အခန်း (၂၂၃) နေရာဟောင်းသို့ပြန်ရောက်ခြင်း
ရှုချင်းအောက်ထပ်ဆင်းလာရာ ဖန်ကန်း ချက်ချင်း မျက်နှာချိုသွေး ပြုံးပြလိုက်သည်။ "သခင်လေးရှု၊ အိမ်ပြန်ရောက်နေတာကိုး!"
"အင်း! မတွေ့တာ ကြာပြီ။ နေကောင်းလား" ရှုချင်း ခေါင်းညိတ်ပြုံးပြပြီး ခြေထောက်နား ရောက်နေသော ဖက်တီးကို ပွေ့ချီလိုက်သည်။
ဖန်ကန်း ပြုံးပြီး "ခင်ဗျား ကျေးဇူးကြောင့် အခု အိမ်ရာဝင်း လုံခြုံရေး ခေါင်းဆောင် ဖြစ်နေပြီ။ ရွာကနေ ကြက်ခြောက်၊ ငါးခြောက်လေးတွေ ပါလာလို့ ခင်ဗျား မြည်းစမ်းကြည့်ရအောင် လာပို့တာပါ" ဟု ပြောလိုက်သည်။
ရှုချင်း ပြုံးပြီး "ကျေးဇူးပါပဲ။ ငါ မရှိရင် အိမ်ကို ကူညီစောင့်ရှောက်ပေးပါဦး" ဟု မှာကြားလိုက်သည်။
ဖန်ကန်းက "စိတ်ချပါ။ ၂၄ နာရီ ကင်းလှည့်နေတဲ့သူတွေ ရှိတယ်။ ဂိတ်ပေါက်မှာလည်း လုံခြုံရေး ၂ ယောက် ထပ်တိုးထားတယ်။ လျှို့ဝှက်ကင်မရာတွေလည်း တပ်ထားပြီးပြီ။ လုံခြုံရေး အတွက်တော့ လုံးဝ အာမခံပါတယ်" ဟု ကတိပေးလိုက်သည်။
မြို့တော် ပါတီ အတွင်းရေးမှူး (ရွှယ်ကော်ချန်) အိမ်ကို ဖောက်ထွင်းပြီး အကြမ်းဖက်မှု ဖြစ်ပြီးကတည်းက လုံးချင်းအိမ်ရာ လုံခြုံရေးကို ထိပ်တန်း ဦးစားပေး အဖြစ် သတ်မှတ်လိုက်ပြီ။ လျှို့ဝှက်ကင်မရာ ရာချီ တပ်ဆင်ထားပြီး ၂၄ နာရီ ကင်းလှည့်နေကြသည်။ ဘေးနားမှာ ရဲစခန်းခွဲ တစ်ခုတောင် လာဖွင့်ထားသေးတယ်။ ဒါတွေအကုန်လုံး မြို့တော်ခေါင်းဆောင်ရဲ့ လုံခြုံရေး အတွက်ပေါ့။
ဖန်ကန်း ပြန်သွားပြီးနောက် ရှုချင်း ရွှယ်မိသားစု အိမ်သို့ သွားလိုက်သည်။
အဘိုးရွှယ်က "တိမ်စီးနေသော ရွှေဘုရား" ရုပ်တုကို ကြည့်ရှု သုံးသပ်နေစဉ် ရှုချင်း ရောက်လာသဖြင့် အလုပ်ရပ်လိုက်သည်။ ဆရာတပည့်နှစ်ဦး ဆိုဖာပေါ် ထိုင်ပြီးနောက် ရှုချင်းက မနက်ဖြန် မြန်မာပြည် ကျောက်မျက်ရတနာ ကုန်စည်ပြပွဲ သွားမည့်အကြောင်း အကျဉ်းချုံး ပြောပြလိုက်သည်။
အဘိုးရွှယ် မအံ့သြပေ။ သူ့အမြင်အရ ဒီလူငယ်လေးရဲ့ မျက်လုံးတွေက ထူးခြားလွန်းလို့ ကျောက်စိမ်းလောကမှာ မွေးဖွားလာသူလို့တောင် ဆိုနိုင်တယ်။ မြန်မာပြည် ကျောက်စိမ်းလေလံပွဲ မသွားရင် နှမြောစရာကြီး။ သို့သော် ကျန်းမာရေး အခြေအနေကြောင့် အဘိုးရွှယ် လိုက်မသွားနိုင်ပေ။ လေလံပွဲမှာ သတိထားရမယ့် အချက်တွေကို သေချာ မှာကြားလိုက်သည်။
ဆရာတပည့်နှစ်ဦး ၂ နာရီလောက် စကားပြောကြသည်။ ရှုချင်း မြန်မာပြည် လေလံပွဲအကြောင်း ပိုနားလည်လာသည်။ လေလံပွဲမှာ ယူရိုငွေ သုံးတယ်။ ၁ ယူရိုက ၈.၅ ယွမ် လောက်နဲ့ ညီမျှတယ်။ ဈေးပြိုင်တဲ့အခါ သတိထားရမယ်။ မဟုတ်ရင် ဂေါ်ဖီထုပ်ကို အမဲသားဈေး ပေးဝယ်သလို ဖြစ်သွားပြီး ကိုယ့်ပိုက်ဆံ ကိုယ်စိုက်လျော်ရလိမ့်မယ်။
ကျောက်စိမ်းရိုင်း အရင်းအမြစ်တွေ ရှားပါးလာတာနဲ့အမျှ မြန်မာပြည် ကျောက်စိမ်းလေလံပွဲက ကုန်သည်တွေကြား ပိုရေပန်းစားလာတယ်။ ကြိုတင် မဝယ်ထားနိုင်ရင် ကုန်သည်တွေ အနေနဲ့ ပိုက်ဆံရှိပြီး ပစ္စည်းမရှိတဲ့ အဖြစ်မျိုး ကြုံရနိုင်တယ်။ အထူးသဖြင့် အရည်အသွေးမြင့် ကျောက်စိမ်းတွေပေါ့။
အဘိုးရွှယ်က ရှုချင်းကို "အလတ်စားကနေ အမြတ်များများယူ" ဆိုတဲ့ မဟာဗျူဟာ သုံးဖို့ အကြံပေးတယ်။ ရန်ပုံငွေကို သုံးပြီး အလတ်စား ကျောက်စိမ်းရိုင်းတွေ များများဝယ်၊ နေရာတင် ဖြတ်ပြီး ရောင်း၊ ပြီးမှ ရလာတဲ့ အမြတ်ငွေတွေ စုပြီး အရည်အသွေးမြင့် ကျောက်စိမ်းတွေ လိုက်ဝယ်ပေါ့။ ပြီးတော့ ရင်းနှီးမြှုပ်နှံမှုကို ဖြန့်ခွဲတဲ့ အနေနဲ့ ကျောက်စိမ်းရိုင်း အရေအတွက် များများ ဝယ်ဖို့ အကြံပေးတယ်။ အဘိုးရွှယ်က ယူရို သန်း ၂၀ မတည်ငွေ ထည့်ဝင်ပေးလိုက်သည်။ ဒါက ထျန်းဟုန် ရတနာဆိုင် ဖွင့်တုန်းက ရတနာ ၃ ခု ရောင်းရငွေပါ။
ရှုချင်း ထန်ကော်ပင်းဆီ ဖုန်းဆက်ပြီး ယူရို သန်း ၂၀၀ လဲပေးဖို့ အကူအညီ တောင်းလိုက်သည်။ ဒီလေလံပွဲမှာ အကြီးအကျယ် လုပ်ပြဖို့ ဆုံးဖြတ်ထားလို့ပါ။
ထန်ကော်ပင်း ချက်ချင်း သဘောတူလိုက်သည်။ သူကိုယ်တိုင်လည်း ယူရို သန်း ၁၀၀ လဲပြီး ကစားဖို့ ပြင်ဆင်ထားတယ်တဲ့။ စုစုပေါင်း သန်း ၃၀၀ ဆိုရင် လေလံပွဲ အရောင်းအဝယ် ပမာဏ စုစုပေါင်းရဲ့ ၁၀ ပုံ ၁ ပုံလောက် ရှိနေပြီ။ ပြီးခဲ့တဲ့ လေလံပွဲ အရောင်းအဝယ် ပမာဏက ယွမ် ဘီလီယံ ၂၀ ကျော် ရှိပြီး လူ ၁ သောင်းကျော် တက်ရောက်ခဲ့တာ။ ယှဉ်ကြည့်ရင် ညီအစ်ကို နှစ်ယောက်က ရင်းနှီးမြှုပ်နှံသူ အကြီးစား စာရင်းဝင်နေပြီ။
ဖုန်းပြောပြီးနောက် ရှုချင်း ရွှယ်အိမ်မှာ ညစာစားပြီး အိမ်ပြန်လာသည်။ ဖုန်းအားသွင်းရန် ထုတ်လိုက်စဉ် လုယင်းရွှယ်ဆီမှ စာတိုတစ်စောင် ဝင်လာသည်။
"ခဏတာ ခွဲခွာခြင်းက အဆုံးမဲ့ လွမ်းဆွတ်မှုကို ဖြစ်စေတယ်၊ မင်း ငါ့အိပ်မက်ထဲ ရောက်လာပြီ။ ဆောင်းဦးနှင်းခဲက နှင်းမကျစေဘူး၊ မြစ်ကမ်းပါးမှာ တို့တွေရဲ့ ရေစက်ကို ဆက်လက် ပုံဖော်ကြမယ်"
ကဗျာတိုလေး ၄ ကြောင်းက ရှုချင်း ရင်ကို လှုပ်ခတ်သွားစေသည်။ သူ ကျန်းတာ တက္ကသိုလ်တက်ရင် ပြန်ဆုံတွေ့ကြမယ်လို့ ဆိုလိုတာ မဟုတ်လား။ ဒီစကားတွေနဲ့တင် ကျေနပ်နေပါပြီ။ လုယင်းရွှယ် သူ့အပေါ် သံယောဇဉ် ရှိနေသေးတယ် ဆိုတာ သိလိုက်ရလို့ အရင်က စိတ်ပျက်မှုတွေ ပျောက်ကွယ်သွားသည်။ ဖုန်းပြန်ခေါ်သော်လည်း စက်ပိတ်ထားသဖြင့် အားသွင်းကြိုး ထိုးပြီး စားပွဲပေါ် တင်ထားလိုက်သည်။
နောက်တစ်နေ့ မနက်တွင် ရှုချင်း ခရီးဆောင်အိတ် လွယ်ပြီး အိမ်မှ ထွက်လာသည်။ အိမ်ရာဝင်း ဂိတ်ပေါက် ရောက်သည်နှင့် ရိုးစ်ရွိုက် ဖန်တွမ် (Rolls-Royce Phantom) ကားကြီး ရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထန်ကော်ပင်း ကားရှေ့ခန်းကို မှီပြီး ဆေးလိပ်သောက်နေသည်။ အာလော်နှင့် အာပေါင်တို့ ဘေးတွင် ရပ်နေကြသည်။ ထန်ကော်ပင်း လက်ညှိုးကြားက ဆေးလိပ် တစ်ဝက်လောက် ကျန်နေသေးတာ ကြည့်ရင် ရောက်တာ မကြာသေးဘူး။
"မင်္ဂလာနံနက်ခင်းပါ အစ်ကိုထန်" ရှုချင်း နှုတ်ဆက်ပြီး အိတ်ကို ကားပေါ် တင်လိုက်သည်။
ထန်ကော်ပင်း ဆေးလိပ်တို ပစ်လိုက်ပြီး "တော်လိုက်တဲ့ ကောင်လေး၊ ဒီဆေးလိပ်ကုန်မှ ဖုန်းခေါ်မလို့ လုပ်နေတာ" ဟု ပြောလိုက်သည်။
ကားပေါ်ရောက်သောအခါ ထန်ကော်ပင်း အိတ်ကပ်ထဲမှ ချက်လက်မှတ် စာအုပ်တစ်အုပ် ထုတ်ပြီး ရှုချင်းကို ပေးလိုက်သည်။ "မြန်မာပြည် ရောက်ရင် ငွေချေဖို့ ဒါကို သုံး။ လက်မှတ်ထိုးပြီးသား၊ ပမာဏပဲ ဖြည့်လိုက်"
ရှုချင်း ချက်လက်မှတ် စာအုပ်ကို ယူ၊ အိတ်ကပ်ထဲ ထည့်ပြီး ရယ်မောကာ "ဒါ သုံးရတာ အဆင်ပြေသားပဲ။ နောက်မှ ငါ့အတွက်လည်း တစ်အုပ်လောက် လုပ်ထားရမယ်" ဟု ပြောလိုက်သည်။
ထန်ကော်ပင်း မျက်လုံးလှန်ကြည့်ပြီး "လုပ်ထားသင့်တာ ကြာပြီ။ ဒါက မူလက ငါ့အဘိုးကြီး အတွက် လုပ်ထားတာ။ ယူရိုငွေတွေချည်းပဲ၊ ကြိုက်သလောက် သုံးလို့ ရတယ်တဲ့။ အနည်းဆုံး ယူရို သန်း ၆၀၀ လောက် ရှိတယ်" ဟု ပြောလိုက်သည်။
ရှုချင်း အံ့သြချင်ယောင်ဆောင်ပြီး "ဝါး! ငါ အကုန်ရှုံးသွားရင် ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။ ထန်ကော်ပင်းက "စိတ်အေးအေးထားပါ ကောင်လေးရာ၊ အထဲမှာ ငါ့ဝေစုလည်း ပါပါတယ်" ဟု နှစ်သိမ့်လိုက်သည်။
ရှုချင်း ချက်လက်မှတ် စာအုပ်ကို ပြန်ပေးပြီး "အစ်ကိုပဲ သိမ်းထားလိုက်ပါ။ ဟိုရောက်ရင် ကျောက်စိမ်းရိုင်းတွေ ဝယ်ဖို့ ငွေချေပေးပေါ့" ဟု ပြောလိုက်သည်။
ထန်ကော်ပင်း ပြန်သိမ်းပြီး "အလုပ်ခွဲကြတာပေါ့။ မင်းက ကျောက်ရွေး၊ ငါက ပိုက်ဆံရှင်း။ တို့တွေ ကြီးပွားတော့မယ်" ဟု ရယ်မောလိုက်သည်။
ယာဉ်မောင်းက စကားနည်းသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်သည်။ လေဆိပ်လိုက်ပို့ပြီးနောက် စကားတစ်ခွန်းမှ မပြောဘဲ ပြန်မောင်းထွက်သွားသည်။
တစ်နာရီခွဲခန့် အကြာတွင် လေယာဉ်သည် ထိန်ချုံး လေဆိပ် (Tengchong Airport) သို့ ဆိုက်ရောက်သည်။ လေဆိပ် အပြင်ဘက် ထွက်လိုက်သည်နှင့် ဟမ်းမား (Hummer) ကားရှည်ကြီး တစ်စီးကို တွေ့လိုက်ရသည်။ မုန်ရှီချန် ပြတင်းပေါက်မှ ခေါင်းပြူပြီး ပြုံးပြနေသည်။
"ကားပေါ်တက်၊ ရှီပြန့်ထို သွားစားကြစို့"
အားလုံး ကားပေါ်တက်လိုက်ရာ အမျိုးသမီး တစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မုန်ရှီချန်၏ ဇနီးဟောင်း ဖန်ပြောင်ပြောင်ပင် ဖြစ်သည်။
"လူကြီးမင်းတို့၊ မတွေ့တာ ကြာပြီနော်" ဖန်ပြောင်ပြောင် ပြုံးပြီး လက်ဆွဲနှုတ်ဆက်သည်။
မုန်ရှီချန် ပြုံးဖြီးပြီး "မင်းတို့မရီးနဲ့ ငါ ပြန်ပေါင်းထုတ်လိုက်ကြပြီ။ အခု ရတနာ စီးပွားရေး တစ်ခုလုံးကို သူပဲ ဦးစီးနေတာ" ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။
ထန်ကော်ပင်း ရယ်မောပြီး "ဒါကြောင့် အစ်ကိုမုန် ဝလာတာကိုး၊ အောင်မြင်မှုတွေ ရနေတာပဲ" ဟု စနောက်လိုက်သည်။
ရှုချင်းကလည်း "ဟားဟား! ဒါကြောင့် ဟိုတလောက ကျန်းချန် လာတုန်းက အစ်ကိုမုန် ထမင်းတောင် စားချိန်မရ ဖြစ်နေတာကိုး" ဟု ထောက်ခံလိုက်သည်။
မုန်ရှီချန် မျက်လုံးပြူးပြီး "ဟေ့ကောင်တွေ၊ ငါ့ကို မယားကြောက်လို့ ပြောချင်တာလား" ဟု မေးလိုက်သည်။ ပြီးမှ ဇနီးသည်ကို ကြည့်ပြီး ပြုံးကာ "ပြောင်ပြောင်သာ ဘေးမှာ ရှိရင် တစ်သက်လုံး မယားကြောက် ဖြစ်ရလည်း ကျေနပ်ပါတယ်ကွာ" ဟု ပြောလိုက်သည်။
"အော့!" ရှုချင်းနဲ့ ထန်ကော်ပင်း ကိုယ်ဝန်သည်တွေလို ပျို့အန်ချင်ယောင် ဆောင်လိုက်ကြသည်။ ဖန်ပြောင်ပြောင် မျက်နှာနီသွားပြီး မုန်ရှီချန်ကို မျက်စောင်းထိုးကာ "ကားကို သေချာမောင်းစမ်းပါ။ ဆယ်စုနှစ်တွေ ကြာလာတော့ မျက်နှာပြောင် တိုက်လာပြီ" ဟု ဆူပူလိုက်သည်။
ကားသည် စားသောက်ဆိုင် အိုလေး တစ်ဆိုင် ရှေ့တွင် ရပ်တန့်သွားသည်။ ဆိုင်ရှင်က သူတို့ကို မှတ်မိပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
နေရာထိုင်ခင်း ရပြီးနောက် မုန်ရှီချန် ဟင်းပွဲ အပြည့် မှာလိုက်သည်။ ဈေးသက်သာပြီး အရသာရှိတဲ့ ဆိုင်လေးမှာ စားရတာ ပျော်စရာ ကောင်းပါတယ်။ လူအများကြီး စားတာတောင် ယွမ် ၁ ထောင် မပြည့်ဘူး။ အိမ်လုပ် ဆန်အရက်လည်း ရသေးတယ်။
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: