"ရှင်... ရှင် နှာဘူး" လင်းထျန်စကားကို ကြားတော့ ရှန်မုန့်ရီ ကြောင်သွားပြီး မျက်နှာလေး ရဲခနဲဖြစ်ကာ အနည်းငယ်ရှက်သွေးဖြာတဲ့ ဒေါသသံလေးနဲ့ အော်ပြောလိုက်တယ်။

"ဟင်" လင်းထျန်စကားကြောင့် ရှန်ရိရန်လည်း ကြောင်သွားတယ်။

လင်းထျန် မှန်းတာ မှန်နေတယ်လေ။ သူ ဒီနေ့ တကယ် ပန်းရောင်အတွင်းခံ ဝတ်ထားတာ။

"ရှင် တကယ် ဗေဒင်ဟောတတ်တာလား" ရှန်ရိရန်က လင်းထျန်ကို မယုံသင်္ကာနဲ့ ကြည့်လိုက်တယ်။

"ဒါပေါ့" လင်းထျန်က မျက်ခုံးပင့်ပြလိုက်ပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ ဒင်္ဂါးပြားသုံးပြားကို ကောက်ကာ လက်ထဲမှာ ကိုင်လိုက်တယ်။ ပြီးတော့ "နင့်ပိုက်ဆံ ဘယ်သူခိုးသွားလဲဆိုတာ ငါတွက်ပေးမယ်" လို့ ပြောပြီး ကြမ်းပြင်ပေါ် ပြန်ပစ်ချလိုက်တယ်။

ချွင်!

လင်းထျန် လှုပ်ရှားလိုက်တာနဲ့ ငွေရောင်ဒင်္ဂါးပြားသုံးပြားက ကွန်ကရစ်ကြမ်းပြင်ပေါ်မှာ အရှိန်ပြင်းပြင်း လည်သွားတယ်။

စက္ကန့်အနည်းငယ်ကြာတော့ ဒင်္ဂါးပြားတွေ ရပ်တန့်သွားတယ်။

တစ်ချိန်တည်းမှာပဲ လင်းထျန်ရဲ့ ခေါင်းထဲကို သတင်းအချက်အလက် တစ်ခု ဝင်ရောက်လာတယ်။

ခေါင်းထဲရောက်လာတဲ့ အချက်အလက်ကို စစ်ဆေးပြီးနောက် လင်းထျန်က ရှန်ရိရန်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်တယ်။ "နင့်ပိုက်ဆံ ခိုးသွားတဲ့လူတွေက တစ်ဖွဲ့တည်းပဲ မဟုတ်လား။ သူတို့ လေးယောက်ရှိတယ်။ လေးယောက်ထဲမှာ တစ်ယောက်က ထိပ်ပြောင်တယ် တစ်ယောက်က မျက်နှာမှာ အမာရွတ်နဲ့ ပြီးတော့ မိန်းကလေးတစ်ယောက်ပါတယ် မဟုတ်လား"

လင်းထျန် ပြောလေ ရှန်ရိရန် ပါးစပ်အဟောင်းသား ဖြစ်လေပါပဲ။ တကယ်ပါပဲ လင်းထျန် မှန်းတာ အကုန်မှန်နေတယ်။

"ရှင် တကယ်..." ရှန်ရိရန်က လင်းထျန်ကို ကြောင်ပြီး ကြည့်နေမိတယ်။

"ဒါပေါ့" လင်းထျန်က တခစ်ခစ်ရယ်ပြီး "စိတ်မပူပါနဲ့ နင့်ပိုက်ဆံပြန်ရအောင် ငါကူညီပေးပါ့မယ်" လို့ ပြောလိုက်တယ်။

နှစ်နာရီကြာတော့ လင်းထျန် ရထားပေါ် ရောက်နေပြီ။

လင်းထျန် ရောက်သွားတဲ့အချိန်မှာ သူခိုးလေးယောက်က ရထားပေါ်ရောက်နှင့်နေပြီး ရထားကလည်း ထွက်ခါနီးနေပြီ။

တခြားရွေးချယ်စရာ မရှိတာနဲ့ လင်းထျန် သူတို့နောက်ကို လိုက်ပြီး ရထားပေါ် တက်လိုက်ရတယ်။

ရထားအစိမ်းလေးဖြစ်ပြီး လူသိပ်မပါဘူး။

တွဲအမှတ် ၁၁ ကို ရောက်တော့ လင်းထျန်က ဝေ့ကြည့်လိုက်ပြီး ဟိုလေးယောက်ကို ချက်ချင်း ရှာတွေ့သွားတယ်။

အဲဒီလေးယောက်က ရှန်ရိရန်ရဲ့ ပိုက်ဆံကို ခိုးသွားတဲ့သူတွေပါပဲ။

မူလကတော့ ယွမ်နှစ်ထောင်ကို တန်းပြီး ပြန်တောင်းမလို့ စဉ်းစားပေမယ့် ခဏနေတော့ လင်းထျန် အကြံတစ်ခု ရသွားတယ်။ ဒါကြောင့် လင်းထျန် ပြန်လှည့်ထွက်သွားတယ်။

နာရီဝက်လောက်ကြာတော့ လင်းထျန် ကျောပိုးအိတ်အသေးလေး တစ်လုံး လွယ်ပြီး ပြန်ရောက်လာတယ်။

လင်းထျန်က ကျောပိုးအိတ်ကိုလွယ်ပြီး ဟိုလေးယောက်နဲ့ မလှမ်းမကမ်းက ခုံမှာ ဝင်ထိုင်လိုက်တယ်။

ခုံမှာ ခဏလောက် အနားယူပြီးနောက် လင်းထျန် နှုတ်ခမ်းသပ်ကာ တစ်ချက်စဉ်းစားပြီး သူ့အနောက်မှာ ချထားတဲ့ ကျောပိုးအိတ်ကို လှမ်းယူလိုက်တယ်။

အိတ်ကလေးကို ဖွင့်ပြီးနောက် လင်းထျန်က အိတ်ထဲကနေ အမည်းရောင် ပလတ်စတစ်အိတ်နဲ့ ထုပ်ထားတဲ့ အရာတစ်ခုကို ဆွဲထုတ်လိုက်တယ်။

အဲဒီအထုပ်ကို စားပွဲပေါ်တင်ပြီး လင်းထျန်က ပလတ်စတစ်အိတ်ကို တစ်လွှာချင်း ဖွင့်ကာ အထဲက ပစ္စည်းကို ထုတ်လိုက်တယ်။

အထပ်လိုက်!

လင်းထျန် ထုတ်လိုက်တာက အနီရောင် ငွေစက္ကူအထပ်လိုက်ကြီးတွေပါ။ အကုန်လုံး ယွမ်တစ်ရာတန်တွေချည်းပဲ။

အထူကို ကြည့်ရတာ အနည်းဆုံး ယွမ်သုံးလေးသောင်းလောက် ရှိမယ်။

လင်းထျန်က ငွေစက္ကူအထပ်လိုက်တွေကို စားပွဲပေါ် တင်လိုက်တာနဲ့ ဘေးပတ်ဝန်းကျင်က လူတွေအကုန်လုံး လှည့်ကြည့်လာကြတယ်။ ရထားပေါ်မှာ လူသိပ်မရှိပေမယ့် ဒီမြင်ကွင်းကြောင့် အားလုံး မှင်သက်သွားကြတယ်။ လင်းထျန်ရဲ့ စားပွဲပေါ်က ငွေစက္ကူအထပ်လိုက်ကြီးကို ကြောင်ပြီး ကြည့်နေမိကြတယ်။

သူက နှုတ်ခမ်းသပ်ပြီး စားပွဲပေါ်က ပိုက်ဆံတွေကို ရေတွက်နေတာ ကြည့်ရတာ အရမ်း ပျော်နေပုံပဲ။

ခဏလောက် သဘောကျနေပြီးနောက် လင်းထျန်က ပိုက်ဆံတွေကို အမည်းရောင် ပလတ်စတစ်အိတ်ထဲ ပြန်ထည့်လိုက်တယ်။ ပြီးတော့ အိတ်ကို သူ့အနောက်ဘက် ပစ်ထားလိုက်ပြီး ဂရုမစိုက်တော့တဲ့ပုံ လုပ်နေလိုက်တယ်။

ဒီမြင်ကွင်းကို မြင်တော့ မလှမ်းမကမ်းမှာ ထိုင်နေတဲ့ လေးယောက်သား အချင်းချင်းကြည့်ပြီး ခေါင်းညိတ်ပြလိုက်ကြတယ်။

"ဟာ... ပျင်းလိုက်တာကွာ။ ဖဲရိုက်မယ့်လူ မရှိဘူးလား" ရုတ်တရက် အဲဒီလေးယောက်ထဲက ထိပ်ပြောင်နဲ့လူက အော်ပြောလိုက်တယ်။

"ငါကစားမယ် ငါကစားမယ်" ချက်ချင်းဆိုသလိုပဲ ဆက်ဆီကျကျ ကောင်မလေးတစ်ယောက် လက်ထောင်ပြီး အော်ပြောလိုက်တယ်။ ဒီကောင်မလေးကလည်း အဲဒီလေးယောက်ထဲက တစ်ယောက်ပါပဲ။

"Fight the Landlord ကစားကြမယ်လေ ဒါပေမဲ့ တစ်ယောက်လိုနေတယ်" ထိပ်ပြောင်နဲ့လူက စိတ်ပျက်တဲ့ပုံစံနဲ့ ပြောတယ်။

"ငါသွားခေါ်လိုက်မယ်" ဒါကြားတော့ ကောင်မလေးက ချက်ချင်း ပြောလိုက်တယ်။

ပြောပြီးတာနဲ့ ကောင်မလေးက မတ်တပ်ရပ်ပြီး လင်းထျန်ဘေးနား သွားထိုင်ကာ လင်းထျန်ရဲ့ အင်္ကျီလက်မောင်းကို ဆွဲပြီး "အချောလေး ဖဲကစားမလား" လို့ မေးလိုက်တယ်။

"ဟုတ်တယ် ဟုတ်တယ်။ ခရီးသွားရတာ ပျင်းစရာကြီး ဖဲကစားကြရအောင်" ထိပ်ပြောင်နဲ့လူကလည်း လင်းထျန်ရဲ့ မျက်နှာချင်းဆိုင်မှာ လာထိုင်တယ်။

"လာပါနော်" ကောင်မလေးက လင်းထျန်ရဲ့ လက်မောင်းကိုဆွဲပြီး နှုတ်ခမ်းစူကာ ချွဲလိုက်တယ်။ စကားပြောရင်းနဲ့ ကိုယ်ကိုလှုပ်ရှားလိုက်တော့ သူ့ရဲ့ ပြည့်ဖြိုးတဲ့ ရင်သားတွေက လင်းထျန်ရဲ့ လက်မောင်းကို မသိမသာလေး ပွတ်တိုက်သွားတယ်။

မြှူဆွယ်ခြင်း!

ဒါက ဗြောင်ကျကျ မြှူဆွယ်နေတာပါ။

လင်းထျန် သူ့ရဲ့ ခြောက်သွေ့နေတဲ့ နှုတ်ခမ်းကို သပ်လိုက်ပြီး အန္တရာယ်ကင်းတဲ့ အပြုံးလေးနဲ့ "ကောင်းပြီလေ" လို့ ပြောလိုက်တယ်။

"ကောင်းပြီ ကစားကြမယ်" ကောင်မလေးက အံ့သြဝမ်းသာဟန်နဲ့ အော်လိုက်ပြီး လင်းထျန်ရဲ့ လက်မောင်းကို သူ့ရင်သားတွေနဲ့ ထပ်ပြီး ပွတ်သပ်လိုက်ပြန်တယ်။

ဘေးနားက မျက်စိရှင်တဲ့လူတချို့က ဒီမြင်ကွင်းကိုမြင်ပြီး ခေါင်းခါလိုက်ကြတယ်။

မကောင်းတော့ဘူး!

ဒီကောင်လေး သေချာပေါက် ခံရတော့မယ်။ ဒီလူတွေက တစ်ဖွဲ့တည်းဆိုတာ သိသာနေတာပဲ။ ဒါက ထောင်ချောက်ဆင်တာ သက်သက်ပဲ။

ဒါပေမဲ့ သိနေရက်နဲ့ ဘယ်သူမှ ဝင်မပြောရဲကြဘူး။ ဒီခေတ်ကြီးမှာ သူတော်ကောင်းလုပ်တာက ကောင်းကျိုးမပေးတတ်ဘူးလေ။

အခုချိန်မှာ သွားသတိပေးလိုက်ရင် ကိုယ်ပါ အရိုက်ခံရနိုင်တယ်။ တစ်ဖက်မှာက လေးယောက်တောင် ရှိတာကိုး။

"ယေး... 2 လေးချပ်" ကောင်မလေးက စိတ်လှုပ်ရှားစွာနဲ့ 2 လေးချပ် ပစ်ချလိုက်တယ်။

"ဟဲဟဲ ငါ့မှာ King နှစ်ချပ်ကွ" လင်းထျန်က တခစ်ခစ်ရယ်ပြီး King နှစ်ချပ် ပစ်ချလိုက်တယ်။ ပြီးတော့ သူ့လက်ထဲက နောက်ဆုံးဖဲချပ်ကို ပစ်ချပြီး "3 တစ်ချပ် ငါနိုင်ပြီ" လို့ ရယ်မောပြီး ပြောလိုက်တယ်။

"ဟွန့် ရှင်ကလည်း အလျှော့မပေးဘူး" ကောင်မလေးက နှုတ်ခမ်းစူပြီး လင်းထျန်ရဲ့ လက်ကိုဆွဲကာ ချွဲလိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ခန္ဓာကိုယ်ကို လင်းထျန်ဆီ တိုးကပ်လိုက်တယ်။

ကောင်မလေးရဲ့ လှုပ်ရှားမှုကြောင့် သူ့ရဲ့ ပြည့်ဖြိုးတဲ့ ရင်သားတွေက လင်းထျန်ရဲ့ ဆန့်ထုတ်ထားတဲ့ လက်မောင်းကို ဖိမိလျက်သား ဖြစ်သွားတယ်။

ချက်ချင်းပဲ လင်းထျန် နူးညံ့အိစက်တဲ့ အထိအတွေ့ကို ခံစားလိုက်ရတယ်။

အာ... လင်းထျန် သာယာနေတုန်းမှာပဲ မျက်နှာချင်းဆိုင်က ထိပ်ပြောင်နဲ့လူက ကောင်မလေးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တယ်။

ကောင်မလေးက ခေါင်းအနည်းငယ်ညိတ်ပြပြီး လင်းထျန်ကို ကိုယ်လုံးနဲ့ ဖိကပ်ကာ ဆက်ချွဲနေရင်း ကျန်တဲ့လက်တစ်ဖက်က လင်းထျန်အနောက်က အမည်းရောင် ပလတ်စတစ်အိတ်ဆီ လှမ်းလိုက်တယ်။

သူက အမည်းရောင်အိတ်ကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်ပြီး တခြားတစ်ယောက်က သူ့လက်ထဲက အိတ်ကို အမြန် လှမ်းယူလိုက်တယ်။

အဲဒါက သူ့ရဲ့ ကြံရာပါ နောက်တစ်ယောက်ပါ။

ရထားပေါ်က သုံးလေးယောက်လောက်က ဒီမြင်ကွင်းကို မြင်လိုက်ပေမယ့် တစ်ယောက်မှ အသံမထွက်ရဲကြဘူး။

ဘာလို့လဲဆိုတော့ ပလတ်စတစ်အိတ်ကို ယူလိုက်တဲ့လူက အရပ် ၁.၈ မီတာလောက်ရှိပြီး တောင့်တင်းသန်မာကာ မျက်နှာမှာ အမာရွတ်နဲ့ ဖြစ်နေလို့ပါ။ ကြည့်ရတာ ရန်စလို့ရမယ့်ပုံ မဟုတ်ဘူး။

ဝင်ပါရင် ကိုယ်ပါ ပြဿနာတက်မှာကြောက်လို့ လူတော်တော်များများက မပြောရဲကြဘူး။

"ဟူး..." လူတစ်ယောက်က တိုးတိုးလေး သက်ပြင်းချလိုက်တယ်။

အဲဒါက အမာရွတ်နဲ့လူကို ရည်ရွယ်တာ မဟုတ်ဘဲ လင်းထျန်ကို ရည်ရွယ်တာပါ။ လင်းထျန်က သူတို့ကို လှည့်စားပြီးပြီပဲ ဘာလို့ ထုတ်ပြောနေရတာလဲ။ အဲဒါတင်မကဘူး သူက အရမ်းမောက်မာနေသေးတယ်။

ဒါက သေလမ်းရှာတာ မဟုတ်ဘူးလား။

ဟိုဘက်မှာ ယောကျ်ား သုံးယောက်ရှိပြီး လင်းထျန်က တစ်ယောက်တည်း။ ဟိုဘက်က လူကောင်တွေကလည်း ထွားကြိုင်းနေတော့ လင်းထျန် သေချာပေါက် အရေးနိမ့်တော့မယ်လို့ ထင်ရတယ်။

အရူးပဲ။ ဘေးက ကြည့်နေသူတွေအားလုံး လင်းထျန်ကို အရူးလို့ပဲ ထင်ကြတယ်။ ဒီအချိန်မှာ သူတို့ကို သွားရန်စတာ အရိုက်ခံချင်လို့လား။

လူတိုင်းက လင်းထျန် အရိုက်ခံရတော့မယ်လို့ ထင်နေကြပေမယ့် နောက်ဆက်တွဲ မြင်ကွင်းကတော့ လူတိုင်းကို မှင်သက်သွားစေတယ်။

ဝှစ်!

အမာရွတ်နဲ့လူက လင်းထျန်ရဲ့ ခေါင်းကို အားကုန် ထိုးချလိုက်တယ်။

ဖြောင်း!

လက်သီးချက်က လင်းထျန်ရဲ့ ခေါင်းကို တည့်တည့်ထိသွားတယ်။

ဒါပေမဲ့ လင်းထျန်ကတော့ အထိုးခံလိုက်ရတာ သူမဟုတ်သလိုပဲ တည်ငြိမ်အေးဆေးနေတုန်းပါပဲ။

အမာရွတ်နဲ့လူကတော့ အစက ပုံမှန်ပဲ ရှိသေးပေမယ့် ချက်ချင်း မျက်နှာပျက်သွားတယ်။

"အား... နာလိုက်တာ နာလိုက်တာ" အမာရွတ်နဲ့လူက သူ့လက်ကိုဆုပ်ကိုင်ပြီး အော်ဟစ်လိုက်တယ်။

ကျောက်တုံးကို ထိုးလိုက်ရသလိုပဲ။ ခုနက လက်သီးချက်က ကျောက်တုံးကို ထိုးမိသလို ခံစားလိုက်ရတယ်။

ဒီမြင်ကွင်းကို မြင်တော့ အားလုံး ကြောင်သွားကြတယ်။

သူတို့ ကြောင်နေတာကို အခွင့်ကောင်းယူပြီး လင်းထျန်က မျက်လုံးမှေးကာ ချက်ချင်းပဲ ခုန်ကန်လိုက်တယ်။

ဘုန်း!

လင်းထျန်ရဲ့ ကန်ချက်ကြောင့် ဟိုလူ လွင့်ထွက်သွားတယ်။

"ဟေ့ကောင်" လင်းထျန်က အမာရွတ်နဲ့လူရဲ့ ဗိုက်ကို ထိုးလိုက်ပြန်တယ်။

လင်းထျန်က မြန်လွန်းတာကြောင့် လူအုပ်ကြီး ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ သူက သုံးယောက်လုံးကို ကြမ်းပြင်ပေါ် မှောက်သွားအောင် လုပ်လိုက်နိုင်ပြီ။

စက္ကန့်ပိုင်းလေးပဲ ကြာလိုက်တာပါ။

ကောင်မလေးခမျာ သူ့အပေါင်းအပါသုံးယောက် လင်းထျန်လက်ချက်နဲ့ အလွယ်တကူ လဲကျသွားတာကို ကြည့်ပြီး ပါးစပ်အဟောင်းသားနဲ့ မှင်သက်နေတယ်။

လဲကျနေတဲ့ သုံးယောက်ကို ရှာဖွေပြီးနောက် လင်းထျန် ယွမ်ငါးထောင် ခြောက်ထောင်လောက် ရလိုက်တယ်။

ပိုက်ဆံတွေကိုကိုင်ပြီး လင်းထျန်က ကောင်မလေးရှေ့ လျှောက်သွားကာ ပြုံးပြီး အကဲခတ်လိုက်တယ်။ ပြီးတော့ ယွမ်တစ်ရာတန် အထပ်လိုက်နဲ့ ကောင်မလေးရဲ့ ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်လိုက်ပြီး "နင့် ရင်သားတွေက အထိအတွေ့ ကောင်းသားပဲ" လို့ ရယ်မောကာ ပြောလိုက်တယ်။

ပြောပြီးတာနဲ့ လင်းထျန်က ကောင်မလေးရဲ့ ရင်သားကို လက်နဲ့ လှမ်းဆွဲညှစ်လိုက်ပြီး သဘောကျစွာ ရယ်မောကာ ရှေ့ဆက်လျှောက်သွားတယ်။

အဲဒီအချိန်မှာ ရထားက ဘူတာတစ်ခုကို ဆိုက်ရောက်လာတာနဲ့ လင်းထျန် ချက်ချင်း ဆင်းလိုက်တယ်။