ကျန်းနန် ဂရန်း ဟိုတယ်။

သမ္မတအဆင့် တည်းခိုခန်းတစ်ခု အတွင်း။

"သေစမ်း!"

နံပါတ်ကို တတိယအကြိမ် ခေါ်ဆိုလိုက်ပေမဲ့ အဖြေမရတဲ့နောက် ရွှီကျားချင် ကျိန်ဆဲလိုက်ပြီး ဖုန်းကို ကုတင်ပေါ် ဒေါသတကြီး ပစ်ပေါက်လိုက်ကာ ဆက်ပြီး ဆဲဆို ကြိမ်းမောင်းနေသည်။

"ဒါက ဘယ်လို သေနာကျ လူသတ်သမား အေးဂျင့်လဲ? ငါက တိုးတက်မှုကို လာတိုက်တွန်းရုံ သက်သက်ပဲ သူက ငါ့ဖုန်းတောင် မကိုင်တော့ဘူး။ နိုင်ငံခြားသားတွေက တကယ် အားကိုးလို့မရဘူး!"

နေ့ဘက်က တစ်ဖက်လူကို ဆက်သွယ်ပြီးနောက် သူက ကြီးမားတဲ့ မျှော်လင့်ချက်နဲ့ စောင့်ဆိုင်းနေခဲ့သည်။

ဒါပေမဲ့ အချိန်အကြာကြီး တုံ့ပြန်မှု မရှိခဲ့ဘူး။ သူက သူတို့ကို တိုက်တွန်းဖို့ ဖုန်းခေါ်လိုက်ရုံမှတပါး အခြားမရှိခဲ့ဘူး ပြီးတော့ တစ်ဖက်လူက သူ့ကို မကြာခင် ရလဒ်တစ်ခု ပေးမယ်လို့ ပြောခဲ့တယ်။

ရလဒ်ကတော့ ဆယ်မိနစ်တောင် မကြာသေးဘူး သူ ထပ်ခေါ်တဲ့အခါ တစ်ဖက်လူက ဖုန်းမကိုင်တော့ဘူး။

သူက အစကတည်းက ဒေါသထွက်နေခဲ့တာ ဒီဖြစ်ရပ်က သူ့ကို ပို ဒေါသထွက်သွားစေတယ်။

သူ့ဒေါသကို ဖောက်ခွဲပြီးနောက် သူက တစ်ဖက်လူရဲ့ ဘိုးဘေး ဆယ့်ရှစ်ဆက်လုံးကို ကျိန်ဆဲလိုက်တယ် ပြီးတော့ ရေငတ်လာသလို ခံစားရပြီး ရေသောက်ဖို့ ဧည့်ခန်းဆီ ထွက်လာခဲ့သည်။

သူက ရေသောက်ဖို့ လရောင်အောက်မှာ အမှောင်ထဲ စမ်းတဝါးဝါးနဲ့ ရေသန့်စက်ဆီ သွားတယ် ဒါပေမဲ့ သူ ရုတ်တရက် တစ်ခုခု မှားနေသလို ခံစားလိုက်ရတယ် ဘာလို့လဲဆိုတော့ သူက ဆိုဖာပေါ်မှာ ပုံရိပ်တစ်ခု ရှိနေသလို တွေ့လိုက်ရလို့ပဲ။

သူ တံတွေးကို အနိုင်နိုင် မျိုချလိုက်တယ် သူ့ပါးစပ်တွေ ပို ခြောက်ကပ်လာသလို ခံစားလိုက်ရပြီး မီးခလုတ်ကို ဖွင့်ဖို့ နံရံပေါ်က မီးခလုတ်ကို စမ်းလိုက်တယ် ဧည့်ခန်းကို ချက်ချင်း လင်းထိန်သွားစေသည်။

အဲ့ဒီအခါမှ သူက မျက်စိမှားနေတာ မဟုတ်မှန်း သဘောပေါက်သွားတယ် ဆိုဖာပေါ်မှာ တကယ်ပဲ တစ်စုံတစ်ယောက် ထိုင်နေခဲ့သည်။

သူ့အမြင်အရ သူ့ကို ကျောပေးထားတဲ့ လူတစ်ယောက်ရဲ့ ပခုံးတစ်ဖက်နဲ့ ခေါင်းနောက်ပိုင်းကိုပဲ တွေ့နိုင်တယ်။

"မင်း ဘယ်သူလဲ ပြီးတော့ မင်း ဘာလိုချင်လဲ?"

ရွှီကျားချင် ထိတ်လန့်သွားပြီး နံရံကို ကျောကပ်ထားလိုက်တယ် သူ့အသံကို တည်ငြိမ်အောင် အကောင်းဆုံး ကြိုးစား ထိန်းလိုက်ပေမဲ့ ဒါက တုန်ယင်နေတုန်းပဲ။

ဘာပဲဖြစ်ဖြစ် ညဘက်မိုးချုပ် ဧည့်ခန်းထဲမှာ တစ်စုံတစ်ယောက် ရုတ်တရက် တိတ်တဆိတ် ပေါ်လာရင် သူ မကြောက်ဘဲ နေဖို့က ခက်ခဲတာပဲ။

အော်ဟစ်ဖို့ အတွက်လား?

တောင်းပန်ပါတယ် သူ အဆုတ်ကွဲအောင် အော်ရင်တောင် ဘယ်သူမှ သူ့ကို ကြားမှာ မဟုတ်ဘူး။

ဘာလို့လဲဆိုတော့ သမ္မတအဆင့် တည်းခိုခန်းက အသံလုံစနစ်က ဒီလောက် ကောင်းနေတာ ဒါက ဈေးနှုန်းနဲ့ တန်ပါတယ်။

"ငါ့မှာ နာမည်တွေ အများကြီး ရှိတယ် မင်းက ဘယ်တစ်ခုကို မေးနေတာလဲ ငါ မသိဘူး?"

ဆူရွှင့်က ရွှီကျားချင်ကို ကျောပေးထားရင်း သူ ခုနကမှ လောင်းထည့်ထားတဲ့ ဝိုင်နီကို တစ်ငုံ သောက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ဒီကောင် အရသာခံတတ်သားပဲ ဝိုင်နီက အရသာ တော်တော် ကောင်းတယ်။

ရွှီကျားချင် နှုတ်ခမ်း စေ့လိုက်တယ်: "ငါ့ကို လာပြီး လှည့်စားမနေနဲ့ မင်း တကယ်တော့ ဘယ်သူလဲ?"

"မင်းက ဒီလောက် သိချင်နေမှတော့ မင်း ငါ့ကို ဘုရားသခင် (God) လို့ ခေါ်နိုင်တယ်" ဆူရွှင့်က သူ့ဖန်ခွက်ထဲက ဝိုင်ကို ဝေ့ဝဲလှုပ်ယမ်းရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဘုရားသခင် (God)?" ရွှီကျားချင်က အစပိုင်းမှာ ဒါ ပေါက်ကရလို့ ထင်လိုက်တယ် ဘယ်သူက ဒီလို နာမည်မျိုး ရွေးချယ်မှာလဲ? ပြီးတော့ သူ ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားပြီး သူ့မျက်လုံးတွေ ဝိုင်းစက်သွားတယ်: "ဘုရားသခင် (God)! လူသတ်သမားများ၏ ဘုရင် ဘုရားသခင် (God)!"

ကြယ်ငါးပွင့် ဟိုတယ်တစ်ခုရဲ့ သမ္မတအဆင့် တည်းခိုခန်းထဲကို သူ သတိမထားမိဘဲ ဒီလောက် တိတ်တဆိတ် ခိုးဝင်လာနိုင်မှတော့ ဒါက ဒဏ္ဍာရီလာ ဖမ်းမမိနိုင်တဲ့ လူသတ်သမားများ၏ ဘုရင် ဘုရားသခင် (God) ဖြစ်ကြောင်း သူ သေချာသွားရမယ်။

ဆူရွှင့်က လှောင်ပြောင်တဲ့ အရိပ်အယောင်နဲ့ ပြုံးလိုက်တယ်: "မဆိုးပါဘူး မင်း ငါ့ကို ငှားခဲ့တာလား?"

တစ်ဖက်လူက သူ့ဘာသာသူ ဝန်ခံတာကို ကြားတော့ ရွှီကျားချင် အတိုင်းမသိ ဝမ်းသာသွားသည်။ သူက အော်ဒါလို့ ခေါ်တဲ့အရာက ဒီအတိုင်း ပျက်သွားပြီလို့ ထင်နေခဲ့တာ။

သူတို့ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူတို့က ဒီနယ်ပယ်မှာ တကယ် ပညာရှင်တွေပဲ!

တစ်ဖက်လူက ဘာလို့ ဆူရွှင့်ဆီ မသွားဘဲ သူ့ဆီ အရင် လာခဲ့လဲ ဆိုတာကိုတော့ သူ မတွေးမိခဲ့ဘူး။

ရွှီကျားချင်က စိတ်မရှည်စွာ ပြောလိုက်တယ် "ဟုတ်တယ် ကျွန်တော်ပဲ။ ခင်ဗျား ကျွန်တော့်ကို ဆူရွှင့်ကို မသန်မစွမ်း ဖြစ်သွားအောင် ကူညီပေး ပြီးတော့ အမေရိကန် ဒေါ်လာ ၁၃ သန်းကို ခင်ဗျား သတ်မှတ်လိုက်တဲ့ ဘယ် အကောင့် (account) ကိုမဆို အချိန်မရွေး တိုက်ရိုက် လွှဲပေးနိုင်တယ်။"

ဆူရွှင့်.. ဆူရွှင့် ကြည့်ရတာ ကောင်းကင်ဘုံက မင်းဘက်မှာ မရှိဘူး။ မင်း ဘဝရဲ့ ကျန်တဲ့ အချိန်တွေကို ဝှီးချဲပေါ်မှာ ကုန်ဆုံးရတော့မယ်။

အနာဂတ်မှာ ဆူရွှင့်ရဲ့ ဆိုးရွားလှတဲ့ ဘဝအကြောင်း တွေးရင်း သူ စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခု ခံစားလိုက်ရသည်။

အခါသမယကသာ မသင့်တော်ခဲ့ရင် ရွှီကျားချင်က အော်ရယ်ပစ်ချင်စိတ်တောင် ပေါက်နေခဲ့ပြီ။

"မင်း ငါ့ကို ဒီလောက်တောင် မုန်းတာလား?"

ဆူရွှင့် တစ်ခုခု ပြောလိုက်တယ် ဆိုဖာပေါ်က ထရပ်လိုက်တယ် ဖြည်းညှင်းစွာ လှည့်လိုက်ပြီး ရွှီကျားချင်ကို ခပ်မဲ့မဲ့ ပြုံးရင်း ကြည့်လိုက်သည်။

"ဘာ?" ရွှီကျားချင်က ဆူရွှင့်ကို လက်စားချေရမယ့် စိတ်ကူးယဉ်မှုထဲမှာ နစ်မြောနေတုန်းပဲ အစပိုင်းမှာ တုံ့ပြန်မှု မရှိခဲ့ဘူး ဒါပေမဲ့ ဆူရွှင့်၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတဲ့အခါ သူ့မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားတယ်: "ဆူရွှင့်! ဒါ မင်း ဘယ်လိုလုပ် မင်း ဖြစ်နိုင်မှာလဲ!"

ဒါက လူသတ်သမားများ၏ ဘုရင် ဘုရားသခင် (God) မဟုတ်ဘူးလား? ဘယ်လိုလုပ် ဆူရွှင့် ဖြစ်သွားရတာလဲ? သူ ဒီမှာ ဘာလုပ်နေတာလဲ?

ဆူရွှင့်က အကူအညီမဲ့စွာ ပခုံးတွန့်လိုက်တယ်: "ဒါက ငါ ဖြစ်နေလိမ့်မယ်လို့ ငါကိုယ်တိုင်တောင် မမျှော်လင့်ထားခဲ့ဘူး။ ငါ့ဘဝမှာ ဒီလိုမျိုး အော်ဒါတစ်ခု လက်ခံရရှိတာ ဒါ ပထမဆုံးအကြိမ်ပဲ။ အံ့ဩသွားလား? မမျှော်လင့်ထားဘူးလား?"

ဘုန်း! ဒီစကားကို ကြားတော့ ရွှီကျားချင်၏ စိတ်ထဲ ဗလာကျင်း ဖြစ်သွားပြီး သူ့မျက်နှာ မယုံနိုင်မှုတွေနဲ့ ပြည့်နှက်နေသည်။

လူသတ်သမားများ၏ ဘုရင် ဘုရားသခင် (God) က တကယ်တမ်း ဆူရွှင့် ဖြစ်နေခဲ့တာ!

သူက သူ့ကိုယ်သူ မသန်မစွမ်း ဖြစ်သွားအောင် လုပ်ဖို့ ဆူရွှင့်ကို အမေရိကန် ဒေါ်လာ ၁၃ သန်း သုံးပြီး ငှားရမ်းခဲ့တာလား?

တစ်ခဏမျှ သူ့ခေါင်းထဲ ပျားတုပ်သလို ဖြစ်သွားတယ် သူ့မျက်နှာက စိတ်ခံစားမှုတွေ ရောထွေးနေပြီး သူ့စိတ်ထဲမှာ ကျိန်ဆဲစကားတစ်ခု ရှိနေတယ် ဒါကို သူ ပြောသင့် မပြောသင့် မသိတော့ဘူး။

"အမေရိကန် ဒေါ်လာ ဆယ့်သုံး သန်းက ပိုက်ဆံ အများကြီးပဲ ဒါပေမဲ့ ငါ့ကိုယ်ငါ ခြေထောက်တွေ ချိုးခိုင်းတာကတော့... ဟီး ဟီး ငါ တကယ် ဒါကို လုပ်ဖို့ စိတ်မပါဘူး။ ကြည့်ရတာ ဒီပိုက်ဆံကို ငါ ရှာနိုင်တော့မှာ မဟုတ်ဘူး။"

ဆူရွှင့်က ရွှီကျားချင်ကို ခေါင်းခါပြလိုက်တယ် စိတ်ပျက်သလို ဟန်ဆောင်လိုက်တယ် ဒါပေမဲ့ သူ့မျက်လုံးတွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေသည်။

သူက အခု ရွှီကျားချင်ကို တိရစ္ဆာန်ရုံထဲက မျောက်တစ်ကောင်ကို ကြည့်နေသလို ကြည့်နေသည်။

ရွှီကျားချင်၏ မျက်နှာ တဖြည်းဖြည်း ဖြူဖျော့လာပြီး သူ့နဖူးပေါ်မှာ ချွေးစက်လေးတွေ ပေါ်လာတယ်: "ဆူရွှင့် ဒါက အထင်အမြင် လွဲမှားမှုတစ်ခုပါ...ဒါတွေအားလုံးက အထင်အမြင် လွဲမှားမှုတစ်ခုပါ။"

"အခုမှ မင်းက ဒါက အထင်အမြင် လွဲမှားမှုတစ်ခုလို့ ပြောနေတာလား?" ဆူရွှင့် ပြုံးလိုက်တယ် ပြီးတော့ စိတ်မကောင်းစွာနဲ့ ခေါင်းခါလိုက်ပြီး ပြောလိုက်တယ် "ကံမကောင်းစွာနဲ့ အရမ်း နောက်ကျသွားပြီ။"

သူ စကားဆုံးသည်နှင့် ရွှီကျားချင်ဆီကို တစ်လှမ်းချင်း ချဉ်းကပ်သွားသည်။

ရွှီကျားချင် ထိတ်လန့်သွားတယ်: "ဘာ...မင်း ဘာလုပ်ချင်တာလဲ? ပို မကပ်လာနဲ့!"

"ငါ ဘာလုပ်ချင်တာလဲ? ဒါပေါ့ မင်း ငါ့ကို ဘာလုပ်ချင်ခဲ့လဲ ငါ မင်းကို အဲ့ဒါ လုပ်မှာပေါ့။ ဒါက အပြန်အလှန် တုံ့ပြန်မှုအကြောင်းပဲ ငါက အမြဲတမ်း ယဉ်ကျေးမှုကို တန်ဖိုးထားတဲ့ လူတစ်ယောက်။"

သူ့မျက်နှာပေါ်မှာ နူးညံ့တဲ့ အပြုံးတစ်ခုနဲ့ ဆူရွှင့် စကားဆုံးအောင် ပြောလိုက်ပြီး ကန်ထုတ်လိုက်သည်။

"ဘုန်း!"

"အား!"

ရွှီကျားချင်၏ ခန္ဓာကိုယ်က နံရံကို အရှိန်နဲ့ ဆောင့်မိသွားပြီး ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။

ဒါပေမဲ့ ဒါက အစပဲ ရှိသေးတယ် အဆုံး မဟုတ်သေးဘူး။

ဆူရွှင့် လျှောက်သွားတယ် သူ့ကို ငုံ့ကြည့်လိုက်တယ် မထီမဲ့မြင် ပြုံးလိုက်တယ် ပြီးတော့ သူ့ရဲ့ ညာဘက် ခြေသလုံးပေါ် နင်းလိုက်သည်။

"မလုပ်နဲ့!" ရွှီကျားချင်၏ မျက်လုံးများ ဒေါသကြောင့် ဝိုင်းစက်သွားသည်။

"ခရမ်း.."

ပြတ်သားတဲ့ အသံနဲ့အတူ ရွှီကျားချင်၏ ညာဘက် ခြေသလုံးက အနင်းခံရလို့ ကျိုးသွားသည်။

"အားးး!"

ရွှီကျားချင်၏ မျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်သွားပြီး နှလုံးသားကို ခိုက်သွားစေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

ဆူရွှင့်က သူ့ရဲ့ သန်မာတဲ့ စိတ်ဓာတ် ခံနိုင်ရည်နဲ့ တည်ငြိမ်နေဆဲ ပြီးတော့ ရွှီကျားချင်၏ ဘယ်ဘက် ခြေသလုံးကိုပါ ချိုးပစ်လိုက်သည်။

ဒီအချိန်မှာတော့ ရွှီကျားချင် အသံတောင် မထွက်နိုင်တော့ဘူး ဘာလို့လဲဆိုတော့ သူက နာကျင်မှုကြောင့် သတိလစ်သွားလို့ပဲ။

ဆူရွှင့် နှုတ်ခမ်းသပ်လိုက်သည်။ သူ တကယ်ပဲ သူ့ကန်ချက်ထဲမှာ အဲ့လောက် အင်အား ပါသွားခဲ့တာလား?

ဒါက တကယ်... ကျေနပ်စရာပဲ! ^O^

ဆူရွှင့် သူ့ဖုန်းကို ထုတ်ပြီး နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။

ခဏအကြာမှာ တည်းခိုခန်း တံခါး ပွင့်လာပြီး အားလုံက မျက်နှာပေါ်မှာ ကြောက်ရွံ့မှု မလုံခြုံမှုတွေနဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ကို ဦးဆောင် ခေါ်သွင်းလာသည်။

ဒီ သက်လတ်ပိုင်း အမျိုးသားက ရွှီကျားချင်၏ ယာဉ်မောင်း ဖြစ်သည်။

"သခင်လေး။"

ကြမ်းပြင်ပေါ်မှာ သတိလစ် လဲကျနေတဲ့ ရွှီကျားချင်ကို မြင်လိုက်ရတော့ သက်လတ်ပိုင်း အမျိုးသားက အံ့ဩတကြီး အော်လိုက်မိသည်။

ဆူရွှင့် လက်ကာပြလိုက်သည်။

အားလုံက သက်လတ်ပိုင်း အမျိုးသားကို သယ်ဆောင်ရင်း ခြေလှမ်း အနည်းငယ် ရှေ့တိုးလာပြီး ဆူရွှင့် ရှေ့မှာ ရပ်လိုက်သည်။

ဆူရွှင့်က သက်လတ်ပိုင်း အမျိုးသားကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်

"သူ့ကို ကျန်းနန်မြို့ကနေ ခေါ်ထုတ်သွား ပြီးတော့ မင်းရဲ့ သူဌေးကို ပြန်ပြောလိုက် ငါ ပြောတယ်လို့ နောင်ဆို သူ့သားကို မျက်စိဒေါက်ထောက် ကြည့်ထားဖို့။ သူသာ နောက်တစ်ခါ ပြေးထွက်ပြီး လူတွေ လိုက်ကိုက်ရဲသေးရင် ငါ သူ့ကို ကျန်းနန်မြို့မှာ ထာဝရ မြှုပ်နှံပစ်မယ်။"

"စကားမစပ် တံခါးဝက ဝှီးချဲက ကျန်းနန်မြို့က ဒေသထွက် အမှတ်တရ လက်ဆောင် ငါ သူ့ကို အထူးတလည် ပေးလိုက်တာ။ ငါနဲ့ အားမနာနေနဲ့လို့ သူ့ကို ပြောလိုက်။"

အဲ့လို ပြောပြီးနောက် ဆူရွှင့် ပြုံးလိုက်တယ် သက်လတ်ပိုင်း အမျိုးသားရဲ့ ပခုံးကို ပုတ်လိုက်တယ် ပြီးတော့ သူ့လက်တွေကို အိတ်ကပ်ထဲ ထည့်ပြီး တည်းခိုခန်းထဲကနေ ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားသည်။

ဆူရွှင့် စုဆောင်းထားတဲ့ အချက်အလက်တွေအရ ရွှီကျားချင်က ကျန်းနန်မြို့က ဒေသခံတစ်ယောက် မဟုတ်ဘူး ပြီးတော့ သူ ဒီမှာ ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်က နေထိုင်ဖို့ နေရာတစ်ခု သက်သက်ပဲ။

နောင်ဆို သူက ကျန်းနန်မြို့အပေါ် စိတ်ဒဏ်ရာတစ်ခု ရသွားမှာ သေချာတယ်။ ဒီ နက်ရှိုင်းတဲ့ သင်ခန်းစာက သူ့ကို ငါ့ကို နောက်တစ်ခါ မဆွရဲတော့အောင် လုပ်ဖို့ လုံလောက်ပါလိမ့်မယ်။

ဆူရွှင့်က မျက်လုံးချင်း သွားချင်း ပြန်ချေပတတ်တဲ့ လူတစ်ယောက် သေးငယ်တဲ့ နာကြည်းမှုကိုတောင် သည်းမခံနိုင်ဘူး။

ဘာပဲဖြစ်ဖြစ် ဒီခေတ်ကြီးထဲမှာ ဘယ်သူက စိတ်ထဲမှာ ကလေးတစ်ယောက် မဟုတ်လို့လဲ?

တခြားနည်းနဲ့ ပြောရရင် ငါက မင်းအဖေမှ မဟုတ်တာ ဒါကြောင့် ဘာလို့ ငါက မင်းကို အလိုလိုက်နေရမှာလဲ?