အခန်း (၁၉) : ငါက ဘာလို့ အပြစ်ရှိသလို ခံစားရမှာလဲ
လျိုချွမ်းရှရဲ့ စူးရှတဲ့အသံက လူတွေရဲ့နားစည်တွေကို တဒိန်းဒိန်းမြည်သွားစေတယ်။ အဲ့ဒီမှာရှိနေတဲ့လူတိုင်းက အလိုလိုနေရင်း မျက်မှောင်ကြုတ်လိုက်မိကြတယ်။ သူတို့က လီယွင်မေရဲ့အမေအပေါ်မှာ ကောင်းတဲ့အမြင်မရှိဘူးဆိုတာ ထင်ရှားနေတယ်။ ဒီအမျိုးသမီးက ဒီလိုမျိုးပွဲဆူအောင်လုပ်နေတော့ လီယွင်မေသာ အားနည်းတဲ့သူဖြစ်နေရင်တောင် ဘယ်သူ့ရဲ့သနားကြင်နာမှုကိုမှ နှိုးဆွနိုင်မှာမဟုတ်ဘူး။
တစ်ဖက်မှာတော့ လီယွင်မေက ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး နစ်နာသွားတဲ့အမူအရာနဲ့ပေါ့။ သူမက ကောင်းကောင်းသရုပ်ဆောင်နိုင်တယ်။
"မဒမ်လျို၊ ကျောင်းသူကျဲန်အိုက် ဒီကိုရောက်နေပြီဆိုတော့ ဒါက ကျွန်တော်တို့ကျောင်းက ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးနေတယ်ဆိုတာကို သက်သေပြနေတာပါပဲ။" အဲ့ဒီအချိန်မှာ ကျောင်းအုပ်ကြီး ဆွန်ဘိုယိုက ရှေ့ကိုထွက်လာပြီး လီယွင်မေရဲ့အမေကို ပြောလိုက်တယ်။ "ရှင်က ရှင့်သမီးအတွက် စိတ်မကောင်းဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိပါတယ်။ ဒါပေမဲ့ ဒါက ထိခိုက်ဒဏ်ရာရတဲ့ကိစ္စတစ်ခုဖြစ်နေတော့ ကျောင်းတစ်ကျောင်းအနေနဲ့ ကျွန်တော်တို့ကိစ္စကို ရှင်းလင်းအောင်လုပ်ဖို့ လိုအပ်ပါတယ်။ သာ၍ကျွန်တော်တို့ကျောင်းက တာဝန်ပျက်ကွက်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ဘက်က တာဝန်ကို ဘယ်တော့မှ ရှောင်လွှဲမှာမဟုတ်ပါဘူး။ ကျောင်းသူကျဲန်အိုက်အတွက်တော့ သာ၍ဒါက သူမအမှားဆိုရင် ကျွန်တော်တို့သူမကို သေချာပေါက်အပြစ်ပေးပြီး ရှင်တို့ကို ကျေနပ်လောက်တဲ့ရှင်းပြချက်တစ်ခု ပေးပါ့မယ်။"
ကျောင်းအုပ်ကြီးဆွန်ရဲ့စကားတွေက အလွန်တရာမျှတပြီး ဘက်မလိုက်ခဲ့ဘူး။ အာ့ကျုံးကျောင်းရဲ့ ကျောင်းအုပ်ကြီးတစ်ယောက်အနေနဲ့ သူက လူတွေကို မလေးမစားမလုပ်ရဲအောင်ပြုလုပ်နိုင်တဲ့ မမြင်နိုင်တဲ့ ဖြောင့်မတ်မှန်ကန်ခြင်း aura တစ်မျိုးရှိနေခဲ့တယ်။
ဒါကိုကြားတော့ လျိုချွမ်းရှက သက်ပြင်းရှိုက်လိုက်ပြီး ကျဲန်အိုက်ကို ရက်စက်ကြမ်းကြုတ်တဲ့အကြည့်နဲ့ စိုက်ကြည့်လိုက်တယ်။ သူမက "ကောင်းပြီလေ၊ သူဘယ်လိုရှင်းပြမလဲဆိုတာကို ကျွန်မကြားချင်တယ်။ ဆေးရုံက ကျွန်မသမီးရဲ့ဒဏ်ရာကို သက်သေပြထားပြီးသားပဲ။ သူဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။"
လျိုချွမ်းရှ နောက်ဆုံးတော့ အော်ဟစ်တာကို ရပ်လိုက်တာမြင်တော့ လူတိုင်းသက်ပြင်းချနိုင်သွားကြတယ်။ ကျောင်းအုပ်ကြီးဆွန်က ဆရာမလီကိုကျော်ပြီး ကျဲန်အိုက်ကို ကြည့်လိုက်တယ်။ သူက တည်ငြိမ်စွာနဲ့ "ကျောင်းသူကျဲန်အိုက်ဟုတ်တယ်မလား။ မနေ့က ကျောင်းဆင်းတော့ မင်းနဲ့ လီယွင်မေကြားမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ပြောပြပါ။ မင်းတို့ရန်ဖြစ်ခဲ့ကြလား။ သူ့ခြေထောက်က ဘယ်လိုလုပ် ဒဏ်ရာရသွားတာလဲ။"
"မနေ့ကဖြစ်ခဲ့တာတွေကို ကျောင်းအုပ်ကြီးကို ပြောပြလိုက်။ စိတ်မပူနဲ့။" ဆရာမလီက ကျဲန်အိုက်ကို အားပေးဖို့ မမေ့ခဲ့ဘူး။
ကျဲန်အိုက်က ချက်ချင်းခေါင်းညိတ်လိုက်တယ်။ ပြီးတော့ ဘာကြောက်ရွံ့မှုမှမရှိဘဲ သူမက ဆရာမလီနောက်ကနေ ရှေ့ကိုထွက်လာခဲ့တယ်။ သူမရဲ့သေးသွယ်တဲ့ခန္ဓာကိုယ်လေးက တန်းတန်းမတ်မတ်ရပ်နေပြီး သူမရဲ့ကျောပြင်ကတောင် ကွေညွှတ်ခြင်းမရှိသလို ဘဝင်မြင့်ခြင်းလည်းမရှိတဲ့ပုံ ပေါက်နေတယ်။
"မနေ့က ကျောင်းဆင်းတော့ သမီးနဲ့ ကွမ်းထောင်က မျက်စောင်းထိုးက ဘတ်စ်ကားမှတ်တိုင်ကနေ ကားစီးဖို့ ပြင်နေတာပါ…"
ကျဲန်အိုက်ရဲ့အတွေးတွေက ရှင်းလင်းနေပြီး မနေ့ကဖြစ်ပျက်ခဲ့တာတွေကို ကျွမ်းကျင်စွာ ပြန်ပြောပြခဲ့တယ်။ သူမရဲ့လေသံက တခြားတစ်ယောက်ရဲ့ဇာတ်လမ်းကို ပြောပြနေသလိုမျိုး တည်ငြိမ်နေခဲ့တယ်။
အဆုံးမှာတော့ ကျဲန်အိုက်က ထပ်ဖြည့်ပြောဖို့မမေ့ခဲ့ဘူး။ "လီယွင်မေရဲ့ဒဏ်ရာတွေက မနေ့က သူမကန်လိုက်တဲ့အားနဲ့ အချိုးကျပါတယ်။ သာ၍သူမသာ အားကုန်မသုံးခဲ့ဘူးဆိုရင် ဘယ်လိုလုပ် ဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်မှာလဲ။ အဲ့ဒီအချိန်မှာ သမီးသာ အလိုလိုနေရင်း မရှောင်လိုက်မိခဲ့ရင် ဒီနေ့ဆေးရုံမှာ လှဲလျောင်းနေရမှာက သမီးဖြစ်နေမှာမဟုတ်ဘူးလား။"
"လျှောက်ပြောနေတာ!"
လီယွင်မေက ဒါကိုကြားတော့ မထိတ်လန့်ဘဲမနေနိုင်တော့ဘူး။ သူမက မျက်နှာနီရဲစွာနဲ့ ကျဲန်အိုက်ကို အော်လိုက်တယ်။
"ကျဲန်အိုက် လျှောက်ပြောနေတာမဟုတ်ပါဘူး။ မနေ့က လီယွင်မေက အရင်စခဲ့တာပါ။ သူပဲ အရင်လက်ပါခဲ့တာပါ။" ဘေးမှာရှိနေတဲ့ ကွမ်းထောင်က ကျဲန်အိုက်အတွက် သက်သေအဖြစ် အမြန်ဝင်ပြောလိုက်တယ်။
"အသက်ငယ်ငယ်လေးနဲ့ ဘာလို့ဒီလောက်တောင် အဆိပ်ပြင်းရတာလဲ။ အတန်းဖော်တစ်ယောက်ကို ဒီလိုဖြစ်အောင်လုပ်ထားပြီး နင့်မှာ အပြစ်ရှိသလို နည်းနည်းလေးမှမခံစားရဘူးလား။" လျိုချွမ်းရှက ကျဲန်အိုက်ကိုမယုံကြည်ခဲ့ဘူး။ သူမသမီးက ဒါကို ကျဲန်အိုက်ကြောင့်ဖြစ်ခဲ့တာလို့ သူမကို ပြောထားပြီးသားပဲ။
"အပြစ်ရှိသလိုခံစားရမယ် ဟုတ်လား။ ငါက ဘာကို အပြစ်ရှိသလို ခံစားရမှာလဲ။" ကျဲန်အိုက်က လီယွင်မေရဲ့အမေကို လုံးဝဂရုမစိုက်ခဲ့ဘူး။ သူမက ဖြည်းညင်းစွာနဲ့ "ဒါက ဝက်တစ်ကောင်က သူ့ခွန်အားအကုန်သုံးပြီး ကျွန်မဆီကို ရုတ်တရက်ပြေးလာတာနဲ့တူတူပဲ။ သာမန်လူတစ်ယောက်အနေနဲ့ ကျွန်မက အလိုလိုနေရင်း ရှောင်လိုက်မိတယ်။ အဲ့ဒီနောက် အဲ့ဒီဝက်က သူ့ဘာသာသူ သစ်ပင်နဲ့ဝင်တိုက်မိသွားတယ်။ အဲ့ဒါ ကျွန်မအပြစ်လား။ ကျွန်မက အဲ့ဒီဝက်အပေါ်မှာ အပြစ်ရှိသလို ခံစားပေးရမှာလား။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: