ဝတ္ထုအကျဉ်း

လူ့လောကမှာ ရိုက်နှက်ဆုံးမမှုတွေ များပြားပေမဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးအရာကတော့ နတ်ဘုရားလောကမှာ ရှိနေတာပါ။

ဒီစာအုပ်က ရိုးရာသိုင်းစိတ်ကူးယဉ်ပုံပြင်မျိုး မဟုတ်ပါဘူး။ အကယ်၍ သဘောမကျဘူးဆိုရင် ကျေးဇူးပြုပြီး ကျော်သွားပေးပါ။ ကျေးဇူးတင်ပါတယ်။

ဒီစာအုပ်ထဲက စနစ်က အတုအယောင်ကြီးပါ။ အကယ်၍ သဘောမကျဘူးဆိုရင် ကျေးဇူးပြုပြီး ကျော်သွားပေးပါ။ ကျေးဇူးတင်ပါတယ်။

ဒီစာအုပ်ထဲက ဇာတ်လိုက်က အရှက်မရှိဘဲ ယုတ်မာကောက်ကျစ်ပြီး လူကြီးလူကောင်းဆန်တဲ့ အမူအရာ လုံးဝမရှိပါဘူး။ အကယ်၍ သဘောမကျဘူးဆိုရင် ကျေးဇူးပြုပြီး စာမျက်နှာကို ပိတ်လိုက်ပါ၊ ကျေးဇူးတင်ပါတယ်။

လူ့လောက၊ နတ်လောကနဲ့ နတ်ဘုရားလောကတွေရဲ့ ဇာတ်ကွက်ပုံစံတွေက မတူညီကြပါဘူး။ နောက်ပိုင်းရောက်လေ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလေ ဖြစ်ပေမဲ့ အဆုံးထိ ရယ်မောပျော်ရွှင်စရာဖြစ်အောင် ရေးသားထားပါတယ်။

ကိုးကွယ်ရာမဲ့နေတဲ့ လီချင်းယွန်းဟာ ဝူချန်ဂိုဏ်းက သန့်စင်မွန်မြတ်တဲ့ မိန်းမပျို လင်းယွီယောင်ကို ကယ်တင်ခဲ့မိတာကြောင့် ဂိုဏ်းဆီ ပြန်ခေါ်သွားပြီး ကျင့်ကြံခိုင်းတာ ခံခဲ့ရပါတယ်။

သူဟာ ထိုင်းမှိုင်းလွန်းတာကြောင့် စေ့စပ်ထားတဲ့ မိန်းကလေးရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပါတယ်။

သလိပ်တစ်လုပ်ရဲ့ အကူအညီနဲ့ သူဟာ စနစ်ကို ရရှိခဲ့ပြီး ကံကြမ္မာကို ပြောင်းလဲကာ သူ့ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

အရှက်မဲ့တဲ့ သူ့ရဲ့ ပင်ကိုစရိုက်နဲ့ ပြိုင်ဘက်ကင်း အလှပဂေးများစွာရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး၊ သူတို့ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ မသေမျိုးဖြစ်မယ့် ခရီးလမ်းကို လျှောက်လှမ်းကာ နောက်ဆုံးမှာတော့ အရှက်မဲ့ပြီး အစွမ်းထက်လွန်းတဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ကြီးပြင်းလာခဲ့ပါတော့တယ်...