အခန်း (၂၁၇) ငွေလာပို့သူများ
ရှုချင်း အိတ်ကြီးကို အပေါ်ထပ် အခန်းထဲ သယ်သွားပြီး ရှေးဟောင်း ငွေဘုရားဆင်းတုတော်ကို ထုတ်ကြည့်လိုက်သည်။
ဒါက ငွေစစ်စစ်နဲ့ သွန်းလုပ်ထားတဲ့ ဂေါတမဗုဒ္ဓ ထိုင်တော်မူ ဆင်းတုတော် ဖြစ်သည်။ သေချာကြည့်ပေမယ့် ဆက်ထားတဲ့ အရာတွေ ဘာမှ မတွေ့ရဘူး။ ဒါပေမဲ့ X-ray မျက်လုံးနဲ့ ဖောက်ထွင်းကြည့်လိုက်တော့ ရင်ဘတ်က "စက္ကြာ" သင်္ကေတ ပတ်လည်မှာ ရွှေရောင် အလင်းတန်းတွေ ဖုံးလွှမ်းနေပြီး အတွင်းထဲကို မမြင်ရဘူး။
ရှုချင်း နဂါးချောက်နက် ဓားတိုကို ထုတ်ပြီး ဆင်းတုတော် ကျောဘက်ကို ဖြည်းညှင်းစွာ လှီးဖြတ်လိုက်သည်။ ဓားထိပ် ဖျတ်ခနဲ နစ်ဝင်သွားသည်ကို ကြည့်ခြင်းအားဖြင့် အတွင်းခေါင်းပွ ဖြစ်ကြောင်း သေချာသွားပြီ။ ဖြတ်ရာအတိုင်း တြိဂံပုံ ပြောင်းပြန် လှီးထုတ်လိုက်ပြီး ငွေပြားကို ဖယ်ရှားလိုက်ရာ အထဲမှ မည်းနက်နေသော အရာဝတ္ထု တစ်ခုကို တွေ့လိုက်ရသည်။
ဆင်းတုတော်ကို စားပွဲပေါ် မှောက်လိုက်ပြီး နှစ်ချက်ခေါက်လိုက်သည်။ နက်မှောင်နေသော ပုတီးစေ့ ၂ လုံး ပြုတ်ကျလာသည်။ အလယ်တွင် ကြိုးသီရန် အပေါက်ငယ်လေး ပါရှိသည်။ ဒီပုတီးစေ့ ၂ လုံးက ရှေးဟောင်း သိုင်းပညာရှင်တွေရဲ့ အတွင်းအား အမြုတေ ဟုတ်မဟုတ် မသေချာသဖြင့် သိမ်းဆည်းထားလိုက်ပြီး တြိဂံပုံ ငွေပြားကို မူလနေရာတွင် ပြန်ကပ်ထားလိုက်သည်။
ရုတ်တရက် အတွေးတစ်ခု ဝင်လာသည်။ မနေ့က ရထားတဲ့ ခရမ်းရောင် ပုံဆောင်ခဲနဲ့ ဒီပုတီးစေ့ ၂ လုံးကို ပေါင်းပြီး ဆွဲကြိုးလုပ် ဝတ်ထားရင် နောက်ပိုင်း ဓာတ်ငွေ့တွေ စုပ်ယူဖို့ ပိုလွယ်ကူမလား။
အိတ်ထဲတွင် အနက်ရောင် သေတ္တာ တစ်လုံးနှင့် အကန့်ကြားတွင် ဝှက်ထားသော ပစ္စည်းတစ်ခု ရှိနေသေးတာကို သတိရသွားသည်။ သေတ္တာကို စားပွဲပေါ် တင်ပြီး ဖွင့်ကြည့်လိုက်သည်။ ငွေရောင် ဓားကောက် တစ်လက် ထွက်လာသည်။ လက်ရာ တော်တော် သေသပ်တယ်။ ဓားသွားကို အထူး ပြုလုပ်ထားပြီး လွှသွားလို စိပ်နေကာ အလွန် ထက်မြသည်။ နဂါးချောက်နက် ဓားလောက် မမီပေမယ့် ရှားပါးတဲ့ လက်နက်ကောင်း တစ်လက်ပါပဲ။
ဒီဓားကောက်က ရှေးဟောင်းပစ္စည်း ဆိုရင် သူ့လက်ရာနဲ့ ဓားရိုးပေါ်က ပတ္တမြား ၂ လုံးကြောင့်တင် တော်တော် တန်ဖိုးရှိနေပြီ။ ဒါပေမဲ့ ရှုချင်းက သေတ္တာရဲ့ လျှို့ဝှက်အကန့်ထဲက ပုံတူပန်းချီကားကို ပိုစိတ်ဝင်စားသည်။
နဂါးချောက်နက် ဓားတိုဖြင့် သစ်သားသေတ္တာကို အလွယ်တကူ လှီးဖြတ်လိုက်ရာ အတွင်းမှ ပုံတူပန်းချီကား လုံးဝ မထိခိုက်ဘဲ ထွက်လာသည်။ ဆီစိမ်စက္ကူကို ဂရုတစိုက် ဖယ်ရှားပြီး ဖြန့်ကြည့်လိုက်ရာ ဓားကိုင် စစ်သူကြီး တစ်ဦး၏ ပုံ ဖြစ်နေသည်။ မင်ဖြင့် ရေးဆွဲထားသော ပန်းချီကား ဖြစ်သော်လည်း စစ်သူကြီး၏ မျက်နှာ အမူအရာက အသက်ဝင်နေပြီး မျက်ခုံးကြားမှ လွမ်းဆွတ်မှု အရိပ်အယောင်များ ထွက်ပေါ်နေသည်။ ဓားကို ဝှေ့ယမ်းလိုက်ပုံက သက်ဝင်လှုပ်ရှားနေပြီး ဘေးနားရှိ သစ်ရွက်များပင် ဓားချက်ကြောင့် လှုပ်ခတ်သွားသယောင် ထင်ရသည်။ တကယ့်ကို လက်ရာမြောက်တဲ့ ရှေးဟောင်းပန်းချီကားပါပဲ။
ရှုချင်း ပန်းချီအကြောင်း နားမလည်ပေမယ့် အမြင်တော့ ရှိပါတယ်။ ပန်းချီကားထဲက လူပုံ အမူအရာကို ကြည့်ရုံနဲ့ သာမန် မဟုတ်မှန်း သိလိုက်ပြီ။ အောက်ခြေမှာ လက်မှတ် ပါရှိသဖြင့် အဘိုးဝူကို ပြပြီး အကဲဖြတ်ခိုင်းရမယ်။
စဉ်းစားရင်း ရေငတ်လာသဖြင့် စားပွဲပေါ်မှ ရေခွက်ယူ၊ ရေပူရေအေးစက်ဆီ ပြေးသွားပြီး ရေသန့် တစ်ခွက် ငှဲ့လိုက်သည်။ ပန်းချီကားကို ပြန်လေ့လာရန် ပြင်လိုက်စဉ် လက်ချော်ပြီး ရေတွေ ပန်းချီကားပေါ် မှောက်ကျကုန်သည်။
ရှုချင်း ကြောင်အသွားသည်။ ကုတင်ဘေး စားပွဲပေါ်မှ တစ်သျှူးလိပ်ကို အမြန်လှမ်းယူပြီး ရေတွေ သုတ်ရန် ပြင်လိုက်သော်လည်း လက်က လေထဲတွင် ရပ်တန့်သွားသည်။ စားပွဲပေါ်က ပန်းချီကားကို စိုက်ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ပန်းချီကားထဲမှ စစ်သူကြီး အသက်ဝင်လာသည်။ ဓားရှည်ကို နဂါးတစ်ကောင်လို ဝှေ့ယမ်း ကစားနေသည်။ ခုတ်၊ ထိုး၊ ပိုင်း၊ ဖြတ်... အားလုံးက ချောမွေ့နေသည်။ "နေကိုးစင်းကို ပစ်ချတဲ့ လေးသည်တော် ယီလို လျင်မြန်တယ်၊ နဂါးစီးတဲ့ ဧကရာဇ်တွေလို ကျက်သရေရှိတယ်၊ မိုးကြိုးမုန်တိုင်းတွေ စုဝေးလာသလို ရောက်လာပြီး မြစ်တွေ ပင်လယ်တွေရဲ့ ကြည်လင်တဲ့ အလင်းရောင်လို ထွက်ခွာသွားတယ်" ဆိုတဲ့ ကဗျာထဲကအတိုင်းပါပဲ။
ခဏကြာအောင် ဓားကစားပြီးနောက် စစ်သူကြီးက ဓားရှည်ကို လေထဲ ပစ်တင်လိုက်သည်။ ဓားက ဓားအိမ်ထဲက ထွက်လာပြီး ပင်လယ်ထဲ ပြန်ဝင်လာတဲ့ ငွေနဂါးတစ်ကောင်လို ဓားအိမ်ထဲ ပြန်ဝင်သွားသည်။ လူပုံက ငြိမ်သက်သွားပြီး ပန်းချီကားပေါ်က ရေတွေ အလိုလို ခြောက်သွားသည်။
ရှုချင်း တစ်သျှူးလိပ်ကို ကိုင်လျက် ကြောင်ငေးနေမိသည်။ သတိပြန်ဝင်လာဖို့ အတော်ကြာသွားသည်။ ချက်ချင်း ရေတစ်ခွက် ထပ်ငှဲ့ပြီး ပန်းချီကားပေါ် ဖြည်းညှင်းစွာ လောင်းချလိုက်သည်။
ထင်ထားတဲ့အတိုင်း စစ်သူကြီးက ဓားပြန်ကစားပြသည်။ ဓားပြန်သိမ်းမှ ရပ်သွားသည်။ ဒီအံ့ဖွယ် မြင်ကွင်းကို မြင်ပြီးနောက် ရှုချင်း စစ်သူကြီး ကစားပြသွားတဲ့ ဓားကွက်တွေကို ပြန်စဉ်းစားကြည့်သည်။ ပြီးပြည့်စုံတဲ့ ဓားသိုင်း တစ်ခု ဖြစ်ပုံရတယ်။ ဘယ်ဆရာကြီး ရေးဆွဲခဲ့တာလဲ မသိဘူး၊ ဒီလို အံ့ဖွယ် အကျိုးသက်ရောက်မှုမျိုး ဖြစ်စေနိုင်တာ။
ဒီအချက် တစ်ခုတည်းနဲ့တင် ဒီပန်းချီကားက နိုင်ငံတော် အဆင့် ရတနာ ဖြစ်ထိုက်ပါတယ်။ ရှုချင်းက ပန်းချီကား တန်ဖိုးကို ဂရုမစိုက်ပါဘူး၊ ဓားသိုင်းကိုပဲ စိတ်ဝင်စားတာ။ ဒါကို သင်ယူနိုင်ရင် သေချာပေါက် ကောင်းမွန်တဲ့ အရာပဲ။
၂ ခါလောက် ရေလောင်းပြီးနောက် ထပ်မလောင်းရဲတော့ပေ။ ပျက်စီးသွားရင် နှမြောစရာကြီး။ ဒါကြောင့် စိတ်ထဲမှာ ဓားကွက်တွေကို ထပ်ခါထပ်ခါ ပြန်လေ့ကျင့်ကြည့်သည်။ အံ့သြစရာကောင်းတာက အနည်းငယ် မှတ်မိနေခြင်းပင်။ ဘာပဲဖြစ်ဖြစ် လုံးဝ ခြောက်သွားမှ ထပ်လောင်းကြည့်တာ မနောက်ကျပါဘူး။
စားပွဲကို ရှင်းလင်းပြီးနောက် ခရမ်းရောင် ပုံဆောင်ခဲ၊ ပုတီးစေ့ ၂ လုံးနှင့် ဂျပန်စာ ကူးရေးထားသော စာရွက်တို့ကို ယူပြီး အပြင်ထွက်လာခဲ့သည်။ ဒီပစ္စည်းတွေ ထားထားတာ ကြာပြီ၊ အဓိပ္ပာယ် ပြန်ခိုင်းရမယ့် အချိန် ရောက်ပြီ။
ထျန်းဟုန် ရတနာဆိုင်သည် ကမ္ဘာကျော် ကျောက်စိမ်းပန်းပု ဆရာကြီး ရွှယ်ဟုန်ယွမ်၏ လက်ရာများကြောင့် ပြည်တွင်းပြည်ပ စုဆောင်းသူများ အကြား ရေပန်းစားနေသည်။ သို့သော် ဆရာကြီးရွှယ်၏ လက်ရာအချို့ကို ရောင်းချခြင်း မပြုဘဲ ပြသထားရုံသာ ဖြစ်သည်။ ဒါပေမဲ့ အကြောင်းရင်း တစ်ခုခုကြောင့် အလတ်စားနှင့် အနိမ့်စား ရတနာများလည်း ရောင်းအားကောင်းလာပြီး နေ့စဉ် ဝင်ငွေ တော်တော်များနေသည်။
ရောင်းအားကောင်းတော့ ဝန်ထမ်းတွေ ကော်မရှင် ပိုရပြီး ပိုကြိုးစားကြတယ်။ ဒါက ကောင်းမွန်တဲ့ သံသရာလည်ပတ်မှုတစ်ခု ဖြစ်လာတယ်။
ရှုချင်းနှင့် ဆရာကြီးဟွမ်တို့ အတူတကွ ခရမ်းရောင် ပုံဆောင်ခဲနှင့် ပုတီးစေ့ ၂ လုံးကို ပေါင်းစပ်ပြီး အမျိုးသား ဝတ်ဆင်ရန် သင့်တော်သော ဆွဲကြိုးတစ်ခု ပြုလုပ်ရန် တိုင်ပင်နေကြသည်။
ဆရာကြီးဟွမ်က လက်ရာ အရမ်း ကောင်းသည်။ ၂ နာရီ မပြည့်ခင်မှာပင် ပုံဆောင်ခဲကို ပလက်တီနမ် အောက်ခံတွင် မြှုပ်နှံလိုက်သည်။ ထို့နောက် ပုတီးစေ့ တစ်လုံးစီကို ကြိုးတစ်ဖက်စီတွင် သီပြီး အရှည်ချိန်ညှိကာ ဘေးကင်းရေး ကလစ် တပ်ဆင်လိုက်သည်။ ထူးခြားသော ပလက်တီနမ် ဆွဲကြိုးတစ်ခု ပြီးစီးသွားသည်။ ပုံဆောင်ခဲ အဆုံးရှိ ရှေးဟောင်း စာလုံး ၃ လုံးကိုလည်း မြင်သာအောင် ဖော်ထားပေးသည်။ အသေးစိတ် ဂရုစိုက်ထားတယ်။
ရှုချင်း လည်ပင်းတွင် စွပ်ကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်ကာ "ကောင်းတယ်၊ ကျွန်တော် တော်တော် ကြိုက်တယ်" ဟု ပြောလိုက်သည်။
ဆရာကြီးဟွမ် ရယ်မောပြီး "ပလက်တီနမ် အောက်ခံနဲ့ ခရမ်းရောင် ကျောက်သလင်းရဲ့ တန်ဖိုးက ဒီ ဇီကန် ကျောက်စိမ်းလက်ရာရဲ့ တစ်ထောင်ပုံ တစ်ပုံတောင် မရှိဘူး။ သခင်လေးရှု ဘာလို့ ဒါကို ရွေးပြီး ဝတ်ချင်လဲ နားမလည်နိုင်ဘူး" ဟု ပြောလိုက်သည်။
ရှုချင်း ရင်ဘတ်က ဆွဲကြိုးကို ကိုင်ပြီး "ရိုးရှင်းပါတယ်၊ ကျွန်တော် ကြိုက်လို့ပါ" ဟု ဖြေလိုက်သည်။ ဆရာကြီးဟွမ်က ခရမ်းရောင် ကျောက်သလင်းလို့ ထင်နေတဲ့ ဒီအရာက သူ့လေ့ကျင့်မှုအတွက် အထောက်အကူ ဖြစ်စေတယ် ဆိုတာ ထုတ်ပြောလို့ မဖြစ်ဘူးလေ။
"တီ!"
စတူဒီယိုထဲတွင် ဖုန်းမြည်လာသည်။ ဆရာကြီးဟွမ် ဖုန်းကိုင်ပြီး စကားပြောလိုက်ကာ ရှုချင်းဘက် လှည့်ကြည့်လိုက်သည်။
"သခင်လေးရှု၊ အပြင်မှာ ကိုရီးယားလူမျိုး ၂ ယောက် ရောက်နေတယ်။ အရှေ့တောင်အာရှ လောင်းကစားဘုရင် ဆိုတဲ့သူကို စိန်ခေါ်ချင်လို့တဲ့၊ ဆူညံနေကြတယ်"
ရှုချင်း မျက်မှောင်ကြုတ်ပြီး အံ့သြစွာ မေးလိုက်သည်။ "စိန်ခေါ်တယ် ဟုတ်လား။ ဘယ်ခေတ် ရောက်နေပြီလဲ၊ ဒီလို ဂိမ်းမျိုး ကစားနေတုန်းလား" လောင်းကစားဘုရင် ဘွဲ့ရပြီးကတည်းက ဒီလိုမျိုး တစ်ခါမှ မကြုံဖူးလို့ စိတ်ဝင်စားသွားသည်။
ဆရာကြီးဟွမ် ရယ်မောပြီး "မန်နေဂျာမီ ပြောတာတော့ ဒီငတုံး ၂ ကောင်က အမေရိကန် ဒေါ်လာတွေ အပြည့်ထည့်ထားတဲ့ သေတ္တာကြီး တစ်လုံး သယ်လာတယ်တဲ့။ လောင်းကစားဘုရင်နဲ့ အန်စာတုံး ကစားချင်တာတဲ့။ ရှုံးရင် သေတ္တာထဲက ပိုက်ဆံအကုန် ပေးမယ်တဲ့။ ကျွန်တော် ခန့်မှန်းတာ ၁ သန်းလောက် ရှိမယ်။ မန်နေဂျာမီက လုံခြုံရေးခေါ်ပြီး မောင်းထုတ်လိုက်ရမလား မေးခိုင်းလိုက်တာ" ဟု ပြောလိုက်သည်။
ကြိုက်နှစ်သက်ရာ Payment ဖြင့် လှူဒါန်းနိုင်ပါတယ်
No comments: