အခန်း (၂၁၆) အောင်ပွဲခံ ပြန်လာခြင်း
ကော်ချန်ရှန်း လက်ထဲမှ ဓားတိုကို ခဏတာ ကစားပြီးနောက် မချင့်မရဲဖြင့် ရှုချင်းကို ပြန်ပေးလိုက်သည်။ "မင်း ဒီမှာ တကယ် ကြိုက်တာရှိရင် ပြော၊ နောက်မှ ကောင်လေးဟွိုင်ကို မင်းအိမ် လိုက်ပို့ခိုင်းလိုက်မယ်" ဟု ပြောလိုက်သည်။
ရှုချင်း ရိုးသားစွာ ဖြေလိုက်သည်။ "ကျွန်တော် တစ်ဝက်လောက်ပဲ ကြည့်ရသေးတယ်။ အကုန်ကြည့်ပြီးမှ ဆုံးဖြတ်ပါ့မယ်"
"ကောင်းပြီ၊ ဖြည်းဖြည်းချင်း ကြည့်ပါ။ နေ့လယ်စာ ပြင်ပြီးရင် မင်းကို လာခေါ်ခိုင်းလိုက်မယ်" ကော်ချန်ရှန်း ရှုချင်း ပခုံးကို ပေါ့ပါးစွာ ပုတ်လိုက်သည်။ ထို့နောက် ပါမောက္ခဂူဘက် လှည့်ပြီး "အဘိုးဂူ၊ သွား... ဖဲ ၂ ပွဲလောက် သွားချကြစို့" ဟု ခေါ်လိုက်သည်။
ပါမောက္ခဂူ ခါးသီးစွာ ပြုံးပြီး "ကောင်းပါပြီကွာ၊ စစ်တုရင်ခုံကို စားသောက်ခန်းထဲ ယူသွားခိုင်းလိုက်" ဟု ပြောလိုက်သည်။ အဘိုးကြီး ၂ ယောက် လှည့်ထွက်သွားကြသည်။ ရှုချင်းနှင့် ကော်ဟွိုင်ကန်း ပြခန်းထဲတွင် ဆက်လက် ပစ္စည်းရွေးကျန်ရစ်ခဲ့သည်။
ရှုချင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ပြီး X-ray မျက်လုံးဖြင့် စင်ပေါ်က ပစ္စည်းတွေကို စတင် စစ်ဆေးလိုက်သည်။ အရောင်ပါတဲ့ ဓာတ်ငွေ့ထွက်နေတဲ့ ပစ္စည်း တစ်ခုနှစ်ခုလောက် ရရင်ကို တန်ပါပြီ။
"ဟမ်! ဒီပစ္စည်းမှာ လျှို့ဝှက်အကန့်ပါတယ်" ရှုချင်း ဘယ်ဘက် စင်ပေါ်ရှိ ထူးဆန်းသော အနက်ရောင် သစ်သားသေတ္တာရှည် တစ်ခုကို သတိထားမိလိုက်သည်။ အမြန် လျှောက်သွား၊ ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ငွေစစ်စစ် ဓားကောက်တစ်လက်ကို တွေ့လိုက်ရသည်။ ဓားရိုးတွင် ပတ္တမြား ၂ လုံး မြှုပ်နှံထားပြီး လက်ရာမြောက်သော အနုပညာ ပစ္စည်းတစ်ခုနှင့် တူနေသည်။
X-ray မျက်လုံးဖြင့် စစ်ဆေးကြည့်ရာ သစ်သားသေတ္တာ အောက်ခြေတွင် ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားသော ပုံတူပန်းချီကား တစ်လိပ်ကို တွေ့လိုက်ရသည်။ ဘာပုံလဲ ဆိုတာတော့ သေချာ မမြင်ရပေ။ စပ်စုချင်စိတ်ကြောင့် သစ်သားသေတ္တာကို ယူပြီး ဘေးဖယ်ထားလိုက်သည်။ ထို့နောက် ကော်ဟွိုင်ကန်းကို ပြုံးပြလိုက်သည်။
ကော်ဟွိုင်ကန်း ပြုံးပြီး "ဆက်ရွေးလေ။ တစ်ခုတည်းဆို နည်းလွန်းတယ်။ အနည်းဆုံး ၁၀ ခုလောက် ရွေးမှ ကြည့်ကောင်းမှာ" ဟု အားပေးလိုက်သည်။
ရှုချင်း ခေါင်းညိတ်ပြီး စင်တွေကြား အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ ရှေးဟောင်း ငွေဘုရားဆင်းတုတော် တစ်ဆူ ရှိသော စင်ရှေ့ ရောက်သောအခါ ခြေလှမ်းရပ်တန့်သွားသည်။ ဆင်းတုတော်ပေါ်တွင် ရွှေရောင် စွမ်းအင်များ ထူထဲစွာ ဖုံးလွှမ်းနေသည်။ ပရက်ဂျနာ ဓာတ်တော်ထက်တောင် ပိုပြီး သန့်စင်နေသေးတယ်။ လက်လွှတ်စရာ အကြောင်း မရှိပါဘူး။
"ဒီ ငွေဘုရားဆင်းတုက အဘိုးကြီးရဲ့ လက်အောက်ငယ်သားဟောင်း တစ်ယောက် လက်ဆောင်ပေးထားတာ။ တိဗက် ကျွန်ပိုင်ရှင် တစ်ယောက်ရဲ့ အိမ်ကနေ သိမ်းဆည်းရမိတာလို့ ပြောကြတာပဲ။ ဟိုဘက်မှာ ၂ ဆူ ရှိသေးတယ်"
ကော်ဟွိုင်ကန်းက ဒီက ပစ္စည်းတွေရဲ့ ဇစ်မြစ်ကို ရင်းနှီးကျွမ်းဝင်နေသည်။ ဘယ်သူပေးလဲ ဆိုတာ တန်းပြောနိုင်ပေမယ့် သမိုင်းကြောင်း အတိအကျတော့ မသိပါဘူး။
ရှုချင်း ဘုရားဆင်းတုကို ဘေးဖယ်ထားပြီး ဆက်လက် ရှာဖွေသော်လည်း ထူးခြားတာ မတွေ့တော့ပေ။ ဒါကြောင့် စင်ပေါ်က ကျောက်စိမ်း ပစ္စည်းတွေကို အကုန်သိမ်းကျုံး ယူလိုက်တော့သည်။ ကျောက်စိမ်း ကွမ်ရင်၊ ကျောက်စိမ်းမြင်း၊ ချီလင်၊ ပီရှူး စသဖြင့် အစုံပါပဲ။ အဲဒီအထဲမှာ ဖန်သားအမျိုးအစား အစိမ်းရောင် လက်မစွပ် တစ်ကွင်းလည်း ပါတယ်။
စုစုပေါင်း ကျောက်စိမ်း ၂၂ ခု၊ အရင်ရွေးထားတာ ၂ ခုနဲ့ ပေါင်းရင် ၂၄ ခု ဖြစ်သွားသည်။ ဒါပေမဲ့ ကော်ဟွိုင်ကန်းက ကိန်းဂဏန်း မလှဘူးဆိုပြီး စင်ပေါ်က နောက်ထပ် ၄ ခု ထပ်ယူထည့်လိုက်သည်။ အဲဒီအထဲမှာ ရှုပေးဟုန် ရေးဆွဲထားတဲ့ မြင်းပြေး ပန်းချီကား တစ်ချပ်လည်း ပါသွားသည်။
ထိုအချိန်တွင် ကင်းစောင့် ရှောင်ချွေ့ ပြခန်းထဲ ပြေးဝင်လာပြီး နေ့လယ်စာ အဆင်သင့် ဖြစ်ပြီလို့ လာပြောသည်။ ကော်ဟွိုင်ကန်း ပြုံးပြီး ရှုချင်း ပခုံးကို ဖက်ကာ စားသောက်ခန်းဆီ အတူ လျှောက်သွားကြသည်။
စားသောက်ခန်းထဲတွင် စားပွဲရှည် တစ်လုံးနှင့် ခုံမြင့် ၁၀ လုံးသာ ရှိသည်။ တခြား ဘာပရိဘောဂမှ မရှိ။ အဘိုးကော် ပြောသလိုပဲ၊ စားသောက်ခန်း ဆိုတာ စားဖို့ပဲလေ၊ တခြားဟာတွေက မျက်စိနောက်စရာ။
စားပွဲပေါ်တွင် ပန်းကန်ပြား တစ်ချပ်မှ မရှိဘဲ ဟင်းလျာ အားလုံးကို စိမ်းပြာရောင် ပန်းကန်လုံးကြီး များဖြင့် ထည့်ထားသည်။ အလယ်တွင် ချဉ်ဖတ်ဟင်းရည် ပန်းကန်လုံးကြီး တစ်လုံး၊ ဘေးတွင် ကြက်၊ ဘဲ၊ ငါး၊ အမဲသား ဟင်းလျာများ စီထားသည်။ သံကွင်းပတ်ထားသော သစ်သား ထမင်းပေါင်းအိုးဟောင်းကြီး တစ်လုံးလည်း ရှိသည်။ ဒီမြင်ကွင်းက ရှုချင်းအတွက်တော့ ရင်းနှီးနေသည်။ ဟိုတုန်းက ကျေးလက် နှစ်သစ်ကူး ညစာစားပွဲ ပုံစံမျိုးပဲ။
"ရှောင်ရှု၊ စားကြစို့! ချဉ်ဖတ်ဟင်းရည် တစ်ခွက်နဲ့ ထမင်း ဆယ်ပေါင်... ငါ့တစ်သက်လုံး ဒီလိုပဲ စားလာတာ!"
အဘိုးကော်က ရှုချင်းကို နွေးထွေးစွာ ဖိတ်ခေါ်ပြီး ထမင်းတစ်ပန်းကန် ခူး၊ ဟင်းရည် ၂ ဇွန်း ဆမ်းကာ အားရပါးရ စားသောက်လေသည်။
ရှုချင်း အားနာမနေဘဲ မတ်တတ်ထ၊ ချဉ်ဖတ်ဟင်းရည် တစ်ပန်းကန်အပြည့် ခပ်ပြီး သောက်လိုက်သည်။ သာမန် အရသာ ဖြစ်ပေမယ့် လွမ်းဆွတ်စရာ အရသာလေး။ ဆီစက်လေးတွေပဲ ပေါ်နေတဲ့ ဟင်းရည်က သောက်ပြီးရင်း သောက်ချင်စရာ။
ရှုချင်း ဟင်းရည် ထပ်ခပ်နေတာ မြင်တော့ စစ်သူကြီးဟောင်း တခစ်ခစ် ရယ်မောပြီး လေးထောင့်တုံး ဝက်သားသုံးထပ်သား တစ်တုံးကို ရှုချင်း ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ "ဟင်းရည်ချည်းပဲ သောက်မနေနဲ့၊ ဝက်သားပေါင်း တစ်တုံးလောက် စားပါဦး"
ရှုချင်း ပန်းကန်ထဲက အသားတုံးကို မွှေကြည့်ပြီး "အသားနဲ့ အရေခွံ တွဲနေတာကို 'ခါးပတ်ကြိုး အသား' လို့ ခေါ်တာလား" ဟု အံ့သြစွာ မေးလိုက်သည်။
ပါမောက္ခဂူ ပြုံးပြီး "ဒီဟင်းလျာကို ခေါင်းမာတဲ့ မြည်းကြီးက မြက်ခင်းပြင် ဖြတ်သန်းစဉ်တုန်းက တီထွင်ခဲ့တာ။ အမဲသားရေခွံထဲ မြင်းသား ထည့်ပြီး ချက်တာ။ အခုတော့ ဝက်သားရေခွံထဲ အမဲသား ထည့်ပြီး ချက်တာပေါ့။ အရသာက အရင်ကထက် အများကြီး ပိုကောင်းတယ်" ဟု ရှင်းပြသည်။
ရှုချင်း အသားတစ်တုံး ကောက်ယူ၊ ပါးစပ်ထဲ ထည့်ဝါးလိုက်သည်။ အဆီပါပေမယ့် အီမနေဘူး။ အရမ်း လန်းဆန်းစေတဲ့ အရသာ။ ပါမောက္ခဂူသာ မပြောပြရင် အခက်ခဲဆုံး ကာလတွေကနေ ဒီလို အရသာရှိတဲ့ ဟင်းလျာ ပေါ်ထွက်လာမယ်လို့ ထင်မှာ မဟုတ်ဘူး။
အဘိုးကော်လည်း ဝက်သားပေါင်း တစ်တုံး ကောက်ယူ၊ ပါးစပ်ထဲ ထည့်ပြီး ရယ်မောကာ "ဟိုတုန်းက ငါတို့တပ်ရင်းက နောက်တန်းကို ကာကွယ်ပေးရတာ။ ရန်သူ့ မြင်းတပ်ရင်း တစ်ရင်းက မနားတမ်း လိုက်နေတာ။ ငါ တစ်ပ်ရင်းလုံးရဲ့ ခါးပတ်တွေကို ဖြုတ်၊ ကြိုးတန်းလုပ်ပြီး တားလိုက်တာ။ ရန်သူ့မြင်းတွေ လဲကျတာနဲ့ ဓားမကြီးတွေနဲ့ ဝင်ခုတ်တာပေါ့။ မြင်းတွေ ရာချီ ရလိုက်တယ်။ ဒီခါးပတ်တွေနဲ့ ဝက်သားပေါင်း (တကယ်တော့ မြင်းသား) ကျေးဇူးကြောင့် မြက်ခင်းပြင် ဖြတ်တုန်းက ငါတို့ လွတ်လပ်ရေး တပ်ရင်းက စစ်သား တစ်ယောက်မှ အစာငတ် မသေခဲ့ဘူး။ ငါဆို ၂ ပေါင်တောင် ဝလာသေးတယ်..." ဟု ပြောပြသည်။
ရှုချင်း အဘိုးကော် ပြောပြတဲ့ အတိတ်က အဖြစ်အပျက်တွေကို နားထောင်ရင်း ထမင်း ၂ ပန်းကန်လုံးလုံး၊ ဝက်သားပေါင်း တစ်ပန်းကန်နီးပါးနဲ့ မော်ထိုင် အရက်ဝက် ကုန်သွားသည်။ တစ်ကိုယ်လုံး နွေးထွေးပြီး နေလို့ကောင်းသွားသည်။
အဘိုးကော် စကားဆုံးသွားသောအခါ ဗိုက်ပြည့်နေသော ရှုချင်း မတ်တတ်ထ နှုတ်ဆက်လိုက်သည်။ မပြန်ခင် အနောက်ဘက်တွင် ဖုန်းနံပါတ် ရေးထားသော ခွင့်ပြုမိန့်တစ်ခု လက်ခံရရှိသည်။
ရှုချင်းကို အိမ်ပြန်ပို့ပေးသူက သက်တော်စောင့် ရှောင်ချွေ့ ဖြစ်သည်။ နောက်ခန်းတွင် အိတ်ကြီးတစ်လုံး ပါလာသည်။ စစ်သူကြီးဟောင်းဆီက ရလာတဲ့ ပစ္စည်းတွေပေါ့။
ကားသည် ဗီလာရှေ့တွင် ရပ်တန့်သွားသည်။ ရှုချင်း အိတ်ကို သယ်ပြီး ဆင်းလိုက်သည်။ အိမ်ထဲ ဝင်လိုက်သည်နှင့် ချင်းပင်းနှင့် အတန်းပိုင် ဆရာမ ဝူထယ်လန်တို့ ဆိုဖာပေါ် ထိုင်စကားပြောနေသည်ကို တွေ့လိုက်ရသည်။
"မင်္ဂလာပါ ဆရာမဝူ!" ရှုချင်း ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ လက်ထဲတွင် ဖောင်းပွနေသော အိတ်ကြီး ပါလာသည်။
ဝူထယ်လန် ပြုံးပြီး "မင်္ဂလာပါ၊ ဒီနှစ် စာမေးပွဲမှာ မင်း ငါ့အပါအဝင် အားလုံး အံ့သြသွားအောင် ဖြေနိုင်ခဲ့တယ်နော်" ဟု ချီးကျူးလိုက်သည်။
ရှုချင်း ဆိုလိုရင်းကို နားလည်ပြီး "ကံကောင်းတာလေး ပါပါတယ်။ အရေးကြီးဆုံးကတော့ ဆရာမ အတန်းရဲ့ စာလေ့လာတဲ့ အငွေ့အသက် ကောင်းလို့ပါ" ဟု နှိမ့်ချစွာ ပြောလိုက်သည်။
ဝူထယ်လန် ကျေနပ်စွာ ပြုံးပြီး "မင်းရဲ့ ကြိုးစားမှုကြောင့်လည်း ပါပါတယ်။ ဆရာမ လာရတဲ့ အကြောင်းရင်းက မနက်ဖြန် ကျောင်းပြန်လာဖို့ ပြောချင်လို့ပါ။ ကျောင်းက ဘွဲ့ရ အကျဉ်းချုပ် အစည်းအဝေးလုပ်မယ်။ တို့အတန်းရဲ့ ထိပ်ဆုံးရတဲ့ ကျောင်းသားက သေချာပေါက် ရှိနေရမယ်လေ" ဟု ပြောလိုက်သည်။
ရှုချင်း ချက်ချင်း သဘောတူလိုက်သည်။ ရိုးရိုးသားသား ပြောရရင် အစည်းအဝေး တက်ဖို့ စိတ်မဝင်စားပေမယ့် အတန်းဖော်ဟောင်းတွေနဲ့ ပြန်တွေ့ရတာ ကောင်းပါတယ်။
ချင်းပင်း အိတ်ကြီးကို စိတ်ဝင်စားသွားပြီး "အဲဒီအိတ်ထဲမှာ ဘာတွေလဲ။ စာမေးပွဲ ပြီးကတည်းက ကြောင်တစ်ကောင်လိုပဲ၊ အိမ်မှာ ကပ်ကို မကပ်ဘူး" ဟု စနောက်လိုက်သည်။
ရှုချင်း တခစ်ခစ် ရယ်မောပြီး "ဘာမှ မဟုတ်ပါဘူး၊ အပြင်က ရလာတဲ့ ပစ္စည်းဟောင်း တချို့ပါ။ မနက်ဖြန် ဆိုင်မှာ အလှတင်ထားမလို့" ဟု ဖြေလိုက်သည်။
ဝူထယ်လန် စပ်စုချင်စိတ်ဖြင့် "ဘာပစ္စည်းဟောင်းလဲ။ ရှေးဟောင်းပစ္စည်းလား" ဟု မေးလိုက်သည်။
ရှုချင်း ခေါင်းညိတ်ပြီး "ပစ္စည်းကောင်းတွေပါ။ အဘိုးအို တစ်ယောက်က လက်ဆောင်ပေးလိုက်တာ" ဟု ပြောလိုက်သည်။
ဝူထယ်လန် ပြုံးပြီး "ဝါသနာ ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ အရမ်း စွဲလမ်းမသွားနဲ့နော်။ စာဘက်ကို အဓိက အာရုံစိုက်သင့်တယ်" ဟု ဆုံးမလိုက်သည်။
ရှုချင်း ရိုသေသမှုဖြင့် ခေါင်းညိတ်ကာ "စိတ်မပူပါနဲ့၊ စာကို မလစ်ဟင်းစေရပါဘူး" ဟု ကတိပေးလိုက်သည်။
ဝူထယ်လန် ဒီလိမ္မာတဲ့ ကျောင်းသားကို သဘောကျသွားသည်။ နှုတ်ဆက်စကား ပြောပြီးနောက် ပြန်ရန် ပြင်လိုက်သည်။ ချင်းပင်းက အိမ်ပြန်လိုက်ပို့ပေးမယ် ဆိုပြီး နှစ်ဦးသား အတူ ထွက်သွားကြသည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: