"ဒါဆို သူတို့က ဘယ်သူတွေလဲ" လီချင်းယွင်က ကျန်ဝံပုလွေ သုံးကောင်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါက သူ့အဖေ... ဝံပုလွေဘုရင်"

"ငါက သူ့အဘိုး... ဝံပုလွေဘုရင်အို"

"ငါက သူ့အဘွား... ဝံပုလွေမိဖုရားအို"

"စီနီယာတို့ ကျွန်တော် ပြောတာ နားထောင်ပါဦး" လီချင်းယွင်က ဝံပုလွေပေါက်လေး၏ အလောင်းကို လက်ညှိုးထိုးပြပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "ကျွန်တော် သတ်တာ မဟုတ်ပါဘူး။ ကျွန်တော် ဒီနားက ဖြတ်သွားရင်းနဲ့ ဒီပုံစံအတိုင်း တွေ့လိုက်တာပါ။ သေချာ ကြည့်ကြည့်ပါဦး သူ့ကိုယ်ပေါ်က ဒဏ်ရာတွေက ကြောက်စရာကြီး ဒါ သေချာပေါက် စိတ်ထားယုတ်မာတဲ့ကောင်တွေ လုပ်သွားတာပဲ နေမှာ"

"စောစောက ယပ်တောင်ကိုင်ထားတဲ့ လူငယ်တစ်ယောက်ကို တွေ့ခဲ့သေးတယ်။ ကြည့်ရတာ လူရည်သန့်လေးနဲ့ တူပေမဲ့ အဲဒီလိုလူမျိုးတွေက စိတ်ဖောက်ပြန်နေတတ်ကြတာ"

"ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အဲဒီကောင်လေး လက်ချက်ပဲ ဖြစ်ရမယ်။ ခင်ဗျားတို့ မြန်မြန် လိုက်သွားကြ မီလောက်သေးတယ်။ သူ့ယပ်တောင်ပေါ်မှာ ရှုခင်းပုံလေးတောင် ပါသေးတယ် လူမမှားစေနဲ့နော်"

လီချင်းယွင်၏ လိမ်ဆင်များကို ကြားလိုက်ရသောအခါ ကျိန့်ကျွင်းဖုန်း၊ ရှန်မုန့်ရို နှင့် ဝူဝမ်ကျုံးတို့၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းကုန်ကြသည်။

"မင်း ငါ့ကို အရူးမှတ်နေလား။ မင်းလက်ပေါ်မှာ ငါ့သားရဲ့ သွေးတွေနဲ့ အနံ့တွေ စွဲနေသေးတယ်လေ" ဝံပုလွေဘုရင်မက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"စီနီယာ... အထင်လွဲနေပါပြီ" လီချင်းယွင်က ရိုးသားဟန်ဆောင်ကာ ပြောလိုက်သည်။ "ကျွန်တော်က သခင်လေး သွေးအိုင်ထဲမှာ သေလုမြောပါး ဖြစ်နေတာ တွေ့လို့ ကယ်ဖို့ ကြိုးစားခဲ့တာပါ။ ကံဆိုးစွာနဲ့ သူ့ဒဏ်ရာက ပြင်းထန်လွန်းတော့ ကျွန်တော် အစွမ်းကုန် ကြိုးစားပေမဲ့ မကယ်နိုင်ခဲ့ပါဘူး"

"ဝမ်းနည်းပါတယ်ဗျာ။"

"ခင်များတို့ ငယ်ပါသေးတယ် နောက်ထပ် တစ်ကောင် ထပ်မွေးလိုက်လို့ ရပါတယ်"

"တိရစ္ဆာန်ကောင် ငါ့ရဲ့ အချစ်ဆုံးသားကို သတ်ပြီးတာတောင် စကားတတ်နေသေးတယ်ပေါ့။ မင်း သေသင့်တယ်။ ငါ့ရဲ့ ချောမောတဲ့ သားလေးအတွက် လက်စားချေဖို့ မင်းတို့အားလုံးကို သတ်ပစ်မယ်"

ဝံပုလွေဘုရင်မ ဟိန်းဟောက်ပြီး လီချင်းယွင်ဆီသို့ ပြေးဝင်လာသည်။

"နေပါဦး ဒါ ခင်ဗျားရဲ့ သားအရင်းဆိုတာ သေချာလို့လား"

ဝံပုလွေဘုရင်မ ဒေါသတကြီး အော်ပြောလိုက်သည်။ "ငါ့သားအရင်း မဟုတ်ဘဲ နေမလား"

လီချင်းယွင် စဉ်းစားဟန်ပြုပြီး ပြောလိုက်သည်။ "ခင်ဗျားပြောတာ အဓိပ္ပာယ် ရှိသားပဲ။ ကျွန်တော် ဘာမှ ပြန်ပြောစရာ မရှိတော့ပါဘူး"

"စကားမရှိတော့ရင် သေပေတော့" ဝံပုလွေဘုရင်မ ခုန်ပျံပြီး လီချင်းယွင်အပေါ် အုပ်မိုးလိုက်သည်။

"မင်းနဲ့ သေချာပေါက် တိုက်ရတော့မှာပဲ" တိုက်ပွဲကို ရှောင်လွှဲမရတော့သဖြင့် လီချင်းယွင် ဝိညာဉ်စွမ်းအားကို စုစည်းလိုက်ပြီး ရေခဲမှော် သံချပ်ကာဖြင့် တစ်ကိုယ်လုံး ဖုံးအုပ်ကာ ဝမ်ပါ လက်သီးသိုင်းကို သုံး၍ တည့်တည့်ရင်ဆိုင်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း!

အကွက်အနည်းငယ် အပြန်အလှန် တိုက်ခိုက်ပြီးနောက် လီချင်းယွင် ရင်ဘတ်ကို အပြင်းအထန် ရိုက်ခံလိုက်ရပြီး မီတာ ဒါဇင်အတော်ကြာ နောက်သို့ လွင့်စင်သွားသည်။

"အား... နာလိုက်တာကွာ" လီချင်းယွင် မတ်တတ်ထရပ်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

ဝံပုလွေဘုရင်မ အနည်းငယ် အံ့သြသွားသည်။ "သူ မသေပါလား"

ဒါကိုမြင်တော့ ရှန်မုန့်ရိုနှင့် ဝူဝမ်ကျုံးတို့ ဝင်ကူရန် ပြင်လိုက်ကြသည်။

ကျန်ရှိနေသော ဝံပုလွေမိစ္ဆာ သုံးကောင်က သူတို့၏ ဖိနှိပ်နိုင်သော အရှိန်အဝါများကို ထုတ်လွှတ်လိုက်ရာ သူတို့နှစ်ဦး လှုပ်မရဘဲ ဖြစ်သွားသည်။ ခြိမ်းခြောက်သံဖြင့် ပြောလိုက်သည်။ "ဘာလဲ... မင်းတို့က ဝင်ပါချင်လို့လား"

"ဂိုဏ်းတူညီမလေး... စိတ်လိုက်မာန်ပါ မလုပ်နဲ့။ ငါတို့ပါ ပါသွားရင် အခြေအနေ ပိုဆိုးသွားလိမ့်မယ်" ကျိန့်ကျွင်းဖုန်းက လေးနက်စွာ သတိပေးလိုက်သည်။

ရှန်မုန့်ရို ရွေးချယ်စရာ မရှိတော့သဖြင့် နေရာမှာတင် ရပ်နေရင်း လီချင်းယွင်ကို စိုးရိမ်တကြီး စိုက်ကြည့်နေမိသည်။

ဝံပုလွေဘုရင်မ ထပ်မံ ခုန်အုပ်လိုက်ပြန်သည်။ သူမ၏ လက်သည်းများ လေထဲတွင် လက်သွားပြီး ချက်ချင်းပင် ထက်ရှသော ဓားချက်များအသွင် ပြောင်းလဲကာ လီချင်းယွင်ကို အံ့မခန်း အရှိန်ဖြင့် တိုက်ခိုက်လိုက်သည်။

"ရေခဲမှော် ဒိုင်း!" လီချင်းယွင် အော်ဟစ်လိုက်သည်။

ဘုန်း!

ပြင်းထန်သော ဓားချက်များအောက်တွင် ရေခဲမှော် ဒိုင်းမှာ ရေခဲပါးလေးကဲ့သို့ ကွဲကြေသွားသည်။ ဓားချက်များသည် လီချင်းယွင်၏ ရင်ဘတ်ကို ရက်စက်စွာ ဖြတ်တောက်သွားပြီး နက်ရှိုင်းသော ဒဏ်ရာအချို့ ကျန်ရစ်ခဲ့ကာ သွေးများ ပန်းထွက်လာသည်။

"မင်း သေနေ့စေ့ပြီ" ဝံပုလွေဘုရင်မက ရက်စက်စွာ ပြုံးပြီး ပြေးဝင်လာသည်။

ဘုန်း ဘုန်း ဘုန်း...!

"အား!"

မနားမနေ တိုက်ခိုက်မှုများ လီချင်းယွင်အပေါ် မိုးရွာသလို ကျရောက်လာပြီး တိုက်ခိုက်မှုတိုင်းနှင့်အတူ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

လီချင်းယွင်သည် ရိုက်ချက်များကြောင့် ဟိုသည် လွင့်စင်နေပြီး ဟင်းလင်းပြင်ထဲတွင် အလင်းတန်းများသဖွယ် ဖြစ်ပေါ်နေသည်။

ရှန်မုန့်ရိုသည် ရင်တထိတ်ထိတ်ဖြင့် ကြည့်နေပြီး လက်ထဲတွင် ဝိညာဉ်စွမ်းအားများကို တိတ်တဆိတ် စုစည်းထားကာ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။

လီချင်းယွင် ယိုင်နဲ့နဲ့ ထရပ်လိုက်ပြီး သွေးတစ်လုပ် ထွေးထုတ်ကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "သောက်ကျိုးနည်း... မင်းက ငါ့ကို ဘောလုံး ကန်သလို ကန်နေတာလား"

"သည်းခံနိုင်စရာ မရှိတော့ဘူး"

"ငါ့ရဲ့ အကောင်းဆုံး တိုက်ကွက်ကို ပြမယ်" လီချင်းယွင်က လက်ချောင်းထိပ်များတွင် ရေခဲစွမ်းအားများကို စုစည်းလိုက်သည်။

ဝံပုလွေဘုရင်မက နှာခေါင်းရှုံ့လိုက်သည်။ "ဟန်ဆောင်နေတာ"

ထို့နောက် လီချင်းယွင်ဆီသို့ ခုန်အုပ်လိုက်ပြန်သည်။

လီချင်းယွင် ရွတ်ဆိုလိုက်သည်။ "ရေခဲမှော် လက်ချောင်း!"

လက်ချောင်းတစ်ချောင်း တောက်လိုက်သည်နှင့် ရေခဲကြိုးမျှင်တစ်ချောင်း လက်ချောင်းကြားမှ ပစ်ထွက်သွားသည်။ ဝံပုလွေဘုရင်မ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးသို့ ရှောင်တိမ်းလိုက်သည်။ ထိုအချိန်တွင် နောက်ထပ် ရေခဲကြိုးမျှင်များစွာ ပျံသန်းလာကြသည်။

ဝံပုလွေဘုရင်မ ခုန်ရှောင်လိုက်သော်လည်း အခြေအနေ မကောင်းလှပေ။

"အား!"

ဝံပုလွေဘုရင်မ အော်ဟစ်ပြီး မြေကြီးပေါ် လဲကျသွားသည်။ တူတူအချောင်းလောက်ရှိသော ရေခဲတိုင်တစ်တိုင် သူမ၏ တင်ပါးတွင် စိုက်ဝင်နေသည်။ ထို့နောက် ဒုတိယတစ်တိုင် တတိယတစ်တိုင်... မျက်စိတစ်မှိတ်အတွင်း ရေခဲတိုင် တစ်ဒါဇင်ကျော် သူမကိုယ်ပေါ် စိုက်ဝင်သွားသည်။

ဒါကိုမြင်တော့ ဝံပုလွေဘုရင် ဒေါသတကြီး ဟိန်းဟောက်ပြီး ဝံပုလွေဘုရင်မကို ကာကွယ်ရန် ပြေးဝင်လာသည်။

"ရွံစရာကောင်းလိုက်တာ" ဝံပုလွေဘုရင်မ အံကြိတ်ပြီး ကျိန်ဆဲလိုက်သည်။

ရှန်မုန့်ရို မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်သည်။ မကြည့်ရက်တော့ပေ။

လီချင်းယွင် သွားဖြဲပြလိုက်သည်။ "ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး။ ခင်ဗျားက ကျွန်တော့်ဘက်ကို ကျောပေးထားတာကိုး။ ပြီးတော့ လူကြီးသူမက အဲဒီလို ကျောပေးထားတာ မရိုင်းဘူးလား"

ဝံပုလွေဘုရင်မ ဒေါသထွက်လွန်း၍ ရင်ဘတ်မောနေသည်။ "အရှက်မရှိတဲ့ လူယုတ်မာ"

လီချင်းယွင် နှုတ်ခမ်းမဲ့လိုက်သည်။ "ခင်ဗျားက ပိုပြီး အရှက်မရှိတာ လုံးဝ အရှက်မရှိဘူး"

"ကောင်စုတ်" ဝံပုလွေဘုရင်မ ဒေါသထွက်နေသည်။

ဝံပုလွေဘုရင်မ ဒဏ်ရာရသွားသည်ကို မြင်တော့ ဝံပုလွေဘုရင် ရင်ကွဲပက်လက်ဖြစ်သွားပြီး လီချင်းယွင်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ "မင်းက ငါ့ရဲ့ အချစ်ဆုံးသားကို သတ်တယ် ငါ့ရဲ့ အချစ်ဆုံး မိန်းမကို ဒဏ်ရာရအောင် လုပ်တယ်။ ငါ့အမုန်းတွေကို ဖြေဖျောက်ဖို့ မင်းကို တစ်စစီ ဆွဲဖြဲပစ်မယ်"

လီချင်းယွင် ပြောလိုက်သည်။ "ဒါတွေအားလုံးက နားလည်မှုလွဲတာတွေပါ။ တို့တွေ တစ်ယောက်တစ်လှမ်း နောက်ဆုတ်ပြီး ဘာမှ မဖြစ်ခဲ့သလို နေလိုက်ကြရင် မကောင်းဘူးလား"

"မင်းအသက်ကို ပေးစမ်း" ဝံပုလွေဘုရင် တုံ့ဆိုင်းမနေဘဲ ပြေးဝင်လာသည်။

လီချင်းယွင် မကြောက်ပေ။ ဝံပုလွေဘုရင်မက အခြေတည်အဆင့် အလယ်အလတ်သာ ရှိသည်။ ဝံပုလွေဘုရင်ကလည်း ကြောက်စရာ မလိုပေ။ ချက်ချင်းပင် ရေခဲမှော် လက်ချောင်းဖြင့် တိုက်ခိုက်လိုက်သည်။

မိသားစုခေါင်းဆောင် ပီသစွာပင် ဝံပုလွေဘုရင်သည် အလွန် လျင်မြန်ဖြတ်လတ်ပြီး ရေခဲတိုင်များကို ကျွမ်းကျင်စွာ ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေး ချောင်းနေသည်။

လီချင်းယွင်၏ ပေါင်နှင့် တင်ပါးတို့တွင် နက်ရှိုင်းသော ဒဏ်ရာအချို့ ရရှိသွားပြီး သွေးများ ဒလဟော စီးကျလာသည်။

ဝံပုလွေဘုရင် ကျေနပ်နေချိန်တွင် ရေခဲတန်းတစ်ခု လျှပ်စီးလက်သလို ပစ်ထွက်လာပြီး သူ့ပေါင်ကြားတည့်တည့် ထိမှန်သွားသည်။

"အား!"

ဝံပုလွေဘုရင် သွေးပျက်မတတ် အော်ဟစ်လိုက်ပြီး ပေါင်ကြားကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်။ မျက်နှာထား ရှုံ့မဲ့နေပြီး လက်ချောင်းကြားမှ သွေးများ ယိုစီးကျလာသည်။

ဝံပုလွေဘုရင်မက ဝံပုလွေဘုရင်ကို စိုးရိမ်တကြီး ကြည့်ပြီး မေးလိုက်သည်။ "ယောကျ်ား... အဆင်ပြေရဲ့လား"

ဝံပုလွေဘုရင်က အံကြိတ်ပြီး စကားနှစ်လုံးသာ ပြောနိုင်တော့သည်။ "ပြီးသွားပြီ"

သူ့အသံထဲတွင် မျှော်လင့်ချက်မဲ့မှုနှင့် နာကျင်မှုများ ပြည့်နှက်နေသည်။

ဝံပုလွေဘုရင်အိုနှင့် မိဖုရားအိုတို့ ထိတ်လန့်သွားကြသည်။

မြေကြီးပေါ်တွင် နာကျင်စွာ လူးလှိမ့်နေသော ဝံပုလွေဘုရင်ကို ကြည့်ရင်း လီချင်းယွင် ကောက်ကျစ်သော အပြုံးတစ်ခု ပြုံးလိုက်သည်။ "မူလကတော့ ပြန်သွားပြီး နောက်တစ်ကောင် ထပ်မွေးလို့ ရသေးတယ် အခုတော့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူးပေါ့"

ဝံပုလွေဘုရင် ဒေါသထွက်သွားသည်။ "မင်း...!"

"ဖူး!"

သွေးတစ်လုပ် အန်ထုတ်လိုက်သည်။

ဝူဝမ်ကျုံးက ဒီပြဇာတ်ဆန်သော မြင်ကွင်းကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေသည်။

ရှန်မုန့်ရို တစ်ဖက်သို့ လှည့်သွားပြီး ခေါင်းငုံ့ကာ မျက်နှာရဲနေသည်။ အလွန် ရှက်နေပုံရသည်။

ဝံပုလွေဘုရင်အိုနှင့် မိဖုရားအိုတို့ ဒေါသထွက်သွားပြီး လီချင်းယွင်ဆီသို့ အတူတကွ ခုန်အုပ်လိုက်ကြသည်။ "ကောင်လေး... သေဖို့ ပြင်ထားပေတော့"

"ငါ့အသက်ကို လိုချင်တာလား မလွယ်ပါဘူး" လီချင်းယွင် ရေခဲမှော် လက်ချောင်းကို ထပ်မံ အသုံးပြုလိုက်သည်။ သို့သော် ရေခဲမှော် လက်ချောင်းသည် အခြေတည်အဆင့် အထက်တန်းအဆင့် ရှိသော ဝံပုလွေဘုရင်အိုနှင့် မိဖုရားအိုတို့အတွက် လုံးဝ အရာမထင်ပေ။ သူတို့ကိုယ်နှင့် ထိလိုက်သည်နှင့် ဖယ်ထုတ်ခံလိုက်ရသည်။

ရွေးချယ်စရာ မရှိတော့သဖြင့် လီချင်းယွင် ဝမ်ပါ လက်သီးသိုင်းကို သုံးပြီး အနီးကပ် တိုက်ခိုက်လိုက်ရသည်။ အကွက်အနည်းငယ် အကြာတွင် လွင့်ထွက်သွားပြီး ရှန်မုန့်ရို ဘေးနားသို့ ကျကာ သွေးအန်လိုက်သည်။

ရှန်မုန့်ရိုက လီချင်းယွင်ကို ပွေ့ဖက်ထားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ဂိုဏ်းတူမောင်လေးလီ... ဘယ်လိုနေလဲ"

ရှန်မုန့်ရိုသည် လီချင်းယွင်အပေါ် ကောင်းသော ခံစားချက် မရှိသော်လည်း အားကောင်းသော ရန်သူနှင့် ရင်ဆိုင်နေရချိန်တွင် ဘုံရန်သူကို တိုက်ထုတ်ရန် သဘာဝကျစွာပင် ပူးပေါင်းရမည် ဖြစ်သည်။

"ကောင်မလေး... ဒါ မင်းကိစ္စ မဟုတ်ဘူး ဖယ်စမ်း" ဝံပုလွေဘုရင်အို၏ အသံက အေးစက်နေသည်။

ရှန်မုန့်ရို လီချင်းယွင်ရှေ့တွင် ရပ်လိုက်ပြီး ဝိညာဉ်စွမ်းအားများကို စုစည်းလိုက်သည်။ "စိတ်တောင် မကူးနဲ့"

ကျိန့်ကျွင်းဖုန်းက ပြောလိုက်သည်။ "ဂိုဏ်းတူညီမလေး... ဖယ်လိုက် မင်း သူတို့ကို နိုင်မှာ မဟုတ်ဘူး"

"ဂိုဏ်းတူအစ်ကိုကြီး... ကျွန်မတို့က ဂိုဏ်းတူမောင်နှမတွေလေ ဘယ်လိုလုပ် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ" ရှန်မုန့်ရို မကျေမနပ် ပြောလိုက်ပြီး ရေခဲမှော် ဒိုင်းတစ်ခု ဖန်တီးကာ လီချင်းယွင်ကို ကာကွယ်လိုက်သည်။

"ဂိုဏ်းတူညီမလေး... ဒီလိုလုပ်တာက ဂိုဏ်းတူညီလေးလီကို မကယ်နိုင်မယ့်အပြင် မင်းပါ အန္တရာယ်ဖြစ်လိမ့်မယ်" ကျိန့်ကျွင်းဖုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။

"မကယ်နိုင်ရင်တောင် ကယ်ရမယ်။ ဂိုဏ်းတူမောင်လေး အသတ်ခံရတာကို ဒီတိုင်း ထိုင်ကြည့်မနေနိုင်ဘူး" ရှန်မုန့်ရို၏ စကားများက ပြတ်သားနေသည်။

"ဂိုဏ်းတူအစ်မကြီးရှန် ပြောတာ မှန်တယ်"

ဝူဝမ်ကျုံးလည်း ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "သေချင်သေပါစေကွာ... တိုက်မယ်"

ဝံပုလွေဘုရင်အို ရယ်မောလိုက်သည်။ "မင်းတို့က သေချင်နေမှတော့ ဖြည့်ဆည်းပေးရတာပေါ့"

ဝံပုလွေဘုရင်အိုနှင့် မိဖုရားအိုတို့သည် ရှန်မုန့်ရို ဝူဝမ်ကျုံးတို့နှင့် ပွဲကြမ်းကြီး စတင်လိုက်ကြသည်။

ဝူဝမ်ကျုံးသည် ဝက်ဝံရူး ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်စဉ်ကို သုံး၍ ဝံပုလွေဘုရင်အိုကို မနည်းတောင့်ခံထားရသော်လည်း မကြာမီ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နှက်လာသည်။ ကံကောင်းထောက်မစွာ သူက ခံနိုင်ရည်ရှိသဖြင့် တောင့်ခံထားနိုင်သေးသည်။

ရှန်မုန့်ရိုသည် အကွက်အနည်းငယ် အတွင်းမှာပင် ဝံပုလွေမိဖုရားအို၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားပြီး မြေကြီးပေါ် လဲကျကာ မလှုပ်ရှားနိုင်တော့ပေ။

"ဂိုဏ်းတူအစ်မကြီးရှန်!"

ဒါကိုမြင်တော့ လီချင်းယွင် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံပြီး ပြေးထွက်သွားသည်။

ဝံပုလွေမိဖုရားအို၏ နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ "ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ"

သူမသည် အကွက်အနည်းငယ်ဖြင့် လီချင်းယွင်ကို ရိုက်ထုတ်လိုက်သည်။

လီချင်းယွင် ထရပ်သည် ပြေးဝင်သည် ထပ်မံ ရိုက်ထုတ်ခံရသည်။ ထပ်မံ ပြေးဝင်သည် ထပ်မံ ရိုက်ထုတ်ခံရသည်။ ထပ်မံ ရိုက်ထုတ်ခံရပြန်သည်။

ရှန်မုန့်ရို မျက်စိရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်နေမိသည်။ "ဒါ သေမှာကြောက်တဲ့ လီချင်းယွင် ဟုတ်ရဲ့လား"

ယခုအချိန်တွင် လီချင်းယွင်၏ ရေခဲမှော် သံချပ်ကာမှာ စုတ်ပြတ်သတ်နေပြီး ဒဏ်ရာများဖြင့် ပြည့်နှက်ကာ မြေကြီးပေါ်တွင် မောဟိုက်နေသည်။

ဝူဝမ်ကျုံးလည်း လဲကျသွားပြီး မထနိုင်တော့ပေ။

ကျိန့်ကျွင်းဖုန်း ဘေးတွင် ရပ်နေရင်း ခေါင်းခါကာ သက်ပြင်းချလိုက်သည်။

သူ ရှန်မုန့်ရိုကို ကယ်ချင်သော်လည်း အင်အားချင်း ကွာခြားလွန်းသဖြင့် နိုင်နိုင်ချေ မရှိပေ။ တစ်ခုတည်းသော နည်းလမ်းမှာ သူတို့ လီချင်းယွင်ကို သတ်လိုက်ပြီး ဒီအရှုပ်အထွေးကို အဆုံးသတ်သွားစေဖို့ပင် ဖြစ်သည်။

ဒါ့အပြင် လီချင်းယွင် သေသွားတာက သူ့အတွက် အကျိုးရှိသည်။

ဝံပုလွေမိဖုရားအို လီချင်းယွင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အပြုံးဖြင့် ပြောလိုက်သည်။ "ဒီကောင်မလေးရဲ့ ခြေလက်တွေကို အရင်ဖြတ်ပစ်မယ် ပြီးမှ မင်းနဲ့ စာရင်းရှင်းမယ်"

ကျိန့်ကျွင်းဖုန်း ကမန်းကတန်း ပြောလိုက်သည်။ "စီနီယာ... ဂိုဏ်းတူညီမလေးကို မထိခိုက်ပါစေနဲ့။ သူ့ကို အခုပဲ ခေါ်သွားပါ့မယ် စီနီယာတို့ကိစ္စ လုံးဝ ဝင်မပါပါဘူး"

ဝံပုလွေဘုရင်အို အေးစက်စွာ ပြောလိုက်သည်။ "မင်းက ဒီမှာ စကားပြောခွင့် ရှိလို့လား။ သူတို့နဲ့အတူ လိုက်သေချင်လို့လား"

ကျိန့်ကျွင်းဖုန်း ဇဝေဇဝါ ဖြစ်နေသည်။ ကူညီချင်သော်လည်း တစ်ဖက်လူ၏ အင်အားကို ကြောက်ရွံ့နေသည်။

တောင်စိမ်းရှိနေသရွေ့ ထင်းခွေစရာ မရှားပါဘူးလေ။ မကူညီတာက တရားမမျှတဘူး ဆိုပေမဲ့ သေတာထက်တော့ ပိုကောင်းပါတယ်။ ထို့ကြောင့် သူ အသက်ပြင်းပြင်း ရှူလိုက်ပြီး နှုတ်ဆိတ်နေဖို့ ရွေးချယ်လိုက်သည်။

"ဘာလုပ်နေတာလဲ... ဝင်ကူလေ ဂိုဏ်းတူအစ်ကိုကြီး" ဝူဝမ်ကျုံး အော်ဟစ်လိုက်သည်။

"ငါ... ငါ သူတို့ကို မယှဉ်နိုင်ဘူး" ကျိန့်ကျွင်းဖုန်း ခေါင်းခါလိုက်သည်။

ကျိန့်ကျွင်းဖုန်း၏ ပုံစံကို မြင်တော့ ရှန်မုန့်ရို အလွန် စိတ်ပျက်သွားသည်။ ငယ်စဉ်ကတည်းက သူ့ကို ကာကွယ်ပေးခဲ့သော လူက သေရေးရှင်ရေး အခြေအနေကြုံတော့ ဒီလောက် သူရဲဘောကြောင်သွားရသလား။

မြေကြီးပေါ်တွင် နာကျင်စွာ လဲနေသော ဝံပုလွေဘုရင်က အော်ပြောလိုက်သည်။ "သူတို့ကို သတ်ပစ်"

ဝံပုလွေမိဖုရားအို ခေါင်းညိတ်လိုက်သည်။ "သားလေး... စိတ်မပူနဲ့ မင်းအတွက် လက်စားချေဖို့ သူတို့အားလုံးကို သတ်ပေးမယ်"

"လွန်လွန်းနေပြီ" လီချင်းယွင် အော်ဟစ်လိုက်ပြီး ရှန်မုန့်ရိုကို ကြည့်ကာ ပြောလိုက်သည်။ "ဂိုဏ်းတူအစ်မကြီးရှန်... တောင်းပန်ပါတယ်"

ဖြောင်း!

ပြတ်သားသော အသံတစ်ချက် ထွက်ပေါ်လာပြီး လီချင်းယွင်က ရှန်မုန့်ရို၏ တင်ပါးကို ထပ်မံ ရိုက်ပုတ်လိုက်သည်။

"နင် ဘာလုပ်တာလဲ" ရှန်မုန့်ရို နားမလည်နိုင်စွာ မေးလိုက်သည်။

ဝံပုလွေမိဖုရားအိုလည်း ကြောင်သွားသည်။ သေခါနီးနေပြီ ဘာလို့ တင်ပါးထရိုက်နေရတာလဲ။

"နောက်ဆုံး အပျော်ရှာတာလား"

ဒင်! ဂုဏ်ယူပါတယ် အိမ်ရှင် တာဝန် ပြီးမြောက်ပါပြီ။ ကျင့်စဉ်ဉာဏ်ပွင့်ကဒ် ပေးပို့လိုက်ပါပြီ။

"ရေခဲမှော် ကောင်းကင် ကျင့်စဉ်ကို အဆင့်မြှင့်မယ်"

ကျင့်စဉ် အဆင့်မြှင့်တင်နေသည်... ၃၀%... ၆၀%... ၁၀၀%... ပြီးမြောက်ပြီ။

အိမ်ရှင် အချက်အလက်

အမည် - လီချင်းယွင်

အသက် - ၂၀

အရပ် - ၁၈၇ စင်တီမီတာ

ကျင့်ကြံမှုအဆင့် - ချီစုစည်းခြင်း အဆင့် ၈

ပါရမီ - D [မျှော်လင့်ချက်မဲ့]

တတ်မြောက်ထားသော ကျင့်စဉ်များ - ရေခဲမှော် ကောင်းကင် ကျင့်စဉ် [ကောင်းကင်အဆင့်] [အထွတ်အထိပ်သို့ ရောက်ရှိ]

ဝမ်ပါ လက်သီးသိုင်း [အဝါရောင်အဆင့်] [ကျွမ်းကျင်မှု]

ထွက်ပြေး ခြေလှမ်း [အဝါရောင်အဆင့်] [ကျွမ်းကျင်မှု]

လီချင်းယွင် မတ်တတ်ထရပ်ပြီး မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်သည်။ "ငါ့ကို သတ်ချင်ရင် လာလေ"