အခန်း ၁၀၄: အလှလေး မင်းငါနဲ့ ချိန်းတွေ့ချင်လား။
ဘူမုန့်ထင်ရဲ့ ထိတ်လန့်တကြား မျက်နှာထားကို မြင်တော့ လင်းထျန်းက ခပ်ရေးရေး ပြုံးလိုက်တယ် အနည်းငယ် ကျေနပ်နေတဲ့ပုံနဲ့ "ဘယ်လိုလဲ။ မင်းအကြိုက်တွေ့ရဲ့လား" လို့ ပြောလိုက်တယ်။
"ဒါ ဒါ..." ဘူမုန့်ထင်က လင်းထျန်းကို ကြောင်ပြီး စိုက်ကြည့်ရင်း တစ်ခုခု ပြောချင်ပေမယ့် လျှာဖျားမှာ တစ်ဆို့နေသလို ခံစားရပြီး စကားတစ်ခွန်းကို အပြည့်အစုံ ထွက်လာအောင် အတော်ကြာ ပြောနိုင်စွမ်း မရှိခဲ့ဘူး။
ခဏတာ ကြောင်အမ်းသွားပြီးနောက် မယုံနိုင်သေးသလိုနဲ့ ဘူမုန့်ထင်က ခေါင်းပြန်ငုံ့လိုက်ပြီး ဟင်းရွက်စိမ်းတစ်ဖတ်ကို ညှပ်ယူကာ ပါးစပ်ထဲ တန်းထည့်လိုက်တယ်။
ဘူမုန့်ထင်က ဝါးလိုက်တယ်။
သူမ ဝါးလိုက်တာနဲ့အမျှ သင်းသင်းပျံ့ပျံ့ လတ်ဆတ်တဲ့ အရသာတစ်ခုက သူမရဲ့ အရသာခံအဖုတွေကနေတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားတယ်။
ဒါက မြက်စိမ်းနုတွေရဲ့ အရသာပဲ။
ဒီအရသာက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့သွားတာနဲ့အမျှ ဘူမုန့်ထင်က သူမရဲ့ နှာခေါင်းကနေတစ်ဆင့် သင်းပျံ့တဲ့ မွှေးရနံ့တစ်ခုကိုလည်း အတူတကွ ရှူရှိုက်မိလိုက်သလို ခံစားလိုက်ရတယ်။
ဒါက မြက်စိမ်းနုတွေရဲ့ မွှေးရနံ့ပဲ။
အဝေးဆီကနေ သိုးတွေ အော်မြည်သံကို သူမ ကြားနေရသလိုပဲ။
ပြီးတော့ သူမရဲ့ ခန္ဓာကိုယ်ကလည်း မြက်ခင်းပြင်ပေါ် ဖြာကျနေတဲ့ နေရောင်ခြည်လို နွေးထွေးမှုလှိုင်းတွေကို ခံစားနေရတယ်။
"ရှူး ရှူး!" လတ်ဆတ်တဲ့ ဆေးမြက်ရနံ့တွေ သယ်ဆောင်လာတဲ့ လေပြေညင်းလေးတွေ တိုက်ခတ်နေသလိုပဲ။
မြက်ခင်းပြင်!
ဘူမုန့်ထင်က ကျယ်ပြန့်ပြီး စိမ်းစိုနေတဲ့ မြက်ခင်းပြင်ကြီးကိုတောင် မြင်ယောင်လာတယ်။ လေပြေညင်း တိုက်ခတ်သွားတော့ မြက်ပင်စိမ်းလေးတွေက ခပ်ညွှတ်ညွှတ် ယိမ်းနွဲ့သွားပြီး တိမ်ဖြူတိမ်စလေးတွေလို သိုးဖြူလေးတွေက သူမရဲ့ အမြင်အာရုံထဲမှာ ပေါ်လာတယ်။
လေတိုက်လို့ မြက်ပင်တွေ လှဲကျသွားမှ နွားနဲ့သိုးတွေ ပေါ်လာတယ်... ဒါက ဘူမုန့်ထင် အမြဲတမ်း စိတ်ကူးယဉ်ခဲ့တဲ့ မြက်ခင်းပြင်ပဲ!
အခုတော့ သူမ တကယ်ပဲ အဲ့ဒီနေရာကို ရောက်နေသလို ခံစားနေရတယ်။
ဒါက သူမရဲ့ ဒုတိယအကြိမ် ကြိုးစားမြည်းစမ်းမှု ဖြစ်တဲ့အတွက် ဘူမုန့်ထင်က ဒီတစ်ခါတော့ သတိအမြန် ပြန်ဝင်လာနိုင်ခဲ့တယ်။
ဒါပေမဲ့ ဒီလိုဆိုရင်တောင်မှ ဘူမုန့်ထင်ရဲ့ မျက်ဝန်းထဲက အံ့အားသင့်မှုကတော့ ဖုံးကွယ်ထားလို့ မရခဲ့ဘူး။
"အလှလေး ဘယ်လိုနေလဲ" လင်းထျန်းက ကြောင်ငေးနေတဲ့ ဘူမုန့်ထင်ကို မျက်နှာရွှင်စွာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
"ဒါ... ရှင်.. ရှင် ဘယ်လိုလုပ်လိုက်တာလဲ" ဘူမုန့်ထင်က လင်းထျန်းကို ထိတ်လန့်ပြီး မယုံနိုင်တဲ့ မျက်နှာထားနဲ့ ကြည့်ပြီး မေးလိုက်တယ်။
"ငါ ဘယ်သူလဲ။ ငါက လင်းထျန်းလေ!" လင်းထျန်းက မျက်ခုံးတစ်ဖက်ပင့်ပြီး မျက်နှာပေါ်မှာ အောင်နိုင်သူ အမူအရာနဲ့ ပြောလိုက်တယ်။
"ငါ တကယ်မေးနေတာ။"
"ငါလည်း တကယ်ဖြေနေတာ!"
"တော်ပြီ!" သူ့ဆီက ဘာအဖြေမှ ရမှာမဟုတ်မှန်း သိတော့ ဘူမုန့်ထင်က မျက်စောင်းသာ ထိုးလိုက်တော့တယ်။
ဘူမုန့်ထင် မေးတာ ရပ်သွားတာကို မြင်တော့ လင်းထျန်းက ရယ်ကျဲကျဲနဲ့ သူမရဲ့ နူးညံ့တဲ့ လက်သေးသေးလေးကို ဆွဲကိုင်လိုက်ပြီး "အလှလေး တို့တွေ အခန်းသွားယူကြရအောင်။ မင်း လိုက်မှာလား မလိုက်ဘူးလား"
ဘူမုန့်ထင်ရဲ့ မျက်လုံးတွေက ဝေ့ခနဲ လှုပ်သွားပြီး နှုတ်ခမ်းလေးစူကာ "မင်း ငါ့ကို နေ့တိုင်း ချက်ကျွေးရမယ်။ မင်း သဘောတူရင် ငါလည်း သဘောတူမယ်!"
"မဖြစ်ဘူး ဒီလိုဟင်းမျိုးက ငါ့ရဲ့ အားအင်တွေ အများကြီး စိုက်ထုတ်ရတယ်။ တစ်လကို တစ်ခါပဲ လုပ်ပေးနိုင်မယ်!"
"တစ်ပတ်တစ်ခါ!"
"မရဘူး တစ်လတစ်ခါပဲ!" လင်းထျန်းက လုံးဝ အလျှော့မပေးဘူး။ ဒီဟင်းကို ချက်ရတာက အာရုံစူးစိုက်မှု အပြည့်အဝ လိုအပ်ပြီး အရမ်းပင်ပန်းတယ်။
"ဒါဆို တစ်လတစ်ဝက် တစ်ခါ!" လင်းထျန်းရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကို မြင်တော့ ဘူမုန့်ထင်က အလျှော့ပေးလိုက်ရတော့တယ်။
"ကောင်းပြီလေ တစ်လတစ်ဝက် တစ်ခါပေါ့!" လင်းထျန်းက တစ်လတစ်ဝက်ကိုတော့ လက်ခံနိုင်သေးတယ်။
"အင်း! ငါ နောက်တစ်လုတ် ထပ်မြည်းကြည့်ဦးမယ် အရမ်း စားလို့ကောင်းတာပဲ!" တကယ်ကို အစားမက်နေသလို ခံစားရပြီး ဘူမုန့်ထင်က ခေါင်းငုံ့ကာ ထပ်စားပြန်တယ်။
ဒီတစ်ခါ သူမ စားတာ အရမ်းမြန်တယ်။ ဆယ်စက္ကန့်တောင် မကြာလိုက်ဘူး ပန်းကန်ထဲက ဟင်းတွေ အကုန်လုံး ကုန်သွားပြီ။
ဒီလိုဆိုရင်တောင် ဘူမုန့်ထင်က အားမရသေးသလို ဖြစ်နေတုန်းပဲ။ သူမက နှမြောတသစွာနဲ့ လင်းထျန်းကို သနားစဖွယ် မျက်လုံးလေးတွေနဲ့ ကြည့်ပြီး "လင်းထျန်း နောက်တစ်ပွဲ ထပ်ကြော်ရအောင်လေ။"
"တို့တွေ တစ်လတစ်ဝက်တစ်ခါလို့ သဘောတူထားတယ်လေ။ အဲ့ဒီအသေးစိတ်ကို နောက်မှ ဆွေးနွေးကြတာပေါ့။ ငါတို့ အခု ပထမဆုံး ဆွေးနွေးသင့်တာက ဘဝနဲ့ စံနှုန်းတွေအကြောင်းပဲ ထင်တယ်။" ဘူမုန့်ထင်ကို "စီစဉ်" ဖို့ အချိန်အကြာကြီး လိုလားနေခဲ့တဲ့ လင်းထျန်းက ဒီထက်ပိုပြီး မစောင့်ချင်တော့ဘူး။ ဒီလိုပြောရင်း သူက ဘူမုန့်ထင်ရဲ့ လက်သေးသေးလေးကို ဆွဲပြီး အပြင်ကို ထွက်လာခဲ့တယ်။
"ဘာလုပ်တာလဲ မြန်လိုက်တာ!" ဘူမုန့်ထင်က လင်းထျန်း ဆွဲခေါ်ရာနောက်ကို ပါလာရင်း မကျေမနပ် မျက်နှာထားနဲ့ ပြောလိုက်တယ်။
မိနစ်နှစ်ဆယ်ကြာတော့ လင်းထျန်းက ဘူမုန့်ထင်ရဲ့ လက်သေးသေးလေးကို ကိုင်ရင်း သူ ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ အခန်းထဲကို လျှောက်ဝင်လာခဲ့တယ်။
"မင်း..." အခန်းထဲကို လျှောက်ဝင်လာပြီး ဘာတွေ ဖြစ်တော့မယ်မှန်း သိနေတော့ ဘူမုန့်ထင်က ခေါင်းလေး အနည်းငယ် ငုံ့ထားပြီး နည်းနည်း တုန်လှုပ်နေပုံ ရတယ်။ သူ့ရဲ့ ချောမောတဲ့ မျက်နှာလေးက နီမြန်းနေတယ်။
သူက အခုမှ စလုပ်ဖူးတာ မဟုတ်တော့ဘူးလေ လင်းထျန်းက ဘူမုန့်ထင်ထက် ပိုပြီး တည်ငြိမ်နေပုံ ပေါက်တယ်။ လင်းထျန်းက ဘူမုန့်ထင်ကို ကြည့်ပြီး တည်ငြိမ်ဟန်ဆောင်ရင်း "တို့တွေ 'အိပ်တမ်းဆော့' ကြမလား" "ဟမ်? အိပ်တန်းဆော့?" ဘူမုန့်ထင်က လင်းထျန်းကို နားမလည်သလို မော့ကြည့်လိုက်တယ်။
"ဟုတ်တယ်!" လင်းထျန်းက ဒါက သိသာနေတဲ့ ကိစ္စတစ်ခုလို ခေါင်းညိတ်ပြီး "အခု ငါက 'ဒယ်ဒီ' မင်းက 'မာမီ' ပေါ့။ ညလည်း နက်နေပြီ တို့တွေ အခု 'ဒယ်ဒီ' နဲ့ 'မာမီ' လုပ်သင့်တာကို မလုပ်သင့်ဘူးလား" လို့ တည်တည်ကြည်ကြည် ပြောလိုက်တယ်။
"ရှင်..." ဘူမုန့်ထင်က မျက်စောင်းသာ ထိုးလိုက်ပြီး စကားမပြောနိုင်တော့ဘူး!
"မာမီ မင်း အရင် ရေချိုးမလား ဒါမှမဟုတ် တို့တွေ အခု ကုတင်ပေါ်မှာ ဘဝနဲ့ စံနှုန်းတွေအကြောင်း ဆွေးနွေးကြမလား" လင်းထျန်းက ဘူမုန့်ထင်ကို ပြုံးပြီး ကြည့်မေးလိုက်တယ်။
ဘူမုန့်ထင်က လင်းထျန်းကို မျက်စောင်းတစ်ချက် ပစ်ပေးပြီး "ငါ ရေချိုးမယ်!" လို့ ပြောလိုက်တယ်။
ဒီလိုပြောပြီး ဘူမုန့်ထင်က လှည့်ပြီး ရေချိုးခန်းဘက်ကို လျှောက်သွားတယ်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တစ်ခုခုကို သတိရသွားပြီး ဘူမုန့်ထင်က ရုတ်တရက် လှည့်လာကာ လင်းထျန်းကို "မင်း ချောင်းမကြည့်ရဘူး" လို့ သတိပေးတဲ့ မျက်နှာထားနဲ့ ကြည့်လိုက်တယ်။
လင်းထျန်းက အမြန် လက်မြှောက်ပြပြီး "ကတိပေးပါတယ် ကတိပေးပါတယ်!"
"ဟမ့်!" နှာခေါင်းတစ်ချက် ရှုံ့ပြီး ဘူမုန့်ထင်က လှည့်ကာ ရေချိုးခန်းထဲ ဝင်သွားတယ်။
ရေချိုးခန်းရဲ့ မသဲမကွဲ မြင်နေရတဲ့ မှန်ချပ်ကနေတစ်ဆင့် လင်းထျန်းက ဘူမုန့်ထင် အဝတ်အစားတွေ စချွတ်နေပြီဆိုတာ သတိပြုမိလိုက်တယ်။
ပြီးတော့ ရေပန်းကျသံတွေ စတင်လာတယ်... စိတ်မထိန်းနိုင်တော့ဘဲ လင်းထျန်းက သူ့အဝတ်အစားတွေကို ချွတ်ပစ်လိုက်ပြီး ရေချိုးခန်းတံခါးကို တိတ်တဆိတ် တွန်းဖွင့်ကာ သူကိုယ်တိုင် ဝင်သွားလိုက်တယ်။ "အား..."
...ပြင်းပြင်းထန်ထန် ချစ်တင်းနှီးနှောပြီးနောက် ဘူမုန့်ထင်က လင်းထျန်းရဲ့ ရင်ခွင်ပေါ်မှာ ချိုမြိန်စွာ လဲလျောင်းနေတယ် သူမရဲ့ မျက်နှာက ခုနက စိတ်လှုပ်ရှားမှုကြောင့် ဖြစ်နိုင်တယ် နီမြန်းနေတုန်းပဲ။
လင်းထျန်းက ဘူမုန့်ထင်ရဲ့ ချောမွေ့တဲ့ ဆံနွယ်တွေကို ဖြည်းညင်းစွာ ပွတ်သပ်ပေးရင်း ခေါင်းလေး အနည်းငယ် ငုံ့ကာ သူမကို ပြုံးပြီး ကြည့်လိုက်တယ် "ဘယ်လိုလဲ။ ငါ တော်တယ်မလား ညီမလေး" ဘူမုန့်ထင်က လင်းထျန်းကို မျက်စောင်းတစ်ချက် ပစ်ပေးပြီး ခေါင်းလှည့်ကာ သူ့ကို ဥပေက္ခာပြုလိုက်တယ်။
ဘူမုန့်ထင်က သူ့ကို လျစ်လျူရှုလိုက်တာ မြင်တော့ လင်းထျန်းက သူမကို ဒီလောက် လွယ်လွယ်နဲ့ အလွတ်မပေးချင်ဘူး။ သူက ပြုံးပြီး "မိန်းကလေး မင်း ဒီလောက်တောင် ကြမ်းတမ်းလိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ကြည့်စမ်း ငါ့လက်မောင်းမှာ မင်းကြောင့် အညိုအမည်းတွေ စွဲကုန်ပြီ။" ဒီလိုပြောရင်း လင်းထျန်းက ပူးပေါင်း ပါဝင်တဲ့အနေနဲ့ သူ့လက်မောင်းကို မြှောက်ပြလိုက်တယ်။
လင်းထျန်းရဲ့ လက်မောင်းပေါ်မှာ တကယ်ပဲ ခရမ်းရောင် အညိုအမည်းစွဲရာတွေ ရှိနေတယ်။ အဲ့ဒီအပေါ်မှာ အနီရောင် အစင်းကြောင်းတွေလည်း ရှိနေတယ်။ ဒါတွေက ကုတ်ခြစ်ရာတွေ ဆိုတာ ထင်ရှားတယ်။ ဘူမုန့်ထင်က လင်းထျန်းရဲ့ လက်မောင်းကို ခိုးကြည့်လိုက်ပြီး သူမရဲ့ မျက်နှာလေးက ချက်ချင်း နီရဲသွားကာ ရှက်သွေးဖြာသွားတယ်။
"ဘာမှ မပြောနဲ့တော့!" ခုနက သူမရဲ့ ကြမ်းတမ်းတဲ့ အပြုအမူတွေကို ပြန်တွေးမိပြီး ဘူမုန့်ထင်က ရှက်စိတ်ကြောင့် သေတော့မလို ခံစားရကာ လင်းထျန်းရဲ့ ရင်ခွင်ထဲကို ခေါင်းတိုးဝှေ့ပြီး ခေါင်းမဖော်ရဲတော့ဘူး။
ဘူမုန့်ထင်ရဲ့ ရှက်နေတဲ့ အမူအရာကို မြင်တော့ လင်းထျန်းက ပိုပြီး ကျေနပ်သွားပြီး "ငါ့လက်မောင်းအကြောင်း မပြောရင်တောင်။ ငါ့ကျောကိုသာ ကြည့်ဖို့ အကြံပေးချင်တယ် ပွစာတက်နေပြီ!"
"တော်ပြီ တော်ပြီ မပြောနဲ့တော့!" လင်းထျန်းရဲ့ စကားကို ကြားတော့ ဘူမုန့်ထင်က ခေါင်းကို ပိုပြီးတောင် တိုးဝှေ့လိုက်ပြီး ရှက်လွန်းလို့ သေတော့မလို ဖြစ်နေတယ်။
"ဒါဆို ငါ တော်မတော် မင်းပြောလေ။ မင်းက ငါတော်တယ်လို့ ပြောရင် ငါ မင်းကို အလွတ်ပေးလိုက်မယ်!" လင်းထျန်းက ရယ်ကျဲကျဲနဲ့ ပြောရင်း သူ့လက်က ဖြည်းဖြည်းချင်း အောက်ကို လျှောဆင်းသွားတယ်။
လင်းထျန်းရဲ့ လက်ကို ခံစားမိတော့ ဘူမုန့်ထင်က တစ်ချက် တုန်သွားပြီး သူ့ခန္ဓာကိုယ်က တောင့်တင်းသွားကာ "တော်တယ်!" လို့ အသံတိုးတိုးနဲ့ တီးတိုးရေရွတ်လိုက်တယ်။
"မင်းက 'သခင်ကြီး တော်တယ်' လို့ ပြောရမယ်!"
"ငါ့ကို မထိနဲ့တော့ တော်ပြီ.... တော်ပြီ ငါပြောမယ် သခင်ကြီး တော်ပါတယ်!" ဒီထက်ပိုပြီး မခံနိုင်တော့ဘဲ ဘူမုန့်ထင်က အညံ့ပေး တောင်းပန်လိုက်ရတော့တယ်။
"အဲ့လိုမှပေါ့!" လင်းထျန်းက နှုတ်ခမ်းကို ခပ်ဖွဖွ စူလိုက်ပြီး သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခု ပေါ်လာတယ်။
ခဏတာ အနားယူပြီးနောက် ဒါက ဘူမုန့်ထင်ရဲ့ ပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် သူမ လုံးဝ ထမရနိုင်တော့ဘူး ဒါကြောင့် လင်းထျန်းကလည်း သူမနဲ့အတူ နေပေးရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ဘူး။ နည်းနည်း ပျင်းလာသလို ခံစားရတော့ လင်းထျန်းက သူ့ဖုန်းကို ထုတ်ပြီး ဝတ္ထုတွေ လျှောက်ဖတ်နေလိုက်တယ်။
လင်းထျန်းရဲ့ ရင်ခွင်ပေါ်မှာ လဲလျောင်းနေရင်း ဘူမုန့်ထင်က လင်းထျန်း အကြာကြီး မလှုပ်မယှက် ဖြစ်နေတာကို ခံစားမိတော့ စပ်စုပြီး ခေါင်းလေး မော့ကြည့်လိုက်တယ်။ လင်းထျန်းက သူ့ဖုန်းကို အာရုံစိုက် စိုက်ကြည့်နေတာ မြင်တော့ "မင်း ဘာကြည့်နေတာလဲ" လို့ စပ်စုပြီး မေးလိုက်တယ်။
"ဝတ္ထုဖတ်နေတာ။" ဒီအချိန်မှာ လင်းထျန်းက '.....' အပိုင်းကို ရောက်နေပြီး နည်းနည်း စိတ်လှုပ်ရှားနေပုံ ပေါက်တယ်။
"မင်း ဘာတွေ ကြည့်ပြီး ဒီလောက် စိတ်လှုပ်ရှားနေတာလဲ" လင်းထျန်းရဲ့ နှုတ်ခမ်းပေါ်က အပြုံးကို သတိပြုမိပြီး စပ်စုတတ်တဲ့ ဘူမုန့်ထင်ကလည်း ထထိုင်လိုက်ပြီး သူမရဲ့ အကြည့်က လင်းထျန်းရဲ့ ဖုန်းဆီကို ရောက်သွားတယ်။
"ဘာမှမဟုတ်ပါဘူး ဒီဝတ္ထုက တော်တော်လေး ကောင်းတယ်။ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်။" ဒီလိုပြောရင်း လင်းထျန်းက နောက်တစ်ခန်းကို နှိပ်လိုက်တယ်။ ဒါပေမဲ့ ဒါက နောက်ဆုံးအခန်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။
"အား ကုန်သွားပြီ!" လင်းထျန်းက နှမြောတသစွာနဲ့ ခေါင်းခါလိုက်တယ်။ ပြီးတော့ သူက ငွေအနည်းငယ် လက်ဆောင်ပေးဖို့ နှိပ်လိုက်ပြီး စာရေးသူကို အမြန်အခန်းသစ် တင်ပေးဖို့ မက်ဆေ့ချ် ထားခဲ့လိုက်တယ်။
"မင်း ဘာလုပ်နေတာလဲ" လင်းထျန်းရဲ့ လုပ်ဆောင်ချက်တွေကို သတိပြုမိပြီး ဘူမုန့်ထင်က စပ်စုပြီး မေးလိုက်တယ်။
"လက်ဆောင် ပေးနေတာ။" လင်းထျန်းက 588 'book coins' ကို ပေါ့ပေါ့ပါးပါး 'လက်ဆောင်' ပေးလိုက်ရင်း ပြန်ဖြေလိုက်တယ်။
"စာအုပ်ဖတ်တာက ပိုက်ဆံ ကုန်လို့လား" ဘူမုန့်ထင်က လင်းထျန်းကို ထူးဆန်းတဲ့ အမူအရာနဲ့ ကြည့်ပြီး မေးလိုက်တယ်။
ဘူမုန့်ထင်က ဝတ္ထုတွေ သိပ်မဖတ်တတ်ဘူး ဒီအရာတွေကို သူ နားမလည်ဘူး။
"ဒါပေါ့!" လင်းထျန်းက အတည်ပြု ခေါင်းညိတ်လိုက်တယ် "ဒီစာရေးသူတွေထဲက အများစုက ပရော်ဖက်ရှင်နယ် စာရေးဆရာတွေ စာအုပ်ရေးတာက သူတို့ရဲ့ တစ်ခုတည်းသော အလုပ်ပဲ။ တကယ်လို့ ဘယ်သူမှ စာရင်းသွင်း မဖတ်ရင် 'လက်ဆောင်' မပေးရင် သူတို့မှာ စားဖို့ ပိုက်ဆံ ရှိမှာ မဟုတ်ဘူး။ စာအုပ်တစ်အုပ် ဖတ်ပြီးရင် ပိုက်ဆံ နည်းနည်း သုံးလိုက်ရတာက ပုံမှန်ပါပဲ။
ဒါက တို့တွေ စူပါမားကတ်မှာ ပစ္စည်းတွေ သွားဝယ်ရင် ပိုက်ဆံ ပေးရသလိုပဲ။ ဒါလည်း တခြားသူတွေရဲ့ လုပ်အားရဲ့ ရလဒ်ပဲလေ။"
"အိုး ငါ နားမလည်ဘူး!" ဘူမုန့်ထင်က ခေါင်းခါလိုက်တယ်။
'လက်ဆောင်' ပေးပြီးနောက် လင်းထျန်းက သူ့ဖုန်းကို ဘေးကို ပစ်ချလိုက်ပြီး လှိမ့်လိုက်ကာ ဘူမုန့်ထင်ကို သူ့အောက်ကို ရောက်အောင် ဖိထားလိုက်တယ် ပြီးတော့ သူမကို မျက်နှာရွှင်စွာနဲ့ ကြည့်ပြီး "တို့တွေ ဒီအသေးစိတ်အချက်အလက်တွေအပေါ်မှာ အာရုံစိုက်မနေသင့်ဘူး။ တို့တွေ ဘဝနဲ့ စံနှုန်းတွေအကြောင်း ဆက်ဆွေးနွေးသင့်တယ်!"
"အား မလုပ်နဲ့..."
နာရီဝက်ကြာပြီးနောက် ဘူမုန့်ထင်က လင်းထျန်းကို ပြင်းပြင်းထန်ထန် မျက်စောင်းထိုးပြီး "ငါ မရတော့ဘူးလို့ ပြောတယ်လေ ငါ့တင်ပါးတွေ အရမ်းနာနေပြီ။"
"အွန်း..." လင်းထျန်းက ရှက်သွားပုံ ရတယ်။ ခဏလောက် စဉ်းစားပြီးနောက် လင်းထျန်းက "မင်း ဗိုက်ဆာနေလား။ ငါ အပြင်ထွက်ပြီး မင်းစားဖို့ တစ်ခုခု သွားဝယ်ပေးရမလား။ မင်း ဒီပုံစံနဲ့ အခု အပြင်ထွက်လို့ မဖြစ်တာ သေချာတယ်။"
"မင်း ပြောရဲသေးတယ် ဒါတွေအားလုံး မင်းကြောင့်!" ဘူမုန့်ထင်က လင်းထျန်းကို မျက်စောင်းသာ ထိုးလိုက်တယ်။
"မင်း တစ်ခုခု စားချင်လား" ကိုယ်မှားမှန်း သိတော့ လင်းထျန်းက အနေခက်စွာနဲ့ပဲ ပြောနိုင်တော့တယ်။
"အခုတော့ မဆာသေးဘူး နောက်မှ ပြောတာပေါ့။"
"ကောင်းပြီ။"
ည ရှစ်နာရီ ထိုးမှ ဘူမုန့်ထင်က သူ့ခန္ဓာကိုယ်မှာ ကြီးကြီးမားမား ပြဿနာ မရှိတော့ဘူးလို့ ခံစားရပြီး အဲ့ဒီအခါမှ ထဖို့ ပြင်ဆင်တော့တယ်။
ဒီအချိန်အတောအတွင်းမှာ လင်းထျန်းက ညစာ ဝယ်ဖို့ အပြင်ထွက်သွားခဲ့တယ် ည တော်တော်မိုးချုပ်နေပြီ ဖြစ်ပြီး သူတို့ ဗိုက်ဆာနေကြပြီ။
"မင်း အဆင်ပြေရဲ့လား" ဘူမုန့်ထင် ကုတင်ပေါ်ကနေ မရဲတရဲ ဆင်းနေတာကို ကြည့်ရင်း လင်းထျန်းက စိုးရိမ်တကြီး မေးလိုက်တယ်။
ဘူမုန့်ထင်က ခြေလှမ်းအနည်းငယ် စမ်းလျှောက်ကြည့်ပြီး ခေါင်းခါလိုက်တယ် "ဘာမှ အကြီးအကျယ် မဟုတ်ပါဘူး နည်းနည်း နာနေရုံပဲ။"
"ဒါဆို တော်သေးတာပေါ့။" လင်းထျန်းက သက်ပြင်းချလိုက်တယ်။
ကြီးကြီးမားမား ပြဿနာ မရှိတော့တဲ့အတွက် လင်းထျန်းနဲ့ ဘူမုန့်ထင်က အခန်း 'check-out' လုပ်ပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ဟိုတယ်ကနေ ထွက်လာရင်း လင်းထျန်းက ဘူမုန့်ထင်ကို ကြည့်ပြီး "တို့တွေ အခု ပြန်ကြတော့မလား ဒါမှမဟုတ် လမ်းလျှောက်ဦးမလား" လို့ မေးလိုက်တယ်။
"ခဏလောက် လမ်းလျှောက်ရအောင် ပြီးမှ ပြန်တာပေါ့။"
"ကောင်းပြီလေ ဖြည်းဖြည်း လျှောက်။"
ခဏလောက် လမ်းလျှောက်ပြီး နည်းနည်း မောလာတော့ နှစ်ယောက်သား လမ်းဘေးက ကျောက်ခုံတန်းတစ်ခုပေါ်မှာ ထိုင်ချလိုက်ကြတယ်။
သူတို့ရဲ့ တစ်ဖက်လမ်းမှာ KFC ဆိုင်တစ်ဆိုင် ရှိပြီး လူတွေ အများကြီး ဝင်ထွက်နေကြတယ်။
KFC ကို မြင်တော့ ဘူမုန့်ထင်ရဲ့ မျက်လုံးတွေက တောက်ပသွားပြီး လင်းထျန်းဘက် လှည့်ကာ ပြုံးရင်း "တို့တွေ KFC သွားရအောင်" လို့ ပြောလိုက်တယ်။
"တို့တွေ ခုလေးတင် စားပြီးကြပြီ မဟုတ်လား" လင်းထျန်းက နည်းနည်း အံ့ဩသွားတယ်။
"ငါက စားချင်လို့!" ဘူမုန့်ထင်က လင်းထျန်းရဲ့ လက်မောင်းကို လှုပ်ပြီး ချွဲနွဲ့ကာ နှုတ်ခမ်းစူလိုက်တယ်။
"မရဘူး!" လင်းထျန်းက တိုက်ရိုက် ခေါင်းခါပြီး "ဒါတွေအားလုံးက အသင့်စား အစားအစာတွေချည်းပဲ ပြီးတော့ မကြာသေးခင်က သတင်းတွေထဲမှာ ပါသွားတဲ့ KFC ကြက်သား ပြဿနာကို မင်း မေ့သွားပြီလား" လို့ ခိုင်ခိုင်မာမာ ပြောလိုက်တယ်။
"ဒါတွေအားလုံး ပြီးသွားပြီ မဟုတ်လား။ ပြီးတော့ ကြည့်ပါဦး တခြားလူတွေလည်း သွားနေကြတာပဲ။" ဘူမုန့်ထင်က နှုတ်ခမ်းစူပြီး နည်းနည်း မတရားခံရသလို အသံနဲ့ ပြောလိုက်တယ်။
"တခြားသူတွေ သွားတိုင်း တို့တွေလည်း သွားရမှာလား။ တို့တွေက လူအုပ်နောက် လိုက်လို့ မဖြစ်ဘူး။ ဘာဖြစ်လို့ နိုင်ငံခြားမှာ KFC ပြဿနာ တက်တုန်းက သူတို့က တောင်းပန်ပြီး လျော်ကြေးပေး ပြီးတော့ အစားအသောက် ဘေးကင်းလုံခြုံရေးကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့တာလဲ။ ဒါက နိုင်ငံခြားတိုင်းပြည်တွေမှာ ပြဿနာ ဖြစ်ခဲ့တုန်းက လူတွေက ချက်ချင်း စားတာ ရပ်လိုက်လို့ပဲ။ သူတို့က သပိတ်မှောက်ခဲ့ကြတယ်! ဒီတော့ ဒီအနောက်တိုင်း အသင့်စား စားသောက်ဆိုင် 'chain' တွေက သဘာဝအတိုင်း ကြောက်သွားတာပေါ့။ ဒါပေမဲ့ တို့တွေကရော? ပြဿနာတစ်ခု ဖြစ်ပြီးနောက် မုန်တိုင်းတစ်ခု ပြီးသွားသလိုပဲ တို့တွေက ဘာမှ ဂရုမစိုက်ဘဲ ဆက်စားနေကြတုန်းပဲ။ ဒါကြောင့် တခြားသူတွေက တို့တွေကို အလေးမထားတာ ဒါက တို့တွေ ကိုယ့်ကိုယ်ကိုယ် အလေးမထားလို့ပဲ!" ဒီနေရာမှာတော့ လင်းထျန်းရဲ့ အမူအရာက နည်းနည်း စိတ်လှုပ်ရှားလာပြီး သူတို့ရဲ့ မတုံ့ပြန်မှုအပေါ် စိတ်ပျက်နေသလို ဖြစ်နေတယ်။
"အွန်း..." ဘူမုန့်ထင်က လင်းထျန်းကို ကြောင်ပြီး စိုက်ကြည့်နေတယ်။ ခဏတာ ကြောင်အမ်းသွားပြီးနောက် ဘူမုန့်ထင်က လင်းထျန်းကို ကြည့်ပြီး "လင်းထျန်း..." လို့ ပြောလိုက်တယ်။
"ဘာလဲ" လင်းထျန်းက စပ်စုပြီး ခေါင်းလှည့်လိုက်တယ်။
"ငါ ထင်တယ် မင်းက နည်းနည်း 'သွေးဆူလွယ်တဲ့' လူစားမျိုးပဲ!" ဘူမုန့်ထင်က နောက်ပြောင်တဲ့ အပြုံးနဲ့ ပြောလိုက်တယ်။
လင်းထျန်းက သူမကို မျက်စောင်းတစ်ချက် ပစ်ပေးပြီး "ငါက အမှန်တရားကို ပြောပြနေတာ သိပြီလား" လို့ စိတ်မရှည်သလို ပြောလိုက်တယ်။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ! တို့တွေ မစားတော့ဘူး!" အကူအညီမဲ့စွာနဲ့ ဘူမုန့်ထင်က အလျှော့ပေးလိုက်ရတော့တယ်။
"တကယ်တော့ ရေခဲမုန့် စားတာကတော့ အဆင်ပြေပါတယ်။" ဘူမုန့်ထင် ဝမ်းနည်းသွားမှာ မလိုလားတော့ လင်းထျန်းက ပြောလိုက်တယ်။
"တကယ်တော့ ငါက ရေခဲမုန့် စားဖို့ ပြောနေတာ! ဘယ်သူက ဒါက မင်းရဲ့ တရားဝင် ဟောပြောပွဲကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မှာလဲ!" ဘူမုန့်ထင်က မျက်စောင်းသာ ထိုးလိုက်တယ်။
"အွန်း..." လင်းထျန်းက ကြောင်သွားတယ်။ သူ နည်းနည်း အနေရခက်သွားသလို ခံစားလိုက်ရတယ်။
"သွားစို့ ငတုံးကြီး!" ထရပ်လိုက်ပြီး ဘူမုန့်ထင်က လင်းထျန်းရဲ့ နှာခေါင်းကို ညင်ညင်သာသာလေး တစ်ချက်တွန်းလိုက်ပြီး သူ့လက်ကို ဆွဲကာ လမ်းတစ်ဖက်ကို ကူးသွားလိုက်တယ်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: