက်လျန်ရဲ့ တိရစ္ဆာန် သုံးကောင်က အစပိုင်းမှာ ယဉ်ကျေးသလို ဟန်ဆောင်ဖို့ ကြိုးစားခဲ့ကြပေမဲ့ နောက်ဆုံးမှာတော့ ယဉ်ကျေးသလို ဟန်ဆောင်နေရင် ဗိုက်ဝအောင် စားရမှာ မဟုတ်ဘူးလို့ သဘောပေါက်သွားပြီး ဝက်တွေအဖြစ် ပြောင်းလဲသွားကြသည်။
"ဒီပုဇွန်လေး စားကြည့် အရမ်း နူးညံ့တယ်။" အန်ကျီချင်က ဆူရွှင့်အတွက် ပုဇွန်တစ်ကောင်ကို ညင်ညင်သာသာ အခွံခွာပေးပြီး သူ့ကို လက်နဲ့ ခွံ့ကျွေးလိုက်သည်။
ဆူရွှင့်က ပါးစပ်ဟပြီး ယူလိုက်ကာ ရယ်လိုက်သည် "တကယ်ပဲ နူးညံ့တယ်။"
"ဟုတ်တယ်မလား? ရှင်ဖို့ နောက်တစ်ကောင် ခွာပေးဦးမယ်။" အန်ကျီချင်က ပျော်ရွှင်စွာ ပြုံးလိုက်သည်။
ကျောက်လျန် ကျန်းယွင် နဲ့ ချန်လျန်တို့ သူတို့ရဲ့ အငမ်းမရ စားသောက်နေတာကို ရပ်တန့်လိုက်ကြသည်။
ရုတ်တရက် ငါ့ရှေ့က အရသာရှိတဲ့ အစားအစာက သိပ် ဆွဲဆောင်မှု မရှိတော့သလိုပဲ (︿)။
သူတို့ ဒီည ဒီကို ညစာ လာစားတာ မဟုတ်ဘဲ 'ခွေးစာ' (Dog food - လူရှေ့မရှောင် ကြင်နာပြနေသူများကို ရည်ညွှန်းသည့် တရုတ်အင်တာနက် အခေါ်အဝေါ်) လာ အကျွေးခံရတာလို့ ခံစားလိုက်ရသည်။
"ဒေါက် ဒေါက် ဒေါက် ဒေါက်..."
ဆယ်မိနစ်ကျော်လောက် အကြာမှာ လျင်မြန်တဲ့ ခြေသံတွေနဲ့အတူ ချန်ဟွာက လူ နှစ်ယောက်နဲ့အတူ ရောက်ရှိလာသည်။
"အဖေ.... အဖေ နောက်ဆုံးတော့ ရောက်လာပြီ..." ချန်ကျိုး ဝမ်းသာအားရ ဖြစ်သွားသည်။
"ဖြောင်း!"
ဒါပေမဲ့ သူ့ကို စောင့်ကြိုနေခဲ့တာက အဖေတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာလို ခိုင်မာတဲ့ မျက်နှာပေါ်က ရိုက်ချက်တစ်ချက်ပဲ ヾ(≧O≦)〃~။
ချန်ကျိုး ကြက်သေသေသွားသည်: "အဖေ... ဘာလို့ သားကို ရိုက်တာလဲ?"
"မင်းကောင်စုတ်လေး ပါးစပ်ပိတ်ထား!" ချန်ဟွာက သူ့ကို ဒေါသတကြီး စိုက်ကြည့်ရင်း အော်လိုက်သည်။
သူ မရောက်လာခင်မှာ အခြေအနေကို ကြိုတင် စုံစမ်းဖို့ လူတစ်ယောက် လွှတ်ထားခဲ့တယ် ဒါမှ သူ ရောက်လာတဲ့အခါ ဘာမှမသိဘဲ မျက်စိသူငယ် ဖြစ်မနေမှာ။ ချန်ကျိုးက ဆူရွှင့်ကို ရန်စခဲ့မှန်း သိလိုက်ရတော့ သူ ဒေါသထွက်သွားသည်။
ချန်ကျိုးကို ရိုက်လိုက်ရတဲ့ အကြောင်းရင်းက ဆူရွှင့်ကို ပါးစပ်ပိတ်သွားအောင် လုပ်ချင်လို့ ဖြစ်သလို ဒီ သားမိုက်တစ်ယောက်အပေါ် သူ တကယ် ဒေါသထွက်နေလို့လည်း ဖြစ်သည်။
ဆူရွှင့်က ပြုံးရင်း ပြောလိုက်တယ် "ဒုတိယဥက္ကဌ ချန် ဒီလောက် ဒေါသထွက်ဖို့ မလိုပါဘူး။ လူငယ်တွေပဲ အမှားလုပ်တတ်ကြတာပေါ့။"
ဒီစကားကို ကြားတော့ လူတိုင်း အံ့ဩလွန်းလို့ စကားမပြောနိုင်လောက်အောင် ဖြစ်သွားကြသည်။ သူတို့က ဆူရွှင့်က ချန်ဟွာကို ဒီလို စကားမျိုး ပြောရဲလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။
ဒါပေမဲ့ သူတို့ကို ပိုပြီး အံ့ဩသွားစေမယ့် အရာက လာဦးမှာ ဖြစ်သည်။
ချန်ဟွာက ဆူရွှင့်ကို ကြည့်ပြီး အေးစက်စက် ပြောလိုက်သည် "ဥက္ကဌ ဆူ ကျွန်တော် ဒီသားမိုက်ကို အရင် ပြန်ခေါ်သွားလိုက်ဦးမယ်။"
ဝါး....! ခန်းမထဲမှာ ပွက်လောရိုက်သွားသည်။
ဥက္ကဌ ဆူ! ချန်ဟွာက ဘာလို့ ဆူရွှင့်ကို ဒီလို ခေါ်ဝေါ်ရတာလဲ? သူက ဘယ်သူမို့လို့လဲ?
အနီးအနားမှာ ရပ်နေတဲ့ စားသောက်ဆိုင် မန်နေဂျာက မျှော်လင့်ချက်မဲ့ခြင်းထဲကို နောက်တစ်ကြိမ် နစ်မြောသွားသည်။ သူ့ရဲ့ စိတ်ခံစားချက်က ရိုလာကိုစတာစီးနေရသလိုပဲ အတက်အကျ မြန်လွန်းလို့ နှလုံးရောဂါတောင် ရတော့မလို ဖြစ်သွားသည်။
"ဥက္ကဌ ချန် ခင်များ ပြန်ရောက်ရင် သူ့ကို သေချာ ပြောပြဆုံးမသင့်တယ်။ သူက ဒီနေ့ ငါတို့ ကိုယ့်လူအချင်းချင်း တွေ့လို့ ကံကောင်းသွားတာ။ တစ်နေ့နေ့မှာ တခြားတစ်ယောက်ယောက်ကို သွား ရန်စမိရင် မကောင်းဘူး" ဆူရွှင့်က ချန်ဟွာကို အလေးအနက် ပြောလိုက်တယ် သူ့လေသံက လက်အောက်ငယ်သားတစ်ယောက်ကို သင်ခန်းစာ ပေးနေသလိုပဲ။
ချန်ဟွာ၏ မျက်နှာ တွန့်သွားပြီး သူ့နှလုံးသားထဲမှာ ဒေါသတွေ ပြည့်နှက်သွားသည် သူ လုံးဝ မျက်နှာပျက်ခဲ့ရပြီ။
တကယ်တော့ သူ့အတွက် အကောင်းဆုံး လုပ်ဆောင်ချက်က ဒီည မလာတာပဲ။ သူသာ လာရင် သတင်းက ပြန့်သွားမှာ ဖြစ်ပြီး သူ မျက်နှာပျက်ရလိမ့်မယ်။ ဒါပေမဲ့ ဒါက သူ့သား ဒါကြောင့် သူ လာရုံမှတပါး အခြား ရွေးချယ်စရာ မရှိခဲ့ဘူး ပြီးတော့ သူ တခြားတစ်ယောက်ယောက်ကို လွှတ်လိုက်ရင် ဆူရွှင့်က သူ့ကို လုံးဝ အလွတ်ပေးမှာ မဟုတ်ဘူးဆိုတာ သူ သိနေသည်။
သူ မှန်တယ် ဘာလို့လဲဆိုတော့ ဆူရွှင့်က သူ့ကို တမင်တကာ အရှက်ရစေချင်ခဲ့တာ။
"ဥက္ကဌ ဆူ မင်းက ထိုက်ရှန် လုပ်ငန်းစုနဲ့ ကန်ထရိုက် ရအောင် ဘယ်လို ယူမလဲ ဆိုတာကို အချိန်ပိုပေးပြီး စိုးရိမ်နေသင့်တယ်" ချန်ဟွာက သွားကြိတ်ရင်း ပြောလိုက်သည်။
ဒီစကားကို ကြားတော့ ဆူရွှင့် ပြုံးလိုက်ပြီး ပြောတယ် "ဒုတိယဥက္ကဌ ချန် ကျွန်တော် ထိုက်ရှန် လုပ်ငန်းစုနဲ့ ကန်ထရိုက်ကိစ္စ ညှိနှိုင်းပြီးပါပြီ။ ခင်များ မနက်ဖြန် သွားပြီး လက်မှတ်ထိုးလိုက်လို့ ရပါပြီ။"
သူက လူကို သတ်ရုံတင်မကဘူး သူတို့ရဲ့ စိတ်ဓာတ်ကိုပါ ဖျက်ဆီးပစ်ချင်ခဲ့တာ။
"ဟက် ဟက် ဥက္ကဌ ဆူက တကယ် အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ။ ဒီလိုဆိုမှတော့ ကျွန်တော် မနက်ဖြန် ထိုက်ရှန် လုပ်ငန်းစုကို သွားလိုက်ပါမယ်။ သွားခွင့်ပြုပါဦး။" ချန်ဟွာက ဆူရွှင့် ပြောတဲ့ စကားတစ်ခွန်းမှ မယုံဘူး။ စကားပြောပြီးနောက် သူ လှည့်ထွက်ပြီး ချန်ကျိုးနဲ့အတူ ထွက်ခွာသွားသည်။
သူက ဆူရွှင့်က ထိုက်ရှန် လုပ်ငန်းစုဆီက ကန်ထရိုက်ကို ရအောင် ယူနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး အထူးသဖြင့် အချိန်က တစ်နေ့တောင် မပြည့်သေးဘူး။
ဒါပေမဲ့ ဆူရွှင့်က သူ့ကို ကန်ထရိုက် သွား လက်မှတ်ထိုးခိုင်းမှတော့ သူ မနက်ဖြန် သွားလိုက်တာက ပိုကောင်းတာပေါ့ ဘာပဲဖြစ်ဖြစ် မျက်နှာပျက်ရမယ့်သူက ဆူရွှင့် ဖြစ်နေတာပဲ။
သူက ဒါကို အကြောင်းပြချက်တစ်ခုအနေနဲ့ သုံးပြီး ပြဿနာ ရှာလို့ရတယ်။ ကော်ပိုရေးရှင်းကြီး တစ်ခုလုံးရဲ့ ဥက္ကဌ တစ်ယောက်က အပိုတွေ ပြောပြီး သူ့ လက်အောက်ငယ်သားတွေကို လိမ်ညာနေမှတော့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ဘယ်လို မျှော်လင့်ထားလို့ ရမှာလဲ?
ဆူရွှင့် မင်းက အတွေ့အကြုံမရှိသေးတဲ့ ကောင်လေးတစ်ယောက်ပါပဲ။ မင်းက အရမ်း နုနယ်သေးတယ်။
ဆူရွှင့်ကို ကျောခိုင်းထားရင်း ချန်ဟွာက သူ့မျက်နှာပေါ်မှာ ဒေါက်ပတဲ့ အပြုံးတစ်ခုနဲ့ တံခါးဆီကို လျှောက်သွားသည်။
ကံမကောင်းစွာပဲ သူက ဒါကို မမြင်နိုင်ဘူး။ မဟုတ်ရင် ဆူရွှင့်ရဲ့ အပြုံးက သူ့အပြုံးထက်တောင် ပို ဒေါက်ပနေမှန်း သူ သတိထားမိသွားမှာပဲ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: