အခန်း ၇၅ - ထူးဆန်းသော ညီအစ်မများ
ချုံပုတ်များ လှုပ်ခတ်သွားပြီး လူတစ်ယောက် မတ်တပ်ရပ်လိုက်သည်။ လက်ထဲတွင် လခြမ်းကွေး ဓား ၂ လက် ကိုင်ဆောင်ထားပြီး သာမန်လက်နက်များ မဟုတ်ကြောင်း သိသာသည်။
ကျိုးဟန် အံ့သြသွားသည်။ သူ့ကို ချောင်းမြောင်း တိုက်ခိုက်မည့်သူဟု ထင်မှတ်ခဲ့သော်လည်း အခုတော့ မဟုတ်တော့ဘူး။ ဘာလို့လဲ ဆိုတော့ တဖက်လူက ပြင်းထန်တဲ့ ဒဏ်ရာ ရထားပြီး အသက်ရှူသံ မမှန်မကန် ဖြစ်နေလို့။
ဒါ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး အလှပဂေးလေး တစ်ယောက်။ မျက်လုံးများ တောက်ပပြီး နှာတံ ပေါ်လွင်ကာ ဆံနွယ်နက်များက ကျောပြင်တွင် ဖြန့်ကျနေသည်။ မိန်းကလေး ဇီရှင်းနှင့် လင်းဖူရှန်တို့ထက် မလျော့နည်းသော အလှပဂေးလေး ဖြစ်သည်။ ဒါပေမယ့် အထူးခြားဆုံးက သူမရဲ့ ရင်သားတွေပါပဲ။ ကြီးမားလွန်းလို့ တောင် ၂ လုံးလို ဖြစ်နေတယ်။
ရင်သား ကြီးတိုင်း ကောင်းတာ မဟုတ်ပါဘူး။ တချို့က ကြည့်ရဆိုးတယ်။ ဒါပေမယ့် သူမရဲ့ ရင်သားတွေက ကြီးမားသလောက် အချိုးကျပြီး လှပလွန်းတယ်။ ပိန်ပါးသော ကိုယ်လုံးလေးနှင့် လိုက်ဖက်ညီပြီး အလွန် ဆွဲဆောင်မှု ရှိစေတယ်။
သူမ၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသဖြင့် သနားစရာ ကောင်းနေသည်။ ပြည့်ဖြိုးသော ရင်သားများနှင့် ပေါင်းစပ်လိုက်သောအခါ မြင်ရသူတိုင်း အနိုင်ကျင့်ချင်စိတ် ပေါက်လာစေနိုင်တယ်။
"ရှင် ဘယ်သူလဲ"
"ခင်ဗျား ဘယ်သူလဲ"
နှစ်ဦးစလုံး ပြိုင်တူ မေးလိုက်ကြသည်။
"ကျွန်မ နာမည်က ကူဇီ" အလှပဂေးလေးက ပြန်ဖြေလိုက်သည်။ သူမ၏ အသံက ကြည်လင်အေးမြပြီး သာယာနာပျော်ဖွယ် ကောင်းလှသည်။
ကျိုးဟန် ခဏ စဉ်းစားပြီး "ကျွန်တော့်နာမည် ကျိုးဟန်ပါ" ဟု ပြောလိုက်သည်။ ယွမ်ရှီမြို့က ကလေးငယ် မဟုတ်တော့သဖြင့် တစ်ဖက်လူ မလိမ်ညာကြောင်း သေချာသည်။
"ရှင်က ကူလုရဲ့ လူ မဟုတ်ဘူးလား" ကူဇီ ထပ်မေးလိုက်သည်။
ကူလု... ကူဇီ... နာမည်တွေက ဆင်တူနေတယ်။
ကျိုးဟန် ခေါင်းခါလိုက်ပြီး "မသိပါဘူး" ဟု ပြောလိုက်သည်။
"အော်..." ကူဇီ ခေါင်းညိတ်ပြီး ပြန်ထိုင်လိုက်သည်။ သူမ၏ ပုံရိပ်ကို မြက်ပင်များက ချက်ချင်း ဖုံးကွယ်သွားသည်။
ယုံလိုက်တာလား။
ကျိုးဟန် ရူးချင်သွားသည်။ ဒီမိန်းမက တော်တော် ယုံလွယ်တာပဲ။ ကူဇီ၏ အသက်ရှူသံ တိုးညှင်းနေသော်လည်း နှလုံးခုန်သံက မြန်ဆန်နေသည်။ ဒါ ဝိညာဉ်စွမ်းအင်ကို ထိန်းညှိနေတဲ့ အသံပဲ။
သူစိမ်းတစ်ယောက် ရှေ့မှာ တရားထိုင်ပြီး ဝိညာဉ်စွမ်းအင် ထိန်းညှိရဲတယ် ဆိုတော့ လောကအကြောင်း နားမလည်တာလား၊ ဒါမှမဟုတ် ဘယ်သူ့ကိုမှ မကြောက်တာလား။
ပြိုင်ဘက်က အဲဒီလောက် မသန်မာပါဘူး။
ကျိုးဟန် စဉ်းစားလိုက်သည်။ ကူဇီက လျူရှန့်ကျယ်နဲ့ အဆင့်တူ လောက်ပဲ ရှိမယ်။ ဒါပေမယ့် ဒဏ်ရာ ရထားလို့ အရှိန်အဝါ မငြိမ်မသက် ဖြစ်နေတယ်။ ဝိညာဉ်စုဆောင်းခြင်း နယ်ပယ် အဆင့် ၁ လောက်ပဲ စွမ်းအား ထုတ်သုံးနိုင်မယ်။ ကျွမ်းကျင်သူလို့ မခေါ်နိုင်သေးဘူး။
ကျူးကျီဟယ် ပြောဖူးတဲ့ စကားကို သတိရလိုက်တယ်။ မိန်းမတွေက အပြင်ပန်းမှာ ကြော့ရှင်းလေ၊ အတွင်းစိတ်မှာ ရူးသွပ်လေပဲတဲ့။ မှန်ပုံရတယ်။
ကျူးကျီဟယ်သာ သိရင် ငိုမိမှာ သေချာတယ်။ သူ ဆိုလိုတာက ကုတင်ပေါ် ရောက်သွားရင် ဖြစ်လာမယ့် အခြေအနေကို ပြောတာ
"ဂါး..."
သားရဲတစ်ကောင်၏ ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး နီဝါရောင် ကျားတစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ၁၀ ပေ မြင့်ပြီး ၇ ပေ ရှည်လျားသည်။ ကျိုးဟန်နှင့် ကူဇီကို သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ဝိညာဉ်စုဆောင်းခြင်း နယ်ပယ် အဆင့် ၂ မိစ္ဆာကောင်။
ကျိုးဟန် ပြုံးလိုက်သည်။ အဆင့် ၂ ကို တက်လှမ်းဖို့ စွမ်းအင် အနည်းငယ် လိုနေတာ၊ အခု အိပ်ချင်နေတုန်း ခေါင်းအုံး ရောက်လာသလိုပဲ။
"တိရစ္ဆာန်ကောင်... လာစမ်း"
လူနှင့် ကျား တိုက်ခိုက်ကြသည်။ မိစ္ဆာကောင်က အဆင့် ၂ ဆိုပေမယ့် ကျိုးဟန်လို သတ္တဝါဆန်းကို ဘယ်ယှဉ်နိုင်မှာလဲ။ အဆင့် ၃ တောင် ရှုံးနိမ့်သွားတာ။ လျင်မြန်သော တိမ်တိုက် စီးဆင်းသော အလင်းရောင် ခြေလှမ်းကြောင့် ထွက်ပြေးဖို့တောင် အခွင့်အရေး မရဘဲ ဓားနက်ရဲ့ ထိုးနှက်မှုကို ခံလိုက်ရတယ်။
ကျိုးဟန် တင်ပလ္လင်ခွေ ထိုင်ပြီး စုပ်ယူထားသော အသက်စွမ်းအင်များကို ချက်ချင်း သန့်စင်လိုက်သည်။ မိန်းမတစ်ယောက်တောင် ဒီလောက် သတ္တိကောင်းနေမှတော့ သူက ဘယ်လိုလုပ် အားနည်းတဲ့ ပုံစံ ပြနိုင်မှာလဲ။
သို့သော် အဆင့် ၂ မိစ္ဆာကောင်၏ စွမ်းအင်က နာရီဝက်လောက်ပဲ သန့်စင်လို့ ရတယ်။ မကြာမီ သူ မတ်တပ်ရပ်လိုက်သည်။ နောက်ထပ် ၁ ရက်၊ ၂ ရက်လောက် ဆိုရင် အဆင့် ၂ ကို တက်လှမ်းနိုင်တော့မယ်လို့ ခန့်မှန်းလိုက်သည်။
ထိုအချိန်တွင် မြက်ခင်းထဲမှ စွမ်းအင်လှိုင်း တစ်ခု ထွက်ပေါ်လာပြီး ကူဇီ မတ်တပ်ရပ်လိုက်သည်။ သူမ၏ ကြီးမားသော ရင်သားများ တုန်ခါသွားသည်။
"ကျေးဇူးတင်ပါတယ်" ကျိုးဟန်ကို တစ်ချက်ကြည့်ပြီး သူမ တည်ငြိမ်စွာ ပြောလိုက်သည်။
ဒီမိန်းမက တကယ် ထူးဆန်းတာပဲ။
ကျိုးဟန် မျက်မှောင်ကြုတ်လိုက်ပြီး "ဒဏ်ရာ အပြည့်အဝ မပျောက်သေးဘူး မဟုတ်လား" ဟု မေးလိုက်သည်။
"ဒဏ်ရာ မဟုတ်ဘူး အဆိပ်မိတာ" ကူဇီ ခေါင်းခါလိုက်သည်။ "အဆိပ် တစ်စိတ်တစ်ပိုင်းကိုပဲ မောင်းထုတ်နိုင်သေးတယ်။ ဝိညာဉ်စုဆောင်းခြင်း နယ်ပယ် အဆင့် ၁ အလယ်ပိုင်းလောက်ပဲ ပြန်ကောင်းသေးတယ်။ အပြည့်အဝ ပြန်ကောင်းဖို့ အနည်းဆုံး ၃ ရက်လောက် ကြာဦးမယ်"
ကျိုးဟန် မူးလဲချင်သွားသည်။ ဒီမိန်းမက ကမ္ဘာပေါ်မှာ လူဆိုး မရှိဘူးလို့ ထင်နေတာလား။ ဒီလောက် လျှို့ဝှက်တဲ့ ကိစ္စကို ဘာလို့ ထုတ်ပြောရတာလဲ။ သူ အခွင့်ကောင်းယူပြီး သတ်ပစ်မှာ၊ ဒါမှမဟုတ် မုဒိမ်းကျင့်မှာ မကြောက်ဘူးလား။
"ခင်ဗျား ကျွန်တော့်ကို အဲဒီလောက် ယုံလား"
ကူဇီ ကျိုးဟန်ကို လေးနက်စွာ ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ "ရှင်က ကျွန်မကို ဒုက္ခပေးမယ့်သူ မဟုတ်ဘူး ဆိုတာ ခံစားမိလို့ပါ" ဟု ပြောလိုက်သည်။
ကျိုးဟန် ဘာပြန်ပြောရမှန်း မသိတော့ပေ။ သူမက အရမ်း လေးနက်နေတော့ စကားမပြောနိုင် ဖြစ်သွားသည်။
"တစ်ယောက်ယောက် လိုက်လာနေတယ်။ မကြာခင် ရောက်လာလိမ့်မယ်။ ရှင် အမြန် ထွက်သွားတာ ကောင်းမယ်" ကူဇီ ခဏ နားပြီး ဆက်ပြောသည်။
"သိပါတယ်" ကျိုးဟန် သက်ပြင်းချလိုက်သည်။ မဟုတ်ရင် ဘယ်လိုလုပ် အဆိပ်မိမှာလဲ။
"ဒါဆို ဘာလို့ မသွားသေးတာလဲ" ကူဇီ ကြည်လင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ "သူမက ကနဦး ခွဲဝေခြင်း နယ်ပယ် အဆင့် ၁ ရောက်နေပြီ။ ရှင်က သန်မာပေမယ့် သူ့ပြိုင်ဘက် မဟုတ်ဘူး"
ကနဦး ခွဲဝေခြင်း နယ်ပယ် ဟုတ်လား။ ဒါဆိုရင်တော့ သေချာပေါက် မယှဉ်နိုင်ဘူး။ ဒါပေမယ့် ဒီမိန်းမရဲ့ အမြင်အာရုံက အံ့သြစရာ ကောင်းလိုက်တာ။ သူ့တိုက်ခိုက်စွမ်းရည် အစစ်အမှန်ကို မြင်နိုင်တယ် ဟုတ်လား။
ကျိုးဟန် အံ့သြသွားသည်။ ဒီမိန်းမက လောကအကြောင်း နားမလည်တဲ့ ကလေးလို ဖြစ်နေပေမယ့် အရာအားလုံးကို ထိုးဖောက်မြင်နိုင်စွမ်း ရှိနေတာ ထူးဆန်းတယ်။
စဉ်းစားကြည့်ရင် သူမသာ တကယ် တုံးအတယ် ဆိုရင် ကနဦး ခွဲဝေခြင်း နယ်ပယ်ကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။
"ထွက်ပြေးချင်တာလား။ နောက်ကျသွားပြီ"
ချိုသာသော အသံတစ်သံ ထွက်ပေါ်လာပြီး ပိန်ပါးသော ပုံရိပ်တစ်ခု ပျံသန်းလာသည်။ ဝိညာဉ်စုဆောင်းခြင်း နယ်ပယ်ထက် များစွာ သာလွန်သော ကြောက်မက်ဖွယ် အရှိန်အဝါ တစ်ခု ထုတ်လွှတ်နေသည်။
ကနဦး ခွဲဝေခြင်း နယ်ပယ်။
ဒါ ကူဇီကို လိုက်ဖမ်းနေတဲ့သူ ကူလုလား။
ကျိုးဟန် သေချာ ကြည့်လိုက်ရာ အသက် ၂၄၊ ၂၅ နှစ် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး ကူဇီနှင့် ရုပ်ချင်း အလွန် တူညီကြောင်း တွေ့ရှိလိုက်ရသည်။
မျက်နှာချင်း ယှဉ်ကြည့်ရင် ခွဲခြားရ ခက်တယ်။ ဒါပေမယ့် တစ်ကိုယ်လုံး ကြည့်ရင်တော့ မျက်မမြင် မဟုတ်တဲ့သူတိုင်း ခွဲခြားနိုင်တယ်။ အရပ်အမောင်း တူညီပေမယ့် ရင်သား အရွယ်အစားက မိုးနဲ့ မြေလို ကွာခြားတယ်။
ကူလုရဲ့ ရင်ဘတ်က လုံးဝ ပြားချပ်နေတယ်။
ဒီ ၂ ယောက်က အမြွှာတွေ ဖြစ်မှာ သေချာတယ်။
"ငါ ထင်ထားတာထက် ၃ မိနစ် စောရောက်လာတာပဲ" ကူဇီ တည်ငြိမ်စွာ ပြောလိုက်ပြီး ကျိုးဟန်ကို ညွှန်ပြကာ "သူက မသက်ဆိုင်တဲ့ သူပါ။ လွှတ်ပေးလိုက်ပါ" ဟု ပြောလိုက်သည်။
"ဟွန့်... မသက်ဆိုင်ဘူး ပြောတာနဲ့ ပြီးရောလား။ ငါကတော့ သတ်ပစ်မှာပဲ" ကူလု ချိုသာစွာ ပြုံးလိုက်သည်။ အသံက ချိုသာပေမယ့် ရက်စက်သော စကားလုံးများ ပြောဆိုနေသည်။
"အဓိပ္ပာယ် မရှိတာ" ကူဇီ အေးစက်စွာ ပြန်ပြောလိုက်သည်။
"ကူဇီ... နင်ကိုယ်တိုင် အန္တရာယ် ကြုံနေတာတောင် နင့်ချစ်သူရဲ့ အသက်ကို စိတ်ပူနေသေးတယ်ပေါ့" ကူလု လှောင်ပြောင်လိုက်သည်။ ညီအစ်မ ၂ ယောက် စရိုက်ချင်း လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။ တစ်ယောက်က အေးစက်ပြီး တစ်ယောက်က မီးလို ပူပြင်းတယ်။ ဒါပေမယ့် ပူပြင်းတဲ့သူက မိစ္ဆာမ ဖြစ်နေတယ်။ "စိတ်မပူပါနဲ့... ငါတို့က ညီအစ်မတွေပဲ။ ၂ ယောက်စလုံးကို အတူတူ မြှုပ်နှံပေးပါ့မယ်"
"နေပါစေ... ကျွန်တော် သေဖို့ စိတ်ကူး မရှိပါဘူး" ကျိုးဟန် ဝင်ပြောလိုက်သည်။
"မင်းဆန္ဒ ရှိမရှိက အရေးမကြီးဘူး။ အဓိကက ငါက မင်းကို သေစေချင်တယ်။ ဘယ်သူမှ မကယ်နိုင်ဘူး" ကူလု ကျိုးဟန်ကို ချိုသာစွာ ပြုံးပြလိုက်သည်။
"မသေချာပါဘူး" ကျိုးဟန် လှုပ်ရှားလိုက်သည်။ လျင်မြန်သော တိမ်တိုက် စီးဆင်းသော အလင်းရောင် ခြေလှမ်းကို ထုတ်ဖော်လိုက်ပြီး ခြေတစ်လှမ်းတည်းဖြင့် ကူဇီဘေးသို့ ရောက်ရှိသွားကာ သူမကို ပွေ့ချီပြီး အစွမ်းကုန် ထွက်ပြေးလိုက်သည်။
လျင်မြန်သော တိမ်တိုက် စီးဆင်းသော အလင်းရောင် ခြေလှမ်းကို အစွမ်းကုန် အသုံးပြုလိုက်လျှင် အမြန်နှုန်း အဆ ၁၀၀ တိုးလာသည်။
ဝှစ်... ကျိုးဟန် အမည်းစက်လေး တစ်စက် အဖြစ် ပြောင်းလဲသွားသည်။
"သေစမ်း" ကူလု ဟိန်းဟောက်လိုက်သည်။ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲ ဖြစ်သဖြင့် ပိုမို ကြောက်စရာ ကောင်းနေသည်။ "မင်း မလွတ်နိုင်ပါဘူး"
သူမ နောက်မှ လိုက်သွားသည်။
ကနဦး ခွဲဝေခြင်း နယ်ပယ် သိုင်းပညာရှင် တစ်ဦးသည် ခွန်အားနှင့် အမြန်နှုန်းတွင် ဝိညာဉ်စုဆောင်းခြင်း နယ်ပယ် သိုင်းပညာရှင်ထက် များစွာ သာလွန်ကြောင်း ဝန်ခံရမည်။ သို့သော် လျင်မြန်သော တိမ်တိုက် စီးဆင်းသော အလင်းရောင် ခြေလှမ်းနှင့် ယှဉ်လျှင် နောက်ကောက်ကျန်နေသေးသည်။ ကူလု အစွမ်းကုန် လိုက်သော်လည်း ကျိုးဟန် ကူဇီကို ပွေ့ချီပြီး ပျောက်ကွယ်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
လွတ်သွားပြီ။
ဘုန်း... ဘုန်း... ဘုန်း...
သူမ ဒေါသတကြီး လက်သီးများ၊ လက်ဝါးများဖြင့် ရိုက်နှက်လိုက်သည်။ ကနဦး ခွဲဝေခြင်း နယ်ပယ်၏ စွမ်းအားက ကြောက်မက်ဖွယ် ကောင်းလှသည်။ ရိုက်ချက် တစ်ချက်တိုင်းတွင် မြေကြီးပေါ်၌ ၁၀ ပေခန့် နက်သော တွင်းကြီးများ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ အကုန် ပြိုလဲကုန်သည်။
...
ကျိုးဟန် အစွမ်းကုန် ပြေးသော်လည်း လက်ရှိ ဝိညာဉ်စွမ်းအင် ပမာဏဖြင့် ၁၀ မိနစ်ခန့်သာ ခံနိုင်ပြီး မကြာမီ ကုန်ခမ်းတော့မည် ဖြစ်သည်။
ဝီ...
ဒန်တျန်းထဲရှိ ဓားနက် ရုတ်တရက် တုန်ခါသွားပြီး ဦးတည်ချက် တစ်ခုကို ညွှန်ပြလိုက်သည်။
ကျိုးဟန် အံ့သြသွားသည်။ ဝိညာဉ်စုဆောင်းခြင်း နယ်ပယ် ရောက်ပြီးနောက် ဓားနက်၏ "ရတနာရှာဖွေခြင်း" စွမ်းရည် ပျောက်ကွယ်သွားပြီဟု ထင်မှတ်ခဲ့သော်လည်း ပြန်လည် တုံ့ပြန်လာသည်။ သူ ချက်ချင်း လှည့်ပြီး ဓားနက် ညွှန်ပြရာသို့ ပြေးသွားလိုက်သည်။
ဖော်ပြမပြနိုင်သော ထူးဆန်းသည့် ခံစားချက် တစ်ခု လွှမ်းခြုံသွားသည်။ ကျိုးဟန် သူ့ခန္ဓာကိုယ် ခေတ္တမျှ တောင့်တင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး သူနှင့် ကူဇီ မူလနေရာမှ ပျောက်ကွယ်သွားကာ တစ်စုံတစ်ခု၏ မျိုချခြင်း ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။
ဘုန်း...
ကျိုးဟန် အားကုန်သွားပြီး မြေကြီးပေါ် လဲကျသွားသည်။ ကူဇီကမူ လေထဲတွင် ကိုယ်ကို လှည့်ပြီး မြေကြီးပေါ် တည်ငြိမ်စွာ ရပ်တန့်လိုက်ကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေသည်။
မြစ်ကိုကူးပြီး တံတားဖျက်တယ် ဆိုတာ ဒါပဲ။ ကူညီဖို့တောင် စိတ်ကူး မရှိဘူး။
ကျိုးဟန်လည်း မတ်တပ်ရပ်လိုက်သည်။ အခု ဒါတွေ စိတ်ပူနေရမယ့် အချိန် မဟုတ်ဘူး။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကြီးမားသော အပျက်အစီးများကို တွေ့လိုက်ရသည်။ ကျိုးပဲ့နေသော တိုင်များ၊ ရက်မများ နေရာတိုင်းတွင် ရှိနေပြီး ပေါင်းပင်များ ဖုံးလွှမ်းနေကာ အလွန် လူသူကင်းမဲ့နေသည်။
ဒီနေရာမှာ ရတနာ ရှိနိုင်မလား။
"ဒါ ဘယ်နေရာလဲ" ကျိုးဟန် မျက်မှောင်ကြုတ်လိုက်သည်။ ပတ်ဝန်းကျင်တွင် သစ်ပင်၊ မြက်ပင်များ ရှိနေသေးသော်လည်း မူလနေရာ မဟုတ်တော့ကြောင်း ခံစားမိသည်။
"ငါတို့ အစီအရင်တစ်ခုကို ဖြတ်ကျော်ပြီး ဖုံးကွယ်ထားတဲ့ နေရာလွတ် တစ်ခုထဲ ရောက်လာတာ" ကူဇီ တည်ငြိမ်စွာ ပြောလိုက်သည်။ သူမတွင် စိတ်ခံစားချက် မရှိသကဲ့သို့ ဖြစ်နေပြီး အမွှာညီအစ်မ လိုက်ဖမ်းနေတာတောင် ဘာမှ မဖြစ်သလို နေနိုင်တယ်။
ရှေးဟောင်း အပျက်အစီး။
ကျိုးဟန် စိတ်လှုပ်ရှားသွားသည်။ ရွှမ်ချန် တိုက်ကြီး၏ သမိုင်းကြောင်းက ရှည်လျားလွန်းတယ်။ သမိုင်းတလျှောက် အင်အားကြီး အဖွဲ့အစည်း အများအပြား ပျက်စီးခဲ့ရပြီး သူတို့ နေထိုင်ခဲ့တဲ့ နေရာတွေကို ရှေးဟောင်း အပျက်အစီးလို့ ခေါ်ကြတယ်။
ရှေးဟောင်း အပျက်အစီး အများစုမှာ ရတနာတွေ ရှိတတ်တယ်။ သေချာတာကတော့ အန္တရာယ်လည်း ရှိမှာပဲ။ အလကား ရတဲ့ နေ့လယ်စာ မရှိဘူးလေ။
သူ တင်ပလ္လင်ခွေ ထိုင်ပြီး ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များကို အလျင်အမြန် ပြန်လည် ဖြည့်ဆည်းလိုက်သည်။ ကူဇီကတော့ အပျက်အစီးများကြား ဂရုတစိုက် လျှောက်သွားနေသည်။ ယခင်ကလို ရိုးအသော ပုံစံ မဟုတ်တော့ပေ။
၂ နာရီ ကြာပြီးနောက် ကျိုးဟန် အင်အား ပြန်ပြည့်လာသည်။ ကူဇီအနား လျှောက်သွားပြီး "ထူးခြားတာ တစ်ခုခု တွေ့လား" ဟု မေးလိုက်သည်။
"မတွေ့ဘူး။ ဒါတွေ အကုန်လုံးက သာမန် အဆောက်အဦးတွေပဲ။ ဒါပေမယ့် ရှေ့မှာ ပျက်စီးခြင်း မရှိသေးတဲ့ အဆောက်အဦး တစ်ခု ရှိတယ်။ အဲဒီမှာ တစ်ခုခု ရှိနိုင်တယ်" ကူဇီ တည်ငြိမ်စွာ ပြောလိုက်သည်။ စိုးရိမ်ပူပန်မှု အရိပ်အယောင် မပြပေ။
အကယ်၍ လင်းဖူရှန်သာ ဆိုရင် စိတ်လှုပ်ရှားပြီး မျက်နှာနီရဲနေမှာ ဒါမှမဟုတ် ထွက်ပေါက်ရှာပေးဖို့ ခြေဆောင့်ပြီး အော်ဟစ်နေမှာ သေချာတယ်။
ဒီမိန်းမက တကယ် ထူးဆန်းတယ်။
"ခင်ဗျားညီမက ဘာလို့ ခင်ဗျားကို လိုက်သတ်နေတာလဲ" ဒါ ပထမဆုံး အကြိမ် မေးခြင်း မဟုတ်ပေ။
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: