သမိုင်းတစ်လျှောက် အစွမ်းထက်ဆုံး အောင်သွယ်တော်
ဝတ္ထုအကျဉ်းချုပ်
"မင်္ဂလာဦးမောင်နှံ အခန်းထဲဝင်သွားတာနဲ့ အောင်သွယ်တော်ကို အိမ်ပြင်ထုတ်ပစ်လိုက်ပြီ"
"အောင်သွယ်စကားကို ယုံမယ့်အစား သရဲရှိတယ်ဆိုတာကိုပဲ ယုံလိုက်မယ်"
"ကြားလူမလုပ်နဲ့၊ အာမခံသူမလုပ်နဲ့၊ မျိုးဆက်သုံးဆက်တိုင်အောင် အောင်သွယ်မလုပ်နဲ့!"
အထက်ပါ စကားရပ်များကို ကြည့်ခြင်းအားဖြင့် တရုတ်လူမျိုးများ၏ စိတ်ထဲတွင် "အောင်သွယ်တော်" များ၏ အဆင့်အတန်းမှာ မည်မျှအထိ မျက်နှာငယ်စရာကောင်းသည်ကို မြင်နိုင်ပါသည်။
သို့သော် ကျန်းဖုန်းသည် ကောလိပ်ဘွဲ့ရပြီးနောက် လူအများ၏ အိမ်ထောင်ရေးလိုက်ဖက်ညီမှုကို ကိန်းဂဏန်းဖြင့် မြင်နိုင်သော ထူးခြားသည့်စွမ်းအားကို ရရှိခဲ့သည်။ ထို့ကြောင့် သူသည် ဇာတိကျေးလက်သို့ပြန်ကာ "ပရော်ဖက်ရှင်နယ် အောင်သွယ်တော်" အဖြစ် မှော်ဆန်သော ခရီးစဉ်ကို စတင်ခဲ့သည်။
ကျန်းဖုန်း၏ ကူညီမှုဖြင့် မမြဲသောစုံတွဲများပင်လျှင် လူအများအားကျရသော စံပြဇနီးမောင်နှံများ ဖြစ်လာကြသည်။ ခြောက်လမပြည့်မီမှာပင် ကျန်းဖုန်းသည် ထိုဒေသတစ်ခုလုံးတွင် နာမည်အကြီးဆုံး အောင်သွယ်တော်ဖြစ်လာပြီး နေ့စဉ်နှင့်အမျှ လက်ဆောင်များနှင့် ဆုကြေးငွေများ တသီတတန်းကြီး လက်ခံရရှိလေတော့သည်။
ကျန်းဖုန်း၏ အောင်သွယ်တော်ကျော်ကြားမှုသည် တဖြည်းဖြည်း ပျံ့နှံ့လာရာ ရုပ်ရှင်သရုပ်ဆောင်များ၊ သူဌေးကြီးများ၊ အရာရှိများနှင့် နာမည်ကြီးပုဂ္ဂိုလ်များစွာကပင် သူတို့ကိုယ်တိုင် (သို့မဟုတ်) သူတို့၏ ဆွေမျိုးများအတွက် အောင်သွယ်ပေးပါရန် တန်ဖိုးကြီးလက်ဆောင်များဖြင့် လာရောက် တောင်းဆိုကြရသည်အထိ ဖြစ်လာသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင်တော့ အောင်သွယ်လောက၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သော ကျန်းဖုန်းသည် အတိတ်ကို ပြန်ကြည့်လိုက်သောအခါ... သူသည် တစ်ကမ္ဘာလုံး၏ အောင်သွယ်တော်များအပေါ် ထားရှိသော အမြင်ကို ပြောင်းလဲပေးနိုင်ခဲ့ပြီး ထိုလုပ်ငန်း၏ အဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်ခဲ့ကြောင်း သိလိုက်ရသည်။
စာရေးသူ၏ ဆုတောင်း - "ဤစာအုပ်လေးဖြင့် ကမ္ဘာပေါ်ရှိ ချစ်သူများအားလုံး ပေါင်းဖက်ခွင့်ရကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်

No comments: