အခန်း (၆၂) : ကျွန်မမှာ ပိုက်ဆံရှိတယ်၊ ဒါပေမဲ့ မချေးဘူး
အဖွားအိုကတော့ ပျော့ပျော့ပျောင်းပျောင်းနဲ့တစ်ဖုံ၊ မာမာထန်ထန်နဲ့တစ်လှည့် နည်းမျိုးစုံသုံးနေတယ်လို့ ဆိုရမှာပဲ။ မာမာထန်ထန်ပြောလို့ အရာမထင်တာကို မြင်တော့ မျက်ရည်တွေ သုတ်ရင်း ငိုယိုပြတော့သည်။
သို့သော် ဝမ်ယွင်မေကတော့ ဒီအကွက်ကို ရိုးနေခဲ့ပြီ။ အတိတ်တုန်းကတော့ မိသားစုသံယောဇဉ်ကိုထောက်ထားပြီး စိတ်ပျော့ခဲ့ဦးမည်။ သို့သော် ဒီနှစ်တွေတစ်လျှောက်လုံးမှာ သူမမိဘတွေရဲ့ နှလုံးသားထဲမှာ သူမအတွက် နေရာမရှိဘူးဆိုတာကိုတော့ သူမ နားလည်ထားခဲ့တာ ကြာပြီ။
"မေမေ၊ ဘာလို့ အစ်ကိုကြီးဆီကို သွားမရှာတာလဲ။ သူက ဒီနှစ်ပိုင်းတွေအတွင်း စီးပွားရေးလုပ်ပြီး ပိုက်ဆံအများကြီးရှာထားတာပဲ။ ယွမ်တစ်သိန်းက နည်းတဲ့ပမာဏမဟုတ်ပေမဲ့ သူထုတ်မပေးနိုင်တာတော့ မဟုတ်လောက်ဘူးမလား။" ဝမ်ယွင်မေက အဖွားအိုရဲ့မျက်ရည်တွေကို လျစ်လျူရှုပြီး အေးစက်စက်နဲ့ မေးလိုက်သည်။
ချိုင်ချွမ်းဟွာက သူမသမီးရဲ့လေသံကိုကြားတော့ သူမရဲ့မျက်ရည်တွေက အလကားဖြစ်သွားပြီဆိုတာကို သိလိုက်သည်။ ချက်ချင်းဆိုသလို ရေဘုံဘိုင်ခေါင်း ပိတ်လိုက်သလိုပင် သူမရဲ့ငိုသံက ရပ်တန့်သွားခဲ့သည်။
"ဟုတ်ပါတယ်၊ ငါတို့ နင့်အစ်ကိုကြီးဆီကို အရင်ဆုံးသွားရှာခဲ့တာပေါ့။ ဒါပေမဲ့ နင့်အစ်ကိုကြီးက မကြာသေးခင်ကမှ စီမံကိန်းအသစ်တစ်ခုမှာ ရင်းနှီးမြှုပ်နှံထားတော့ လက်ထဲမှာ သုံးစွဲလို့ရတဲ့ငွေက သိပ်မရှိတော့ဘူး။ သူသာ နင့်မောင်အိမ်ထောင်ပြုဖို့ ပေးလိုက်ရင် သူ့ကုမ္ပဏီရဲ့ ငွေကြေးလည်ပတ်မှုကို ထိခိုက်သွားလိမ့်မယ်။"
ဝမ်ယွင်မေ ဒါကိုကြားတော့ စိတ်ထဲမှာ မထီမဲ့မြင်ပြုံးလိုက်မိသည်။ ပြီးခဲ့တဲ့သီတင်းပတ်ကုန်တုန်းက သူမအစ်ကိုက သူ့ချစ်သူငယ်လေးကိုခေါ်ပြီး အိမ်တွေလိုက်ကြည့်နေတာကို သူမတွေ့ခဲ့သေးသည်။ အခုတော့ ဒီလိုလိမ်ညာစကားတွေ ဖန်တီးနေလိုက်တာ။ အဖွားအိုတစ်ယောက်တည်းသာ သူ့ကိုယုံကြည်မှာပဲ။
အဲ့ဒီတုန်းက သူမမိဘတွေက မိသားစုထဲက ကလေးလေးယောက်ထဲမှာ သူမအစ်ကိုကြီးကို အချစ်ဆုံးဖြစ်ခဲ့သည်။ ကျောင်းမှာစာသင်ဖို့ တစ်ဦးတည်းသောအခွင့်အရေးကိုလည်း သူ့ကိုပဲပေးခဲ့ကြသည်။ အခု သူအောင်မြင်ကျော်ကြားပြီး ပိုက်ဆံရှိလာတော့ ကျေးဇူးတရားကို နားမလည်တော့ဘူး။ သက်ကြီးပိုင်းတွေကိုပေးတဲ့ လစဉ်ထောက်ပံ့ကြေးကလည်း မောင်နှမတွေနဲ့ အတူတူပဲဖြစ်ပြီး တစ်ပြားတစ်ချပ်မှ ပိုမပေးခဲ့ပေ။
ဒီလိုဖြစ်နေရင်တောင် သူမမိဘတွေက သူမအစ်ကိုကြီးစကားကိုပဲ နားထောင်ပြီး အရာရာတိုင်းမှာ သူ့ကိုပဲ ပထမနေရာမှာထားခဲ့သည်။ သူ့ကို ဘယ်တော့မှ အခက်တွေ့အောင်မလုပ်ခဲ့ပေ။
"ယွင်ဖာရဲ့အိမ်ကကော။"
ဝမ်ယွင်မေက သူမအစ်ကိုကြီးအကြောင်း ဘယ်လောက်ပဲပြောပြော သူမအမေကို နားချနိုင်မှာမဟုတ်ဘူးဆိုတာကို သိသည်။ ဒါကြောင့် သူမမောင်ငယ်လေးမှာ တောင်ပိုင်းမြို့မှာ အိမ်တစ်လုံးရှိတယ်ဆိုတာကို တွေးလိုက်မိသည်။
သူမမိဘတွေက အတိတ်တုန်းက အိမ်နှစ်လုံးရဖို့ ကြိုးစားစုဆောင်းခဲ့ကြသည်။ တစ်လုံးက သူမအစ်ကိုကြီးအတွက်ဖြစ်ပြီး နောက်တစ်လုံးက သူမမောင်ငယ်လေးအတွက်ဖြစ်သည်။ နှစ်လုံးလုံးက တောင်ပိုင်းမြို့က တစ်ထပ်တိုက်တွေဖြစ်ပေမဲ့ ရောင်းလိုက်ရင် ယွမ်သောင်းဂဏန်းလောက်တန်ဖိုးရှိသည်။ ဒါ့အပြင် တောင်ပိုင်းမြို့ခရိုင်က မကြာခင်ဖြိုဖျက်တော့မှာပဲ။ သူတို့သာ ဖြိုဖျက်တဲ့အထိ စောင့်နိုင်ခဲ့ရင် ဖြိုဖျက်နစ်နာကြေးတစ်ခုတည်းနဲ့တင် အိမ်အသစ်တစ်လုံးဝယ်ဖို့ လုံလောက်နေပြီ။
သို့သော် သူမအမေနဲ့ မောင်ဖြစ်သူက ဖြိုဖျက်ရေးကိစ္စကို လုံးဝမသိကြဘူးဆိုတာ ထင်ရှားနေခဲ့သည်။ ဝမ်ယွင်ဖာက သူ့ရဲ့နာကျင်နေတဲ့ပါးကို ပွတ်သပ်ပြီး ဆိုဖာပေါ်ကို ပြန်ထိုင်လိုက်သည်။ "အဲ့ဒီစုတ်ပြတ်နေတဲ့အိမ်ကို အိမ်ထောင်ပြုဖို့ သုံးလို့ရပါ့မလား။ ရောင်းလိုက်ရင်တောင် အိမ်အသစ်တစ်လုံးဝယ်ဖို့ လောက်မှာမဟုတ်ဘူး!"
"ဟုတ်တယ်လေ။" ချိုင်ချွမ်းဟွာက ဆက်ပြောလိုက်သည်။ "မိန်းကလေးဘက်က အိမ်အသစ်တစ်လုံးလိုချင်တယ်လို့ ပြောတယ်။ စေ့စပ်လက်ဆောင်လည်း တောင်းသေးတယ်။ တခြားအသေးအဖွဲကိစ္စတွေအတွက်လည်း ပိုက်ဆံလိုသေးတာပဲ။"
"တောင်ပိုင်းမြို့က ဖြိုဖျက်တော့မှာ…"
"မေမေ!"
ဝမ်ယွင်မေ စကားတစ်ဝက်မှာတင် ကျဲန်အိုက်က မီးဖိုချောင်ထဲကနေထွက်လာပြီး သူမစကားကို ဖြတ်ပြောလိုက်သည်။
ကျဲန်အိုက်က အိမ်ကဒီဒုက္ခတွေကို သိသွားမှာစိုးသလို ဝမ်ယွင်မေက ချက်ချင်းစကားရပ်တန့်သွားခဲ့သည်။ "ရှောင်အိုက်၊ ဗိုက်ပြည့်သွားပြီလား။"
သူမအမေရဲ့နီရဲနေတဲ့မျက်လုံးတွေကို ကြည့်ရင်း ကျဲန်အိုက်ရဲ့မျက်ဝန်းတွေက အေးစက်သွားခဲ့သည်။
သူတို့ရဲ့စကားဝိုင်းကို ကျဲန်အိုက်က မီးဖိုချောင်ထဲကနေ ကြားနေခဲ့ရသည်။ သူမက ချက်ချင်းခေါင်းညိတ်ပြီး ဝမ်ယွင်မေ စကားမပြောခင်မှာပဲ သူတို့ဆီကို လျှောက်သွားခဲ့သည်။ သူမက ချိုင်ချွမ်းဟွာနဲ့ ဝမ်ယွင်ဖာကို အေးစက်စက်ကြည့်ပြီး "အဖွားနဲ့ ဦးလေးက ပိုက်ဆံလာချေးတာလား။"
"ရှောင်အိုက်၊ ဒါက လူကြီးတွေကြားကကိစ္စပဲ။ နင့်အခန်းထဲမှာ စာသွားကျက်နေလိုက်။ စိတ်မပူနဲ့။" ဝမ်ယွင်မေက ကျဲန်အိုက်ရဲ့ aura ပြောင်းလဲသွားတာကို ခံစားလိုက်ရပြီး လွန်ခဲ့တဲ့ရက်အနည်းငယ်က ရဲစခန်းမှာဖြစ်ခဲ့တာတွေကို ချက်ချင်းသတိရသွားခဲ့သည်။
ချိုင်ချွမ်းဟွာနဲ့ ဝမ်ယွင်ဖာတို့လည်း မျက်မှောင်ကြုတ်သွားကြသည်။ သူမက သူတို့ရဲ့မြေးမဖြစ်ပေမဲ့ ကျဲန်အိုက်က အမြဲတမ်း ညင်သာပြီး အားနည်းခဲ့သည်။ သူမက အမြဲတမ်း တိတ်ဆိတ်နေတတ်တာကြောင့် သူတို့က သူမကို ဘယ်တော့မှမကြိုက်ခဲ့ပေ။
သူတို့နှစ်ယောက် တိတ်ဆိတ်နေတာကိုမြင်တော့ ကျဲန်အိုက်က ဝမ်ယွင်မေကို ပြန်မဖြေခဲ့ပေ။ အဲဒီအစား သူမက ဆိုဖာပေါ်မှာထိုင်ချပြီး ခေါင်းမော့လိုက်သည်။ သူမက "ကျွန်မတို့မိသားစုမှာ ပိုက်ဆံရှိတယ်၊ ဒါပေမဲ့ မချေးဘူး။"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: