အခန်း (၇၀) : ကျွန်တော့်မှာ ပိုက်ဆံအများကြီးရှိတယ်
ဒီစကားကိုကြားတော့ ပိုင်ကျိုးရဲ့ခန့်ညားတဲ့မျက်နှာက ချက်ချင်းဆိုသလို မျက်နှာပူသွားခဲ့သည်။ သူက စိတ်ဝင်တစားဖြစ်နေတဲ့ ကျဲန်အိုက်ကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော်မျိုးက အရည်အချင်းနုံနဲ့ပါသဖြင့် အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲမှာ အဆင့်တစ်ဆယ့်တစ်မှာပဲ ရှိပါတယ်" လို့ တိုးတိုးလေးပြောလိုက်သည်။
အမ်…
ကျဲန်အိုက် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ဘယ်လိုမျက်နှာအမူအရာမျိုး ပြရမလဲဆိုတာကို မသိခဲ့ပေ။
ပိုင်ကျိုးရဲ့ ကျက်သရေရှိပြီး မြင့်မြတ်တဲ့ aura ကိုကြည့်ပြီး သူမက သူက အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲမှာ အကောင်းဆုံးတွေထဲက တစ်ယောက်ဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ။ သူက အောက်ဆုံးကနေ ဒုတိယမြောက်ဖြစ်နေလိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။
အနေရခက်သွာမှာစိုးလို့ ကျဲန်အိုက်က သဘာဝကျတဲ့အမူအရာနဲ့ ခေါင်းညိတ်ပြီး ခပ်ပေါ့ပေါ့ပဲ "အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်လုံးက အလွန်စွမ်းဆောင်ရည်ရှိတဲ့လူတွေလို့ မင်းလည်းပြောခဲ့တာပဲ။ ဒီနေ့ခေတ်လူ့အဖွဲ့အစည်းမှာဆိုရင် သူတို့တစ်ယောက်ချင်းစီက တစ်ယောက်တည်းနဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်လောက်တယ်။ သာမန်လူတွေကတော့ သူတို့ရဲ့အဆင့်အတန်းကို မမီနိုင်ဘူးပေါ့" လို့ ပြောလိုက်သည်။
"အဟွတ် …" ပိုင်ကျိုးက ညင်သာစွာ ချောင်းဆိုးလိုက်ပြီး အစပျိုးဝန်ခံလိုက်သည်။ "ဂိုဏ်းချုပ်ကို ဖုံးကွယ်ဝံ့ခြင်းမရှိဝံ့ပါ။ ကျွန်တော်မျိုးက အဆင့်တစ်ဆယ့်တစ်ဖြစ်ပေမဲ့ ကျွန်တော်မျိုးရဲ့အစွမ်းကတော့ တစ်ဆယ့်နှစ်ယောက်ထဲမှာ အဆိုးဆုံပါ…"
ဟမ်!
ကျဲန်အိုက်ရဲ့မျက်နှာအမူအရာက သူမမျက်နှာပေါ်မှာ ခဲသွားခဲ့သည်။ သူမ နားမလည်နိုင်ဖြစ်သွားခဲ့သည်။
"အဆင့်တစ်ဆယ့်နှစ်ထက်တောင် ပိုဆိုးနေသေးတာလား။" ကျဲန်အိုက်က မျက်နှာပြောင်တိုက်စွာ မေးလိုက်သည်။
"သူက…" ပိုင်ကျိုးက အဓိပ္ပာယ်မသိနိုင်တဲ့ ခါးသီးတဲ့အပြုံးတစ်ခုနဲ့ ပြုံးလိုက်သည်။ ပြီးတော့ သူက ကျဲန်အိုက်ကို "ဂိုဏ်းချုပ်၊ နောင်ကျရင် ဂိုဏ်းချုပ် သူနဲ့တွေ့ပါလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ဂိုဏ်းချုပ် သိသွားမှာပါ" လို့ ပြောလိုက်သည်။
ဟ။ သူက တော်တော်လေး လျှို့ဝှက်ဆန်းကြယ်တာပဲ။
ကျဲန်အိုက်က လက်ပိုက်ပြီး ဆိုဖာပေါ်ကို နောက်မှီလိုက်ကာ ပိုင်ကျိုးကို ကြည့်လိုက်သည်။ အဲ့ဒီအချိန်မှာ သူမက စိတ်အေးသွားပြီး သူမရဲ့အာရုံကြောတွေက ပြေလျော့သွားခဲ့သည်၊ ဘာလို့လဲဆိုတော့ တစ်ဖက်လူရဲ့ သူမအပေါ်ထားတဲ့လေးစားမှုက အတုအယောင်မဟုတ်ဘူးဆိုတာကို သူမခံစားမိလို့ပဲ။
သူမက ဂိုဏ်းချုပ်အဖြစ် သူမရဲ့အထောက်အထားနဲ့ သူပြောခဲ့တဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်အကြောင်းကိုတော့ ဖြေရှင်းဖို့လိုနေသေးသည်။
"မင်းပြောတဲ့ ခေါ်ယူမှုက ငါ့ရင်ဘတ်ပေါ်က တိုတမ်ဖြစ်မယ်လို့ ငါယုံကြည်တယ်။ မင်းနဲ့ငါ့မှာ ဒါရှိမှတော့ တခြားသူတွေမှာလည်း ရှိသင့်တယ်မဟုတ်လား။ ဘာလို့မင်းတစ်ယောက်တည်း လာရတာလဲ။" ကျဲန်အိုက်က မေးလိုက်သည်။
"ဂိုဏ်းချုပ်၊ ဂိုဏ်းချုပ် မသိသေးလောက်ပါဘူး။ ရှေးဟောင်းဂိုဏ်းက နှစ်တစ်ထောင်လောက် တည်ရှိခဲ့တာပါ။ အခုဆိုရင် ဒီဂိုဏ်းထဲမှာ လူတစ်ရာမပြည့်လောက်တော့ပါဘူး။ ဒီလူတွေက ပုံမှန်အားဖြင့် ဘာအဆက်အသွယ်မှမရှိကြဘဲ သာမန်လူတွေနဲ့မထူးခြားတဲ့ဘဝမျိုးကို နေထိုင်နေကြပါတယ်"
"ရှေးဟောင်းဂိုဏ်းကလူတွေကို ခံစားသိရှိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းကတော့ ပရောဖက်တစ်ယောက်ရဲ့ စွမ်းရည်တွေကနေတစ်ဆင့်ပါပဲ။ ရှေးခေတ်ကတည်းက ရှေးဟောင်းဂိုဏ်းအောက်မှာ ပရောဖက်တစ်ယောက်တည်းသာ ရှိခဲ့ပါတယ်။ ကျွန်တော်မျိုးက အဲ့ဒီတစ်ဦးတည်းသော ပရောဖက်ပါပဲ" ပိုင်ကျိုးက ရှင်းပြလိုက်သည်။
ကျဲန်အိုက်က ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်သည်။ ပိုင်ကျိုးဘာကိုဆိုလိုသလဲဆိုတာကို သူမနားလည်သွားသလိုပဲ။
လက်ရှိမှာတော့ ဂိုဏ်းချုပ်ဖြစ်တဲ့သူမနဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်အပြင် သာမန်ဂိုဏ်းဝင်အနည်းငယ်လည်း ရှိနေသေးသည်။ သို့သော် ဒီလူတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမဆက်ဆံကြတာကြောင့် သာမန်လူတွေရဲ့ဘဝမျိုးကို နေထိုင်နေကြသည်၊ ဘယ်သူကဘယ်သူလဲဆိုတာကိုတောင် မသိကြပေ။
ဒါကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူမရှေ့က ပရောဖက် ပိုင်ကျိုးပဲ။
ရှေးဟောင်းဂိုဏ်းရဲ့ တစ်ဦးတည်းသော ပရောဖက်တစ်ယောက်အနေနဲ့ ပိုင်ကျိုးက ဂိုဏ်းချုပ်အဖြစ် သူမပေါ်ထွက်လာတာကို ခံစားသိရှိခဲ့သည်။ သို့သော် ကျန်တဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ကတော့ သူမကို ခံစားသိရှိနိုင်ခြင်းမရှိခဲ့ပေ။
"ဒီလိုဆိုရင် မင်းက ကျန်တဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ကို ရှာဖွေဖို့အတွက် ပရောဖက်တစ်ယောက်အနေနဲ့ မင်းရဲ့စွမ်းရည်တွေကိုပဲ အားကိုးခဲ့တာပေါ့။" ကျဲန်အိုက်က ခပ်ပေါ့ပေါ့မေးလိုက်သည်။
ပိုင်ကျိုးက ခပ်ဖျော့ဖျော့ခေါင်းညိတ်လိုက်သည်။ "ဒါကိုပြောရတာ ရှက်စရာကောင်းပေမဲ့ အစောင့်အရှောက် တစ်ဆယ့်နှစ်ယောက်ထဲက တစ်ဦးအနေနဲ့ ကျွန်တော်မျိုးမှာ ဒီစွမ်းရည်ကလွဲပြီး တခြားဘာကောင်းကွက်မှမရှိပါဘူး။"
ကျဲန်အိုက်။ "စိတ်စွမ်းအင်ကျင့်ကြံနည်းတွေကော။"
ပိုင်ကျိုးက ခေါင်းခါလိုက်သည်။
ကျဲန်အိုက်။ "သာမန်သိုင်းပညာကကော။"
ပိုင်ကျိုးက ခေါင်းခါလိုက်သည်။
ကျဲန်အိုက်။ "လျှို့ဝှက်လက်နက်တွေကော။ သေနတ်ပစ်တာကော။ ဒါမှမဟုတ် ရောဂါကုသပြီး လူကယ်တင်တာကော။"
ပိုင်ကျိုးက ခေါင်းခါလိုက်သည်။
ကျဲန်အိုက်။ …
"အော်၊ ဟုတ်သားပဲ။" ပိုင်ကျိုးက တစ်ခုခုကို သတိရသွားသလိုပင်။ သူက သူ့ရဲ့ခန့်ညားတဲ့မျက်နှာကိုမော့ပြီး ကျဲန်အိုက်ကို တောက်ပတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။ "ဂိုဏ်းချုပ်က ကျွန်တော်မျိုးကို မေးကိုမေးရမယ်ဆိုရင်တော့ ကျွန်တော်မျိုးမှာ… ပိုက်ဆံရှိတယ်!"
ကျဲန်အိုက်။ ဟမ်؟
"ပိုက်ဆံအများကြီး!" ပိုင်ကျိုးက ရုတ်တရက်ဆိုသလို သူ့ကိုယ်သူ ကောင်းတဲ့အချက်တစ်ခု ရှာတွေ့သွားသလိုပင်။ သူက ချီးကျူးခံချင်တဲ့ပုံစံနဲ့ ကြည့်နေခဲ့သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: