အခန်း (၂၆) - ငါ ပင်ပန်းပြီ... ထပ်မကြိုးစားချင်တော့ဘူး
"စာအုပ်နည်းနည်း ရောင်းမထွက်ရုံနဲ့ ဘာဖြစ်လဲ။ ဘယ်သူမဆို ကျရှုံးဖူးတာချည်းပဲ။ ကျရှုံးရင် ဆက်ရေးပေါ့ကွာ။ စာအုပ်အသစ်က အမြဲရေးလို့ ရတာပဲ" - (မကျရှုံးချင်တဲ့ ပုရစ်ကလေး)
"ဟုတ်တယ်၊ ဟုတ်တယ်။ ဘယ်သူက မကျရှုံးဖူးလို့လဲ။ ငါဆို အစားအသောက် လိုက်ပို့တဲ့ အလုပ်တောင် ခဏ လုပ်ခဲ့ရသေးတယ်။ အခုတော့ အဆင့်ဇယားပေါ် ပြန်ရောက်လာပြီပဲ..." - (အစားအသောက်ပို့သမား လန်လန်)
"ဟားဟား... 'အနက်နဲ့ အဖြူ'... မင်းလည်း 'လန်လန်' ဆီက သင်ခန်းစာယူပြီး အစားအသောက် သွားပို့ပါလား။ ပညာသင်ကြားဖို့ အခွင့်အရေးကောင်းပဲ။ ပြောရရင် အစားအသောက် ပို့တဲ့လောကကြီးက တကယ့်ကို အံ့သြစရာ ကောင်းတဲ့ အဖွဲ့အစည်းကြီးကွ" " 'ပုရစ်ကလေး' တောင် အစားအသောက် ပို့တဲ့အလုပ် အချိန်ပိုင်း လုပ်ဖူးသေးတယ်လို့ ငါ မှတ်မိတယ်" - ('အံ့ဖွယ် ညီမလေး နံပါတ် ၉')
"အေး... ငါ ပို့ဖူးတယ် (ဟားဟားဟား) jpg" - ('မသေချင်တဲ့ ပုရစ်ကလေး')
"မင်းတို့ကောင်တွေက 'အနက်နဲ့ အဖြူ' မြှောက်ပေးတာ နားထောင်နေကြတာပဲ။ ဒီကောင်စုတ်က စာရေးလာတာ နှစ်တွေအကြာကြီး ရှိနေပြီ။ အနည်းဆုံး တစ်သန်းလောက်တော့ စုမိမှာပဲ။ သန်းချီတောင် ရှိနိုင်တယ်။ သူက အွန်လိုင်းကနေ ပိုက်ဆံရှာရတာ ကျင့်သားရနေပြီ... သာမန်အလုပ် ပြန်လုပ်ပါ့မလား။ စက်ရုံပဲ ဖြစ်ဖြစ်၊ ကုမ္ပဏီပဲ ဖြစ်ဖြစ်... သူ ဘယ်လိုမှ လုပ်နိုင်မှာ မဟုတ်ဘူး" - ('ခန့်ညားထည်ဝါသော ဗိုလ်ချုပ်ကြီး ကျင်း')
"ဟုတ်တယ်၊ ဟုတ်တယ်" - ('ပြေးနေတဲ့ ပေါက်စီ')
"တစ်သန်းက ဘယ်ကလာမှာလဲကွ။ သိန်းဂဏန်းလောက်ပဲ ရှိတာ... အဲ့ဒါလည်း ကုန်ပါပြီ" - လီမို။
"ကုန်ပြီ? ဘယ်မှာသွားသုံးလိုက်တာလဲ။ အိမ်ဝယ်လိုက်တာလား၊ ကားဝယ်လိုက်တာလား။ ရည်းစားထားလိုက်တာတော့ မဟုတ်ပါဘူးနော်?" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"အဲ့သဘောလောက်ပါပဲ။ ငါက စာအုပ်တစ်အုပ်တည်းနဲ့ နာမည်ရပြီး တစ်လလောက်နဲ့ ဝင်ငွေကောင်းခဲ့ဖူးတာလေ။ ကျန်တဲ့ စာအုပ်တွေက အကုန် အသုံးမကျဘူး... တစ်သောင်းကျော်လောက်ပဲ ရတာ။ တချို့စာအုပ်တွေဆို အခြေခံ စားဝတ်နေရေးတောင် မကာမိဘူး။ ပိုက်ဆံလုံးဝ မစုနိုင်ဘဲ စုထားတာလေး ထုတ်သုံးနေရတာ"
"ပုံမှန်ဆိုရင်တော့ တစ်ယောက်တည်းဆို မငတ်ပါဘူး။ ဒါပေမဲ့ ရည်းစားထားလိုက်တော့... ကောင်မလေးရဲ့ စရိတ်တွေပါ ထည့်တွက်လိုက်ရင် ဘယ်ခံနိုင်တော့မလဲ"
"ငါတို့က အိမ်တွင်းပုန်းတွေလေ... စာရေးနေရင်တော့ တစ်နေရာတည်းမှာ ငြိမ်ငြိမ်လေး နေလို့ရပါတယ်။ ဒါပေမဲ့ ကောင်မလေးက အပြင်ထွက်ဖို့ ခေါ်လာရင် ရိုမန်းတစ် ဆန်အောင် လုပ်ပေးရမယ် မဟုတ်လား။ ပွဲတော်ရက်တွေဆို လက်ဆောင်ပေးရမယ် မဟုတ်လား။ မင်းတို့ကောင်တွေ အကုန် ကြုံဖူးကြမှာပါ။ အိမ်ထောင်ကျပြီး ကလေးရနေတဲ့ ကောင်တွေတောင် ရှိတာပဲ... နားလည်မှာပါ"
"တကယ် မလောက်ပါဘူးကွာ" - လီမို။
"အဟွတ်... ဟုတ်တော့ ဟုတ်သားပဲ။ ရည်းစားထားရတာ ဈေးကြီးတယ်" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"အဲ့လိုပါပဲ" - လီမို။
"ပိုက်ဆံဖြုန်းတယ် ဆိုမှ 'အံ့ဖွယ် ညီမလေး နံပါတ် ၉' ကို သတိရတယ်။ ဟိုတစ်နှစ်တုန်းက သူ စားဖိုးသောက်ဖိုးချည်းပဲ လေးသိန်းလောက် ဖြုန်းပစ်လိုက်တာလေ။ ပေါင် ၁၂၀ စံချိန်မီ ခန္ဓာကိုယ်ကနေ ပေါင် ၁၆၀ ထိ တက်သွားပြီး ဂေါက်ရောဂါ တောင် ဖြစ်သွားသေးတယ်" - ('မသေချင်တဲ့ ပုရစ်ကလေး')
"တော်စမ်းပါဟာ... ပြီးခဲ့တာတွေ ထားလိုက်ပါတော့။ အဲ့ဒီ ရှက်စရာကောင်းတဲ့ သမိုင်းကြောင်းကို ပြန်မပြောနဲ့တော့။ ('အနက်နဲ့ အဖြူ')... မင်း တကယ်ကြီး ဒီလောကကနေ အနားယူတော့မလို့လား။ ဒီနေ့ April Fool's Day မဟုတ်ဘူးနော်" - ('အံ့ဖွယ် ညီမလေး နံပါတ် ၉')
"မနောက်ပါဘူး... ငါ တကယ် အနားယူဖို့ စဉ်းစားနေတာ" - လီမို။
"ဒါဆို မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲ" - ('အံ့ဖွယ် ညီမလေး နံပါတ် ၉')
"ငါ ပင်ပန်းပြီ... ငါ ထပ်မကြိုးစားချင်တော့ဘူး" - လီမို။
"သောက်ကျိုးနည်း! မင်း သူများမွေးစားတာ ခံတော့မလို့လား။ အစစ်လား၊ အတုလား။ အရင်တုန်းက ငါတို့ နောက်သလိုလိုနဲ့ မကြိုးစားချင်တော့ဘူးလို့ ပြောခဲ့ကြပေမယ့်... တကယ်တမ်းတော့ လေလုံးတွေပဲလေ" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"ငါ ဒီရက်ပိုင်း လှပချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ထားတယ်။ သူ့ပေါင်ကို သွားဖက်တော့မလို့ (ဆေးလိပ်သောက်နေပုံ) jpg" - လီမို။
"သောက်ကျိုးနည်း! မင်းကတော့ အရင်အတိုင်းပဲ... ဘာမှ မပြောင်းလဲဘူး။ ငါက မင်းအတွက် စိတ်ပူနေတာ!" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"လှပချမ်းသာပြီး အသားဖြူတဲ့ အမျိုးသမီး!!! ပုံမပါရင် မယုံဘူး" - ('မကျရှုံးချင်တဲ့ ပုရစ်ကလေး')
"ဟုတ်တယ်... ပုံတစ်ပုံက စကားလုံး တစ်ထောင်ထက် ပိုထိရောက်တယ်" - ('အစားအသောက်ပို့သမား လန်လန်')
"ပုံတော့ မပြတော့ဘူး... သေချာသေးတာမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ငါ ဒီလောကထဲက တကယ် ထွက်တော့မှာ။ နောက်ဆို ငါက မင်းတို့ရဲ့ စာဖတ်သူ အဖေကြီး ဖြစ်သွားပြီ။ ဒါကြောင့် မင်းတို့ကောင်တွေ စာကြိုးစားရေးကြ။ ကောင်းကောင်းရေးရင် အဖေကြီးက ဆုချမယ်" - လီမို။
"အဖေကြီး... သားကို ဆုချပါ" - ('မသေချင်တဲ့ ပုရစ်ကလေး')
"သောက်ကျိုးနည်း... ပုရစ်ကောင်... မင်းမှာ သိက္ခာဆိုတာ မရှိတော့ဘူး (လန့်ဖျပ်) (လန့်ဖျပ်) jpg" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"ဟုတ်တယ်၊ ဟုတ်တယ်။ သောက်ကျိုးနည်း ပုရစ်ကောင်... မင်းမှာ သိက္ခာမရှိဘူး!" - ('ပြေးနေတဲ့ ပေါက်စီ')
"ဟူး... ပုရစ်ရေ... မင်း စံချိန်ကို ထပ်ချိုးလိုက်ပြန်ပြီ" - ('ခန့်ညားထည်ဝါသော ဗိုလ်ချုပ်ကြီး ကျင်း')
"ဟေး... ဟေး... ဟေး!! ငွေမဟာမိတ် ဆုကြီးကွ! အဖေကြီးက တကယ်မိုက်တယ်!!" - ('မသေချင်တဲ့ ပုရစ်ကလေး')
"ငွေမဟာမိတ်?! ('မသေချင်တဲ့ ပုရစ်ကလေး')... ဘာတွေဖြစ်ကုန်ပြီလဲ" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
" 'အနက်နဲ့ အဖြူ' က ငါ့ကို ငွေမဟာမိတ် ဆုကြီး ပေးလိုက်ပြီကွ!" - ('မသေချင်တဲ့ ပုရစ်ကလေး')
"သောက်ကျိုးနည်း!! အဖေကြီး... သမီးကိုလည်း ဆုချပါဦး!" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"အဖေကြီး... သားကိုလည်း ဆုချပါ!!" - ('မသေချင်တဲ့ ပုရစ်ကလေး')
"အဖေကြီး... သားကိုလည်း မုန့်ဖိုးပေးပါ!!" - ('အစားအသောက်ပို့သမား လန်လန်')
"အဖေကြီး... သားကိုလည်း ဆုချပါ!!" - ('ပြေးနေတဲ့ ပေါက်စီ')
ဒါကို မြင်တော့ လီမိုက ပလက်ဖောင်းပေါ်မှာ ယွမ် တစ်သောင်းဖိုး သုံးလိုက်တယ်။
"!!!! 'အနက်နဲ့ အဖြူ'... မင်း တကယ်ကြီး ဆုချလိုက်တာလား!! မင်း ပေါက်သွားပြီလား?! ကောင်စုတ်... လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ အိမ်လခ မပေးနိုင်လို့ ငတ်တော့မယ် ပြောနေပြီး အခုကျမှ ဘာလို့ ရုတ်တရက် ရက်ရောလာတာလဲ" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
" 'အနက်နဲ့ အဖြူ'... မင်း ငါတို့ အကုန်လုံးကို ဆုချလိုက်တာလား။ မင်း အကြွေးတွေ ဘာတွေ သွားယူထားတာတော့ မဟုတ်ပါဘူးနော်? တကယ်လို့ ယူထားရင် အခုချက်ချင်း ပြန်ဆပ်လိုက်။ လိုရင် ငါ နောက်ထပ် နှစ်သောင်း ထပ်ချေးပေးမယ်" - ('ပြေးနေတဲ့ ပေါက်စီ')
"ဟာ... မဟုတ်သေးဘူးလေ! 'အနက်နဲ့ အဖြူ'... မင်း တကယ် အကြွေးယူထားတာဆိုရင် ငါ မင်းပိုက်ဆံ ပြန်လွှဲပေးမယ်။ ငါ့ Data တက်အောင် ကူညီပေးတယ်လို့ပဲ သဘောထားလိုက်မယ်။ ပြီးတော့ ငါလည်း မင်းကို တစ်သောင်း ချေးပေးနိုင်တယ်" - ('အစားအသောက်ပို့သမား လန်လန်')
" 'အနက်နဲ့ အဖြူ'... မင်း ဘာတွေ လုပ်နေတာလဲ။ လျှောက်မလုပ်နဲ့နော်! အဲ့ဒီ အပေါက်က လူတိုင်း ဖြည့်နိုင်တဲ့ အပေါက် မဟုတ်ဘူး။ ပြီးတော့ မင်းရဲ့ အပေါက်က သိပ်မကြီးဘူးဆိုရင်... ညီအစ်ကိုတွေ ဝိုင်းစိုက်ပြီး မင်းအတွက် ပြန်ဆပ်ပေးမယ်။ ပြီးရင် မင်း စာအုပ်မြန်မြန်ရေးပြီး ငါတို့ကို ပြန်ဆပ်"
"ငါတို့နဲ့ နေ့တိုင်း အတူတူ စာရေး... ငါတို့ မင်းကို စောင့်ကြည့်ပေးမယ် (ဒေါသထွက်) jpg" - ('ခန့်ညားထည်ဝါသော ဗိုလ်ချုပ်ကြီး ကျင်း')
" 'အနက်နဲ့ အဖြူ'... မင်း တကယ် အကြွေးယူလိုက်တာလား"
ဒီလို အခြေအနေတွေ ဖြစ်နေတုန်းမှာပဲ... WeChat မှာ သီးသန့် စကားပြောခန်း တစ်ခု တက်လာတယ်။
လီမို ကြည့်လိုက်တော့ Group ထဲမှာ ဝင်မပြောသေးတဲ့ "ကျန်းကျန့်" (လက်ထဲက ဓား) ဖြစ်နေတယ်။
Group ထဲမှာ လီမိုနဲ့ အရင်းနှီးဆုံး သူငယ်ချင်း။ စာအပြင် ငွေလွှဲထားတာလည်း တွေ့လိုက်ရတယ်။ ယွမ် နှစ်သောင်း။
ဒါကို မြင်တော့ လီမို ချက်ချင်း တိတ်ဆိတ်သွားတယ်။ ပြီးတော့ "လက်ခံရန် ငြင်းပယ်သည်" ကို နှိပ်လိုက်တယ်။
"ငါ အကြွေးမယူပါဘူးကွာ... ရုတ်တရက် ပိုက်ဆံ နည်းနည်း ရှာနိုင်သွားလို့ပါ" - လီမို။
"အော်... ဒါဆိုရင်တော့ ကောင်းတာပေါ့။ မိုက်မဲတဲ့ အလုပ်တွေ လျှောက်မလုပ်နဲ့နော်" - ('လက်ထဲက ဓား')
"စိတ်မပူပါနဲ့... ငါတို့ ခင်လာတာ ကြာပြီလေ... အပြင်မှာလည်း ခဏခဏ တွေ့ဖူးတာပဲ... ငါ့ကို မယုံဘူးလား" - လီမို။
"ယုံပါတယ်။ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ့ရင် ညီအစ်ကိုတွေကိုလည်း ခေါ်ဦးနော်" - ('လက်ထဲက ဓား')
"အေးပါ" - လီမို။
"ဒါဆို ပြီးရော... ငါ စာသွားရေးတော့မယ်" - ('လက်ထဲက ဓား')
ဒါကို မြင်တော့ လီမို ပြုံးလိုက်တယ်။
ပြီးတော့ QQ Group ကို ပြန်ဖွင့်ပြီး စာပြန်လိုက်တယ်။
"@All members... ငါ အကြွေးမယူပါဘူးကွ။ ညီအစ်ကိုတွေရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ မင်းတို့ကောင်တွေက တကယ် သတ္တိရှိတာပဲ... ပိုက်ဆံချေးရဲတယ်။ ငါ ပိုက်ဆံယူပြီး ထွက်ပြေးမှာ မကြောက်ကြဘူးလား"
"ဘာကြောက်စရာ ရှိလဲ။ မင်းအိမ်လိပ်စာ အစစ်ကို ငါသိတာပဲဟာ... ပြီးတော့ ငါ ပိုက်ဆံပြတ်တုန်းက မင်း ချက်ချင်း လွှဲပေးခဲ့ဖူးတာပဲ" - ('ပြေးနေတဲ့ ပေါက်စီ')
"ဟုတ်တယ်၊ ဟုတ်တယ်။ ငါတို့ Group ကို ကြည့်လေ။ အစတုန်းက လူတစ်ရာကျော် ရှိရာကနေ အခု ၁၃ ယောက်ပဲ ကျန်တော့တာ။ ဆုံးပါးသွားတဲ့ ညီအစ်ကို နှစ်ယောက်ကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက ၁၀ နှစ်နီးပါး ခင်လာကြတဲ့ သူငယ်ချင်းတွေချည်းပဲ။ အဲ့ဒါကို ကြောက်နေရင် Group Admin က မင်းကို ကန်ထုတ်လိုက်တာ ကြာပေါ့"
"ဘာပဲဖြစ်ဖြစ် ငါက ဒီနှစ်တွေအတွင်း လူတော်တော်များများကို ကန်ထုတ်ခဲ့ပြီးပြီ"
"ပြီးတော့ ငါ့မှာ အများကြီး မရှိပေမယ့် တစ်သောင်း၊ နှစ်သောင်းလောက် ဆုံးရှုံးတာတော့ ခံနိုင်ပါသေးတယ်" - ('ခန့်ညားထည်ဝါသော ဗိုလ်ချုပ်ကြီး ကျင်း')
"ဟားဟား... Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်!" - ('အကန်မခံချင်တဲ့ ပုရစ်ကလေး')
"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်!" - ('ဘဝအနိုင်ရသူ ညီမလေး နံပါတ် ၉')
"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်!" - ('အစားအသောက်ပို့သမား လန်လန်')
"Group ပိုင်ရှင်ကြီးက အရမ်းမိုက်တယ်!!"
ဒါကို မြင်တော့ လီမို မနေနိုင်ဘဲ ရယ်မောလိုက်ပြီး ဓာတ်ပြားဟောင်းကြီးလို စာတစ်စောင် ထပ်ပို့လိုက်တယ်။ Group ထဲက ကောင်တွေနဲ့ ခဏလောက် စကားပြောပြီးတော့ Group ကို ပိတ်လိုက်တယ်။
အမှန်အတိုင်း ပြောရရင်... စာရေးလာတာ နှစ်တွေ အကြာကြီး ဆိုတော့... လမ်းတစ်လျှောက်မှာ စာရေးဆရာတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ တချို့က အခု အွန်လိုင်းစာပေလောကမှာ ထိပ်တန်း စာရေးဆရာတွေ ဖြစ်ကုန်ကြပြီ။ တချို့ကျတော့ ပျောက်ကွယ်သွားကြပြီ။ ဒီလောကထဲမှာ လူအမျိုးစုံ ရှိတယ်။ ရုတ်တရက် အောင်မြင်သွားပြီး မင်းကို ကျောခိုင်းသွားတဲ့သူတွေ၊ မသိချင်ယောင်ဆောင်သွားတဲ့သူတွေ ရှိတယ်။ မင်းက စာရေးသင်ပေးလိုက်လို့ ပိုက်ဆံရသွားပြီးမှ မင်းနဲ့ အဆက်အသွယ် ဖြတ်သွားတဲ့သူတွေလည်း ရှိတယ်။
သူ ရောက်နေတဲ့ Group က ၁၀ နှစ်နီးပါး ရှိနေပြီ။ အထဲက လူတွေက တကယ့်ကို စိစစ်ပြီး ရွေးချယ်ထားတဲ့သူတွေ။ Group က မရေမတွက်နိုင်အောင် ဖျက်လိုက်၊ ပြန်တည်လိုက် လုပ်ခဲ့ရတာ။ Group Chat ထဲမှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်။ အောင်မြင်မှုတွေအကြောင်း ပြောကြတယ်၊ ကြွားကြတယ်၊ မိန်းမကိစ္စ ပြောကြတယ်၊ အယ်ဒီတာတွေကို အတင်းပြောကြတယ်၊ လောကရဲ့ မပြောကောင်းတဲ့ စည်းမျဉ်းတွေ အကြောင်း ဆွေးနွေးကြတယ်။ ဘယ်သူမှ သတင်းမပေးကြဘူး။ သတင်းပေးမယ့်သူတွေ၊ အန္တရာယ် ပေးနိုင်မယ့်သူတွေကို စောစောစီးစီး ကန်ထုတ်ခဲ့ပြီးပြီ။
ဒါပေါ့... ဒါတွေ အကုန်လုံးက သူ့နဲ့ မဆိုင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ ဒီလောကထဲက ထွက်ဖို့ တကယ် ဆုံးဖြတ်လိုက်ပြီလေ။ စာရေးလာတာ ၁၀ နှစ်နီးပါး ရှိပြီ... သူ တကယ် ပင်ပန်းနေပါပြီ။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: