အခန်း (၁၇၂) အိမ်သာထဲက ဇာတ်လမ်းတစ်ပုဒ်
အောက်ပိုင်းကို ငုံ့ကြည့်ပြီး ရှန်မုန့်ရီ မော့ကြည့်ကာ ကြောင်သွားတယ်။ စိတ်ထဲမှာတော့ "မဖြစ်နိုင်ပါဘူး ငါရာသီလာနေတာကို သူသိနေတာလား" လို့ တွေးလိုက်မိတယ်။
တကယ်ကြီး အဲဒီလောက် စွမ်းတာလား။
ဒါပေမဲ့ မဖြစ်နိုင်ဘူးတော့ မဟုတ်ဘူး သူက ဗေဒင်တွက်တတ်တာပဲလေ။
ချက်ချင်းဆိုသလိုပဲ ရှန်မုန့်ရီ လင်းထျန် အရင်က ပြသခဲ့တဲ့ အံ့မခန်း ဗေဒင်စွမ်းရည်တွေကို သတိရသွားတယ်။
တကယ်ကြီး မဖြစ်နိုင်ပါဘူး...
အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ရှန်မုန့်ရီက ဖုန်းကိုကိုင်ထားရင်း "နင်... နင် ဘာသိထားလို့လဲ" လို့ ကြောင်တောင်တောင် မေးလိုက်တယ်။
"မင်း ဘယ်လိုထင်လို့လဲ" လင်းထျန် တခစ်ခစ်ရယ်လိုက်တယ်။
"မြန်မြန်ပြောစမ်း" ရှန်မုန့်ရီ ဒေါသတကြီး ပြောလိုက်တယ်။
"မင်း ရာသီလာနေတာလေ" လင်းထျန်က ဖုန်းကိုကိုင်ရင်း မျက်ခုံးပင့်ကာ ရယ်မောလိုက်တယ်။
"နင်... နင်က နှာဘူးပဲ" အတော်ကြာမှ ရှန်မုန့်ရီ ဒေါသတကြီး အော်ပြောလိုက်တယ်။
ပြောပြီးတာနဲ့ ရှန်မုန့်ရီ ဒေါသတကြီး ဖုန်းချလိုက်တယ်။
ဖုန်းချပြီးနောက် ရှန်မုန့်ရီ ဒေါသတကြီး ရေရွတ်လိုက်တယ်။ "နှာဘူး နှာဘူးကောင်။ လူယုတ်မာ။ ငါ့ကို ဒါမျိုးလာတွက်ပေးရတယ်လို့။ ဒေါသထွက်လိုက်တာ"
"ဟူး... ဟူး..." ရှန်မုန့်ရီ အသက်ပြင်းပြင်းရှူနေပြီး သူ့မျက်နှာမှာ ရှက်တာရော ဒေါသထွက်တာရော ရောထွေးနေတယ်။ မိန်းကလေးတစ်ယောက်ရဲ့ လစဉ်ကိစ္စဆိုတာ အရမ်းကို ကိုယ်ရေးကိုယ်တာဆန်တဲ့ ကိစ္စလေ။ ဒါပေမဲ့ ဒါပေမဲ့ လင်းထျန်က ဒါကိုတောင် ထည့်တွက်ပေးတယ်တဲ့။
ပုံမှန်မဟုတ်တဲ့ကောင်!
"နင်က နှာဘူးပဲ" ရှန်မုန့်ရီ ဒေါသတကြီး ဆဲရေးလိုက်တယ်။
"တီ တီ..." ရှန်မုန့်ရီ စိတ်တိုနေတုန်း ဖုန်း ရုတ်တရက် မြည်လာတယ်။
ရှန်မုန့်ရီ ဖုန်းကိုကြည့်လိုက်ပြီး တန်းချလိုက်တယ်။
လင်းထျန် ခေါ်တာလေ။
ဒါပေမဲ့ ချပြီးတာနဲ့ ဖုန်းထပ်မြည်လာပြန်တယ်။
စိတ်ပျက်တဲ့အကြည့်နဲ့ ရှန်မုန့်ရီ ဖုန်းထပ်ချလိုက်ပြန်တယ်။
ခဏကြာတော့ ဖုန်းထပ်မြည်လာပြန်တယ်။ လင်းထျန်ပဲ။
သည်းမခံနိုင်တော့ဘဲ ရှန်မုန့်ရီ ဖုန်းကိုင်လိုက်တယ်။ ဖုန်းကိုင်လိုက်တာနဲ့ "နှာဘူးကောင် ဖုန်းမဆက်နဲ့တော့" လို့ ဒေါသတကြီး အော်ပြောလိုက်တယ်။
"အမ်... ဟိုလေ"
"ငါ အခု အားကစားရုံ အိမ်သာအပြင်ဘက် ရောက်နေတယ် မင်း အခုလိုနေတဲ့ ပစ္စည်းကို ယူလာပေးတာ။ လိုချင်လား" လင်းထျန်ရဲ့ တွန့်ဆုတ်နေတဲ့အသံ ဖုန်းထဲက ထွက်ပေါ်လာတယ်။
"မလိုချင်ဘူး" ရှန်မုန့်ရီ ဒေါသတကြီး ဖုန်းချလိုက်တယ်။
ဖုန်းကျသွားတော့ လင်းထျန် ကြောင်သွားတယ်။
အချိန်ကြည့်လိုက်တော့ ၁၀ မိနစ်ပြည့်ဖို့ ၂ မိနစ် လိုသေးတယ်။ လင်းထျန် နောက်ထပ် တစ်မိနစ်လောက် ထပ်စောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်မိနစ်နေလို့မှ ရှန်မုန့်ရီ စိတ်မပြောင်းရင် သူ အထဲဝင်သွားတော့မယ်။
အထဲမှာ တခြားမိန်းကလေးတွေ မရှိဘူးဆိုတာ လင်းထျန် အကဲခတ်ပြီးသားပါ။
အိမ်သာထဲမှာတော့ ရှန်မုန့်ရီ ဖုန်းချပြီးမှ ပြန်စဉ်းစားမိတယ်။ လင်းထျန်စကားကို ပြန်တွေးကြည့်တော့ "သူဘာပြောလိုက်တာလဲ။ ငါအခုလိုနေတဲ့ ပစ္စည်းကို ယူလာပေးတယ်တဲ့လား... ဖြစ်နိုင်တာက..."
ချက်ချင်းပဲ ရှန်မုန့်ရီ လစဉ်သုံးပစ္စည်းကို ပြေးမြင်လိုက်တယ်။ အခုချိန် သူလိုနေတာ ဒါပဲရှိတာကိုး။
ရှန်မုန့်ရီ အိမ်သာထဲမှာ ထိုင်နေတာ ၁၀ မိနစ်ကျော်နေပြီ ခြေထောက်တွေလည်း ထုံနေပြီ အောက်ပိုင်းကလည်း နေရခက်နေပြီ။
"ရှောင်ဆွေ ရောက်လာဖို့ ၁၀ မိနစ်လောက် လိုသေးတယ်။ သူ့ကို ဝင်လာခိုင်းလိုက်ရင် ကောင်းမလား။ ဘာပဲဖြစ်ဖြစ် ဒီမှာ ဘယ်သူမှမရှိပါဘူး" ရှန်မုန့်ရီ တီးတိုးရေရွတ်ရင်း တွန့်ဆုတ်နေတယ်။
"မဖြစ်ပါဘူး ရှက်စရာကြီး" ရှန်မုန့်ရီ အမြန် ခေါင်းခါလိုက်တယ်။
"ဒါပေမဲ့ ခြေထောက်တွေ အရမ်းထုံနေပြီ" ခြေထောက်တွေ ထုံကျင်နေတာ ခံစားရတော့ ရှန်မုန့်ရီ ထပ်ပြီး တွေဝေသွားပြန်တယ်။
အကြာကြီး စဉ်းစားပြီးနောက် ရှန်မုန့်ရီ ဆုံးဖြတ်ချက်ချလိုက်ပြီး လင်းထျန်ဆီ ဖုန်းခေါ်လိုက်တယ်။
အပြင်မှာတော့ လင်းထျန် ဝင်ဖို့လုပ်တုန်း ဖုန်းတုန်ခါလာတာ ခံစားလိုက်ရတယ်။
ဖုန်းထုတ်ကြည့်လိုက်တော့ ရှန်မုန့်ရီ ဖြစ်နေတယ်။
ဖုန်းနံပါတ်ကို မြင်တာနဲ့ လင်းထျန် အခွင့်အရေးရပြီမှန်း သိလိုက်တယ်။ သူ ဖုန်းချက်ချင်းကိုင်ပြီး "အလှလေး ဘာကူညီပေးရမလဲ" လို့ ပြုံးဖြီးဖြီးနဲ့ မေးလိုက်တယ်။
"နင်... နင် ဝင်ခဲ့တော့ မြန်မြန်လုပ်နော် ဘယ်သူမှ မသိစေနဲ့" ဖုန်းထဲက ရှန်မုန့်ရီအသံက အလျင်စလိုနဲ့ စိုးရိမ်နေပုံရတယ်။ သူ ဒီလိုကိစ္စမျိုး ပထမဆုံး လုပ်ဖူးတာလေ။
"ဟုတ်ကဲ့ပါ ခင်ဗျာ" လင်းထျန် တခစ်ခစ်ရယ်လိုက်ပြီး လူရှင်းမရှင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ မိန်းကလေးအိမ်သာထဲ ဝင်လိုက်တယ်။
"တောက် တောက်..." အပြင်က ခြေသံကြားတော့ အိမ်သာခွက်ပေါ် ထိုင်နေတဲ့ ရှန်မုန့်ရီ ထူးထူးခြားခြား စိတ်လှုပ်ရှားလာတယ်။
ရှန်မုန့်ရီက "လင်းထျန်လား" လို့ စိုးရိမ်တကြီး မေးလိုက်တယ်။
"ငါပါ မင်း ဘယ်မှာလဲ" လင်းထျန်က သိရက်နဲ့ မေးလိုက်တယ်။ ဝင်ဝင်ချင်းပဲ ရှန်မုန့်ရီဆီက ထွက်နေတဲ့ အနီရောင်အလင်းတန်းကို မြင်ရတော့ သူဘယ်မှာရှိလဲဆိုတာ လင်းထျန် သိတာပေါ့။
"ငါ ဒီမှာ" မလှမ်းမကမ်းဆီက ရှန်မုန့်ရီအသံ ထွက်ပေါ်လာတယ်။
"လာပြီ" လင်းထျန် ပြန်ဖြေပြီး ရှန်မုန့်ရီရှိတဲ့ဘက်ကို လျှောက်သွားလိုက်တယ်။
ခြေသံတွေ နီးလာတာ ကြားတော့ ရှန်မုန့်ရီ ရင်ခုန်သံတွေ ပိုမြန်လာတယ်။ သူ ဘောင်းဘီမဝတ်ထားဘူးဆိုတာ သူသိတယ်လေ။
လင်းထျန်က ရှန်မုန့်ရီရှေ့မှာ ရပ်လိုက်ပြီး တံခါးကို တစ်ချက်ကြည့်ကာ ရပ်တန့်လိုက်တယ်။
အကာအရံအောက်က ဟာကွက်ကနေတဆင့် အပြင်က လင်းထျန်ရဲ့ ခြေထောက်တွေကို ရှန်မုန့်ရီ မြင်နေရတယ်။ သူက "တံခါးအောက်က အပေါက်ကနေ ပစ်ထည့်ပေးလိုက်။ ငါ့ဟာငါ ကောက်ယူလိုက်မယ်" လို့ စိုးရိမ်တကြီး ပြောလိုက်တယ်။
"အင်း" လင်းထျန် ပြန်ဖြေပြီး လက်ထဲက လစဉ်သုံးပစ္စည်းထုပ်ကို အောက်ကအပေါက်ထဲ ထိုးထည့်ပေးလိုက်တယ်။
အပေါက်ဝမှာ ရုတ်တရက် ပေါ်လာတဲ့ Seven Spaces ထုပ်ကို မြင်တော့ ရှန်မုန့်ရီ အမြန်လှမ်းယူပြီး "ထွက်သွားတော့" လို့ အော်ပြောလိုက်တယ်။
"ကောင်းပြီ"
လင်းထျန် စကားပြောရင်း ခြေသံတွေက တဖြည်းဖြည်း ဝေးကွာသွားတယ်။
ခြေသံတွေ ဝေးသွားတာ ကြားတော့မှ ရှန်မုန့်ရီ သက်ပြင်းချနိုင်တော့တယ်။ သူ အထုပ်ကို ဖောက်ပြီး စသုံးတော့တယ်...
တစ်မိနစ်ကြာတော့ ရှန်မုန့်ရီ မတ်တပ်ရပ်လိုက်တယ်။
အကြာကြီး ထိုင်ထားတာမို့ မတ်တပ်ရပ်လိုက်တာနဲ့ ခြေထောက်နှစ်ဖက်လုံး ထုံကျဉ်နေတာကို ခံစားလိုက်ရတယ်။
အဝတ်အစားဝတ် ရေဆွဲချပြီးတော့ ရှန်မုန့်ရီ အိမ်သာတံခါးကို ဖွင့်လိုက်ရင်း "နှာဘူးကောင် ဒါကိုများ လာတွက်ပေးနေတယ်" လို့ တီးတိုးရေရွတ်လိုက်တယ်။
"ဟေး တကယ်ပဲလား။ ငါက ကူညီပေးထားတာကို ကွယ်ရာမှာ အတင်းပြောနေတယ်ပေါ့။ တကယ်ပဲလား" ရှန်မုန့်ရီ လှည့်ပြီး အိမ်သာတံခါး ပိတ်လိုက်တုန်းမှာပဲ သူ့အနောက်ကနေ ယောကျ်ားလေးအသံ ရုတ်တရက် ထွက်ပေါ်လာတယ်။
ရှန်မုန့်ရီ လန့်ဖျပ်သွားတယ်! အနောက်ကို အမြန်လှည့်ကြည့်လိုက်တော့ မလှမ်းမကမ်းမှာ ရပ်နေတဲ့ လင်းထျန်ကို မျက်လုံးပြူးကြီးနဲ့ တွေ့လိုက်ရတယ်။
ခဏလောက် ကြောင်သွားပြီးမှ ရှန်မုန့်ရီ မျက်နှာရဲသွားပြီး "နှာဘူးကောင် နင် ထွက်သွားပြီ မဟုတ်ဘူးလား" လို့ ဒေါသတကြီး မေးလိုက်တယ်။
"အမ်..." လင်းထျန်က အနေရခက်စွာ ပြုံးပြီး "ငါ... ငါက မင်း နောက်ထပ်အကူအညီ လိုဦးမလားလို့ စောင့်ကြည့်နေတာပါ" လို့ ပြောလိုက်တယ်။
"ထွက်သွား နှာဘူးကောင်" ရှန်မုန့်ရီ ဒေါသတကြီး အော်ဟစ်ပြီး အပြင်ဘက်ကို ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်သွားတယ်။
ဒါပေမဲ့ ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတဲ့အချိန် ရှန်မုန့်ရီ ရုတ်တရက် အော်ဟစ်ပြီး အနောက်ကို လဲကျသွားတယ်။
ခြေထောက်တွေ ထုံနေလို့ မြန်မြန်လျှောက်လို့မရဘူးဆိုတာ သူ မေ့သွားတာပါ။
ရှန်မုန့်ရီ လဲကျတော့မလို့ ဖြစ်နေတာမြင်တော့ လင်းထျန် လန့်သွားပြီး လှမ်းဖမ်းထိန်းလိုက်တယ်။
လင်းထျန်က လက်နဲ့ ဖမ်းလိုက်တာမို့ ရှန်မုန့်ရီ မလဲတော့ဘဲ သက်ပြင်းချလိုက်နိုင်တယ်။ ဒါပေမဲ့ ခဏနေတော့ ရှန်မုန့်ရီ တစ်ခုခုမှားနေမှန်း သတိထားမိလိုက်တယ်။ သူ ခေါင်းငုံ့ပြီး သူ့တင်ပါးကို ကြည့်လိုက်တော့ လင်းထျန်ရဲ့ လက်က အဲဒီနေရာမှာ ဖိကိုင်ထားတာ တွေ့လိုက်ရတယ်။ ရှန်မုန့်ရီ ဒေါသတကြီး မော့ကြည့်ပြီး "နင့်လက်က ဘယ်နေရာ ရောက်နေတာလဲ" လို့ ပြောလိုက်တယ်။
"အမ်... အမ်..." လင်းထျန် အနေရခက်စွာ လက်ဖယ်လိုက်ပြီး "အိုး... အိုး..." လို့ ရယ်ကျဲကျဲ လုပ်လိုက်တယ်။
"ဟွန့် နှာဘူး" ရှန်မုန့်ရီ နှာမှုတ်လိုက်တယ်။ သူ မတ်တပ်ရပ် လင်းထျန်ကို မျက်စောင်းထိုးပြီး ထွက်သွားဖို့ ပြင်လိုက်တယ်။
"မုန့်ရီ" ဒါပေမဲ့ ရှန်မုန့်ရီ ခြေလှမ်းနည်းနည်းပဲ လှမ်းရသေးတဲ့အချိန် အိမ်သာအပြင်ဘက်ကနေ ရင်းနှီးနေတဲ့ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာတယ်။
အဲဒါက သူ့အခန်းဖော် ရှောင်ဆွေရဲ့ အသံပါ။
အသံကြားတော့ ရှန်မုန့်ရီ ကြောင်သွားတယ်။ လင်းထျန်လည်း ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။
ဒါက...
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: