အခန်း (၂၁၃) ခါးပတ်ဖြင့် အရိုက်ခံရခြင်း
ပါမောက္ခဂူ နှုတ်ခမ်းမဲ့ပြီး "ဒီခေါင်းမာတဲ့ အဘိုးကြီးက စစ်တုရင် ကစားတာ သိပ်စည်းကမ်းမရှိဘူး။ ဘယ်ကင်းစောင့်မှ သူ့နဲ့ မကစားရဲတော့ဘူး ထင်တယ်။ တစ်ယောက်တည်း ဟိုဘက်ဒီဘက် ရွှေ့ပြီး ကစားနေတာ နေမှာ" ဟု တိုးတိုးလေး အတင်းပြောလိုက်သည်။
အဘိုးကြီးကော်သည် ပါမောက္ခဂူ လူငယ်လေးရှေ့တွင် သူ့ကို နှိမ်ပြောနေတာ ကြားလိုက်ရတော့ စိတ်တိုသွားသည်။ လက်ကြီးတစ်ဖက် ဆန့်ထုတ်ပြီး စစ်တုရင်ခုံကို တွန်းလိုက်ရာ အနီရောင်နှင့် အနက်ရောင် အရုပ်များ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်။
"မကစားတော့ဘူးကွာ။ ဟိုကောင်စုတ်လေးတွေက ငါနဲ့ ၂ ပွဲလောက် ကစားရမှာထက် ဂိတ်စောင့်ရတာကို ပိုသဘောကျကြတယ်။ ပျင်းဖို့ ကောင်းလိုက်တာ"
ပါမောက္ခဂူ စနောက်လိုက်သည်။ "ခင်ဗျား စစ်တုရင် ကစားပုံနဲ့ ဆိုရင် ကျုပ်တောင် ၂ ပွဲလောက်ပဲ ကစားနိုင်မှာ။ နှလုံးဆေး ၂ လုံးလောက် ဖြုန်းရလိမ့်မယ်။ မကစားတာ ပိုကောင်းပါတယ်။ ခင်ဗျားရဲ့ ရောဂါဟောင်းကို အရင် ရှင်းထုတ်လိုက်ကြစို့"
ကော်ချန်ရှန်း၏ အကြည့်များ ရှုချင်း မျက်နှာပေါ် ရုတ်တရက် ရောက်သွားသည်။ ထူထဲသော တြိဂံပုံ မျက်ခုံးမွှေးအောက်မှ ကျားမျက်လုံးကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံသည် စူးရှသော အလင်းရောင်များ လက်နေသည်။ သူ့အကြည့်က ရှုချင်း၏ မျက်လုံးသူငယ်အိမ်ပေါ် စိုက်ကျနေပြီး ဖိအားတစ်ခု ပေးစွမ်းနေသည်။ အိုမင်းနေပြီ ဖြစ်သော်လည်း ကျားအိုကြီး၏ စွမ်းအားက မလျော့ပါးသေးပေ။ စစ်သား တစ်သန်းကို ကွပ်ကဲခဲ့သော စစ်သူကြီးဟောင်း တစ်ဦး၏ ပေါ့ပါးသော အကြည့်တစ်ချက်ကပင် အထက်လူကြီး၏ ဖိအားကို ဖြစ်ပေါ်စေနိုင်သည်။
ရှုချင်း စိတ်ကို စုစည်းလိုက်သည်။ ကျိန်းယန်စွမ်းအင်များ မျက်လုံးကြားတွင် သဘာဝအတိုင်း စုဝေးလာသည်။ သူ့အကြည့်က တည်ငြိမ်ပြီး အနှောင့်အယှက် ကင်းမဲ့နေသည်။ လောကီအရေး ကိစ္စများ ကင်းစင်နေသော နက်ရှိုင်းသော ရေကန်ကြီး တစ်ခုကဲ့သို့ပင်။
အထက်လူကြီး၏ ဖိအား ဆိုတာ ဘာလဲ။ ဓားချင်းယှဉ်ခုတ်သံ၊ စစ်မြေပြင်က မိုးခြိမ်းသံ ဆိုတာ ဘာလဲ။ သူ့မျက်လုံးထဲမှာတော့ ဒါတွေက ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေလိုပါပဲ။ ရှေးဟောင်း သိုင်းပညာရှင်တွေက ကောင်းကင်နဲ့ မြေကြီးကိုပဲ လေးစားကြတယ်။ ခင်ဗျားက နိုင်ငံခေါင်းဆောင် ဖြစ်နေရင်ရော ဘာအရေးလဲ။
ကော်ချန်ရှန်း၏ မျက်နှာပေါ်မှ အရေးအကြောင်းများ ရုတ်တရက် ပြေလျော့သွားပြီး ရယ်မောလိုက်သည်။ "ကောင်းပြီ၊ အဘိုးကြီးဂူ ပြောတာတော့ မင်းက ငါ့ခေါင်းထဲက မိတ်ဆွေဟောင်း ၂ ယောက်ကို ထွက်လာအောင် လုပ်ပေးနိုင်တယ်ဆို?"
သူပြောတဲ့ မိတ်ဆွေဟောင်း ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက စစ်ပွဲအတွင်း ကျန်ရစ်ခဲ့တဲ့ ဗုံးစ ၂ ခု ပါ။ ဟိုတုန်းက ကျန်းမာရေး ကောင်းနေတော့ မိုးရွာတဲ့ နေ့တွေမှာ ကိုက်ခဲတာလောက်ပဲ ရှိတယ်။ အံကြိတ်ပြီး သည်းခံနိုင်ခဲ့တယ်။ အခု အသက်ကြီးလာတော့ ဒီမိတ်ဆွေဟောင်း ၂ ယောက်က အချိန်ကိုက်ဗုံး ၂ လုံး ဖြစ်လာပြီ။ အထူးသဖြင့် ဒီနှစ်ပိုင်းတွေမှာ ခေါင်းခဏခဏ ကိုက်တတ်တယ်။ အကိုက်အခဲပျောက်ဆေး သောက်တာတောင် မသက်သာတဲ့ အခါတွေဆို ကိုယ့်ခေါင်းကို သေနတ်နဲ့ ပစ်ထည့်ချင်စိတ် ပေါက်တယ်။
ရှုချင်း ဖျော့တော့စွာ ပြုံးပြီး "ထွက်လာအောင် လုပ်နိုင်မလား ဆိုတာကတော့ တခြားကိစ္စပေါ့။ ဒါပေမဲ့ နောက်ဆုံး နည်းလမ်း အနေနဲ့ စမ်းကြည့်ကြတာပေါ့" ဟု ပြောလိုက်သည်။
ကော်ချန်ရှန်း ရယ်မောပြီး "ဟားဟား! နောက်ဆုံး နည်းလမ်း အနေနဲ့ စမ်းကြည့်မယ်တဲ့။ ပြောစမ်းပါဦး၊ မင်း ဘယ်လို ကုသဖို့ စီစဉ်ထားလဲ" ဟု မေးလိုက်သည်။
ရှုချင်း မဖြေဘဲ ပါမောက္ခဂူ ဘက်သို့ လက်လှမ်းကာ "X-ray ဖလင် ရှိလား။ ဗုံးစ နေရာကို အတည်ပြုချင်လို့" ဟု တောင်းလိုက်သည်။
ပါမောက္ခဂူ အိတ်ထဲမှ ဖလင်တစ်ချပ် အမြန်ထုတ်ပြီး ဦးခေါင်းခွံ နေရာမှ အရိပ် ၂ ခုကို ညွှန်ပြကာ "ဒီမှာ ဗုံးစ ၂ ခု ရှိတယ်။ သက်တမ်းကြာလွန်းလို့ သံချေးတွေတက်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေလောက်ပြီ" ဟု ပြောလိုက်သည်။
ရှုချင်း ဗုံးစ နေရာများကို မှတ်သားလိုက်သည်။ ထို့နောက် ကော်ချန်ရှန်းဘက် လှည့်ပြီး "ဗုံးစတွေကို ဖယ်ရှားဖို့ ကြိုးစားကြည့်လို့ ရပါတယ်။ ဒါပေမဲ့ ခင်ဗျားကို အကြောပိတ်ပြီး မေ့ဆေးပေးရမယ်" ဟု ပြောလိုက်သည်။
ကော်ချန်ရှန်းက "စကားကို ဝေ့ဝိုက်မနေဘဲ စလိုက်တော့" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
ရှုချင်း ရယ်မောပြီး "ခင်ဗျား ကျွန်တော့်ကို အဲဒီလောက် ယုံတာလား။ ကျွန်တော်က ဆရာဝန် အတုဖြစ်နေမှာ မကြောက်ဘူးလား" ဟု စနောက်လိုက်သည်။
ကော်ချန်ရှန်း ရင်ကော့ပြီး "ငါ မင်းကို မယုံဘူး၊ အဘိုးကြီးဂူကို ယုံတာ။ ငါ ကုတင်ပေါ် လှဲလိုက်တော့မယ်၊ မင်း ကြိုက်သလိုသာ လုပ်တော့" ဟု ပြောလိုက်သည်။ အင်္ကျီကြယ်သီး ၂ လုံး ဖြုတ်၊ ကုတင်ဆီ နဂါးတစ်ကောင်လို လျှောက်သွား၊ လှဲချ၊ မျက်လုံးမှိတ်၊ ခြေဆန့်ပြီး အသင့်ပြင်လိုက်သည်။
ကော်ချန်ရှန်း၏ ခေါင်းမာသော ပုံစံကို ကြည့်ပြီး ပါမောက္ခဂူ စိတ်လှုပ်ရှားသွားသည်။ ရှုချင်းကို ကုတင်ဘေး ဆွဲခေါ်ပြီး "ဒီခေါင်းမာတဲ့ အဘိုးကြီးကို သေချာ ကိုင်တွယ်ပေးစမ်းပါ။ တစ်ခုခု မှားယွင်းသွားရင် ငါပါ သူနဲ့အတူ ခေါင်းတလားထဲ ဝင်အိပ်လိုက်မယ်" ဟု လေးလေးနက်နက် ပြောလိုက်သည်။
ကော်ချန်ရှန်း မျက်လုံး ရုတ်တရက် ဖွင့်ပြီး "သောက်ရေးမပါတာ၊ ငါက မင်းလို အဘိုးကြီးနဲ့ အတူ မအိပ်နိုင်ပါဘူး။ ဂျပန်ကောင်တွေရဲ့ သေနတ်တွေ၊ ကျည်ဆန်တွေတောင် ငါ့ကို မသတ်နိုင်ခဲ့တာ။ သံတိုသံစ ၂ ခုလောက်က ဘာမှုစရာ ရှိလို့လဲ" ဟု အော်ဟစ်လိုက်သည်။
ရှုချင်း လက်ညှိုးဖြင့် ရုတ်တရက် ထိုးလိုက်သည်။ "တောက်! တောက်! တောက်!" စစ်သူကြီးဟောင်း၏ အကြော ၃ နေရာကို တပြိုင်နက် ပိတ်လိုက်ရာ မျက်လုံးမှိတ်သည်နှင့် သတိလစ်သွားသည်။ ထို့နောက် မနေ့က ထန်ချင်းရှန်း၏ အကျိတ်ကို ဖယ်ရှားသည့် နည်းလမ်းအတိုင်း X-ray မျက်လုံးဖြင့် ဗုံးစကို ရှာဖွေ၊ ခွာထုတ်၊ ထုပ်ပိုးပြီး နှာခေါင်းပေါက်မှတဆင့် ဆွဲထုတ်လိုက်သည်။
ပထမ ဗုံးစကို တွေ့သောအခါ အမြှေးပါးတစ်လွှာဖြင့် ဖုံးအုပ်ထားပြီး သိမ်မွေ့သော အာရုံကြောမကြီးများ ဖြန့်ကျက်ထားသည်ကို တွေ့လိုက်ရသည်။ ဒါကြောင့် သံချေးရည်တွေ ဦးနှောက်ထဲ မစီးဝင်တာကိုး။ အမြှေးပါးသာ ပေါက်သွားရင် စစ်သူကြီးဟောင်း တကယ်ပဲ 'သံချေး ဦးနှောက်' ဖြစ်သွားမှာ။
ကံကောင်းစွာဖြင့် မနေ့က အတွေ့အကြုံ ရှိထားသဖြင့် အာရုံကြော အနည်းငယ်ကို ဖယ်ရှားရတာ မခက်ခဲပေ။ ၁၀ မိနစ်ခန့် အကြာတွင် ပထမ ဗုံးစကို အောင်မြင်စွာ ဖယ်ရှားပြီး အတွင်းအားဖြင့် ထုပ်ပိုးကာ နှာခေါင်းပေါက်ထဲ ပို့လိုက်သည်။
ရှုချင်း ဗုံးစကို ချက်ချင်း မထုတ်ဘဲ ဒုတိယ တစ်ခုကို ဆက်လက် ခွာထုတ်သည်။ သို့သော် ဒုတိယ ဗုံးစသည် ဦးနှောက် အမြှေးပါးနှင့် အနီးဆုံးတွင် ရှိနေသဖြင့် ပိုမို ဂရုစိုက်ရသည်။ နာရီဝက်ခန့် ကြာမှသာ အောင်မြင်စွာ ခွာထုတ်နိုင်ခဲ့သည်။ သွေးနည်းနည်း ထွက်သော်လည်း ချက်ချင်း ရပ်တန့်သွားသဖြင့် ပြဿနာ မရှိပေ။
ယခုအခါ စစ်သူကြီးဟောင်း၏ နှာခေါင်းပေါက် ၂ ခုစလုံးတွင် ဗုံးစများ ပိတ်ဆို့နေပြီ ဖြစ်သည်။ ရှုချင်း လက်တစ်ဖက်ဖြင့် သူ့ကို ထူလိုက်ပြီး အကြော ၃ နေရာကို လျင်မြန်စွာ နှိပ်ကာ တပြိုင်နက်တည်း ကျောပြင်ကို ရိုက်လိုက်သည်။
"ဖူး!"
သွေးစီးကြောင်း ၂ ခုနှင့်အတူ အဝါရောင် အဖုအထစ် ၂ ခု နှာခေါင်းပေါက်မှ ပန်းထွက်လာပြီး ကုတင်ရှေ့ သစ်သားကြမ်းပြင်ပေါ် ကျသွားသည်။ စစ်သူကြီးဟောင်း မျက်လုံးပွင့်လာပြီး သတိရလာသည်။
ရှုချင်း သူ့ကို ကုတင်ခေါင်းရင်း မှီပေးပြီး "၅ မိနစ်လောက် နားပြီးရင် X-ray သွားရိုက်ကြည့်လိုက်။ ခင်ဗျား ခေါင်းထဲက မိတ်ဆွေဟောင်း ၂ ယောက်က အထဲမှာ နေရတာ ပျင်းလို့ လေညင်းခံ ထွက်ချင်နေကြပြီ" ဟု တိုးတိုးလေး ပြောလိုက်သည်။
ကော်ချန်ရှန်း ခေါင်းထဲက ဗုံးစတွေ ထွက်သွားပြီ ဆိုတာ သိလိုက်သည်။ ဒီလို အံ့ဖွယ် ဆေးပညာမျိုးကို သူ နားမလည်နိုင်ပေ။ သို့သော် သူက လက်တွေ့သမားဖြစ်လို့ လုပ်ငန်းစဉ်ကို ဂရုမစိုက်ပါဘူး။ စစ်ပွဲလိုပါပဲ၊ ရန်သူကို ချေမှုန်းပြီး အသက်ရှင် ကျန်ရစ်ရင် နိုင်တာပါပဲ။
ပါမောက္ခဂူ ဇာဂနာဖြင့် ကြမ်းပြင်ပေါ်က ဗုံးစ ၂ ခုကို ကောက်ယူပြီး ဖန်ပုလင်းထဲ ထည့်လိုက်သည်။ ကော်ချန်ရှန်း အမှတ်တရ သိမ်းထားဖို့ ထင်တယ်။
"အဘိုး၊ လုယင်းရွှယ် ဒီမှာ ရှိလား" ရှုချင်း လုယင်းရွှယ် အကြောင်း မေးလိုက်သည်။ ဒီနေ့ ရောက်လာမှတော့ ရှင်းရှင်းလင်းလင်း လုပ်သွားတာ ပိုကောင်းမယ်။ နောင်ကျ နှစ်ယောက်သား ရိုမန်းတစ် ဖြစ်နေချိန် ပြဿနာ မတက်ရအောင်လို့လေ။
ကော်ချန်ရှန်း မျက်မှောင်ကြုတ်ပြီး "မင်းက ရွှယ်ယာထိုကို သိတာလား" ဟု မေးလိုက်သည်။
ရှုချင်း ပွင့်ပွင့်လင်းလင်း ပြုံးပြီး "ကျွန်တော့်နာမည် ရှုချင်း ပါ။ လုယင်းရွှယ် ဒီနာမည်ကို ပြောဖူးလား" ဟု မေးလိုက်သည်။
ကော်ချန်ရှန်း မျက်လုံးမှေးပြီး စဉ်းစားဟန်ဖြင့် ခေါင်းညိတ်ကာ "ကောင်လေး မင်းကိုး" ဟု ပြောလိုက်သည်။
ရှုချင်း စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်သည်။ လုယင်းရွှယ်က အဘိုးကို သူ့အကြောင်း ပြောပြထားပုံရတယ်။ မတွေ့ရတာ ကြာပြီ။ သူ နေကောင်းရဲ့လား မသိဘူး။ ယူနန်က ပျော်ရွှင်စရာ အချိန်တွေကို ပြန်တွေးမိပြီး ရင်ထဲ နွေးထွေးသွားကာ ခဏတာ ကြောင်ငေးနေမိသည်။
ရုတ်တရက် ကော်ချန်ရှန်း၏ မျက်လုံးများ စူးရှသွားသည်။ ကုတင်ပေါ်မှ လှိမ့်ဆင်းပြီး ခါးပတ်ကို ဖြုတ်ကာ ရှုချင်းကို ရိုက်ချလိုက်သည်။
"ဖြောင်း!"
ရှုချင်း လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ဘယ်လက်ကို လျှပ်စီးသဖွယ် ဆန့်ထုတ်ပြီး ခါးပတ်ကို ဖမ်းဆုပ်လိုက်သည်။ စစ်သူကြီးဟောင်း ပြန်ဆွဲသော်လည်း ခါးပတ်က အမြစ်တွယ်နေသလို မရွေ့တော့ပေ။
ဘေးတွင် ရပ်နေသော ပါမောက္ခဂူ လန့်သွားသည်။ ဒီခေါင်းမာတဲ့ အဘိုးကြီးက ခါးပတ်ဖြုတ်ပြီး လူရိုက်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ အမြန် ပြေးဝင်လာပြီး ကော်ချန်ရှန်း လက်ကောက်ဝတ်ကို ဆွဲကာ "ခေါင်းမာတဲ့ အဘိုးကြီး၊ ခင်ဗျား ရူးသွားပြီလား" ဟု ဒေါသတကြီး မေးလိုက်သည်။
ကော်ချန်ရှန်း ပြန်မဖြေဘဲ လက်ကို လွှတ်လိုက်ရာ ခါးပတ် ကြမ်းပြင်ပေါ် ကျသွားသည်။ ထို့နောက် ခေါင်းမော့ပြီး အားရပါးရ ရယ်မောလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: