အခန်း (၂၁၅) ဓားချင်းယှဉ်ခုတ်ခြင်း
တကယ်တော့ အဘိုးကော်က ရှေးဟောင်းပစ္စည်း စုဆောင်းတာ ဝါသနာပါတာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက စစ်နိုင်ပစ္စည်း သိမ်းဆည်းရမိတိုင်း အမှတ်တရ အနေနဲ့ ပစ္စည်းနည်းနည်းပါးပါး သိမ်းထားလေ့ ရှိတယ်။ ကြာလာတော့ လက်အောက်ငယ်သားတွေက သူ့ဝါသနာကို သိပြီး သဘာဝကျကျပဲ သူ့အကြိုက်ကို ဖြည့်ဆည်းပေးလာကြတာ။
အဘိုးကော်က တပ်စုမှူး ဘဝကနေ လက်ရှိရာထူး ရောက်တဲ့အထိ စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့သူ ဖြစ်သည်။ လက်အောက်ငယ်သား သောင်းချီပြီး အမိန့်ပေးခဲ့ဖူးတယ်။ အများစုက ရာထူးကြီး အရာရှိတွေ ဖြစ်ကုန်ပြီ။ စစ်နိုင်တိုင်း စစ်နိုင်ပစ္စည်း တစ်ခုနှစ်ခုလောက် သိမ်းဆည်းမိရာကနေ အချိန်ကြာလာတော့ စုဆောင်းမှုကြီး ဖြစ်လာတာ။ ဒီပြခန်း တစ်ခုတည်းတင် စတုရန်းမီတာ ၅၀၀ ကျယ်ပြီး ပစ္စည်းထောင်ချီ ပြသထားတယ်။ ရှေးဟောင်းပစ္စည်း၊ ပန်းချီ၊ လက်နက်၊ သေနတ် စတာတွေ စုံလင်နေတာ သမိုင်းပြတိုက် အသေးစားလေးလိုပါပဲ။ သေနတ်အများစုကတော့ အဓိက အစိတ်အပိုင်းတွေ ဖြုတ်ထားပြီး အမှတ်တရ ကြည့်ဖို့လောက်ပဲ ထားတာပါ။
ရှုချင်း ဒီပစ္စည်းတွေကို မြင်တော့ အရမ်း စိတ်လှုပ်ရှားသွားသည်။ မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နဲ့။ တချို့ပစ္စည်းတွေကို ထုတ်ကြည့်၊ ကိုင်တွယ် ကစားကြည့်ရင်း စစ်ပွဲကာလတွေရဲ့ အငွေ့အသက်ကို မှန်းဆကြည့်နေမိသည်။ အချိန်ကုန်တာ သတိမထားမိလိုက်ဘူး။
"ကြိုက်တာယူ၊ ဒါပေမဲ့ သေနတ်တော့ မယူနဲ့" ကော်ဟွိုင်ကန်းက ဓားအိမ်ပါတဲ့ အရာရှိသုံး ဓားရှည်တစ်လက် ကောက်ကိုင်ပြီး "ဒီဂျပန်ဓားက တော်တော်ကောင်းတယ်။ မူလပိုင်ရှင်က ဂျပန်ဗိုလ်မှူးကြီး ယာမာဇာကီတဲ့။ အဘိုးကြီးက အနီးကပ် တိုက်ပွဲမှာ ဓားမကြီးနဲ့ သူ့ခေါင်းကို ဖြတ်ချခဲ့တာ" ဟု ပြောပြလိုက်သည်။
"ရွှမ်း!"
ကော်ဟွိုင်ကန်း ဓားကို ဆွဲထုတ်လိုက်ရာ ဓားသွားများ တောက်ပနေဆဲ ဖြစ်သည်။ ရှုချင်း တစ်ချက်ကြည့်ပြီး အထင်သေးစွာ "ဒီလို အမှိုက်က ကျွန်တော့်ရဲ့ နဂါးချောက်နက် ခြေဖျားတောင် မမီပါဘူး" ဟု ပြောလိုက်သည်။
"ဟားဟား! မကြွားပါနဲ့ ကောင်လေး။ ဒီအရာရှိသုံး ဓားရှည်က အထူးလုပ်ထားတာ။ ဗိုလ်ချုပ်သုံး ဓားတွေထက်တောင် ပိုထက်သေးတယ်။ သံကို ရွှံ့လို လှီးဖြတ်နိုင်တဲ့ ဓားအစစ်ကွ"
ကော်ဟွိုင်ကန်း ပြောပြီးသည်နှင့် ဘေးနားရှိ လက်မခန့် တုတ်သော သံချောင်း တစ်ချောင်းကို ကောက်ယူ၊ အလေးချိန် စမ်းကြည့်ပြီး "ဒါက အဘိုးကြီး ဓားစမ်းဖို့ ထားထားတာ။ ဒီနေ့ မင်းမြင်အောင် ပြမယ်" ဟု ပြောလိုက်သည်။
ပြောပြီးသည်နှင့် သံချောင်းကို အလျားလိုက် ကိုင်ကာ ဓားဖြင့် ခုတ်ချလိုက်သည်။ "ဂျွတ်!" ခနဲ အသံနှင့်အတူ သံချောင်း နှစ်ပိုင်း ပြတ်သွားသည်။ ဓားသွား အလယ်လောက်မှာ ဆန်စေ့ခန့် ပဲ့သွားပေမယ့် ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး။
ရှုချင်း၏ ပြိုင်ဆိုင်လိုစိတ် နိုးထလာသည်။ မကျေနပ်သလို ဟန်ဆောင်ပြီး "ဂျပန်ကောင်တွေက အကောင်းဆုံး လုပ်နိုင်တာ ဒီအမှိုက်လောက်ပါပဲ။ ကင်းစောင့်ကို ကျွန်တော့် ဓားတို သွားယူခိုင်းလိုက်။ သံကို ရွှံ့လို လှီးတယ် ဆိုတာ ဘာလဲ ပြလိုက်မယ်" ဟု စိန်ခေါ်လိုက်သည်။
ကော်ဟွိုင်ကန်းကလည်း အရှုံးမပေးတတ်သူ။ မျက်လုံးမှေးပြီး "တကယ်လို့ မင်းဓားတိုက ဒီဂျပန်ဓားလောက် မထက်ရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။
ရှုချင်း ယုံကြည်မှုရှိရှိ "ဘာလဲ၊ လောင်းချင်လို့လား" ဟု မေးလိုက်သည်။ ကော်ဟွိုင်ကန်း ခေါင်းညိတ်ပြီး "ယောကျ်ားတွေပဲ၊ စကားသက်သက် ပြောနေလို့ မကောင်းပါဘူး။ ပျော်စရာလေး ဖြစ်အောင် နည်းနည်းလောက် လောင်းကြတာပေါ့" ဟု ပြောလိုက်သည်။
ဒါကြားတော့ ရှုချင်း ရယ်မောလိုက်သည်။ "ဂျပန်လုပ် အစုတ်ပလွတ် လက်ထဲ ကိုင်ထားပြီး ရှုံးမှာ သေချာနေတာကို။ ကြိုက်တာပြော၊ အကုန်လက်ခံတယ်"
ကော်ဟွိုင်ကန်း ဝမ်းသာသွားသည်။ "ကောင်းပြီ၊ မင်းနိုင်ရင် အပန်းဖြေစခန်းကို အချိန်မရွေး ဝင်ထွက်နိုင်တဲ့ ခွင့်ပြုမိန့်တစ်ခု ပေးမယ်။ ပြီးတော့ ရွှယ်အာရဲ့ ဖုန်းနံပါတ်အသစ် ပါ ထည့်ပေးမယ်။ တကယ်လို့ မင်းရှုံးရင်...?" ရှုချင်းကို ရင်ခုန်အောင် တမင်ဆိုင်းငံ့ထားပြီး မခို့တရို့ ပြုံးကြည့်နေသည်။
"ရှုံးရင် ဘာဖြစ်လဲ။ လေမကြီးစမ်းပါနဲ့" ရှုချင်း မျက်လုံးလှန်ကြည့်လိုက်သည်။ ဒဏ္ဍာရီလာ ဓားလုပ်ဆရာကြီး အိုရယ်ဇီထုလုပ်ခဲ့တဲ့ နဂါးချောက်နက် ဓားက ဂျပန်ဓားလောက်ကို ရှုံးမယ်လို့ လုံးဝ မယုံဘူး။
"မင်းရှုံးရင် ငါ့တပ်ထဲမှာ ၄ နှစ် တာဝန်ထမ်းဆောင်ရမယ်။ ဖုန်းနံပါတ်နဲ့ ခွင့်ပြုမိန့်ကတော့ မင်းဟာပဲ။ လောင်းရဲလား" ကော်ဟွိုင်ကန်းက ဝက်ဝံကြီးက မုန့်ဟင်းခါးသည်မလေးကို တံခါးဖွင့်ခိုင်းသလို ပြုံးပြီး မေးလိုက်သည်။
ရှုချင်း လည်ပင်း မတ်မတ်ထားပြီး "ကောင်းပြီ၊ နဂါးချောက်နက် ဓားကို သွားယူခိုင်းလိုက်။ ပြီးရင် ဓားချင်းခုတ်ကြည့်မယ်" ဟု ပြောလိုက်သည်။
ကော်ဟွိုင်ကန်း ခေါင်းခါပြီး "ငါတို့နှစ်ယောက် ခုတ်ရင် မတရားဘူး ဖြစ်နေမယ်။ မင်းက ထင်းချောင်းကို သံတုတ်ဖြစ်အောင် လုပ်နိုင်တဲ့ကောင်။ စစ်သား ၂ ယောက် ခေါ်ပြီး ခုတ်ခိုင်းမယ်။ ဒါမှ မျှတမှာ" ဟု ပြောလိုက်သည်။
ကော်ဟွိုင်ကန်း နဲ့ ရန်ပင်းက မိတ်ဆွေဟောင်းတွေ။ တရုတ်သိုင်းပညာ အကြောင်း သူ နည်းနည်းပါးပါး သိတယ်။ ရွှမ်အဆင့် သိုင်းပညာရှင်တွေက ပစ္စည်းတွေပေါ် အတွင်းအား ထည့်ပြီး မာကျောမှု မြှင့်တင်နိုင်တယ် ဆိုတာ သူ သိတာ ကြာပြီ။ သူက အရှုံးခံမယ့် အလုပ် ဘယ်တော့မှ မလုပ်ဘူး။
"ဟားဟား! တို့အဘိုးကြီး ၂ ယောက် ဒိုင်လုပ်ပေးရင် မကောင်းဘူးလား" ကော်ချန်ရှန်း ရယ်မောပြီး ဝင်လာသည်။ ပါမောက္ခဂူ၏ မျက်နှာတွင် ဖုံးကွယ်မရနိုင်သော ပျော်ရွှင်မှုများ ပေါ်နေသည်။ သူ အခုလေးတင် ခေါင်းမာတဲ့ အဘိုးကြီးကို စစ်ဆေးလိုက်တာ ဦးနှောက်ထဲက ဗုံးစတွေ အကုန် ပျောက်နေပြီ။ သွေးစလေး တစ်စတောင် မကျန်ဘူး။ ရဲဘော်ရဲဘက်၊ မိတ်ဆွေဟောင်း တစ်ယောက် အနေနဲ့ အရမ်း စိတ်လှုပ်ရှားနေတာပေါ့။
"ဒီကောင်က အမြဲ အနိုင်ယူချင်တာ၊ ဘယ်တော့မှ အရှုံးမခံဘူး။ ရှုချင်းကို စစ်ထဲဝင်အောင် ဒီလို ညစ်ပတ်တဲ့ နည်းလမ်း သုံးစရာ လိုလို့လား" ပါမောက္ခဂူ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာ ကတည်းက ဒီအရာရှိသုံး ဓားက အရမ်း ထက်တယ် ဆိုတာ သူ သိတယ်။ သာမန် ဓားတွေ ယှဉ်လို့ မရဘူး။ ဟိုတုန်းက ကော်ချန်ရှန်း ဗိုလ်မှူးကြီး ယာမာဇာကီ နဲ့ တိုက်တုန်းက ဓားမကြီးရဲ့ ထူထဲတဲ့ ကျောဘက်နဲ့ ကာလိုက်လို့သာ၊ မဟုတ်ရင် ကော်ချန်ရှန်း သေနေလောက်ပြီ။
ရှုချင်း သဘောမတူဘဲ "အဘိုးကြီး ၂ ယောက် ဒိုင်လုပ်ပေးတာ အကောင်းဆုံးပဲ။ တို့တရုတ် ဘိုးဘေးတွေ ထုလုပ်ခဲ့တဲ့ ဓားတွေက ဂျပန်မာရ်နတ်တွေရဲ့ အရုပ်တွေထက် အဆရာချီ သာလွန်တယ် ဆိုတာ သက်သေပြရတာပေါ့" ဟု ပြောလိုက်သည်။
ထိုအချိန်တွင် အဘိုးကော်က ကင်းစောင့်တစ်ဦးကို လက်ပြခေါ်ပြီး ရှုချင်း ပစ္စည်းတွေ အကုန် ယူလာဖို့ အမိန့်ပေးလိုက်သည်။
တစ်မိနစ် မပြည့်ခင်မှာပင် ကင်းစောင့်က ပစ္စည်းတွေ ယူလာပေးသည်။ ရှုချင်း သော့တွဲနဲ့ တခြားပစ္စည်းတွေကို အိတ်ကပ်ထဲ ထည့်လိုက်သည်။ သားရေ ဓားအိမ်ကို လက်ညှိုးထိုးပြပြီး "အဘိုး၊ ဒီဓားတိုနဲ့ ဟိုအရာရှိသုံး ဓားကို ခုတ်လိုက်ပါ။ ကြံခုတ်တာထက် ပိုလွယ်မယ်လို့ အာမခံပါတယ်" ဟု ပြောလိုက်သည်။
ကော်ချန်ရှန်း လက်လှမ်းပြီး ဓားကို ဆွဲထုတ်လိုက်သည်။ အေးစက်သော အငွေ့အသက်များ ဓားအိမ်ထဲမှ ပန်းထွက်လာပြီး မျက်နှာကို လေအေး တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ "ကောင်းလိုက်တဲ့ ဓား! ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ တကယ့် ရတနာပဲ" ဟု ချီးကျူးလိုက်သည်။
ကော်ဟွိုင်ကန်း ဓားတိုကို မြင်တော့ ရင်ထိတ်သွားသည်။ သူက တန်ဖိုး မသိတဲ့ ငတုံးမှ မဟုတ်တာ။ ဓားထုတ်လိုက်တာနဲ့ သာမန် မဟုတ်မှန်း သိလိုက်ပြီ။ ဒီလောင်းကြေးက အန္တရာယ် များသွားပြီ ထင်တယ်။
ကော်ချန်ရှန်း ဓားကို ဝှေ့ယမ်းပြီး "ကောင်လေး၊ မင်းရဲ့ အရာရှိသုံး ဓားနဲ့ ငါ့ကို ခုတ်စမ်း" ဟု အမိန့်ပေးလိုက်သည်။
ကော်ဟွိုင်ကန်း ခဏတာ တွန့်ဆုတ်ပြီးမှ အံကြိတ်ကာ ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ ရှုချင်းဘက် လှည့်ပြီး "ကျိုးသွားရင် ငါ့အပြစ် မဟုတ်ဘူးနော်" ဟု ပြောလိုက်သည်။
ရှုချင်း နှုတ်ခမ်းမဲ့ပြီး "ခုတ်သာ ခုတ်ပါဗျာ။ ဂျပန်မာရ်နတ်ကောင်ရဲ့ အမှိုက်က အသုံးမဝင်တော့ပါဘူး" ဟု ပြောလိုက်သည်။
"ဟ!"
ကော်ဟွိုင်ကန်း အော်ဟစ်ပြီး တံတောင်ဆစ် မြှောက်ကာ ဓားကို ခေါင်းပေါ် မြှောက်လိုက်သည်။ မျက်လုံးများ စူးရှသွားပြီး ဓားကို အားကုန် ခုတ်ချလိုက်သည်။ "ရွှမ်း!" ခနဲ အသံနှင့်အတူ လက်ထဲက ဂျပန်ဓား ပေါ့သွားသလို ခံစားလိုက်ရသည်။ "ဒေါင်!" ဓားသွား တစ်ဝက် ကြမ်းပြင်ပေါ် ပြုတ်ကျသွားသည်။
ကော်ချန်ရှန်း ဓားတိုကို မျက်လုံးနား ကပ်ကြည့်လိုက်သည်။ ဓားသွား လုံးဝ ထိခိုက်မှု မရှိ။ ပြတ်ကျသွားတဲ့ အရာရှိသုံး ဓားရဲ့ မျက်နှာပြင်ကို ကြည့်လိုက်တော့ ကြေးမုံပြင်လို ချောမွေ့နေတယ်။ အက်ရာလေး တစ်ချက်တောင် မရှိဘူး။
"ကောင်းလိုက်တဲ့ ဓား! ဟားဟား! ဒါမှ တကယ့် ဘုရားပေးလက်နက်!" ကော်ချန်ရှန်း စစ်နိုင်သလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ဆန့်ကျင်ဘက် အနေနဲ့ ကော်ဟွိုင်ကန်း မျက်နှာ မည်းမှောင်သွားပြီးမှ ပုံမှန် ပြန်ဖြစ်သွားသည်။
"တော်လိုက်တဲ့ ကောင်လေး၊ ဒီလို ရတနာမျိုးတောင် ရအောင် ယူထားနိုင်တယ်ပေါ့။ ဒီနေ့ ငါ ရှုံးတာ မတရားဘူးလို့ မဆိုနိုင်တော့ဘူး" ကော်ဟွိုင်ကန်း ကျိုးသွားသော ဓားကို ဓားအိမ်ထဲ ပြန်ထည့်ပြီး တည်ငြိမ်စွာ အရှုံးပေးလိုက်သည်။
ပါမောက္ခဂူ မျက်လုံးများ အရောင်လက်လာပြီး "ကောင်းလိုက်တဲ့ ဓားတို။ ခုနက နာမည် ဘယ်လိုခေါ်တယ်?" ဟု မေးလိုက်သည်။
ရှုချင်းက "နဂါးချောက်နက်လို့ ခေါ်တယ်။ အိုရယ်ဇီ ထုလုပ်ခဲ့တာလို့ ပြောကြတာပဲ။ အစစ် ဟုတ်မဟုတ်တော့ ကျွန်တော် ဂရုမစိုက်ပါဘူး။ သုံးလို့ကောင်းရင် ပြီးရော" ဟု ဖြေလိုက်သည်။ တကယ်တော့ အစစ်အမှန် ခွဲခြားနည်း သူ သိပြီးသားပါ။ အရမ်း ကြွားသလို ဖြစ်မှာစိုးလို့ မပြောတာ။
"အစစ် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ဒီဓားတိုက သေချာပေါက် ရတနာပဲ" ပါမောက္ခဂူ နဂါးချောက်နက် ဓားအကြောင်း ဒဏ္ဍာရီ တချို့ သိထားသဖြင့် ဝူဇီရွှီ (ရှေးခေတ် စစ်သူကြီး) ကိုင်ဆောင်ခဲ့တဲ့ ဓားအဖြစ် မမှားယွင်းနိုင်ပါဘူး။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: