လီမို တစ်ယောက်တည်း ရပ်စောင့်နေတုန်း မူချိုယန်က လှမ်းကြည့်လိုက်တယ်။

လီမိုက ဖုန်းကို ကြောင်တောင်တောင် စိုက်ကြည့်နေတာ မြင်တော့ မူချိုယန် မနေနိုင်ဘဲ လှမ်းပြောလိုက်တယ်။

"ဟေ့ကောင်လေး... နင် ဘာလို့ Selfie ထပ်ရိုက်နေပြန်တာလဲ။ ပြီးတော့ Selfie ရိုက်နေရင်း ဘာလို့ ကြောင်နေရတာလဲ" မူချိုယန် မျက်တောင်ခတ်ရင်း မေးလိုက်တယ်။ သူ တကယ် စပ်စုချင်နေပုံပဲ။

"ဘာမှမဟုတ်ပါဘူး... ရုတ်တရက် အတွေးတစ်ခု ဝင်လာလို့ပါ" လီမိုက ပြုံးပြီး ပြောလိုက်တယ်။

"အော်"

မူချိုယန်က တစ်ခွန်းပဲ ပြန်ပြောပြီး ဆက်မမေးတော့ဘူး။

နှစ်ယောက်သား ခဏလောက် စောင့်ပြီးနောက် အိမ်ထဲကနေ အမျိုးသမီးတစ်ယောက် ထွက်လာတယ်။

ညဝတ်အင်္ကျီနဲ့၊ ဆံပင်တွေက ဖားလျားချလို့၊ ဖိနပ်အပါးလေး စီးထားတယ်။ ကြည့်ရတာ နည်းနည်းတော့ ဖရိုဖရဲနိုင်တယ်။

ဒါပေမဲ့ သူက အရမ်းလှတယ်။

ကိုယ်လုံးကိုယ်ပေါက်က ဆွဲဆောင်မှုရှိပြီး ရင်သားတွေကလည်း ဖွင့်ဖြိုးသင့်သလောက် ဖွင့်ဖြိုးနေတယ်။

လက်ထဲမှာ စာအိတ်တစ်အိတ် ကိုင်ထားတယ်။

လမ်းလျှောက်လာရင်း ပါးစပ်ကလည်း သမ်းဝေနေသေးတယ်။

တံခါးဝရောက်လို့ မူချိုယန်အပြင် လီမိုကိုပါ မြင်လိုက်ရတော့ အဲ့ဒီအမျိုးသမီး ချက်ချင်း ကြောင်သွားတယ်။

ပြီးတော့ မူချိုယန်ကို ပြုံးပြပြီး ပြောလိုက်တယ်။ "ချိုယန်... အိမ်လခ လာကောက်တာ ဘာလို့ လူခေါ်လာသေးလဲ။ ပြီးတော့ အချောလေး ပါလာသေးတယ်။ ကြိုပြောရင် ငါ အနည်းဆုံး အဝတ်အစားလေး ဘာလေး လဲပြီး ပြင်ဆင်ထားမှာပေါ့"

"မမ ယန်ရန် အတွက် Surprise ဖြစ်အောင်လို့လေ။ ကျွန်တော့်မောင်လေးက သူ့ကို မွေးစားမယ့်သူ ရှာနေတာ။ ဘယ်လိုလဲ... မမ အကြိုက်လား။ ကြိုက်ရင် အောင်သွယ်ပေးမယ်လေ" မူချိုယန်က ပြုံးပြီး ပြောလိုက်တယ်။

"ဒီကောင်လေးက ချောတာတော့ ချောပါတယ်... ဒါပေမဲ့ သူများကို လုမယူချင်ပါဘူး။ မွေးစားမယ်ဆိုရင် ချိုယန်ပဲ မွေးစားလိုက်ပါ... နင်က စူပါသူဌေးမကြီးပဲဟာ... ဘာလို့ သူများဆီ လွှဲပေးနေရတာလဲ" လင်းယန်ရန်က ရယ်မောပြီး ပြောလိုက်တယ်။ ပြောရင်းနဲ့ လက်ထဲက စာအိတ်ကို မူချိုယန်ဆီ ကမ်းပေးလိုက်တယ်။

"ရော့... ချိုယန်။ ဒီလ အိမ်လခ။ ပြည့်မပြည့် ရေတွက်ကြည့်လိုက်ဦး"

ဒါကို မြင်တော့ မူချိုယန်က ပြုံးပြီး စာအိတ်ကို ယူကာ သူ့ရဲ့ ဆာလာအိတ်ထဲ ပေါ့ပေါ့ပါးပါးပဲ ပစ်ထည့်လိုက်တယ်။ "ကျွန်တော်က မမ ယန်ရန်ကို ယုံပါတယ်"

"မရေတော့ဘူးလား။ ထူးဆန်းလိုက်တာ။ ဘေးမှာ ကောင်ချောလေး ရှိနေလို့လား။ ချိုယန်... နင် ရှက်နေတာလား။ အရင်တုန်းကဆို ပိုက်ဆံရေရတာ သဘောကျပါတယ်ဆို။ ဒါတွေက မနေ့ကမှ ဘဏ်က ထုတ်လာတဲ့ ပိုက်ဆံအသစ်တွေနော်... နင့်အတွက် သီးသန့် ထုတ်လာတာ" လင်းယန်ရန်က အံ့သြသလို ပြောလိုက်တယ်။

လင်းယန်ရန် နဲ့ မူချိုယန် စကားပြောနေတဲ့အချိန်မှာပဲ...

လီမိုက လင်းယန်ရန်ကို အာရုံစိုက်ကြည့်ပြီး စကင်ဖတ်လိုက်တယ်။

ချက်ချင်းပဲ လင်းယန်ရန်ရဲ့ ကိုယ်ရေးအချက်အလက်တွေ သူ့မြင်ကွင်းထဲ ပေါ်လာတယ်။

အမည်: လင်းယန်ရန်

အသက်: ၂၈ နှစ်

ကျား/မ:

ရုပ်ရည်: ၉၅

အရပ်: ၁.၇၅ မီတာ

စွမ်းရည်များ: ဟက်ကာ (ကျွမ်းကျင်)၊ ဝင်ချွန်း (ကျွမ်းကျင်)၊ ဟင်းချက် (ကျွမ်းကျင်)၊ စက်မဲ့ယာဉ်မောင်းနှင်ခြင်း (ကျွမ်းကျင်)၊ မော်တော်ဆိုင်ကယ်မောင်းနှင်ခြင်း (ကျွမ်းကျင်)၊ ဖရီးစတိုင် ဘတ်စကက်ဘော (ကျွမ်းကျင်)၊ ကပြခြင်း (ကျွမ်းကျင်)

အလုပ်အကိုင်: ဟက်ကာ

ပိုင်ဆိုင်မှု: မရှိ

လက်ရှိငွေသား: ၁၃၆,၅၄၂,၂၂၈ ယွမ်

စီးတော်ယာဉ်: Harley-Davidson Flagship Glide

အိမ်ထောင်ရေးအခြေအနေ: မရှိ

ရင်းနှီးမှု: ၁၅

အထူးအခြေအနေ: မနက်ဖြန်ည ၈ နာရီတွင် ထျန်းယွင်တောင်ပေါ်၌ ဆိုင်ကယ်ပြိုင်နေစဉ် ၄၂၆ ကွေ့အရောက်၌ နောက်ဘီး သံမှိုစူးပြီး ရုတ်တရက် ဘီးပေါက်မည်။ ထို့ကြောင့် ဆိုင်ကယ် အထိန်းအကွပ်မဲ့ကာ ဘယ်ဘက်သို့ ယိုင်ဆင်းပြီး လမ်းဘေးအတားအဆီးကို ဝင်တိုက်ကာ ချောက်ထဲ ပြုတ်ကျပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးမည်။

လင်းယန်ရန်ရဲ့ အချက်အလက်တွေကို မြင်လိုက်တာနဲ့ လီမို ချက်ချင်း မှင်သက်သွားတယ်။

"ဒီအမျိုးသမီးက ဒဏ္ဍာရီလာ ဟက်ကာ တစ်ယောက်ပဲ! ပြီးတော့ ဟက်ကာတွေက အိမ်တွင်းပုန်းတွေ မဟုတ်ဘူးလား။ သူက ဘတ်စကက်ဘောလည်း ကစားတတ်တယ်၊ ကလည်း ကတတ်တယ်... နှမြောစရာကောင်းတာက Rap ရွတ်တာနဲ့ သီချင်းဆိုတာ မပါတာပဲ..."

"ဒါတင်မကဘူး... ဒဏ္ဍာရီလာ တရုတ်သိုင်းပညာ 'ဝင်ချွန်း' ကိုပါ တတ်သေးတယ်တဲ့လား"

"ဒီခေတ်ကြီးမှာ ဝင်ချွန်းက တကယ်ပဲ လက်တွေ့သုံးလို့ ရသေးတာလား"

"အဲ့ဒါတွေအပြင် ဆိုင်ကယ်ပြိုင်ရတာလည်း ဝါသနာပါတယ်တဲ့!"

"ညဉ့်နက်သန်းခေါင် အပြင်ထွက်ပြီး ဆိုင်ကယ်ပြိုင်တာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ မတူဘူးလား"

"တကယ်ပဲ သက်သေပြလိုက်ပြီ... ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာပဲ"

ဆိုင်ကယ်မောင်း ကျွမ်းကျင်အဆင့် ရှိတာတောင် ဘီးပေါက်လို့ ချောက်ထဲ ပြုတ်ကျပြီး သေရတယ်တဲ့။ ဝါး... တကယ့်ကို အသေဆိုးနဲ့ သေရမှာပဲ။

ရှေးစကားတောင် ရှိသေးတယ်... အချောအလှတွေက ကံဆိုးတတ်တယ်တဲ့။ တကယ် မှန်တာပဲ!

၂၈ နှစ်ဆိုတာ "အပျိုကြီး" စာရင်းဝင်ပြီ ဆိုပေမယ့် တကယ်တမ်းတော့ အမျိုးသမီးတစ်ယောက်အတွက် အလှဆုံး အရွယ်ပဲလေ။

မှင်သက်နေရင်း လီမိုရဲ့ မျက်လုံးတွေက ထူးဆန်းတဲ့ အရိပ်အယောင်တွေ ဖြစ်လာပြီး သက်ပြင်းချလိုက်မိတယ်။

ဒါပေမဲ့ သက်ပြင်းချရုံ သက်သက်ပါပဲ... ချက်ချင်းဆိုသလို လီမိုရဲ့ မျက်လုံးတွေထဲမှာ အလင်းရောင် တစ်ချက်လက်သွားတယ်။

အထူးအခြေအနေ ဆိုတာက တခြားရည်ရွယ်ချက်တွေအတွက် သုံးလို့ရတဲ့ စွမ်းရည်မှတ် တစ်ခု ဖြစ်လာနိုင်တယ်လေ။

ဒါ့အပြင် သူက အတောင့်စား သိုးမလေး တစ်ကောင်လည်း ဖြစ်နေသေးတယ်။

ငါ့မှာလည်း ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ရည်မှန်းချက်လေး တစ်ခု ရှိနေသေးတာကိုး။

ဒီလိုလူမျိုးဆီကနေ အသက်ကယ်ခအနေနဲ့ ၁၀ သန်းလောက် ယူတာ သိပ်မများလွန်းပါဘူးနော်... ဟုတ်တယ်မလား။

ဘာပဲဖြစ်ဖြစ် အိမ်ရှင်မကြီးကတောင် သန်း ၃၀ ပေးမယ်လို့ ကတိပေးထားတာပဲ။

ထားပါတော့... ၁၀ သန်း မရရင်တောင် ၁ သန်းလောက် ရရင်လည်း လက်ခံနိုင်ပါတယ်။

၁ သိန်းလောက် ဆိုရင်တောင် အဆင်ပြေပါတယ်။

တကယ်တော့ လီမိုရဲ့ လိုချင်မှုက သိပ်မမြင့်ပါဘူး။

အိမ်ရှင်မကြီးဆီက သန်း ၃၀ ရဖို့ သေချာနေပြီပဲဟာ။

"အဟွတ် အဟွတ်..." လင်းယန်ရန်ရဲ့ စကားကြောင့် မူချိုယန် မနေနိုင်ဘဲ နှစ်ချက်လောက် ချောင်းဟန့်လိုက်တယ်။

ဒါကို မြင်တော့ လင်းယန်ရန်က ရယ်လိုက်တယ်။

သူက မူချိုယန်ရဲ့ ရုပ်အစစ်ကို သိတယ်လေ။

သူ့ညီမလေး ချိုယန်က လှပချမ်းသာပြီး အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက် ဆိုတာ သူအသိဆုံးပဲ။

ရယ်မောပြီးနောက် လင်းယန်ရန်က မူချိုယန်ကို ဆက်မစတော့ဘဲ လီမိုဘက် လှည့်ပြီး အကဲခတ်လိုက်တယ်။

လီမိုကို အပေါ်အောက် ကြည့်ပြီးနောက် ပြုံးကာ မိတ်ဆက်လိုက်တယ်။ "မောင်လေး... မမ နာမည်က လင်းယန်ရန် ပါ။ မိတ်ဖွဲ့လို့ ရမလား"

ပြောရင်းနဲ့ လီမိုဆီ လက်ကမ်းပေးလိုက်တယ်။

"လီမို ပါ"

လီမိုကလည်း လက်လှမ်းပြီး တစ်ဖက်လူရဲ့လက်ကို ဖွဖွလေး ဆုပ်ကိုင် နှုတ်ဆက်ကာ ပြန်လွှတ်လိုက်တယ်။

"အော်... မောင်လေး လီမိုကိုး" လင်းယန်ရန်က ပြုံးပြီး ဆက်ပြောတယ်။ "မောင်လေး လီမို... စောစောက ချိုယန် ပြောတာ တကယ်လား။ မွေးစားမယ့်သူ တကယ် ရှာနေတာလား။ မောင်လေးရဲ့ ရုပ်ရည်နဲ့ဆိုရင်တော့ တကယ် ရှာလို့ ရလောက်ပါတယ်"

"အိမ်ရှင်မကြီးကို မွေးစားခိုင်းတာလေ... သူကမှ မမွေးချင်တာ။ သူမှ မမွေးချင်တော့လည်း ထပ်မရှာတော့ပါဘူး" လီမိုက ရှက်ရွံ့ခြင်း မရှိဘဲ ပြုံးပြုံးလေး ပြန်ဖြေလိုက်တယ်။

"တကယ် ထပ်မရှာတော့ဘူးလား။ တကယ်လို့ မမက မွေးစားမယ်ဆိုရင်ရော လက်မခံဘူးလား" လင်းယန်ရန်က ပြုံးပြီး မေးလိုက်တယ်။

"မမက လှလည်းလှ၊ ချမ်းသာလည်း ချမ်းသာတယ်ဆိုတော့... တကယ်မွေးစားမယ်ဆိုရင်တော့ ကျွန်တော်က မငြင်းပါဘူး။ ဒါပေမဲ့ ဝမ်းနည်းစရာ ကောင်းတာက မမက အသက်ရှည်မယ့် ရုပ်မျိုး မဟုတ်ဘူးဗျ။ ကျွန်တော်က ကံမပါပါဘူး" လီမိုက လင်းယန်ရန်ကို ပြုံးပြီး ပြောလိုက်တယ်။

"အသက်ရှည်မယ့် ရုပ်မျိုး မဟုတ်ဘူး?! ဘာသဘောလဲ" ပြုံးနေတဲ့ လင်းယန်ရန် ချက်ချင်း ကြောင်သွားတယ်။ ပြီးတော့ မျက်မှောင်ကြုတ်ပြီး လီမိုကို နားမလည်သလို ကြည့်လိုက်တယ်။

လီမိုဆီကနေ သူ့ရဲ့ ကံဆိုးမယ့် အကြောင်း ကြားရလိမ့်မယ်လို့ လုံးဝ ထင်မထားဘူးလေ။

"ဟေ့ကောင်လေး... နင် မမ ယန်ရန်ဆီမှာလည်း ကပ်ဆိုးနိမိတ် တွေ့လိုက်ပြန်ပြီလား"

"မမ ယန်ရန်က ငါ့ထက် အသက်ကြီးတာ မှန်ပေမယ့် နင် အဲ့လိုကြီး လျှောက်ပြောလို့ မရဘူးလေ"

လင်းယန်ရန် နားမလည် ဖြစ်နေတုန်း ဘေးက မူချိုယန်က လီမိုကို ကြည့်ပြီး အံ့သြတကြီး မေးလိုက်တယ်။