ဝတ္ထုအကျဉ်း

"ရူးချင်စရာပဲကွာ... ငါ့မျက်လုံးတွေ ဗီဇပြောင်းသွားပြီး ကုဒ်တွေကို စကင်ဖတ် (Scan) လို့ရနေပြီ!"

"ဒီကမ္ဘာပေါ်က သက်ရှိသတ္တဝါတိုင်းမှာ QR ကုဒ်တွေ ကိုယ်စီပါလာကြတာပဲ!"

"ဝှက်ထားတဲ့ ရတနာသိုက်ပဲဖြစ်ဖြစ်၊ ဈေးတက်တော့မယ့် စတော့ရှယ်ယာပဲဖြစ်ဖြစ်... အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ဘေးအန္တရာယ်နဲ့ ကောင်းကျိုးချမ်းသာတွေအထိ အကုန်လုံးကို အဲ့ဒီကုဒ်ကနေတစ်ဆင့် စစ်ဆေးကြည့်လို့ရနေပြီ။"

"ဒါတင်မကသေးဘူး... တခြားလူတွေရဲ့ စွမ်းရည်တွေကိုပါ စကင်ဖတ်ပြီး ကိုယ့်အတွက် ထုတ်ယူအသုံးပြုနိုင်သေးတယ်။"

"လက်သီးထိုး၊ ခြေကန် သိုင်းပညာတွေလား... ထုတ်ယူလိုက်မယ်!"

"ဘောလုံးကန်တဲ့ စွမ်းရည်လား... ထုတ်ယူလိုက်မယ်!"

"သေနတ်ပစ် စွမ်းရည်လား... ထုတ်ယူလိုက်မယ်!"

"ဂိမ်းဆော့တဲ့ စွမ်းရည်လား... ထုတ်ယူလိုက်မယ်!"