အခန်း (၁၃) ညစာစားပြီးနောက် ဖျော်ဖြေရေး
ထမင်းစားပြီးနောက် ပါးစပ်သုတ်လိုက်ရင်း ထန်ကော်ပင်းသည် ရှုချင်း၏ ပခုံးကို ဖက်လိုက်ပြီး "ချင်းဇီ၊ ငါမင်းကို အန္တရာယ်မရှိတဲ့ ကစားနည်းလေးတွေ လိုက်ပြမယ်" ဟု ပြောလိုက်သည်။
ရှုချင်း ခေါင်းခါလိုက်ပြီး "နောက်နေ့မှပဲ သွားတော့မယ်ဗျာ။ ကျွန်တော် တစ်ညလုံး အပြင်ရောက်နေပြီး အိပ်လည်းမအိပ်ရသေးဘူး။ ပြန်ပြီး အိပ်လိုက်ချင်သေးတယ်။ ခင်ဗျားတို့နှစ်ယောက်ပဲ သွားလိုက်ကြပါ" ဟု ပြောလိုက်သည်။
ထမင်းစားပြီးသည့်နောက်တွင် သူသည် အလွန် ပင်ပန်းနွမ်းနယ်နေပြီး လမ်းလျှောက်နေသည်မှာ ဝါဂွမ်းပေါ် နင်းလျှောက်နေရသကဲ့သို့ ခံစားနေရကာ ကျောပြင်တွင်လည်း ချွေးစေးများ စီးကျနေသည်။
သခင်လေးထန်က ဖက်တီးလျူကို မဲ့ရွဲ့ကြည့်လိုက်ပြီး "ဒါဆိုလည်း ထားလိုက်ပါတော့။ ဒီလူဝကြီးက ဗိုက်နဲ့ ပေါင်နဲ့ ထိလုနီးပါး ဖြစ်နေပြီ၊ ဖောရောင်ပြီး လေးလံနေတာဆိုတော့ ခေါ်သွားလည်း အပိုပါပဲ..." ဟု ပြောလိုက်သည်။
ဖက်တီးလျူက မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ "တောက်! မင်း ငါ့ကို ဒီလို မပြောနဲ့နော်။ ငါ့ခန္ဓာကိုယ်က ကျန်းမာပြီး စိုပြေတယ်လို့ ခံစားရတယ်။ ငါ့အပေါ် ထိုင်လိုက်ရင် နိုင်ငံခြားဖြစ် ပျော့ပျောင်းတဲ့ မွေ့ရာပေါ် ထိုင်ရသလိုပဲ။ အချိန်ကုန် လူပန်း သက်သာစေတယ်"
သခင်လေးထန်က လက်ခလယ်ထောင်ပြလိုက်ပြီး "သွားစမ်းပါကွာ၊ မင်းရဲ့ ဝက်သားသုံးထပ်သားပုံကြီးနဲ့များ စပရိန်မွေ့ရာလို့ ပြောနေသေးတယ်။ ငါထင်တာတော့ Lenovo တံဆိပ် ပြည်တွင်းဖြစ်ပဲ နေမှာပါ" ဟု ပြန်ပြောလိုက်သည်။
ရှုချင်းမှာ ခေါင်းမူးနေပြီဖြစ်သဖြင့် သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို နားထောင်ရန် စိတ်မဝင်စားတော့ပေ။ သူ မဲ့ပြုံးပြုံးလိုက်ပြီး "ခင်ဗျားတို့နှစ်ယောက်ပဲ သွားပျော်ကြပါဗျာ! ကျွန်တော် တကယ် မနိုင်တော့ဘူး။ မအိပ်ရသေးရင် ကြမ်းပြင်ပေါ်မှာပဲ အိပ်ပျော်သွားလိမ့်မယ်" ဟု ပြောလိုက်သည်။
ဖက်တီးလျူက ရယ်မောလိုက်ပြီး "မင်းက ဌာနမှူးအဆင့်လောက်ပဲ ရှိသေးတာကိုး။ ခဏနေရင် ပေါင် ၁၀၀၊ ၂၀၀ လောက်ရှိတဲ့ အပျိုကြီးတစ်ယောက် ရှာပြီး မင်းအရိုးတွေကို နှိပ်နယ်ခိုင်းလိုက်မယ်၊ အဲဒီကျရင် မင်းကြိုက်သလောက် ဟောက်လို့ရပြီ" ဟု ပြောလိုက်သည်။
သခင်လေးထန်က ဘာမှပြန်မပြောဘဲ ရှုချင်းကို ဆွဲခေါ်ကာ လမ်းလျှောက်ထွက်လိုက်ပြီး "Heaven on Earth က အခန်းတွေက ကျန်းချန် တိရစ္ဆာန်ရုံထဲက အမြီးပါတဲ့ကောင်၊ အတောင်ပံပါတဲ့ကောင် အကုန်လုံး ဝင်ဆံ့လောက်အောင် ကျယ်တယ်။ မင်း ဘာမှစိတ်မပူဘဲ ငါ့နောက်သာ လိုက်ခဲ့!" ဟု ပြောလိုက်သည်။
သနားစရာကောင်းတဲ့ ရှုချင်းခမျာ ဝါဂွမ်းပေါ် နင်းလျှောက်နေရသလို ခံစားနေရပြီး မြေအောက်ထပ်ရှိ ချွေးထုတ်ခန်းသို့ သခင်လေးထန်၏ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။ Heaven on Earth ရှိ ချွေးထုတ်ခန်းသည် သဘာဝ ရေပူစမ်းပါရှိသဖြင့် အလွန် ထူးခြားကောင်းမွန်သည်။ ကောင်းကင်ဘုံက ပေးသနားသော ဤငွေတွင်းကြီးကြောင့် ချွေးထုတ်ခန်းသည် အလွန် လူကြိုက်များသည်။ ထို့အပြင် တူရကီ ငါးစပါးသည်လည်း နောက်ထပ် ထူးခြားချက်တစ်ခု ဖြစ်သည်။ ရေပူစမ်းထဲ စိမ်လိုက်သည်နှင့် ငါးကလေးများ ရောက်လာပြီး ရေမြုပ်နေသော ခန္ဓာကိုယ် အစိတ်အပိုင်းများကို ညင်သာစွာ ကိုက်ခဲသန့်ရှင်းပေးကြသည်။ ထိုခံစားမှုသည် စကားဖြင့် ဖော်ပြမရနိုင်အောင် ကောင်းမွန်လှသည်။
ချွေးထုတ်ခန်းများသည် အနှိပ်နှင့် အရိုးဆက် ဝန်ဆောင်မှုများကို သဘာဝကျကျ ပေးဆောင်လေ့ရှိသည်။ ဤနေရာရှိ နှိပ်နယ်သူများသည် ထိပ်တန်းအဆင့်ဖြစ်ပြီး အားလုံးမှာ အသက် ၂၀ ကျော် အရွယ် ချောမောလှပသော အမျိုးသား၊ အမျိုးသမီးများ ဖြစ်ကြသည်။ မူအားဖြင့် နှိပ်နယ်ခြင်းမှလွဲ၍ အခြား ဝန်ဆောင်မှုများ မပေးသော်လည်း ဘယ်နေရာရောက်ရောက် ရှောင်လွှဲမရနိုင်သော "နားလည်မှုယူရသည့် စည်းမျဉ်းများ" ရှိစမြဲဖြစ်ပြီး အားလုံးက နှုတ်ဆိတ်နေကြရုံသာ ရှိသည်။
ရှုချင်းသည် မျက်လုံးတစ်ဝက် မှိတ်လျက်သားဖြင့် သခင်လေးထန်၏ ဦးဆောင်မှုနောက်သို့ လိုက်ပါကာ အဝတ်လဲခန်းထဲသို့ ရောက်ရှိလာသည်။ သခင်လေးထန်နှင့် ဖက်တီးလျူတို့ အဝတ်အစားများ ချွတ်၊ ခါးတွင် ရေချိုးသဘက်အဖြူ ပတ်၊ သော့ပါသော အံဆွဲထဲသို့ အဝတ်အစားများ ထည့်၊ သော့ခတ်ပြီး ပုတီးစေ့ကွင်းဆက်ပါသော သော့ကို လက်ကောက်ဝတ်တွင် စွပ်လိုက်သည်ကို သူ ကြည့်နေမိသည်။ ဗုဒ္ဓဘာသာ ပုတီးစိပ်သကဲ့သို့ ပုံစံမျိုး ဖြစ်နေသည်မှာ အတော်လေး ထူးခြားသည်။
သူတို့လုပ်သည့်အတိုင်း လိုက်လုပ်ရင်း ရှုချင်း အဝတ်အစား လဲလိုက်သည်။ လက်ကိုင်အိတ်ကို အံဆွဲထဲ မထည့်မီ ဟိုဒီကြည့်လိုက်မိသည်။ အိတ်ထဲတွင် သူ့ပိုင်ဆိုင်မှု အားလုံး ပါဝင်နေသဖြင့် လုံခြုံရေးအတွက် စိတ်ပူမိသည်။ ဘေးနားရှိ စင်ပေါ်မှ တဘက်အချို့ယူပြီး အုပ်ထားချင်သော်လည်း သခင်လေးထန်က ပြုံးလျက် တားလိုက်သည်။
"စိတ်မပူပါနဲ့၊ ဒီက လုံခြုံရေး အစီအမံတွေက နိုင်ငံထဲမှာ ထိပ်တန်းအဆင့်ပါ။ မင်းပစ္စည်း ဘာမှ ပျောက်မှာ မဟုတ်ပါဘူး"
ဒါကို ကြားမှ ရှုချင်း စိတ်သက်သာရာ ရသွားပြီး သူတို့နှစ်ယောက်နောက်သို့ လိုက်ကာ မိုးလုံလေလုံ ရေပူစမ်းထဲသို့ ဝင်လိုက်သည်။ မီးခိုးရောင် ရေပူစမ်းရေပြင်ပေါ်တွင် ရေနွေးငွေ့ဖြူများ ဖုံးလွှမ်းနေပြီး ရေမျက်နှာပြင်မှ ပူဖောင်းများ ရံဖန်ရံခါ တက်လာသည်မှာ ဟင်းရည်အိုး တည်ထားသကဲ့သို့ ခံစားရစေသည်။
"ဆင်းသွားလိုက်၊ အထဲမှာ ထိုင်ခုံတွေ ရှိတယ်။ အိပ်ချင်ရင် လှဲအိပ်လို့ရတယ်" သခင်လေးထန်က ရေချိုးသဘက်ကို ဖြေလိုက်ပြီး ရေပူစမ်းထဲသို့ တစ်ယောက်တည်း ဆင်းသွားသည်။ ရေကန်ဘောင်ပေါ်တွင် တံတောင်ဆစ်ထောက်၊ ရေပူစမ်းကန်ဘေးရှိ ကြွေခေါင်းအုံးပေါ်တွင် ခေါင်းမှီပြီး ဇိမ်ရှိရှိဖြင့် မျက်လုံးမှိတ်လိုက်သည်။
ရှုချင်း ဂရုတစိုက်ဖြင့် ရေကန်ထဲသို့ ဆင်းလိုက်သည်။ ရေက ခါးလောက်သာ ရှိသည်။ သူ စမ်းကြည့်လိုက်ရာ ကန်ဘောင်ဘေးတွင် ကျောက်ခုံတန်း တစ်ခုကို တွေ့လိုက်ရသည်။ သူ ဝင်ထိုင်လိုက်ပြီး သခင်လေးထန်ကို အတုခိုးကာ မျက်လုံးမှိတ်၍ လှဲလိုက်သည်။ နွေးထွေးသော ရေပူစမ်းရေကြောင့် သူ့ချွေးပေါက်များ ပွင့်သွားသလို ခံစားရပြီး သက်သောင့်သက်သာ ရှိလွန်းသဖြင့် ညည်းညူမိမတတ် ဖြစ်သွားသည်။ မကြာမီမှာပင် သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
ရေပူစမ်းထဲတွင် အိပ်စက်ခြင်းသည် ကုတင်ပေါ်တွင် အိပ်ရသလောက် သက်သောင့်သက်သာ မရှိသော်လည်း ပင်ပန်းနွမ်းနယ်နေသော ရှုချင်းအတွက်မူ ဇိမ်တစ်ခု ဖြစ်နေသည်။ သူ သတိမထားမိလိုက်ဘဲ အချိန်အတော်ကြာ ကုန်ဆုံးသွားပြီးနောက် နူးညံ့ပျော့ပျောင်းသော လက်တစ်စုံသည် ရှုချင်း၏ နားထင်ပေါ်သို့ တိတ်တဆိတ် ရောက်ရှိလာပြီး ညင်သာစွာ နှိပ်နယ်ပေးလာသည်။ သူ့ခေါင်းနောက်ဘက်ကိုပင် မကာ ချောမွတ်နူးညံ့သော နေရာတစ်ခုပေါ်သို့ တင်ပေးလိုက်သည်။
"အင်း..."
ရှုချင်း ညည်းညူလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်မှာ နက်မှောင် တောက်ပသော မျက်လုံးတစ်စုံ ဖြစ်သည်။ လန့်သွားပြီး ရှေ့သို့ ကိုင်းလိုက်ကာ ကျောက်ခုံတန်းပေါ်မှ လျှောကျသွားသည်။ ကံကောင်းထောက်မစွာပင် ရေမနက်သဖြင့် သူ ဟန်ချက်မပျက်ဘဲ ခြေလှမ်းနှစ်လှမ်းလောက် ရှေ့တိုးကာ ပြန်လည် ထိန်းလိုက်နိုင်ခဲ့သည်။ သူ လှည့်ကြည့်လိုက်သောအခါ ကောင်းကင်ပြာရောင် စကပ်တို ယူနီဖောင်း ဝတ်ဆင်ထားသော လှပသည့် မိန်းကလေးတစ်ဦး ပါးစပ်အုပ်ပြီး သူ့ကို ရယ်မောနေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် သူ မြင်လိုက်ရသော မိန်းကလေးမှာ အလွန် လှပသည်။ အသားဖြူဖြူ၊ ချစ်စရာကောင်းသော အလှပဂေးလေး ဖြစ်ပြီး အသက် ၂၀ ထက် မပိုလောက်ပေ။ ကြီးမားသော မျက်ဝန်းများက နွေးထွေးမှုကို ပေးစွမ်းနေသည်။ သေချာကြည့်လိုက်သောအခါ နာမည်ကြီး ဂျပန်မင်းသမီးတစ်ဦးနှင့် အတော်လေး ဆင်တူနေသည်။ သူမသည် ရှုချင်း၏ စိတ်ကူးယဉ် အိပ်မက်များထဲမှ တစ်ဦး ဖြစ်သည်။
"သခင်... ဒီကို လာပါ..." အပြာရောင် ယူနီဖောင်းဝတ် မိန်းကလေးက နူးညံ့ချိုသာပြီး ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောကာ ရှုချင်းကို ပြုံးလျက် လက်ယပ်ခေါ်လိုက်သည်။
ရှုချင်း ရုတ်တရက် သတိထားမိလိုက်သည်။ ခုနက သူ ရေထဲမှာ အိပ်ပျော်သွားတုန်းက ဒီကောင်မလေးရဲ့ ပေါင်ပေါ် ခေါင်းအုံးပြီး အိပ်ခဲ့တာပဲ။ ဒါကို တွေးမိပြီး သူ့ရင်ဘတ်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာကာ အသက်ရှူသံများပင် မမှန်တော့ပေ။
သူ တုံ့ဆိုင်းနေစဉ်မှာပင် သူ့ရှေ့မှ ယူနီဖောင်းဝတ် မိန်းကလေးက ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ အဝတ်အစားများကို စတင် ချွတ်လိုက်သည်။ သူမ၏ ဖြူဝင်းချောမွတ်သော အသားအရေသည် မြူခိုးများကြားတွင် ဝိုးတဝါးဖြင့် ဆွဲဆောင်မှုရှိသော အလှကို ပေါ်လွင်စေသည်။
မိန်းကလေးက ရှက်သွေးဖြာလျက် စကပ်တိုကို ချွတ်လိုက်သောအခါ ရှုချင်း၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ လူပျိုသွေး ကြွနေသော သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို အမြန် မှိတ်လိုက်ရာ သူ့ညာဘက်မျက်ခွံမှာ အလိုအလျောက် လှုပ်ခါသွားသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: