အခန်း (၂၂၅) လမ်းခုလတ်မှာ သေနတ်ပစ်ခံရခြင်း
ရှုချင်း ကြိမ်သေတ္တာထဲ လှမ်းကြည့်လိုက်သည်။ အထဲတွင် တောက်ပြောင်နေသော အနက်ရောင် အော်တိုမက်တစ် ပစ္စတို ၆ လက်၊ ကျည်အိမ်တစ်ပုံနှင့် ဓားအိမ်ပါသော စစ်သုံးဓားမြှောင် ၃ လက် ရှိနေသည်။
သက်တော်စောင့်က အိတ်ကို တံတောင်ဆစ်ဖြင့် ဖွင့်ပြသည်။ ထန်ကော်ပင်း မျက်လုံးများ အရောင်လက်သွားပြီး ပစ္စတိုတစ်လက် ကောက်ယူ၊ အလေးချိန် စမ်းကြည့်ကာ "ပြည်တွင်းဖြစ် NP24, ၉ မီလီမီတာ ကျည်၊ ၁၅ တောင့်ဆံ့။ တစ်လက် ဘယ်လောက်လဲ" ဟု မေးလိုက်သည်။
ဟွမ်ဘိုဝမ် ရယ်မောပြီး "မဈေးကြီးပါဘူး၊ ဒေါ်လာ ၃၀၀၊ ကျည်အိမ် ၅ ခု ပါတယ်" ဟု ပြောလိုက်သည်။
ထန်ကော်ပင်း ပေါ့ပေါ့ပါးပါးပင် ၂ လက် ယူပြီး အာလော်နှင့် အာပေါင်ဆီ ပစ်ပေးလိုက်သည်။ ပိုက်ဆံထုတ်ရန် ပြင်နေစဉ် ရှုချင်းက ကြိမ်သေတ္တာထဲမှ သံလိုက်အိမ်မြှောင်ပါသော စစ်သုံးဓားမြှောင် တစ်လက် ကောက်ယူပြီး "ဒါရော တစ်ချောင်း ဘယ်လောက်လဲ" ဟု မေးလိုက်သည်။
ဟွမ်ဘိုဝမ် ရယ်မောပြီး "ဒေါ်လာ ၈၀ ပါ၊ အမှတ်တရ ဝယ်သွားလို့ ကောင်းတယ်" ဟု ပြောလိုက်သည်။
အာပေါင် ရှေ့တိုးလာပြီး "Vanguard M9 လှံစွပ်၊ တရုတ်ပြည် လုပ်တာ၊ သုံးလို့ အရမ်းကောင်းတယ်" ဟု ထောက်ခံလိုက်သည်။
ထန်ကော်ပင်း ပြုံးပြီး ဒေါ်လာတစ်အုပ် ထုတ်၊ ၁၀ ရွက် ရေတွက်ပြီး ဟွမ်ဘိုဝမ်ကို ပေးလိုက်သည်။ သူကိုယ်တိုင်လည်း ပစ္စတိုတစ်လက် ယူပြီး ခါးကြား ထိုးထည့်လိုက်သည်။
ဟွမ်ဘိုဝမ် ကြိမ်သေတ္တာထဲမှ နောက်ထပ် ဓားမြှောင် တစ်ချောင်း ထုတ်ပြီး ရှုချင်းကို ပေးလိုက်သည်။ "ကြိုက်ရင် နောက်တစ်ချောင်း ယူလိုက်၊ ပစ္စည်းကောင်းတွေက စုံလိုက်လာမှ ကောင်းတာ"
ပစ္စတို ၃ လက်၊ ဓားမြှောင် ၂ ချောင်း၊ စုစုပေါင်း ဒေါ်လာ ၁ ထောင် ဆိုတာ တန်ပါတယ်။ ပစ္စတိုက တရုတ်ပြည် ပြန်သယ်သွားလို့ မရပေမယ့် ဓားမြှောင်ကတော့ ရတယ်လေ။
ဟွမ်ဘိုဝမ် ပစ္စတို ၃ လက်ကို သက်တော်စောင့် လက်ထဲ ထည့်ပေးလိုက်ပြီး ပိန်လှီသော မြန်မာအမျိုးသားကို ပိုက်ဆံရေပေးကာ ပြန်လွှတ်လိုက်သည်။ အဖွဲ့သားများ ကားပေါ် ပြန်တက်ပြီး ရန်ကုန်ရှိ လေလံပွဲ ကျင်းပရာ နေရာသို့ တန်းမောင်းထွက်လာကြသည်။
ထန်ကော်ပင်းက သေနတ်နဲ့ ရင်းနှီးကျွမ်းဝင်သူ။ ကားပေါ်မှာ အားနေရင် သေနတ်ကို ဟိုဖြုတ်ဒီတပ် လုပ်ကစားနေလို့ ဖန်ပြောင်ပြောင် မကြာခဏ မျက်မှောင်ကြုတ်နေရသည်။
ရှုချင်းကတော့ ဓားမြှောင် ၂ ချောင်းကို ခါးမှာ သေသေသပ်သပ် ချိတ်ပြီး မျက်လုံးမှိတ်ကာ တစ်မှေးအိပ်လိုက်သည်။ နိုးလာရင် လိုရာခရီး ရောက်နေဖို့ မျှော်လင့်ရင်းပေါ့။
မြန်မာပြည် လမ်းတွေက တကယ် ဆိုးရွားပါတယ်။ ကားမောင်းရတာ ပုခက်လွှဲနေသလိုပဲ။ ကံကောင်းလို့ ဟမ်းမားကားရှည်ကြီးက ရှော့ဘား စနစ် ကောင်းလို့ ရှုချင်း အိပ်ပျော်သွားတာ။
"ဒိုင်း! ဒိုင်း! ဒိုင်း!"
စူးရှသော သေနတ်သံများက ရှုချင်း၏ အိပ်မက်လှလှလေးကို ဖျက်ဆီးလိုက်သည်။ ကားက "ကျွီ" ခနဲ ဘရိတ်အုပ်ပြီး ရပ်တန့်သွားသည်။ မျက်လုံးဖွင့်ကြည့်လိုက်ရာ ကိုက် ၁၀၀ ခန့် အကွာတွင် သစ်သား အတားအဆီးများ ပိတ်ထားသည်ကို တွေ့လိုက်ရသည်။ AK သေနတ် ကိုင်ဆောင်ထားသော မြန်မာအမျိုးသား ၅ ဦးက ရှေ့ဆုံးကားကို ချိန်ရွယ်ထားကြသည်။ ခေါင်းဆောင်ထင်ရသော မုတ်ဆိတ်မွေး ထူထူ၊ အသားမည်းမည်းနှင့် လူတစ်ယောက်က သေနတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး မိုးပေါ်ထောင်ပစ်ကာ မီးခိုးငွေ့များ ထွက်နေသည်။ သူ့အနောက်တွင် ဆိုက်ကား တပ်ထားသော ဂျစ်ကားအို ၂ စီး ရှိသည်။
ခုနက ပစ်လိုက်တာ ဒီမုတ်ဆိတ်မွေး ဆိုတာ ပြောစရာ မလိုတော့ဘူး။ ရှုချင်း အလိုအလျောက် ခါးကို စမ်းလိုက်သည်။ လက်ချောင်းထိပ်များ ဓားရိုးကို ထိလိုက်ချိန်တွင် မုန်ရှီချန်၏ တီးတိုး သတိပေးသံ ကြားလိုက်ရသည်။ "အားလုံး ကားထဲမှာပဲ နေကြ။ ငါ့ကားက ကျည်ကာကား"
"ကလစ်!"
ကားထဲက သေနတ် ၃ လက်စလုံး မောင်းတင်လိုက်သံ ထွက်ပေါ်လာသည်။ ရှုချင်း နောက်ကျောဘက်မှ ဓားမြှောင်ကို ဆွဲထုတ်ပြီး မြန်မာအမျိုးသား အုပ်စုကို လှမ်းကြည့်လိုက်သည်။ ရုတ်တရက် ဂျစ်ကားအနောက်တွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
ပိုင်ရှန်ကျွင်း! ဒီကောင် ဘယ်လိုလုပ် မြန်မာတွေနဲ့ ရောက်နေတာလဲ။ ရှုချင်း ရင်ထိတ်သွားသည်။ ကမ္ဘာကြီးက ကျဉ်းလိုက်တာ!
"အစ်ကိုမုန်၊ မြန်မြန် ကားပြန်လှည့်!" ရှုချင်း အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများက ရှေ့က မြန်မာအုပ်စုဆီ ရောက်နေသည်။ ဟွမ်ဘိုဝမ်ရဲ့ သက်တော်စောင့် တစ်ယောက် ကားတံခါးဖွင့်၊ လက်မြှောက်ပြီး မြန်မာတွေဆီ လျှောက်သွားကာ တစ်စုံတစ်ခု အော်ပြောနေသည်ကို တွေ့လိုက်ရသည်။
မုတ်ဆိတ်မွေးက အေးစက်စွာ ပြုံးလိုက်သည်။ မျက်လုံးများ စူးရှသွားပြီး သေနတ်ပြောင်းကို ဖြည်းညှင်းစွာ နှိမ့်ချကာ လျှောက်လာနေသော သက်တော်စောင့်ကို ချိန်ရွယ်လိုက်သည်။
"မြန်မြန် ပြန်လှည့်၊ မဟုတ်ရင် ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး!" ရှုချင်း စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။ စကားမဆုံးခင် သေနတ်သံ ထွက်ပေါ်လာသည်။
"ဒိုင်း!"
လမ်းတစ်ဝက် ရောက်နေသော သက်တော်စောင့် ယိုင်နဲ့သွားပြီး မြေကြီးပေါ် "ဘုန်း" ခနဲ လဲကျသွားသည်။ ခြေထောက်များ နာကျင်စွာ တဆတ်ဆတ် တုန်ခါပြီး ငြိမ်သက်သွားသည်။
"အနောက်မှာလည်း လူတွေ ရှိတယ်။ အစိုးရ ဆန့်ကျင်ရေး တပ်ဖွဲ့တွေနဲ့ တိုးပြီ ထင်တယ်" မုန်ရှီချန် မျက်နှာပျက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။ ရှုချင်း ကားနောက်ဘက် လှမ်းကြည့်လိုက်ရာ မျက်နှာထား ရုတ်ခြည်း ပြောင်းလဲသွားသည်။
ကျန်းရှန်းနန်ရဲ့ မာစီဒီးကား အနောက် မီတာ ၅၀ အကွာလောက်မှာ လက်နက်ကိုင် မြန်မာ ၅ ယောက် ရောက်နေပြီ။ တစ်ယောက်က မြေကြီးပေါ် ဒူးထောက်ထိုင်ပြီး ပခုံးပေါ်မှာ လောင်ချာတင်ထားကာ မာစီဒီးကားကို တည့်တည့် ချိန်ထားသည်။
သနားစရာ ကျန်းရှန်းနန် ခင်ဗျာ သက်တော်စောင့် တစ်ယောက်တည်း ပါလာတာ၊ လောင်ချာကို မြင်တော့ ကြောက်လန့်တကြား ဖြစ်နေပြီ။
"သောက်ကျိုးနည်း၊ လောင်ချာတောင် ထုတ်သုံးနေပြီ။ ကျည်ကာမှန်လည်း ဘာထူးမှာလဲ" ထန်ကော်ပင်း ပစ္စတိုကို ကောက်ကိုင်ပြီး ကားပေါ်က ဆင်းဖို့ ပြင်လိုက်သော်လည်း ရှုချင်းက ဆွဲထားလိုက်သည်။
"အစ်ကိုထန်၊ ဂျစ်ကားအနောက်မှာ ပိုင်ရှန်ကျွင်း ဆိုတဲ့ ကောင်စုတ်ကို တွေ့လိုက်တယ်။ အနောက်က လောင်ချာသမားကို အရင် မရှင်းနိုင်ရင် တို့တွေ ဒုက္ခရောက်ပြီ" ရှုချင်း ရှေ့တည့်တည့်က ဂျစ်ကားလမ်းကြောင်းကို ညွှန်ပြပြီး ပြောလိုက်သည်။
အာလော် မျက်လုံးများ အေးစက်သွားပြီး "အာပေါင်နဲ့ ကျွန်တော် ဆင်းပြီး အနောက်က ကောင်တွေကို ရှင်းလိုက်မယ်။ အဲဒီအချိန် အခွင့်ကောင်းယူပြီး ခင်ဗျားတို့ လမ်းဘေး သစ်ောတောအုပ်ထဲ ဝင်ပြေးကြ" ဟု ပြောလိုက်သည်။
ရှုချင်းနှင့် ထန်ကော်ပင်း အကြည့်ချင်း ဖလှယ်၊ ခေါင်းညိတ်ပြီး ကားတံခါးကို လက်မဝက်ခန့် ဟထားလိုက်သည်။ သေနတ်သံ ကြားတာနဲ့ ပြေးထွက်ဖို့ အသင့်ပြင်ထားသည်။ လမ်းဘေးမှာ ငှက်ပျောတော၊ ကျွန်းတောတွေ ထူထပ်နေတော့ ဝင်ပြေးရင် အကာအကွယ် ရနိုင်တယ်။ လမ်းပေါ်မှာ ငြိမ်နေရင် ပစ်မှတ် ဖြစ်သွားမှာပေါ့။
"အစ်ကိုမုန်၊ ဖောက်ထွက်ပြီးရင် အစ်ကိုနဲ့ မရီး တစ်ယောက်နဲ့ တစ်ယောက် မကွဲစေနဲ့နော်။ သစ်တောထဲ ရောက်မှ အသက်ရှင်နိုင်မှာ" ထန်ကော်ပင်း လေးလေးနက်နက် ပြောပြီး ဘေးနားက အာလော်၊ အာပေါင်ကို မျက်စိမှိတ်ပြလိုက်သည်။
"ကလစ်!"
ကားတံခါး ပွင့်သွားပြီး အာလော်နဲ့ အာပေါင် အရင်ဆုံး ငုံ့ပြီး ခုန်ဆင်း၊ မြေကြီးပေါ် လိမ့်သွားကာ အနောက်က ၅ ယောက် အုပ်စုကို ပစ်ခတ်လိုက်သည်။
"ဒိုင်း! ဒိုင်း! ဒိုင်း!"
ကျည်ဆန် ၃၀ လောက် မျက်စိတစ်မှိတ် အတွင်း ပစ်လွှတ်လိုက်ရာ အနောက်က မြန်မာ ၃ ယောက် လဲကျသွားသည်။ လောင်ချာသမား နဖူးပွင့်သွားပြီး နောက်ပြန် လဲကျသွားသည်။
"ကလစ်!"
လေ့ကျင့်ထားတဲ့ အထက်တန်းလွှာ စစ်သားတွေ ပီသပါပေတယ်။ အာလော်နဲ့ အာပေါင်က လိမ့်နေရင်း ကျည်အိမ်လဲပြီး ကျန်တဲ့ ၂ ယောက်ကို ဆက်ပစ်လိုက်သည်။ "အား!" ပစ်ခွင့်တောင် မရလိုက်တဲ့ မြန်မာ ၂ ယောက် မြေကြီးပေါ် လဲကျသွားသည်။ အာလော်နဲ့ အာပေါင် သစ်တောအုပ်ထဲ ခုန်ဝင်သွားကြသည်။
ထန်ကော်ပင်းနဲ့ ရှုချင်း ကားထဲက ပြေးထွက်လာကြသည်။ အတားအဆီး နောက်က မြန်မာတွေ AK တွေ ကောက်ကိုင်ပြီး စပစ်ကြသည်။ "ဒိုင်း! ဒိုင်း! ဒိုင်း!" ကျည်ဆန်မိုးတွေ ရှေ့ဆုံးကားပေါ် ရွာကျလာသည်။
"ဒိုင်း! ဒိုင်း!" ထန်ကော်ပင်း ပြန်ပစ်လိုက်သည်။ ဘေးနား သစ်တောအုပ်ထဲက အာလော်နဲ့ အာပေါင်လည်း အချိန်ကိုက် ကူပစ်ပေးသဖြင့် ရန်သူ့ ပစ်အားကို ဟန့်တားလိုက်နိုင်သည်။ ကံဆိုးတာက ရန်သူကို မထိလိုက်ဘူး။
အခွင့်ကောင်း ယူပြီး ရှုချင်း ကားပေါ်က ခုန်ဆင်း၊ ဓားမြှောင်ကို ပါးစပ်ဖြင့် ကိုက်ထားပြီး ကားပေါ်က ဆင်းလာတဲ့ မုန်ရှီချန်နဲ့ ဇနီးသည်ကို လက်တစ်ဖက်စီ ဆွဲကာ ဘယ်ဘက် သစ်တောအုပ်ထဲ သရဲခြေလှမ်းဖြင့် ပြေးဝင်သွားသည်။
"ဒိုင်း! ဒိုင်း!"
ကျည်ဆန် ၂ တောင့် ရှုချင်း မျက်နှာဆီ တရွှီရွှီ ပြေးဝင်လာသည်။ လျှပ်စီးလက်သလို မြန်ဆန်တဲ့ အချိန်လေးမှာ ထူးဆန်းတာ တစ်ခု ဖြစ်သွားသည်။ ကြိုတင် သိမြင်မှု တစ်ခုခု ရလိုက်သလို မျက်နှာကို ဘေးလွှဲလိုက်ရာ အရှိန်ပြင်းပြင်း လည်ပတ်နေတဲ့ ကျည်ဆန် ၂ တောင့်ကို ရှောင်တိမ်းလိုက်နိုင်သည်။ ကာယကံရှင်ကလွဲရင် ဘယ်သူမှ မမြင်လိုက်ပါဘူး။
မြေကမ္ဘာအဆင့် သိုင်းပညာရှင်တွေရဲ့ အာရုံခံစားမှုက သာမန်လူတွေထက် အဆရာချီ ပိုထက်မြက်ပါတယ်။ ပိုထူးဆန်းတာက ခန္ဓာကိုယ် တစ်ခုလုံးကို မမြင်ရတဲ့ ဓာတ်ငွေ့အကာတစ်ခု ဖုံးအုပ်ထားတာပါ။ ကျည်ဆန်ကြောင့် ဖြစ်ပေါ်လာတဲ့ လေစီးကြောင်းက ဓာတ်ငွေ့အကာကို ထိလိုက်တာနဲ့ ရှုချင်း အာရုံခံမိပြီး အလိုအလျောက် ရှောင်တိမ်းလိုက်တာပါ။
"ဟားဟား! ငါ ကျည်ဆန် ရှောင်နိုင်တယ်ဟ! AK ကျည်ဆန်တွေနော်! သောက်ရမ်း မိုက်တာပဲ!" ရှုချင်း ဝမ်းသာသွားသည်။ ရူးသွပ်မိုက်မဲတဲ့ အတွေးတစ်ခု ခေါင်းထဲ ဝင်လာသည်။ "နောက်တစ်ခေါက် ထပ်စမ်းကြည့်ဦးမယ်"
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: