ဝတ္ထုအကျဉ်း


အရင်ဘဝမှာ သူမဟာ နေ့တိုင်းလိုလို အရှက်ခွဲခံရပြီး အနိုင်ကျင့်ခံခဲ့ရတယ်။ ဆွေမျိုးတွေက စက်ဆုပ်ရွံရှာပြီး သူငယ်ချင်းတွေက ကောက်ကျစ်စဉ်းလဲကြတယ်။ သူမရဲ့မိခင်နဲ့ အစ်ကိုဖြစ်သူတို့က တစ်ယောက်ပြီးတစ်ယောက် အချိန်မတိုင်ခင် ဆုံးပါးသွားခဲ့ကြတယ်။ ဒုက္ခဆင်းရဲမျိုးစုံကို တစ်ယောက်တည်း သွားကြိတ်ရင်ဆိုင်ရင်း အသက်ရှင်ဖို့ ကြိုးစားခဲ့ပေမဲ့ အသက် နှစ်ဆယ့်ခြောက်နှစ်အရွယ်မှာပဲ ဘဝကို အဆုံးသတ်ခဲ့ရတယ်။

နောက်တစ်ခါ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာတော့ သူမဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကို အံ့အားသင့်ဖွယ် ပြန်ရောက်နေခဲ့တယ်! အရှက်ခွဲစော်ကားမှုတွေကို အရင်လိုပဲ ကြိတ်မှိတ်ခံပြီး သမိုင်းဘီးတစ်ပတ် ပြန်လည်စေမှာလား။ အရာအားလုံးကို ပြောင်းလဲလို့မရဘူးဆိုရင် သူမ ပြန်လည်မွေးဖွားလာရတာ ဘာအဓိပ္ပာယ်ရှိတော့မှာလဲ။! ကံကြမ္မာကို အံတုပြီး သူမရဲ့ထူးခြားတဲ့စွမ်းရည်တွေ ပေါ်ထွက်လာချိန်မှာ ဘယ်သူက သူမကို တားဆီးနိုင်တော့မှာလဲ။ လူတွေရှေ့မှာတော့ သူမဟာ အေးစက်ပြီး ဘာကိုမှ ဂရုမစိုက်တဲ့ပုံစံနဲ့ အတန်းဖော်တွေရဲ့ ဝိုင်းပယ်ခြင်းကို ခံထားရတဲ့ သာမန်ကျောင်းသူလေးတစ်ယောက်သာ ဖြစ်တယ်။ ဒါပေမဲ့ ကွယ်ရာမှာတော့ သူမဟာ ထက်မြက်ပြီး အင်အားကြီးမားတဲ့ ကိုယ်ပိုင်စီးပွားရေးကွန်ရက်တစ်ခုကို တစ်စတစ်စ တည်ဆောက်နေခဲ့တယ်။