အခန်း (၁၄၆) ဘာမှ မပြောနဲ့... ကားစက်နှိုးတော့မယ်
ပေလျန်ခရိုင်မှ ပြန်ရောက်ပြီးနောက် ကျန်းဖုန်းသည် ဒီဖောက်သည်ကိစ္စကို နှစ်သစ်ကူး မတိုင်ခင် အပြီးဖြတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဝူဖူ မြို့နယ်သို့ တန်းသွားလိုက်သည်။ ဒါမှ နှစ်သစ်ကူးကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာကိုး။
ကျန်းတယ်ယွမ် အိမ်သို့ ရောက်သောအခါ ကျန်းမိသားစုက နွေးထွေးစွာ ကြိုဆိုကြသည်။
လက်ဖက်ရည် သောက်ရင်း ကျန်းဖုန်းက မိတ်ဆက်ပေးလိုက်သည်။ "အစ်ကိုဟွာ... ကျွန်တော် ရှာတွေ့ထားတဲ့ ကောင်မလေးက ပေါင်လင်မြို့နယ်ကပါ။ အသက် ၂၆ နှစ်၊ အရပ် ၁.၆ မီတာ၊ ရုပ်ရည် သင့်တင့်တယ်။ သူက အရမ်း ကြိုးစားတဲ့ မိန်းကလေးပါ။ အသက် ၁၇ နှစ် ကတည်းက ပေလျန်ခရိုင်၊ နန်ချန်ဈေးမှာ သူတို့မြို့နယ်ထွက် မြက်စားငါးရောင်းတဲ့ ဆိုင်ဖွင့်ထားတယ်။"
ဒါကိုကြားတော့ ကျန်းဂွေ့ဟွာ အံ့သြသွားပြီး "မိုက်လိုက်တာ။ ငါးရောင်းတယ် ဆိုတာ ပင်ပန်းပြီး ညစ်ပတ်တဲ့ အလုပ်လေ။ မိန်းကလေးတစ်ယောက်တည်း ငါးဆိုင်ဖွင့်ထားတယ် ဆိုတော့ တော်တော် အပင်ပန်းခံနိုင်တဲ့သူ ဖြစ်ရမယ်" ဟု ချီးကျူးလိုက်သည်။
ကျန်းမိဘနှစ်ပါးလည်း သဘောကျသွားကြသည်။ သာမန်မိသားစုတွေအတွက် ပျင်းရိပြီး အသုံးမကျတဲ့ ချွေးမထက်၊ ကြိုးစားပြီး အလုပ်လုပ်တဲ့ ချွေးမမျိုးကို ပိုလိုချင်ကြတာ သဘာဝပါပဲ။
ကျန်းဖုန်းက ဆက်ပြောသည်။ "ငါးတွေကို သူ့မိသားစုက မွေးထားတာ။ သူ့အဖေက ငါးဖမ်းတာနဲ့ ငါးလာပို့တာ ကူပေးတယ်။ ဒါပေမဲ့ ရောင်းတာကတော့ သူ့တာဝန် သက်သက်ပဲ။ နေ့တိုင်း အလုပ်ရှုပ်လွန်းလို့ အားလပ်ချိန်တောင် သိပ်မရှိဘူး။ ဒီလို လုပ်လာတာ ၉ နှစ် ရှိပြီ။ ဘယ်မိန်းကလေးမှ လိုက်မလုပ်နိုင်တဲ့ အလုပ်မျိုးပဲ။"
အဘိုးကျန်းက "အလုပ်ကြိုးစားတယ်၊ စီးပွားရေး လုပ်တတ်တယ်။ ဒီအချက် ၂ ချက်တည်းနဲ့တင် ဒီကောင်မလေးက အရမ်း ထူးချွန်မှန်း သိသာနေပြီ။ ဆရာကျန်း... သူ့ကံကြမ္မာနဲ့ ငါ့သားရဲ့ ကံကြမ္မာ လိုက်ဖက်မှု ရှိမရှိ တွက်ချက်ပြီးပြီ မလား" ဟု မေးလိုက်သည်။
ကျန်းဖုန်း ပြုံးပြီး "အကောင်းဆုံး ချွေးမ ရှာပေးမယ်လို့ ကျွန်တော် ပြောခဲ့တယ်လေ။ အထပ်ထပ် အခါခါ တွက်ချက်ပြီးမှ ဒီကောင်မလေးကို ရှာတွေ့တာ။ သူက အစ်ကိုဟွာနဲ့ ရေစက်ပါရုံတင်မကဘူး၊ သူ့ဇာတာက အဘိုးတို့နဲ့လည်း ဓာတ်တည့်တယ်။ သူသာ ကျန်းမိသားစုထဲ ရောက်လာရင် မိသားစု သာယာပြီး စီးပွားတက်လာမှာ သေချာတယ်" ဟု ပြောလိုက်သည်။
အဘိုးကျန်း မျက်လုံး အရောင်တောက်သွားသည်။ အိမ်မှာ နေ့တိုင်း ရန်ဖြစ်နေရတဲ့ ဘဝကို သူ ငြီးငွေ့နေပြီလေ။ "ဆရာကျန်း... ဒီကောင်မလေးက ငါ့သားနဲ့ Blind date လုပ်ဖို့ သဘောတူလား" ဟု စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
အဒေါ်ကျန်းနဲ့ ကျန်းဂွေ့ဟွာတို့ကတော့ ကျန်းဖုန်းရဲ့ စွမ်းရည်ကို ကိုယ်တိုင် မကြုံဖူးသေးလို့ အဘိုးလောက် စိတ်မလှုပ်ရှားပေမယ့် မျှော်လင့်ချက်တော့ ထားနေကြသည်။
"သဘောတူပါတယ်" ဟု ကျန်းဖုန်းက ခေါင်းညိတ်ပြီး ကျန်းဂွေ့ဟွာကို ကြည့်ကာ "ကောင်မလေး စိတ်ပါလာအောင် လုပ်နိုင်မလုပ်နိုင်ကတော့ အစ်ကို့ စွမ်းဆောင်ရည်ပေါ် မူတည်တယ်နော်" ဟု ပြောလိုက်သည်။
"ဆရာကျန်း... သူ့ဓာတ်ပုံ ကြည့်လို့ ရမလား" ဟု ကျန်းဂွေ့ဟွာက မေးသည်။
ကျန်းဖုန်းက ဖုန်းထုတ်ပြီး WeChat ကနေ ကျိုရီရန်ရဲ့ ဓာတ်ပုံကို ပို့ပေးလိုက်သည်။
ကျိုရီရန်ရဲ့ ရုပ်ရည်က ကျန်းဂွေ့ဟွာရဲ့ အကြိုက်နဲ့ ကိုက်ညီနေပုံရသည်။ ဓာတ်ပုံမြင်တာနဲ့ တော်တော် ဆွဲဆောင်မှု ရှိတယ်လို့ ခံစားလိုက်ရသည်။
အဘိုးကျန်းရဲ့ မျက်လုံးထဲမှာတော့ ဒီကောင်မလေးကို မြင်ရတာ ကိုယ့်သမီးအရင်းကို မြင်ရသလိုပဲ၊ ရင်းနှီးနွေးထွေးမှုကို ခံစားလိုက်ရသည်။ ဒါကြောင့် ဆရာကျန်း စကားကို ပိုယုံကြည်သွားသည်။ အဒေါ်ကျန်းလည်း ကြည့်ပြီး အလားတူ ခံစားလိုက်ရသည်။
"ဘယ်လိုလဲ... ကောင်မလေးက မဆိုးဘူးမလား" ဟု ကျန်းဖုန်းက မေးသည်။
အဘိုးကျန်းက ခေါင်းတငြိမ့်ငြိမ့်နဲ့ "တကယ် ကောင်းတယ်။ မြင်ရတာ ရင်းနှီးနေသလိုပဲ" ဟု ပြောသည်။ အဒေါ်ကျန်းလည်း ထောက်ခံသည်။
ကျန်းဂွေ့ဟွာက "ဆရာကျန်း... ကျွန်တော်လည်း စိတ်ဝင်စားတယ်။ တွေ့ဖို့ စီစဉ်ပေးလို့ ရမလား" ဟု မေးလိုက်သည်။
ကျန်းဖုန်းက "သူက နေ့တိုင်း ငါးရောင်းနေရတာဆိုတော့ နေ့လယ် ၁ နာရီနဲ့ ၄ နာရီ ကြားလောက်ပဲ နည်းနည်း အားတာ။ တွေ့ချင်ရင် အဲ့ဒီအချိန်လောက် သွားတွေ့ရမယ်။ ပြီးတော့ ပေလျန်ခရိုင်ကို သွားရမယ်။ အဆင်ပြေမလား" ဟု မေးသည်။
"ပြေပါတယ်" ဟု ဖြေသည်။
"ဒါဆို မနက်ဖြန် ဆိုင်စောစောသိမ်းဖို့ သူ့ကို ပြောထားလိုက်မယ်။ နေ့လယ်စာ အတူစားကြတာပေါ့။"
"အိုကေ။"
...
ပြည်နယ်မြို့တော်။
ချီမေ့ဟွာသည် ချောင်တားရင်း၏ လက်မောင်းကို တွဲပြီး အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင် တစ်ခုထဲသို့ ဝင်လာသည်။
ကျန်းဖုန်း စီစဉ်ပေးတဲ့ Blind date ပြီးတဲ့ နောက်တစ်နေ့မှာပဲ ချီမေ့ဟွာက မနေနိုင်တော့ဘဲ "ကုန်ပစ္စည်း စစ်ဆေး" ခဲ့ရာ ရလဒ်က အလွန် ကျေနပ်စရာ ကောင်းခဲ့သည်။ စက်ပစ္စည်းရဲ့ သတ်မှတ်ချက် အားလုံးက သူမ လိုအပ်ချက်နဲ့ ကိုက်ညီရုံမက ကျော်လွန်နေပါသေးတယ်။
ဖာရာရီကားရဲ့ အမြန်နှုန်းကို ခံစားဖူးသွားတဲ့အခါ ချီမေ့ဟွာက လယ်ထွန်စက်တွေကို စိတ်မဝင်စားတော့ပါဘူး။ ဒါကြောင့် သူမက ချောင်တားရင်းနဲ့ လက်ထပ်ဖို့ ရည်ရွယ်ပြီး တွဲခဲ့တာပါ။ လက်ရှိမှာ သူတို့ဆက်ဆံရေးက အရှိန်အဟုန်နဲ့ တိုးတက်နေပြီး လက်ထပ်စာချုပ် ချုပ်ဖို့တောင် စီစဉ်ထားကြပြီ။
စားသောက်ဆိုင်ထဲ ဝင်ပြီး သီးသန့်ဝိုင်းမှာ ထိုင်လိုက်ကြသည်။ ချီမေ့ဟွာရဲ့ အကြံပေးချက်အရ အစားအသောက် မှာယူပြီးနောက် ချောင်တားရင်းက ဆိုင်အပြင်အဆင်ကို လှည့်ပတ် ကြည့်ရှုလိုက်သည်။
သူက ချီမေ့ဟွာနဲ့ တွဲမှသာ ဒီလို အဆင့်မြင့်ဆိုင်မျိုးကို ရောက်ဖူးတာပါ။ မဟုတ်ရင် သူ့လစာနဲ့ဆို တစ်သက်လုံး ရောက်ဖူးမှာ မဟုတ်ဘူး။ ပိုက်ဆံပေးရတာနဲ့ တန်အောင် ဆိုင်အပြင်အဆင်က တကယ် ကြည့်လို့ကောင်းတယ်။ ယင်ကောင်တွေ ဝိုင်းနေတဲ့ လမ်းဘေးဆိုင်မှာ စားရတာနဲ့ လုံးဝ ကွာခြားတဲ့ ခံစားချက်မျိုးပါပဲ။
"တားရင်း... ဒီဆိုင် အခြေအနေ ဘယ်လိုလဲ" ဟု ချီမေ့ဟွာက ပြုံးလျက် မေးလိုက်သည်။
"တကယ့်ကို အဆင့်မြင့်ပြီး ကျက်သရေ ရှိတယ်။ ဒီလိုနေရာမျိုးမှာ စားရတာ ခံတွင်း ပိုတွေ့စေတယ်" ဟု ချောင်တားရင်းက ချီးကျူးလိုက်သည်။
"မောင် ကြိုက်ရင် နောက်ဆို နေ့တိုင်း ဒီကို လာစားကြမယ်လေ" ဟု ချီမေ့ဟွာက ပြောသည်။
ချောင်တားရင်း ခေါင်းခါပြီး "အနောက်တိုင်း အစားအစာက ရံဖန်ရံခါ စားရင် ကောင်းပါတယ်။ ဒါပေမဲ့ တရုတ်အစားအစာက ကျွန်တော်နဲ့ ပိုကိုက်ညီတယ်လို့ ခံစားရတယ်" ဟု ပြောသည်။
"မောင် ကြိုက်တာ မှန်သမျှ တို့ လိုက်စားပေးမယ်" ဟု ချီမေ့ဟွာက ရယ်မောပြီး ပြောသည်။
ချောင်တားရင်း ပြုံးပြီး ပြန်ပြောမလို့ လုပ်တုန်း သူ့အကြည့်တွေ ရပ်တန့်သွားသည်။
ချီမေ့ဟွာက သူ့ကို ဂရုတစိုက် ကြည့်နေတာမို့ အပြောင်းအလဲကို ချက်ချင်း သတိထားမိလိုက်သည်။ သူ့အကြည့် ရှိရာကို လိုက်ကြည့်လိုက်တော့ မလှမ်းမကမ်း ဝိုင်းမှာ ထိုင်နေတဲ့ စုံတွဲတစ်တွဲကို တွေ့လိုက်ရသည်။
အမျိုးသားက အသက် ၅၀ လောက် ရှိမည်။ ထိပ်ပြောင်ပြီး ဗိုက်ရွှဲကာ ဆီပြန်နေတဲ့ ပုံစံမျိုး။ အမျိုးသမီးကတော့ အသက် ၂၅၊ ၂၆ လောက် ရှိမည်။ တော်တော်လေး ဆွဲဆောင်မှု ရှိသည်။ သူမက အဲ့ဒီ လူကြီးနဲ့ ရယ်မော စကားပြောနေသည်။
ချောင်တားရင်းနဲ့ ချီမေ့ဟွာက စိုက်ကြည့်နေတာကို ခံစားမိလို့ ထင်တယ်... ထိုအမျိုးသမီးက ရုတ်တရက် လှည့်ကြည့်လာပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။
ချီမေ့ဟွာ သဘောပေါက်သွားပြီး "ဒါ မောင်ပြောတဲ့... မောင့်ကို ဆင်းရဲလို့ ထားခဲ့တဲ့ ရည်းစားဟောင်းလား" ဟု တိုးတိုးလေး မေးလိုက်သည်။
ချောင်တားရင်း စိတ်မကောင်း ဖြစ်သွားသည်။ အကြည့်လွှဲလိုက်ပြီး "ဟုတ်တယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို အရေးပါတဲ့လူလို့ ထင်ခဲ့တာ။ တကယ်တမ်းကျတော့ ဆီပြန်နေတဲ့ လူကြီးလောက်တောင် အရေးမပါဘူး ဖြစ်နေတာပဲ။ ကျွန်တော်က လူဖျင်းတစ်ယောက် ဖြစ်နေတာလား" ဟု မေးလိုက်သည်။
ချီမေ့ဟွာ ခေါင်းခါပြီး "နှိုင်းယှဉ်နေစရာ မလိုပါဘူး။ မောင့်ရည်းစားဟောင်း မျက်လုံးထဲမှာတော့ ဒီလိုဆိုင်မျိုး ခေါ်ကျွေးနိုင်တဲ့ လူကြီးက မောင့်ထက် သာတယ်လို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေမဲ့ တို့မျက်စိထဲမှာတော့ အဲ့ဒီလူက မောင့်ခြေဖျားတောင် မမီပါဘူး" ဟု နှစ်သိမ့်သည်။
တချိန်တည်းမှာပဲ... ချောင်တားရင်းရဲ့ ရည်းစားဟောင်းလည်း စိတ်ရှုပ်ထွေးနေသည်။ ချောင်တားရင်းကို ဒီလို အဆင့်မြင့်ဆိုင်မျိုးမှာ တွေ့ရလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ သူမ သိသလောက်ဆိုရင် သူ့တစ်သက် ဒီလိုနေရာမျိုး ရောက်လာစရာ အကြောင်း မရှိဘူး။ ဘေးနားက "အဒေါ်ကြီး" ကြောင့်များလား။
မထင်မှတ်ဘဲ သူလည်း သူမ ရွေးတဲ့ လမ်းမျိုးကို ရွေးလိုက်တာပဲ။ သူမက ချောင်တားရင်းကို ထားခဲ့ပြီး မကြာခင်မှာပဲ ဒီချမ်းသာတဲ့ လူကြီးနဲ့ တွဲဖြစ်ခဲ့တာပါ။ မိန်းကလေးတွေက ဒီနေရာမှာ အားသာချက် ရှိတယ်လေ။ လိုချင်ရင် ယောကျ်ား မရှားပါဘူး။
ဒီလူကြီးနဲ့ တွဲပြီးနောက်ပိုင်း အရင်က မကြုံဖူးတဲ့ ဘဝမျိုးကို ခံစားခဲ့ရတယ်။ အဆင့်မြင့် စားသောက်ဆိုင်တွေမှာ စားရတာ၊ တန်ဖိုးကြီး လက်ဆောင်တွေ ရတာမျိုးပေါ့။ ပျော်ဖို့ ကောင်းပါတယ်။
တစ်ခုပဲ ဆိုးတာက... လူကြီးရဲ့ "အဲ့ဒီကိစ္စ" စွမ်းဆောင်ရည်က သိပ်ညံ့ဖျင်းတာပါပဲ။ ရည်းစားဟောင်း (ချောင်တားရင်း) နဲ့ လုံးဝ ကွာခြားပါတယ်။ မြန်မြန်ပြီးသွားပြီး ဘာခံစားမှုမှ မကျန်ခဲ့ဘူး။ အစပိုင်းမှာ ကိစ္စမရှိပေမယ့်၊ အကြိမ်များလာတော့ စိတ်ပျက်လာပြီး ရည်းစားဟောင်းနဲ့ နေခဲ့ရတဲ့ ပြည့်စုံတဲ့ ခံစားမှုတွေကို လွမ်းဆွတ်လာမိသည်။
'ရည်းစားဟောင်းမှာသာ ဒီလူကြီးရဲ့ ငွေကြေးအင်အား ရှိရင်... ဒါမှမဟုတ် ဒီလူကြီးမှာ ရည်းစားဟောင်းရဲ့ စွမ်းဆောင်ရည်သာ ရှိရင် ဘယ်လောက်ကောင်းမလဲ' လို့ တွေးမိသည်။
မကြာခင် စားပွဲထိုး ဟင်းလာချပေးတော့ ချောင်တားရင်း စိတ်ညစ်စရာတွေကို ဘေးဖယ်ပြီး အစားအသောက်ကို အရသာခံ စားသောက်လိုက်သည်။
နာရီဝက် အကြာ။ တိုက်ဆိုင်စွာနဲ့ပဲ ချောင်တားရင်းတို့ ပြန်တဲ့အချိန်မှာ ရည်းစားဟောင်းတို့ စုံတွဲလည်း ပြန်ထွက်လာကြသည်။ ဆိုင်ထဲကနေ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြတာ။
ချောင်တားရင်းနဲ့ ရည်းစားဟောင်း အကြည့်ချင်း ဆုံပေမယ့် ဘယ်သူမှ နှုတ်မဆက်ကြဘဲ ကိုယ့်ကားကိုယ်စီးပြီး ထွက်ခွာသွားကြသည်။
ချီမေ့ဟွာ ကားမောင်းနေရင်း ရယ်မောကာ "၂ နှစ်၊ ၃ နှစ်လောက် တွဲလာတာပဲ... ခုနက ဘာလို့ နှုတ်မဆက်လိုက်တာလဲ" ဟု မေးလိုက်သည်။
ချောင်တားရင်း ခေါင်းခါပြီး "မေ့လိုက်ပါတော့... ရေစက်ကုန်သွားပြီပဲ။ တစ်ယောက်နဲ့ တစ်ယောက် အနှောင့်အယှက် မပေးဘဲ နေလိုက်တာက အကောင်းဆုံး နှုတ်ဆက်ခြင်းပါပဲ" ဟု ပြောလိုက်သည်။
ချီမေ့ဟွာ ဖျော့တော့စွာ ပြုံးလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။ ချောင်တားရင်းရဲ့ ရည်းစားဟောင်းက သူမလောက် မလှပါဘူး။ အားသာချက်က ငယ်တာ တစ်ခုပဲ ရှိတာ။ ချောင်တားရင်းက ရည်းစားဟောင်းအပေါ် သံယောဇဉ် ကျန်နေမှာကို သူမ လုံးဝ မပူပါဘူး။ ချောင်တားရင်းနဲ့ တွဲတာ မကြာသေးပေမယ့် သူမရဲ့ အတွေ့အကြုံအရ သူ့စိတ်ကို အလွယ်တကူ ဖတ်လို့ ရနေသလို၊ သူ့နှလုံးသားကို သိမ်းပိုက်နိုင်မယ်လို့လည်း ယုံကြည်မှု အပြည့် ရှိပါတယ်။
...
ပြည်နယ်မြို့တော်မှာပါပဲ။
မှုခင်းဆရာဝန် ချင်းကွမ်ဟိုင်နဲ့ သုဘရာဇာ ယဲ့ထုံတို့ တိတ်တဆိတ် လက်ထပ်စာချုပ် ချုပ်ဆိုလိုက်ကြပြီ။
နှစ်ယောက်စလုံး မင်္ဂလာဆောင် ကျင်းပဖို့ အစီအစဉ် မရှိကြပါဘူး။ တကယ်လို့ ချင်းကွမ်ဟိုင်က တခြား အလုပ်အကိုင်ရှိတဲ့ မိန်းမတစ်ယောက်ကို ယူတာဆိုရင်တော့ မင်္ဂလာဆောင် ပေးချင်ပေးမှာပါ။ ဒါပေမဲ့ သူယူတာက သုဘရာဇာလေ။ မှုခင်းဆရာဝန် ဆိုတာကတည်းက လူတွေ တွန့်ဆုတ်နေကြတာ... သုဘရာဇာပါ ထပ်ပေါင်းလိုက်ရင် ဘယ်ဆွေမျိုး၊ မိတ်ဆွေက လာရဲမှာလဲ။
ဒါကြောင့် သူတို့မင်္ဂလာပွဲက မိသားစု နှစ်ဖက် အတူတူ ထမင်းလက်ဆုံ စားကြတာလောက်ပါပဲ။ တစ်ခုတည်းသော အခမ်းအနားကတော့ လက်ထပ်စာချုပ် ချုပ်တဲ့နေရာမှာ အာဏာပိုင်တွေ လုပ်ပေးတဲ့ အခမ်းအနား အသေးစားလေးပါပဲ။
မင်္ဂလာဦးညမှာ သူတို့ ပြောတဲ့ စကားတွေကလည်း တော်တော် ထူးဆန်းပါတယ်။
"ဟေ့... အသက်ရှိတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က သေပြီးသား လူနဲ့ မတူဘူးနော်။ ကိုင်လိုက်ရင် နွေးနေတာပဲ။"
"မတူပါဘူး။ အလောင်းကို ကိုင်ရတာ လက်အိတ်စွပ်ထားရင်တောင် အေးစက်စက် ခံစားမှုကြီး။ အသက်ရှင်နေတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ခုမှ ကိုင်ဖူးတာ... တကယ် နေလို့ကောင်းတယ်။ ကိုင်လေ ပိုနွေးလာလေပဲ။ ကိုယ်ပူလာသလိုတောင် ခံစားရတယ်။"
"အင်း... ကိုယ်အပူချိန် တက်လာတယ်၊ နှလုံးခုန် မြန်လာတယ်။ ခံစားချက်က အရမ်း ထူးဆန်းတာပဲ။"
"အို... ရှင် ဘယ်နေရာကို ကိုင်လိုက်တာလဲ။"
"ဘာမှ မပြောနဲ့တော့... ကားစက်နှိုးတော့မယ်!"
"အင်း......"
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: