အခန်း (၂) - စနစ် စတင်ခြင်း
လီချင်းယွင် အခန်းပြန်ရောက်ပြီးတာနဲ့ ပစ္စည်းပစ္စယတွေကို သိမ်းဆည်းလိုက်သည်။ တကယ်တမ်းတော့ သူ့မှာ ဘာပစ္စည်းမှ သိပ်မရှိပါဘူး။ အဝတ်အစား နည်းနည်းပါးပါးနဲ့ အမေဖြစ်သူ ချန်ထားခဲ့တဲ့ ကျောက်စိမ်းဆွဲပြားလေး တစ်ခုသာ ရှိသည်။
သူ ကုတင်စွန်းမှာ ထိုင်ပြီး ကျောက်စိမ်းဆွဲပြားလေးကို ငေးကြည့်နေမိသည်။ သူ့ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းနေသည်။
"အမေ... ဘယ်ရောက်နေတာလဲဗျာ"
ငါ ဘယ်ကို သွားရမလဲ။
စဉ်းစားလေ စိတ်ဓာတ်ကျလေပါပဲ။ ရင်ထဲက ဆွဲဆုတ်ခံရသလို နာကျင်နေပြီး ခံပြင်းမှုနဲ့ နာကျင်မှုတွေကို ဖွင့်ထုတ်ပစ်ချင်စိတ် ပေါက်လာသည်။
သူ ပါးစပ်ဟပြီး သလိပ်တစ်လုပ် ထွေးထုတ်လိုက်ရာ ကျောက်စိမ်းဆွဲပြားပေါ် တည့်တည့်ကျသွားသည်။
ခဏချင်းမှာပင် ကျောက်စိမ်းဆွဲပြားဆီမှ တောက်ပသော အလင်းဖြူတစ်ခု ထွက်ပေါ်လာပြီး ထိုအလင်းထဲမှ တည်ငြိမ်ခန့်ညားသော အဘိုးအိုတစ်ဦး ထွက်လာသည်။
"နတ်ဘုရားလား"
"မိစ္ဆာလား"
လီချင်းယွင် ပါးစပ်အဟောင်းသားနှင့် မယုံနိုင်စွာ ငေးကြည့်နေမိသည်။
အဘိုးအိုက ဒေါသတကြီးဖြင့် ပြေးဝင်လာပြီး လီချင်းယွင်၏ မျက်နှာကို ခြေထောက်ဖြင့် နှစ်ချက် ကန်လိုက်ကာ ဆဲဆိုလေတော့သည်။
"မင်းက ဘာကောင်လဲ"
"ငါ့ကိုများ တံတွေးနဲ့ ထွေးရဲတယ် ပြီးတော့ အကြီးကြီးပဲကွ"
"သောက်ကျိုးနည်း!"
"ဒါက သလိပ်ပါ"
"နှစ်ပေါင်း တစ်သောင်းလောက် ရှိပြီ ဒီလို စော်ကားမှုမျိုး တစ်ခါမှ မကြုံဖူးဘူး"
ဒါကိုမြင်တော့ လီချင်းယွင် ရှင်းပြဖို့ ကြိုးစားသည်။
မထင်မှတ်ထားစွာပင် သူ ပါးစပ်ဟလိုက်တာနဲ့ အဘိုးအိုက သူ့မျက်နှာကို ထပ်ကန်လိုက်ပြန်သည်။ သူ ခေါင်းကိုအုပ်ပြီး နာကျင်စွာ အော်ဟစ်နေရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ပေ။
"အား... အား..."
အဘိုးအိုက သူ့ကို အချက်ပေါင်းများစွာ ကန်ကျောက်ပြီးနောက် "ဒီကောင်မွှားလေးက ပါးစပ်မာသားပဲ ဒီလောက် အရိုက်ခံနေရတာတောင် မတောင်းပန်ဘူး" ဟု တွေးလိုက်သည်။
ထို့ကြောင့် သူ ရပ်တန့်လိုက်ပြီး မေးလိုက်သည်။ "မင်း ဘာလို့ ငါ့ကို တံတွေးနဲ့ ထွေးတာလဲ"
"ကျိုးကြောင်းဆီလျော်တဲ့ အဖြေမပေးရင် မင်းကို သေအောင် ရိုက်သတ်ပစ်မယ်ကွ"
လီချင်းယွင် ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ပြီး ကြမ်းပြင်ပေါ်တွင် ထိုင်ကာ အမောဖြေရင်း ထိတ်လန့်ဒေါသထွက်စွာ အော်ပြောလိုက်သည်။ "ကျွန်တော်က ဘာပြောရမှာလဲ ခင်ဗျားက ကျွန်တော့်ကို ပြောခွင့်ပေးလို့လား"
"ကျွန်တော် စကားပြောမလို့ ပါးစပ်ဟတာနဲ့ ခင်ဗျားက မူးနောက်သွားအောင် ကန်တာလေ ကျွန်တော်က ဘာပြောနိုင်မှာလဲ"
အဘိုးအိုက ပြီးခဲ့တဲ့ အဖြစ်အပျက်ကို ပြန်စဉ်းစားကြည့်လိုက်တော့ သူ တကယ်ပဲ ပြောခွင့်မပေးခဲ့မှန်း သတိထားမိသွားသည်။
ထို့ကြောင့် သူ ရှက်ကိုးရှက်ကန်းဖြင့် နှစ်ချက်လောက် ချောင်းဟန့်လိုက်ပြီး ဟန်လုပ်ကာ ပြောလိုက်သည်။ "ငါက မင်းရဲ့ ကျန်းမာရေးကို စစ်ဆေးပေးတာပါ မင်းက လုံးဝ ကျန်းမာတာပဲ"
သောက်ကျိုးနည်း!
"ခင်ဗျားက ဘယ်လိုလုပ် ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောထွက်ရတာလဲ ကျွန်တော့်ကို အရူးမှတ်နေလား"
လီချင်းယွင်က ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားကို လုံးဝ မယုံပေမဲ့ အင်အားချင်း ကွာခြားလွန်းနေတာကြောင့် ဒေါသထွက်ပေမဲ့ ပြန်မပြောရဲပေ။
"ငါက ဒီကျောက်စိမ်းဆွဲပြားထဲက နတ်ဘုရားပဲ။ မင်း ငါ့ကို နှိုးလိုက်ပြီ အခုအချိန်ကစပြီး မင်းဘဝကို ငါ လုံးဝ ပြောင်းလဲပေးမယ်"
"တကယ်လား" လီချင်းယွင်၏ အသံထဲတွင် ဖုံးဖိမရသော စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။
"အတုကြီး ငါ ကျောက်စိမ်းဆွဲပြားထဲ ပြန်ဝင်တော့မယ်"
"မလုပ်ပါနဲ့... မလုပ်ပါနဲ့ နတ်ဘုရား... စီနီယာကြီး... ဂျူနီယာရဲ့ အနာဂတ်က ခင်ဗျားအပေါ်မှာပဲ မူတည်တော့တာပါ"
"ဒါမှ ဟုတ်တာ မင်း ငါ့ကို 'ကျောက်စိမ်းနတ်ဘုရား' လို့ ခေါ်လို့ရတယ် နောက်ဆိုရင် ငါ မင်းရဲ့ခန္ဓာကိုယ်ထဲမှာ နေတော့မယ်"
စကားပြောပြီးနောက် သူသည် အလင်းဖြူတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လီချင်းယွင်၏ မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။
မျက်ခုံးကြားသို့ ဝင်ရောက်ပြီးနောက် စကားတစ်ခွန်း ချန်ထားခဲ့သည်။ "ကောင်လေး... ငါ့အတွက် သလိပ်တွေကို ပြောင်အောင် သုတ်ပေးစမ်း"
လီချင်းယွင် စက္ကန့်အနည်းငယ်လောက် ကြောင်သွားပြီးနောက် ကျောက်စိမ်းဆွဲပြားကို ကမန်းကတန်း ကောက်ယူကာ ပြောင်စင်အောင် သုတ်လိုက်သည်။
ရုတ်တရက် သူ့စိတ်ထဲတွင် အသိပေးသံတစ်ခု ထွက်ပေါ်လာသည်။ "ဂုဏ်ယူပါတယ် အိမ်ရှင်... သင် စနစ်တစ်ခု ရရှိလိုက်ပါပြီ"
"ဤစနစ်ကို အိမ်ရှင်၏ ကိုယ်ရည်ကိုယ်သွေးပေါ် မူတည်ပြီး စိတ်ကြိုက် ဖန်တီးထားခြင်း ဖြစ်သည်"
"ဒင်... အိမ်ရှင် အချက်အလက်ကို တွေ့ရှိပါပြီ။"
အမည် - လီချင်းယွင်
အသက် - ၂၀
အရပ် - ၁၈၇ စင်တီမီတာ
ကျင့်ကြံမှုအဆင့် - ချီစုစည်းခြင်း တတိယအဆင့်
ပါရမီ - D [မျှော်လင့်ချက်မဲ့]
"အိမ်ရှင်သည် အလွန်အမင်း အရှက်မရှိသောကြောင့် အရှက်မရှိလွန်းသော အဆင့်သို့ ရောက်နေသောကြောင့် အိမ်ရှင်အတွက် 'လူမိုက်စနစ်' ကို ဖွင့်လှစ်ပေးလိုက်သည်"
"စနစ်က အခုမှ စတင်တာဖြစ်ပြီး ဒေတာများ အဆင့်မြှင့်တင်ရန် လိုအပ်သောကြောင့် ခေတ္တရပ်ဆိုင်းထားပါမည်"
လီချင်းယွင် - (⊙_⊙)?
စနစ် ဆိုတာ ဘာကြီးလဲ။
စနစ် - "မင်းကို အမှိုက်ကောင်ဘဝကနေ အစွမ်းထက်တဲ့သူ ဖြစ်လာအောင် လုပ်ပေးမယ့်အရာလို့ မှတ်ယူလို့ရတယ်"
လီချင်းယွင်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။ "မိုက်လိုက်တာ ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား"
စနစ် - "မင်းဆီမှာ ငါလိမ်စရာ ဘာရှိလို့လဲ မင်းကိုယ်ပေါ်က အညစ်အကြေးတွေကလွဲရင် မင်းမှာ ဘာရှိသေးလို့လဲ"
လီချင်းယွင် ခဏလောက် စဉ်းစားလိုက်သည်။ "လိမ်စရာ ဘာမှမရှိဘူး ဆိုတာတော့ ဟုတ်ပါပြီ ဒါပေမဲ့ ခင်ဗျား အဲဒီလိုပြောတာကြားတော့ ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိတော့ဘူး"
"နောက်ထပ် မေးစရာတစ်ခု ရှိသေးတယ် ခင်ဗျားက ကျောက်စိမ်းနတ်ဘုရား မဟုတ်ဘူးလား ဘယ်လိုလုပ် စနစ် ဖြစ်သွားတာလဲ"
ကျောက်စိမ်းနတ်ဘုရားက စိတ်မရှည်စွာ ပြောလိုက်သည်။ "မင်းကလည်း ဘာလို့ မေးခွန်းတွေ များနေရတာလဲ မင်း ကံကြမ္မာကို ပြောင်းလဲချင်လား မိန်းကလေးတွေကြားမှာ နတ်ဘုရားတစ်ပါးလို ဖြစ်ချင်လားလို့ ငါမေးနေတယ်လေ"
လီချင်းယွင်က 'အမျိုးသားနတ်ဘုရား' ဆိုတာ ဘာကိုဆိုလိုမှန်း သိပ်မသေချာပေမဲ့ ကောင်းတဲ့အရာ ဖြစ်မယ်လို့ ခံစားမိတာကြောင့် မဆိုင်းမတွပင် ဖြေလိုက်သည်။ "ဖြစ်ချင်တာပေါ့"
ကျောက်စိမ်းနတ်ဘုရား - "ဒါဆိုရင် ပြီးရောလေ ပေါက်ကရတွေ ပြောပြီး ငါ အဆင့်မြှင့်တင်တာကို လာမနှောင့်ယှက်နဲ့"
လီချင်းယွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားသည်။
"ဟား ဟား ဟား!"
"ငါတော့ Cheat Code တွေ သုံးရတော့မယ်ဟေ့"
"ဘာကြီးလဲ"
"လူမိုက်စနစ်?"
"ပြီးတော့ စိတ်ကြိုက်လုပ်ထားတာတဲ့လား"
"ငါက ဂုဏ်သရေရှိ လူတန်းစားပါကွ"
"သောက်ကျိုးနည်း!"
"ဒါပြီးရင် ငါ ဘယ်လိုလုပ် လူတောတိုးရတော့မှာလဲ"
"ထားလိုက်ပါတော့ လူမိုက်ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ငါ့ကို အစွမ်းထက်အောင် လုပ်ပေးရင် ပြီးတာပဲ"
"ဒါနဲ့ 'ဆွေးမြေ့နေတဲ့ သစ်သားက ပန်းပုထုလို့ မရဘူး' ဆိုတာ ဘာအဓိပ္ပာယ်လဲ"
"ငါက ဒီလောက် ဉာဏ်ကောင်းတာကို ဘာလို့ သစ်သားဆွေးလို့ သတ်မှတ်ရတာလဲ"
"ကျောက်စိမ်းနတ်ဘုရား!"
"အဖိုးကြီး!"
"ဦးလေးကြီး!"
"အဘိုး!"
လီချင်းယွင် အကြိမ်ကြိမ် ခေါ်သော်လည်း...
"လာမရှုပ်နဲ့ ငါ အဆင့်မြှင့်နေတယ်"
ကျောက်စိမ်းနတ်ဘုရား၏ အသံကို ကြားလိုက်ရတော့မှ လီချင်းယွင် စိတ်လှုပ်ရှားမှုများကို ငြိမ်သက်အောင်လုပ်ပြီး လေးနှစ်တာ နေထိုင်ခဲ့သော နေရာလေးကို ဝေ့ဝဲကြည့်လိုက်သည်။ ထို့နောက် အထုပ်ဆွဲကာ ထွက်ခွာလာခဲ့သည်။
တောင်အောက် ရောက်သောအခါ လီချင်းယွင် လမ်းပျောက်သလို ဖြစ်ပြီး ဘယ်သွားရမှန်း မသိတော့သဖြင့် ဦးတည်ချက်တစ်ခုအတိုင်း တည့်တည့်သာ လျှောက်သွားလိုက်သည်။ ရက်အနည်းငယ် ခရီးနှင်ပြီးနောက် သူသည် နင်းပြည်နယ် လော့မြို့သို့ ရောက်ရှိသွားသည်။
ဤနေရာသည် ဝူချန်ဂိုဏ်း တည်ရှိရာ ရှန်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာဖြစ်သည်။
လီချင်းယွင် လမ်းမပေါ်တွင် ည်မှန်းချက်မရှိ လျှောက်သွားနေစဉ် ရုတ်တရက် လှပသော အမျိုးသမီးတစ်ဦး သူ့ဘေးမှ ဖြတ်သွားသည်။
ဒင်! သူ့စိတ်ထဲတွင် အသိပေးသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
အမည် - ရှန်မုန့်ရို
အသက် - ၁၇
အရပ် - ၁၇၀ စင်တီမီတာ
ရုပ်ရည် - ၉.၈ [ရင်သပ်ရှုမောဖွယ် အလှပိုင်ရှင်]
ခန္ဓာကိုယ် - ၉.၆ [ကျော့ရှင်းပြေပြစ်သည်]
ကျင့်ကြံမှုအဆင့် - အခြေတည်အဆင့် [ကနဦး]
ပါရမီ - S [အထူးချွန်ဆုံး ပါရမီရှင်]
တတ်မြောက်ထားသော ကျင့်စဉ်များ -
ရေခဲမှော် ကောင်းကင် ကျင့်စဉ် [ကျွမ်းကျင်အဆင့် - ကျွမ်းကျင်မှု] [အဆင့် - မြေကမ္ဘာအဆင့်] ကျင့်စဉ်
ပန်းမိုးရွာသွန်း ဓားသိုင်း [ကျွမ်းကျင် ကျွမ်းကျင်မှု] [အဆင့် နက်နဲအဆင့်] ကျင့်စဉ်
ကျင့်စဉ်များကို အနိမ့်ဆုံးမှ အမြင့်ဆုံးသို့ အောက်ပါအတိုင်း ခွဲခြားထားသည် - [အဝါရောင်အဆင့်] [နက်နဲအဆင့်] [မြေကမ္ဘာအဆင့်] [ကောင်းကင်အဆင့်]
တာဝန် စတင်ခြင်း - ကျင့်စဉ်ကဒ်တစ်ခု ရရှိရန် ရှန်မုန့်ရို၏ တင်ပါးကို ရိုက်ပုတ်ပါ။
ဒီတာဝန်ကို ကြားလိုက်တော့ လီချင်းယွင် ကျောချမ်းသွားသည်။
"တင်ပါး ရိုက်ရမယ်?"
"သောက်ကျိုးနည်း... သောက်ကျိုးနည်း..."
လီချင်းယွင် သူ့ဘာသာ ရေရွတ်လိုက်မိသည်။
ကျင့်စဉ်ကဒ်ဆိုတာ ဘာကြီးလဲ။
"ကျောက်စိမ်းနတ်ဘုရား!"
"အဘိုး!"
"အဖိုးကြီး!"
ထိုအချိန်တွင် ကျောက်စိမ်းနတ်ဘုရား၏ အသံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်။ "ကျင့်စဉ်ဉာဏ်ပွင့်ကဒ် ဆိုတာက မင်း ဘယ်ကျင့်စဉ်ကိုပဲ လေ့ကျင့်နေပါစေ ဒီကဒ်တစ်ကဒ် သုံးလိုက်တာနဲ့ ပိုမြင့်တဲ့ အဆင့်တစ်ခုကို တက်လှမ်းနိုင်စေမယ့် အရာပဲ"
"ကျောက်စိမ်းနတ်ဘုရား... ခင်ဗျားက ချီစုစည်းခြင်း တတိယအဆင့်ပဲ ရှိသေးတဲ့ ကျွန်တော့်လို လူရိုးလေးကို နေ့ခင်းကြောင်တောင် လမ်းမလယ်ခေါင်မှာ မိန်းကလေးတစ်ယောက်ရဲ့ တင်ပါးကို ရိုက်ခိုင်းနေတာလား ပြီးတော့ သူက အခြေတည်အဆင့် ကျင့်ကြံသူလေ ခင်ဗျား ကျွန်တော့်ကို ဒီမှာတင် သေစေချင်နေတာလား"
"မင်း ဘာတွေ အော်နေတာလဲ ငါ အိပ်နေတာကို မနှောင့်ယှက်နဲ့"
"ငါ မင်းကို တာဝန်ပေးပြီးပြီ လုပ်ရင်လုပ် မလုပ်ရင်ထွက်သွား ညည်းညူမနေနဲ့။ ပြီးတော့ နောက်ဆိုရင် ငါက တာဝန်ပေးတဲ့ အပိုင်းကိုပဲ တာဝန်ယူမယ် ဘာမေးခွန်းမှ ဖြေမှာ မဟုတ်ဘူး"
"ငါ့ကို နောက်ထပ် ဘယ်တော့မှ မေးခွန်းလာမမေးနဲ့"
"နားငြီးတယ်"
လီချင်းယွင် ကြောင်အပြီး ရပ်ကျန်နေခဲ့သည်။
"ဘာ သောက်သုံးမကျတဲ့ စနစ်လဲဟ"
"ခင်ဗျားမှာ သည်းခံစိတ် လုံးဝ မရှိဘူးပဲ"
"ငါ့ကို တမင်သက်သက် ဂွကျအောင် လုပ်နေတာလား မသိဘူး"
"ငါ ရိုက်လိုက်လို့ ဘာမှမရရင် ငါ သွားပြီး အသေ အရိုက်ခံရမယ့်ကိန်းပဲ"
"ဘယ်လိုလုပ်မလဲ"
"ရိုက်မလား မရိုက်ဘူးလား"
"ငါ မလုပ်ရင် ဒီတစ်သက် မျှော်လင့်ချက် ရှိတော့မှာ မဟုတ်ဘူး"
"လုပ်လိုက်ရင်တော့ အခွင့်အရေး တစ်ခု ရဦးမယ်"
"အကုန် ပုံအောလိုက်မယ်ကွာ"
"ပီအိုနီပန်းပင်အောက်မှာ သေရရင် သရဲဖြစ်သွားရင်တောင် အချစ်ကြီးသူ ဖြစ်ခွင့်ရဦးမယ်"
"ဒီလောက်လှတဲ့ မိန်းမလှလေးရဲ့ တင်ပါးကို ရိုက်ခွင့်ရတာ ဒီဘဝ နေရကျိုးနပ်ပါတယ်"
လီချင်းယွင် တွေဝေမနေတော့ဘဲ ထိုရင်သပ်ရှုမောဖွယ် ကောင်းသော အမျိုးသမီးနောက်သို့ ပြေးလိုက်သွားသည်။
ဖြောင်း!
ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဂုဏ်ယူပါတယ် အိမ်ရှင်... တာဝန် ပြီးမြောက်သွားပါပြီ။ ဆုလာဘ်ကို ပေးပို့လိုက်ပါပြီ"
လီချင်းယွင် သူ့စိတ်ထဲက ဆုလာဘ်ကို ကြည့်ပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။
ပျော်ရွှင်မှုထဲ ဈာန်ဝင်နေတာ တစ်စက္ကန့်လောက်ပဲ ရှိသေးချိန်မှာ ရှန်မုန့်ရို လှည့်လာတာကို မြင်လိုက်ရပြီး မှင်သက်သွားသည်။
သူမ၏ မျက်ခုံးများက ဝေးကွာသော တောင်တန်းများကဲ့သို့ မျက်လုံးများက ဆောင်းဦးရာသီ ရေပြင်ကဲ့သို့ နှုတ်ခမ်းများက နှုတ်ခမ်းနီ မလိုဘဲ နီရဲနေပြီး ပါးပြင်များက မိတ်ကပ်မလိုဘဲ ပန်းရောင်သန်းနေသည်။ ကြည်လင်တောက်ပသော မျက်လုံးတစ်စုံက သူ့ကို စူးစိုက်ကြည့်နေပြီး ဒေါသများနှင့် အမုန်းတရားများ ပြည့်နှက်နေကာ သွားများကို ကြိတ်ထားသည်။
လီချင်းယွင် တစ်ကိုယ်လုံး အေးခဲသွားသလို မှင်သက်နေမိသည်။
"အရမ်း လှတာပဲ"
ရှန်မုန့်ရိုက လက်ကို မြှောက်လိုက်ပြီး လီချင်းယွင်ကို ပါးရိုက်လိုက်သည်။ "အရှက်မရှိတဲ့ကောင် ရှင် သေချင်နေတာလား"
ထိုအခါမှ လီချင်းယွင် အသိပြန်ဝင်လာပြီး ကြောက်လန့်တကြား အော်ပြောလိုက်မိသည်။ "မိန်းကလေး... သက်ညှာပါဗျာ... ကျွန်တော်က မျက်မမြင်ပါ"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: