ယန်ဟွမ် တိုက်ကြီး တစ်ခုလုံးရှိ ဂိုဏ်းပေါင်း သောင်းချီက လီချင်းယွင်၏ လွှမ်းမိုးမှု အရှိန်အဝါကြောင့် အံ့သြမှင်သက်နေကြသည်။ တိတ်ဆိတ်အိမ်တော်၏ စွမ်းအားက ခန့်မှန်းရခက်လောက်အောင် ကြီးမားမှန်း သိကြပေမဲ့ လီချင်းယွင်က ရေခဲနှင်းနတ်ဘုရားနယ်မြေဆိုတဲ့ မထင်ရှားတဲ့ ဂိုဏ်းလေးကနေ အခုလို အင်အားကြီး ဂိုဏ်း ဖြစ်လာအောင် လုပ်ပြခဲ့တာကိုလည်း မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသည်။

ပြီးတော့ သူက ပျော်မြောင်ဂိုဏ်း၊ သားရဲဝိညာဉ်ဂိုဏ်းနှင့် ကောင်းကင်လျှို့ဝှက်ဂိုဏ်းတို့လို တစ်ချိန်က ပြိုင်ဘက်ကင်းခဲ့တဲ့ ဂိုဏ်းကြီးတွေကို ဖျက်ဆီးခဲ့သူလေ။

သေသည်အထိ တိုက်ပွဲ!

ဒီစကားကို လူတိုင်း ရင်းနှီးနေပြီ။ လီချင်းယွင်ကို စော်ကားခဲ့တဲ့ ဂိုဏ်းတိုင်း ဒီစကားကြောင့် ပျက်စီးခဲ့ရတာ။

အရင်တုန်းက ရေခဲနှင်းနတ်ဘုရားနယ်မြေ ဒုက္ခရောက်တိုင်း ပြန်ရုန်းထွက်နိုင်ခဲ့ပေမဲ့ ဒီတစ်ခါတော့ မသေချာဘူး။ ဘယ်သူမှ မလောင်းရဲကြ။ နိုင်ရင် အရင်းအမြစ်တွေ ရမယ်၊ ရှုံးရင်တော့ တစ်မျိုးနွယ်လုံး ပျက်စီးမှာ။

"ဒီအပေးအယူက မဖြစ်နိုင်ဘူး"

လီကျစ်ရှုံး လူတိုင်းရဲ့ အတွေးကို ရိပ်မိပြီး ပြောလိုက်သည်။ "လီချင်းယွင်... ငါတို့က မင်းကို မထိရဲဘူး ထင်နေလား"

လီချင်းယွင် အေးစက်စွာ ပြောလိုက်သည်။ "ထိကြည့်လိုက်လေ"

လီကျစ်ရှုံး နောက်က အကြီးအကဲ ၈ ယောက် ရှေ့ထွက်လာပြီး ပြိုင်တူ တိုက်ခိုက်သည်။ ဝိညာဉ်ဖြစ်တည်မှုအဆင့် အစောပိုင်း အရှိန်အဝါကြောင့် ကြည့်ရှုသူများ မျက်နှာ ဖြူဖျော့သွားကြသည်။

"ကြောက်စရာကြီး"

ကျောက်ချင်းချန်၊ ရှန်မုန့်ရို၊ ရှာချန်အာနှင့် ကျန်းယွီရှီးတို့ ပြိုင်တူ ထွက်လာကြသည်။

တုန်းဖန်ယင်းရွှယ်က ကောင်းကင် ကံကြမ္မာ အစီအရင်ပြားကို ထုတ်လိုက်ပြီး လက်ချောင်းလေးများ လှုပ်ရှားလိုက်သည်။ "အဆင့်လျှော့ချခြင်း အစီအရင်!"

ကောင်းကင်မှ ဝိညာဉ်အလင်းတိုင် ဒါဇင်ချီ ကျဆင်းလာပြီး စက်ဝိုင်းပုံ အကာအကွယ် ဖြစ်ပေါ်လာသည်။ အစီအရင်ထဲ ရောက်လာသော ရွှမ်ဝူ အကြီးအကဲ ၈ ယောက်၏ ကျင့်ကြံမှုအဆင့်က ခန္ဓာပေါင်းစည်းအဆင့် အစောပိုင်းမှ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နောက်ဆုံးအဆင့်သို့ လျော့ကျသွားသည်။

အားလုံး အံ့သြသွားကြသည်။

"ဒီအစီအရင်က တကယ် စွမ်းတာပဲ"

"မယုံနိုင်စရာပဲ"

"ပြီးတော့ အစီအရင် သုံးနေတဲ့ မိန်းကလေးကို ကြည့်ပါဦး။ လောကီအရေး မစွန်းထင်းတဲ့ ပုံစံလေးနဲ့။ ကောင်းကင်ဘုံက ဆင်းလာတဲ့ နတ်သမီးများလား။ ဒါကြောင့် ဒီလို အစီအရင်မျိုး တတ်နေတာလား"

"ဖြစ်နိုင်တယ်"

ကျင့်ကြံသူတွေ ပြောဆိုနေစဉ် တိုက်ပွဲက ပိုပြင်းထန်လာသည်။ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နောက်ဆုံးအဆင့်မိန်းမ ၄ ယောက်က နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နောက်ဆုံးအဆင့် အကြီးအကဲ ၈ ယောက်ကို တိုက်ခိုက်နေတာ။ အဆင့်တစ်ဆင့် နိမ့်နေတာတောင် ၂ ယောက် ၁ ယောက် ယှဉ်နိုင်နေတာ အံ့သြစရာပင်။

ရှာချန်အာ ဟင်းလင်းပြင်ထဲ ရပ်လိုက်သည်။ "ကိုးလွှာကောင်းကင် ဖီးနစ်အက!"

ဖီးနစ်ငှက် ၃ ကောင် ကောင်းကင်သို့ ပျံတက်သွားပြီး မြေပြင်တစ်ခုလုံး မီးတောက်များ ဖုံးလွှမ်းသွားသည်။ ရန်သူများကို မီးဖြင့် လောင်ကျွမ်းစေသည်။

လီချင်းယွင်က ဒီသိုင်းကွက်ကို သာလွန်အဆင့်အထိ မြှင့်တင်ပေးထားလို့ ကျင့်ကြံမှု နိမ့်နေပေမဲ့ စွမ်းအားက ကြောက်စရာ ကောင်းနေသည်။

ထိုအချိန်တွင် ရှာချန်အာ ကိုယ်တိုင်လည်း မီးနတ်ဘုရားမ အဖြစ် ပြောင်းလဲသွားသည်။ တစ်ကိုယ်လုံး မီးတောက်များ လောင်ကျွမ်းနေပြီး မျက်လုံး၊ ဆံပင် နှင့် ဝတ်စုံရှည်များ အနီရောင် ပြောင်းသွားသည်။

"အနီရောင် နတ်ဘုရားမီး ကျင့်စဉ်!"

ရှေးဟောင်း လျှို့ဝှက်ကျင့်စဉ်ကို သုံးလိုက်ပြီးနောက် ရှာချန်အာ မီးနတ်ဘုရားမ သံချပ်ကာ ဝတ်ဆင်လိုက်သည်။ မြင့်မြတ်ပြီး အရှိန်အဝါ ကြီးမားပုံ ပေါက်နေသည်။ လက်ဝှေ့ယမ်းလိုက်ရာ အရပ်မျက်နှာ အသီးသီးမှ မီးတောက်များက ရွှမ်ဝူ အကြီးအကဲ ၈ ယောက်ကို တိုက်ခိုက်သည်။

ပြင်းထန်သော မီးစွမ်းအားကြောင့် အစီအရင်ထဲက ရွှမ်ဝူ အကြီးအကဲများ ဒုက္ခရောက်ကုန်သည်။

"လွန်လွန်းတယ်"

"ကြောက်စရာကြီး"

ကျင့်ကြံသူများ အံ့သြနေကြသည်။

"ငယ်ငယ်လေးနဲ့ ဒီလောက် စွမ်းတာလား။ ဖီးနစ် မျိုးနွယ်စုရဲ့ သန့်ရှင်းသော အမျိုးသမီး ဆိုတာ ဒါမျိုးကိုး"

ရှာချန်အာ ဒီလောက် ထူးချွန်နေတာတောင် လီချင်းယွင် မိန်းမ ဖြစ်သွားတာ မြင်ပြီး လီကျစ်ရှုံး ရင်ကွဲမတတ် ဖြစ်နေသည်။

"ရှာချန်အာ နှလုံးသားကိုသာ ရနိုင်ရင် ငါ့အကျင့်စရိုက် ပြောင်းပြီး ယောက်ျားကောင်း လုပ်ပစ်မယ်ကွာ"

ရွှမ်ဝူ အကြီးအကဲတွေ မနိုင်တော့တာ မြင်တော့ နဂါး မျိုးနွယ်စု အကြီးအကဲ ၈ ယောက် ဝင်ကူသည်။ သူတို့က ခန္ဓာပေါင်းစည်းအဆင့် အစောပိုင်းဖြစ်ပြီး အစီအရင်ထဲ ရောက်တော့ နတ်ဘုရားအသွင်ပြောင်းလဲခြင်းအဆင့် နောက်ဆုံးအဆင့် ဖြစ်သွားသည်။

နဂါး အကြီးအကဲ ၈ ယောက် သွေးမျိုးဆက် စွမ်းရည် သုံးလိုက်ရာ နတ်နဂါး ၈ ကောင် ကောင်းကင်သို့ ပျံတက်သွားပြီး မီးတောက်များကို ရေဖြင့် ငြှိမ်းသတ်သည်။

ရွှမ်ဝူ အကြီးအကဲများလည်း သွေးမျိုးဆက် စွမ်းရည် သုံးလိုက်ရာ လိပ်ပုံရိပ် ၈ ခု ထွက်ပေါ်လာပြီး ရေခဲရေများ မှုတ်ထုတ်သည်။

ရေနှင့် မီး တိုက်ပွဲတွင် မီးတောက်များ ငြိမ်းသွားသည်။

ကျန်းယွီရှီး ဂူကျင်းတီးလိုက်ရာ ဝိညာဉ်ကြိုးများ ထွက်ပေါ်လာပြီး နဂါးပုံရိပ်နှင့် လိပ်ပုံရိပ်များကို ချည်နှောင်လိုက်သည်။

ရှန်မုန့်ရို ခြေဖျားထောက်ပြီး ပျံသန်းလိုက်သည်။ "ပန်းတစ်သောင်း နတ်ဘုရားမ သိုင်း!"

ပီယိုနီပန်းပုံသဏ္ဍာန် ဓားအရှိန်အဝါ သောင်းချီ အကြီးအကဲများကို တိုက်ခိုက်သည်။ ပန်းပွင့်တိုင်းက လှပသလောက် အေးစက်သော ဓားအရှိန်အဝါ ပါဝင်သည်။

ရှီး ရှီး ရှီး ရှီး!

သတ္တုချင်း ထိခိုက်သံများ ဆူညံနေသည်။

ရုတ်တရက် ရွှမ်ဝူ အကြီးအကဲ တစ်ယောက် ပေါင်ကို ဓားထိုးခံလိုက်ရသည်။ ကျောက်ချင်းချန်က 'အရိပ်ကိုယ်ဖျောက် ကျင့်စဉ်' ဖြင့် အလစ်ဝင်တိုက်ခြင်း ဖြစ်သည်။ ကျောကုန်းကို ထိုးမလို့ လုပ်ပေမဲ့ ရှောင်လိုက်လို့ ပေါင်ကို ထိသွားခြင်း ဖြစ်သည်။

ကြည့်ရှုသူ ကျင့်ကြံသူများ ကျောချမ်းသွားကြသည်။

"တိတ်ဆိတ်အိမ်တော်က အကြီးအကဲ ၁၆ ယောက်က မိန်းမ ၄ ယောက်ကို မနိုင်ဘူးတဲ့"

"တိတ်ဆိတ်အိမ်တော် ဆိုတာ သိပ်မစွမ်းပါလား"

"နာမည်ကြီးပြီး အချီးနှီးပဲလား"

ရွှမ်ဝူနှင့် နဂါး မျိုးနွယ်စု အပေါ် သံသယ ဝင်လာကြသည်။

နဂါးနှင့် ရွှမ်ဝူ မျိုးနွယ်စုဝင်များ ရှက်သွားကြသည်။

"အရှက်ကွဲလိုက်တာ"

ပထမဆုံး အကြိမ် အစွမ်းပြချင်တာ အခုတော့ သိက္ခာကျပြီ။

လျူယုံက ဘေးက နဂါး အကြီးအကဲကို ကြည့်လိုက်သည်။ "အဘိုးကြီးဖန်... ငါတို့ ဝင်ကူပြီး ဒီကောင်မလေးတွေကို သင်ခန်းစာ ပေးလိုက်ကြစို့"

သူက နဂါး မျိုးနွယ်စု အကြီးအကဲ အဆင့် ၃၀ ဖန်ဟုန် ဖြစ်သည်။

"ကောင်းပြီ"

၂ ယောက်လုံး ခန္ဓာပေါင်းစည်းအဆင့် နောက်ဆုံးအဆင့်ရှိကြပြီး အစီအရင်ထဲ ရောက်တော့ ခန္ဓာပေါင်းစည်းအဆင့် အလယ်အလတ် ဖြစ်သွားသည်။

သူတို့ ၂ ယောက် ဝင်လာတော့ မိန်းမ ၄ ယောက် အရေးနိမ့်သွားသည်။

"မင်းတို့ နောက်ဆုတ်နေ" လီချင်းယွင် ရှေ့ထွက်လာပြီး ဖန်ဟုန် နှင့် လျူယုံ ကို ၂ ယောက် ၁ ယောက် ယှဉ်တိုက်သည်။

လက်သီးချက်များ ပြင်းထန်ပြီး မြေကြီးများ အက်ကွဲကုန်သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း!

၃ ယောက်သား ပိုမြန်လာပြီး ပေါက်ကွဲမှုတွေ ပိုပြင်းထန်လာသည်။

မနိုင်မှန်း သိတော့ ဖန်ဟုန် နှင့် လျူယုံ သွေးမျိုးဆက် စွမ်းရည် ထုတ်သုံးလိုက်သည်။ ပေရာချီ ကြီးမားသော နဂါးပုံရိပ်၊ မြွေနဂါးပုံရိပ် နှင့် လိပ်ပုံရိပ်များ ထွက်ပေါ်လာသည်။ သားရဲ ၃ ကောင်၏ အရှိန်အဝါက ကြောက်မက်ဖွယ် ကောင်းလှသည်။

လျူယုံ မောက်မာစွာ ပြောလိုက်သည်။ "လီချင်းယွင်... ဘယ်လို ခုခံမလဲ ကြည့်ရသေးတာပေါ့"

လိပ်ပုံရိပ်က ရေများ မှုတ်ထုတ်ပြီး လီချင်းယွင်ကို ဝိုင်းထားလိုက်သည်။ နဂါးပုံရိပ်က မီးမှုတ်သည်။ မြွေနဂါးပုံရိပ်က အဆိပ်မှုတ်သည်။ ၃ မျိုး ပေါင်းစပ်လိုက်တော့ စွမ်းအား ပိုကြီးလာသည်။

"ရေခဲနယ်မြေ!" လီချင်းယွင် လက်ဟန်ပြလိုက်ရာ စက်ဝိုင်းပုံ အကာအကွယ် ဖြစ်ပေါ်လာသည်။ နှင်းများ ကျဆင်းလာပြီး အပူချိန် အနှုတ် ၅၀၀ ဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားသည်။

လေထု ခဲသွားပြီး တိုက်ခိုက်မှု အားလုံးကို ကာကွယ်လိုက်သည်။

လီချင်းယွင် အရှိန်အဝါ ထုတ်လွှတ်ပြီး ၂ ယောက်လုံးကို တွန်းထုတ်လိုက်သည်။ လျူယုံ နှင့် ဖန်ဟုန် အစွမ်းကုန် သုံးပြီးပြီမို့ ဘာမှ ဆက်မလုပ်နိုင်တော့။ လီချင်းယွင်ကို ငေးကြည့်နေရုံသာ။

ရေခဲနှင်းနတ်ဘုရားနယ်မြေ ဂိုဏ်းသားများ အော်ဟစ်အားပေးကြသည်။

"စီနီယာအစ်ကိုကြီးလီ အရမ်းမိုက်တယ်"

"စွမ်းလိုက်တာ"

လင်းယွီယောက် လီချင်းယွင်ကို ကြည့်ပြီး မျက်ရည်ဝဲလာသည်။ အတိတ်ကို ပြန်တွေးမိပြီး နောင်တရနေသည်။

လီချင်းယွင် လူအုပ်ထဲက ရှောင်ကျန့်ထျန်းဆီ ပျံသန်းသွားသည်။ "ကောင်စုတ်... မင်း မပြေးနိုင်ပါဘူး"

ရှောင်ကျန့်ထျန်း အော်ဟစ်လိုက်သည်။ "ဒုတိယ သခင်လေး... ကယ်ပါဦး"

လျူယုံ၊ ဖန်ဟုန် နှင့် အကြီးအကဲ ၁၆ ယောက် လီချင်းယွင်ကို တားဖို့ ပြေးလာကြသည်။ လီချင်းယွင် "လိပ်တစ်သောင်း ဂါရဝပြုခြင်း" သုံးပြီး အားလုံးကို တွန်းထုတ်လိုက်သည်။ ရှောင်ကျန့်ထျန်းနှင့် ဖန်ချုံမင်ကို ဖမ်းချုပ်ပြီး ကျင့်ကြံမှုကို ပိတ်ပင်လိုက်သည်။

အားလုံး ကျောက်ရုပ် ဖြစ်သွားကြသည်။

အကြီးအကဲ ဒါဇင်ချီကို လက်သီးတစ်ချက်တည်းနဲ့ တွန်းထုတ်လိုက်တာ။

"ဒီလောက်ထိ စွမ်းဖို့ လိုလို့လား"

လင်းယွီယောက် ဝမ်းသာပြီး ငိုလိုက်သည်။ ရန်သူကို ဖမ်းမိပြီ။

မိနစ်အနည်းငယ် ကြာသည်အထိ ဘယ်သူမှ မလှုပ်ရဲကြ။

"ဆက်တိုက်ဦးမလား" လီချင်းယွင် မေးလိုက်သည်။ "မတိုက်တော့ရင် ငါ သွားတော့မယ်။ ဒီလို အသေးအဖွဲ ကိစ္စတွေအတွက် ငါ့ကို မခေါ်နဲ့။ စိတ်ရှုပ်စရာ ကောင်းတယ်။ လူသားမျိုးနွယ် ညီလာခံတဲ့... အလကားပါကွာ။ လီချင်းယွင် အောင်နိုင်ရေး ညီလာခံ လို့ နာမည်ပြောင်းလိုက်"

"မိန်းမတို့... သွားကြစို့"