အခန်း (၅၈) : ကျွန်တော်က ကြွားနေတာပါ
အဲ့ဒီအချိန်မှာ လူအုပ်ထဲက တစ်ယောက်ယောက်က ရှရှန့်ဟွမ်ကိုမြင်ပြီး တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားသည်။
"သေစမ်း။ အရူးယုန်လေးပဲ။ နောက်ဆုံးတော့ သူ့ကိုတွေ့ဖူးသွားပြီ!"
"ဘယ်တစ်ယောက်လဲ။ ဘယ်တစ်ယောက်က အရူးယုန်လေးလဲ။"
"ဟိုဘက်က မိန်းကလေးသုံးယောက်ထဲက အရပ်အရှည်ဆုံးတစ်ယောက်…"
"သူက မာရ်နတ် အရူးယုန်လေးလား။ အရမ်းငယ်တာပဲ။"
"ဟုတ်တယ်၊ သူက အထက်တန်းကျောင်းသူတစ်ယောက်လိုပဲ…"
ဒီအကစက်မှာ အဆင့်သတ်မှတ်ချက်တစ်ခုရှိတယ်ဆိုတာ ပေါ်လွင်သွားသည်။ သီချင်းတိုင်းမှာ အမြင့်ဆုံးစံချိန်ရှိပြီး လူတိုင်းက မာရ်နတ်လို့ခေါ်တဲ့ ရှရှန့်ဟွမ်ကတော့ ဒီအကစက်က သီချင်းအားလုံးရဲ့ ချန်ပီယံဖြစ်သည်။ ဒီနေ့အထိ ဘယ်သူကမှ သူမရဲ့ သီချင်းတစ်ပုဒ်တည်းရဲ့ စံချိန်ကိုတောင် မချိုးနိုင်သေးပေ။
ရှရှန့်ဟွမ်က သူ့ကိုယ်သူ "အရူးယုန်လေး" လို့ ID ပေးထားသည်။ ဒါကြောင့်မို့ တစ်စုံတစ်ယောက်က သီချင်းတစ်ပုဒ်ကို ကပြီးတိုင်း ဒီသီချင်းရဲ့ ရမှတ်ဘုတ်ပြားက အကစက်ရဲ့မျက်နှာပြင်ပေါ်မှာ ပေါ်လာလေ့ရှိသည်။ ဘယ်သီချင်းပဲဖြစ်ဖြစ် အမြင့်ဆုံးရမှတ်ကတော့ အမြဲတမ်း အရူးယုန်လေးရဲ့လက်ထဲမှာပဲ ရှိနေခဲ့သည်။
လူတိုင်း စိတ်လှုပ်ရှားသွားကြပြီး သူတို့ရဲ့အကြည့်တွေက ရှရှန့်ဟွမ်ဆီကို ရောက်သွားခဲ့သည်။
"ရှရှန့်ဟွမ်၊ သူတို့ နင့်အကြောင်းပြောနေကြသလိုပဲ…" ကွမ်းထောင်က အနည်းငယ် နားမလည်ဖြစ်သွားသည်။ သူမက လူတိုင်းရဲ့အကြည့်နောက်ကိုလိုက်ပြီး ရှရှန့်ဟွမ်ကို ကြည့်လိုက်သည်။
ရှရှန့်ဟွမ်က ဒီစကားကိုကြားတော့ ပြုံးလိုက်သည်။ သူမက ပေါ့ပေါ့ပါးပါးလေသံနဲ့ "အရင်တုန်းက ငါက အကစက်တွေကစားရတာ အကြိုက်ဆုံးပဲ။ ဒါပေမဲ့ အမြင့်ဆုံးအဆင့်ကို ကျော်ဖြတ်ပြီးသွားတော့ ပျင်းစရာကောင်းတယ်လို့ ခံစားလိုက်ရတယ်။ မကစားဖြစ်တာ အတော်ကြာပြီ။"
"မာရ်နတ်က ကရမှာပေါ့!"
အဲ့ဒီအချိန်မှာ တစ်စုံတစ်ယောက်က ရုတ်တရက် စအော်လိုက်သည်။
တစ်ယောက်ယောက်က ဦးဆောင်လိုက်တာနဲ့ တခြားတစ်ယောက်က အမြန်ဝင်ပြောလိုက်တယ်၊ "ဟုတ်တယ်၊ သီချင်းတစ်ပုဒ်လောက် ကပြပါလား။ အမှတ်ပြည့်ရတာကို မမြင်ရတာကြာပြီ။"
"ဒီကို အကြိမ်ပေါင်းများစွာလာခဲ့တာ ဒါ ပထမဆုံးအကြိမ် မာရ်နတ်ကို မြင်ဖူးတာပဲ။ သီချင်းတစ်ပုဒ်လောက် ကပြပါ!"
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ဝင်ပြောကြသည်။ သူတို့အားလုံးက အကစက်တွေကို အရူးအမူးကြိုက်တဲ့ ပရိသတ်တွေဖြစ်မှန်း ထင်ရှားနေခဲ့သည်။ သူတို့က မာရ်နတ် ရှရှန့်ဟွမ်ကိုလည်း အရမ်းထောက်ခံကြပြီး သူမကို သီချင်းတစ်ပုဒ်ကပြဖို့ တောင်းဆိုကြသည်။
ရှရှန့်ဟွမ်က ရှက်ရွံ့တတ်တဲ့အမျိုးအစားမဟုတ်သလို ဒီလောက်ခမ်းနားတဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ဖို့လည်း ခက်ခဲလှသည်။ အထူးသဖြင့် သူမက တစ်ကြိမ်လောက် ကတာကိုကြည့်ဖို့အတွက် တစ်စုံတစ်ယောက်က ဒီမှာ အထူးတလည်စောင့်နေခဲ့တယ်လို့ ကြားလိုက်ရတဲ့အခါ သူမက ကျဲန်အိုက်နဲ့ ကွမ်းထောင်ကို ချက်ချင်းပြောလိုက်တယ်၊ "နင်တို့နှစ်ယောက် ဒီမှာနေပြီး ကြည့်နေလိုက်။ ငါ့လက်စွမ်းကို နင်တို့ကိုပြမယ်!"
သူမစကားဆုံးတာနဲ့ ရှရှန့်ဟွမ်က သူမရဲ့ကုတ်အင်္ကျီကိုချွတ်ပြီး ကျဲန်အိုက်ကို ပေးလိုက်သည်။ လူအုပ်ရဲ့ စိတ်အားထက်သန်တဲ့ အားပေးသံတွေကြားထဲမှာ သူမက အကစက်ပေါ်ကို တက်သွားခဲ့သည်။
လေထုက စည်ကားလာပြီး လူတစ်စုက ချက်ချင်းဆိုသလို ဝိုင်းအုံကြည့်ရှုကြသည်။ လင်ယိနဲ့ ကျန်တဲ့သူတွေက မလှမ်းမကမ်းက ပြိုင်ကားဂိမ်းတစ်ခုမှာ ရှိနေခဲ့ကြသည်။ အကစက်နားက ပွဲဆူတာကိုမြင်တော့ ယန်ထျန်းက ဂုဏ်ယူစွာပြုံးပြီး "ငါ့မိန်းမ စက်ပေါ်တက်သွားပြီဖြစ်ပေမယ်။ ဒီလူတွေ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေကြလဲ ကြည့်စမ်း။ ကမ္ဘာကြီးကို တစ်ခါမှမမြင်ဖူးတဲ့ပုံစံတွေနဲ့။"
လင်ယိက ခေါင်းခါပြီး ရယ်မောလိုက်သည်။ "ချင်းဟွမ်က အဲ့ဒီတုန်းက အကစက်ပေါ်မှာ ဘယ်သူ့ကို ဆွဲဆောင်သွားခဲ့သလဲတော့ ငါမသိဘူး။ သူ့ကိုကြည့်ပြီးနောက်မှာ သူ့မျက်လုံးတွေက သူမခန္ဓာကိုယ်ပေါ်မှာ ကပ်ပါသွားပြီး ခြောက်လလောက် လိုက်ခဲ့ရတာ။"
အဲ့ဒီတုန်းက ယန်ထျန်းက အကစက်ပေါ်က လန်းဆန်းတက်ကြွပြီး ယုံကြည်မှုရှိတဲ့ မိန်းကလေးကြောင့် ရှရှန့်ဟွမ်ကို စွဲလမ်းသွားခဲ့တာဖြစ်မှန်း ပေါ်လွင်သွားသည်။ နောက်ပိုင်းမှာ သူက သူမရဲ့နှလုံးသားကို နောက်ဆုံးမှာ ရရှိခဲ့ခင်မှာ ခြောက်လကျော်ကြာ လိုက်လံပိုးပန်းခဲ့ရသည်။
ဒါပေမဲ့ ယန်ထျန်းကတော့ ဝန်မခံခဲ့ပေ။ "ကျွတ်၊ ငါက သူ့ကိုသနားလို့သက်သက်ပဲ... နေ့တိုင်း အသည်းအသန်ဖြစ်နေပြီး ဘယ်သူမှမလိုချင်လောက်အောင် တုံးအပုံပေါက်နေလို့။ ဒါကြောင့် ငါသူ့ကို လိုက်ခဲ့တာ။"
ကောင်းရန်က မျက်နှာသေနဲ့ ဂီယာပြောင်းလိုက်ပြီး ခပ်ဖျော့ဖျော့ပြောလိုက်တယ်၊ "မင်းသာ အခုပြောလိုက်တဲ့စကားကို ချင်းဟွမ်ရှေ့မှာ ထပ်ပြောရဲရင် မင်းကို ယောက်ျားတစ်ယောက်အနေနဲ့ ငါလေးစားလိုက်မယ်။"
"မလုပ်နဲ့။ ငါက ကြွားနေတာသက်သက်ပါ…" ယန်ထျန်းက ဒီစကားကိုကြားတော့ ချက်ချင်းကြောက်လန့်သွားခဲ့သည်။
လင်ယိက ဒါကိုကြားတော့ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိသည်။ ယန်ထျန်းလို လူမိုက်လေးတစ်ယောက် ချင်းဟွမ်နဲ့တွေ့ခဲ့တာက ကောင်းတဲ့ကိစ္စတစ်ခုပဲ။ မဟုတ်ရင် ဘယ်သူကမှ သူ့ကို နိုင်မှာမဟုတ်ဘူး။
"ငါနားမလည်နိုင်တာက... ငါ့ကိုပြောစမ်းပါ၊ ဘာလို့ ချင်းဟွမ်က ကျဲန်အိုက်နဲ့ အတူတူကစားနိုင်နေရတာလဲ။" ယန်ထျန်းက ဒီကိစ္စကို မမေ့နိုင်သေးဘဲ အရမ်းမကျေမနပ်ဖြစ်နေခဲ့သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: