အခန်း (၁၈၆) နောက်ဘဝမှာ ဆုံကြစို့
လီချင်းယွင်က မိန်းမများအားလုံးကို ခေါ်ပြီး လူအများရှေ့မှ ထွက်ခွာလာသည်။
ယန်ဟွမ် တိုက်ကြီးတစ်ခုလုံးရှိ ဂိုဏ်းပေါင်းစုံ လီချင်းယွင်၏ စွမ်းအားကြောင့် အံ့သြမှင်သက်နေကြသည်။
"ကံကောင်းလို့ ငါတို့ သူ့ကို ရန်မစခဲ့မိတာ"
"ဟုတ်တယ်... ရေခဲနယ်မြေ သေမင်းတမန်ရဲ့ အင်အားက ကြောက်စရာ ကောင်းလိုက်တာ"
ကျင့်ကြံသူများ တီးတိုး ပြောဆိုနေကြသည်။
ကျောက်စိမ်းနန်းတော်မှ ချောင်ထန်မျက်နှာ ဖြူဖျော့နေသည်။ လီချင်းယွင် လက်စားချေမှာ ကြောက်နေသည်။
လီကျစ်ရှုံး အပြစ်တင်သလို မေးလိုက်သည်။ "အကြီးအကဲ လျူ... ဘာလို့ လွှတ်ပေးလိုက်တာလဲ"
လျူယုံ သက်ပြင်းချလိုက်သည်။ "ငါ သူ့ကို မယှဉ်နိုင်ဘူး"
လီကျစ်ရှုံး မျက်မှောင်ကြုတ်လိုက်သည်။ "ဒါဆို ဘယ်လို လုပ်မလဲ"
ယဲ့ချင်းလုံ ဝင်ပြောသည်။ "မျိုးနွယ်စု ခေါင်းဆောင်ကို အရင် သတင်းပို့ကြတာပေါ့"
အမွှေးတိုင် တစ်တိုင်စာ ကြာပြီးနောက်... ရေခဲနှင်းနတ်ဘုရားနယ်မြေတွင်...
လီချင်းယွင်က ရှောင်ကျန့်ထျန်းနှင့် ဖန်ချုံမင်ကို မြေကြီးပေါ် ပစ်ချလိုက်သည်။ "မိန်းကလေးလင်း... မင်း သဘောပဲ"
လင်းယွီယောက်က ရှောင်ကျန့်ထျန်းကို ဓားလို ထက်မြက်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"တောင်းပန်ပါတယ် ယွီယောက်... ငါ့ကို ခွင့်လွှတ်ပါ" ရှောင်ကျန့်ထျန်း တုန်လှုပ်စွာ ပြောလိုက်သည်။
"ဟုတ်တယ် ယွီယောက်... ငါ ဘာမှ မသိပါဘူး။ ငါ အပြစ်မရှိပါဘူး" ဖန်ချုံမင် ဝင်ပြောသည်။
လင်းယွီယောက် ဘာမှ ပြန်မပြောဘဲ ချောက်ကမ်းပါး အစွန်းနားထိ ဆွဲခေါ်သွားသည်။
"တောင်းပန်ပါတယ် ယွီယောက်... ငါ မှားမှန်း သိပါပြီ"
လင်းယွီယောက်က ရှောင်ကျန့်ထျန်း ပါးကို ရိုက်လိုက်ရာ ရှေ့သွား ၂ ချောင်း ကျွတ်ထွက်သွားသည်။ "နင် ငါ့အဖေကို သတ်ပြီး ငါ့ဂိုဏ်းကို ဖျက်ဆီးခဲ့တာလေ"
သေချင်လောက်အောင် ဖြစ်စေရမယ်။
"မလုပ်ပါနဲ့"
ရှောင်ကျန့်ထျန်း တောင်းပန်နေသည်။
လင်းယွီယောက် ဓားမြှောင် ထုတ်ပြီး ရှောင်ကျန့်ထျန်းကို အချက်ပေါင်းများစွာ ထိုးလိုက်သည်။ အမွှေးတိုင် တစ်တိုင်စာ ကြာတော့ ရှောင်ကျန့်ထျန်း နာကျင်စွာ သေဆုံးသွားသည်။
ဘေးနားက ဖန်ချုံမင် ကြောက်လန့်ပြီး မျက်နှာ ဖြူဖျော့နေသည်။ သားသေတာကိုတောင် မေ့ပြီး တောင်းပန်နေသည်။ "မိန်းကလေးလင်း... ကျွန်မ ဝူချန်ဂိုဏ်းက ဘယ်သူ့ကိုမှ မသတ်ခဲ့ပါဘူး။ အသက်ချမ်းသာပေးပါ"
လင်းယွီယောက် မျက်လုံး အေးစက်သွားသည်။ "ရှင့်သားက ရှောင်ကျန့်ထျန်းလေ... ဒါဆို ရှင်လည်း အပြစ်မကင်းဘူး"
ပြောပြီးတာနဲ့ ဓားချက်များစွာ ထိုးသွင်းပြီး ဖန်ချုံမင်ကို သတ်ပစ်လိုက်သည်။
ခဏကြာတော့ လင်းယွီယောက် ပြန်လာသည်။ လီချင်းယွင် မေးလိုက်သည်။ "ဘယ်လိုလဲ"
"ထိုက်တန်တဲ့ အပြစ်ဒဏ် ပေးလိုက်ပါပြီ။ ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီးလီ"
"ရပါတယ်"
ကျောက်ချင်းချန် ဝင်ပြောသည်။ "မိန်းကလေးလင်း... ရန်သူကို လက်စားချေပြီးပြီ ဆိုတော့ အန္တရာယ်လည်း ကင်းသွားပြီ။ ဝူချန်ဂိုဏ်းကို ပြန်ပြီး ပြန်လည် တည်ထောင်သင့်တယ် မလား"
လင်းယွီယောက် ခဏတိတ်သွားပြီးမှ ပြောလိုက်သည်။ "ဟုတ်တယ်... ဒီမှာ ဆက်နေလို့လည်း ဘာမှ မထူးတော့ဘူး။ မနက်ဖြန် ပြန်တော့မယ်"
မိန်းမတွေ ဝမ်းသာသွားကြသည်။
ရှန်မုန့်ရို - "မိန်းကလေးလင်း... ဂိုဏ်းပြန်တည်ထောင်ဖို့ အရင်းအမြစ်တွေ၊ လူအင်အားတွေ လိုရင် ပြောနော်"
"ကျေးဇူးတင်ပါတယ် မိန်းကလေးရှန်"
ရှာချန်အာ - "မိန်းကလေးလင်း က လက်စားချေနိုင်ခဲ့ပြီ။ မနက်ဖြန်လည်း ဒီက ထွက်သွားတော့မယ် ဆိုတော့ ဝမ်းသာစရာ ၂ ခု ပေါင်းသွားပြီ။ ဒီည ပါတီပွဲ ကျင်းပရအောင်"
ကျန်းယွီရှီးက ရှာချန်အာကို တံတောင်နဲ့ တွတ်လိုက်သည်။ ရှာချန်အာ သဘောပေါက်သွားပြီး "ငါ ဆိုလိုတာက... မနက်ဖြန် မိန်းကလေးလင်း ပြန်တော့မယ် ဆိုတော့ နောက်ထပ် တွေ့ရတော့မှာ မဟုတ်ဘူးလေ။ အတူတူ ထမင်းစားကြမယ် လို့ ပြောတာပါ"
"နောင်လည်း မကြာခဏ လာလည်လို့ ရပါတယ်..."
စကားမဆုံးခင် ကျောက်ချင်းချန် ပါးစပ် လာပိတ်လိုက်သည်။ "စကားမပြောဘဲ နေရင် ဘယ်သူမှ အအ လို့ မထင်ပါဘူး"
ညဘက်တွင် လင်းယွီယောက်၊ လီချင်းယွင်နှင့် တခြားသူများ တောင်ထိပ်တွင် ညစာ အတူစားကြသည်။
ကျေးဇူးတင်တဲ့ အနေနဲ့ လင်းယွီယောက် က ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးသည်။ တခြားမိန်းမတွေလည်း လင်းယွီယောက်ကို အနိုင်မကျင့်ဘဲ ပျော်ပျော်ရွှင်ရွှင် စကားပြော၊ လမင်းကြီးကို ကြည့်ပြီး အဆင်ပြေနေကြသည်။
ညဉ့်နက်သန်းခေါင်... လီချင်းယွင် တရေးနိုးလာပြီး တံခါးပွင့်လာတာ သတိထားမိလိုက်သည်။ အမှောင်ထဲမှာ လှပတဲ့ ကိုယ်လုံးလေး လှုပ်ရှားနေတာ တွေ့လိုက်ရသည်။ ဝတ်စုံရှည်နဲ့ အတွင်းခံအင်္ကျီကို ချွတ်လိုက်ရာ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ပေါ်လာသည်။
"ရှောင်ရို... မင်းလား" ကိုယ်လုံးကို ကြည့်ပြီး ရှန်မုန့်ရို ဖြစ်မယ်ထင်လို့ မေးလိုက်သည်။
အမျိုးသမီးက တဖြည်းဖြည်း တိုးကပ်လာသည်။ လရောင်မှိန်မှိန်အောက်မှာ မျက်နှာလေး ပေါ်လာသည်။
"မိန်းကလေးလင်း! မင်းလား" လီချင်းယွင် အံ့သြသွားသည်။
"ချင်းယွင်... ငါ နင့်ကို တကယ် ချစ်တာပါ"
"ငါ့ကို အခွင့်အရေး ပေးပါလား"
"နင့်ကို ပြုစုခွင့် ပြုပါ"
"ငါက နင့်မိန်းမ ဖြစ်ချင်ရုံပါ။ ဘာရာထူးမှ မလိုချင်ပါဘူး။ နင့်ဘေးနား နေခွင့်ရရင် ကျေနပ်ပါပြီ"
လီချင်းယွင် တည်ငြိမ်စွာ ပြောလိုက်သည်။ "မိန်းကလေးလင်း... မင်း စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ကတည်းက ငါတို့ ဇာတ်လမ်း ပြတ်သွားပါပြီ"
"ချင်းယွင်... ငါ့အပြစ်တွေပါ... ငါ့ဘဝမှာ နောင်တအရဆုံး ကိစ္စပါပဲ။ အဖေ သေသွားမှ အာဏာတို့ အကျိုးစီးပွားတို့ ဆိုတာ တိမ်တိုက်လိုပဲ ဆိုတာ သိလိုက်ရတယ်။ ချစ်ရတဲ့သူနဲ့ အတူနေရတာ အပျော်ရွှင်ဆုံးပဲ"
"တောင်းပန်ပါတယ် ချင်းယွင်... နောက်တစ်ကြိမ် အခွင့်အရေး ပေးပါ"
"တစ်ကြိမ်တည်းပါ"
"ငါ နင့်ကို ဘယ်တော့မှ စိတ်မပျက်စေရပါဘူး။ တခြားသူတွေထက် ပိုကောင်းအောင် ဆက်ဆံပါ့မယ်"
လီချင်းယွင် စိတ်ပျော့သွားသည်။ လင်းယွီယောက်က မာနကြီးသူလေ။ အရှုံးပေးဖို့ ဝန်လေးတတ်သူ။ ဒီလို တောင်းပန်လိမ့်မယ်လို့ ထင်မထားခဲ့။
ဒါပေမဲ့ အတိတ်က အတိတ်ပဲလေ။ ပြီးတော့ ဘေးနားက မိန်းမတွေကလည်း လက်ခံမှာ မဟုတ်ဘူး။
"မိန်းကလေးလင်း... ငါတို့ ပြန်ပေါင်းဖို့ မဖြစ်နိုင်တော့ပါဘူး။ ငါ့ကို မေ့လိုက်ပါ... ကိုယ့်လမ်းကိုယ် လျှောက်ပါတော့"
လင်းယွီယောက် လီချင်းယွင် ရင်ခွင်ထဲ တိုးဝင်လိုက်သည်။ "မလုပ်ပါနဲ့"
"တောင်းပန်ပါတယ်"
"ဒီလောကကြီးမှာ ငါ့အတွက် ဆွေမျိုး မရှိတော့ဘူး။ ဂိုဏ်းသားတွေလည်း သေကုန်ပြီ။ ငါ့မှာ သွားစရာ နေရာ မရှိတော့ဘူး။ ကျေးဇူးပြုပြီး ရက်စက်မနေပါနဲ့"
လင်းယွီယောက်၏ နူးညံ့အိစက်သော ကိုယ်လုံးကြောင့် လီချင်းယွင် စိတ်လှုပ်ရှားသွားပေမဲ့ စိတ်ကို ထိန်းပြီး တွန်းထုတ်လိုက်သည်။
"မိန်းကလေးလင်း... ငါတို့ သူငယ်ချင်း ဖြစ်လို့ ရပါတယ်။ ဒါပေမဲ့ လင်မယားတော့ မဖြစ်နိုင်ဘူး။ လက်လျှော့လိုက်ပါ"
လင်းယွီယောက် ကုတင်ပေါ်မှာ ခဏလောက် ငိုကြွေးပြီးမှ စိတ်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။ "တောင်းပန်ပါတယ် ချင်းယွင်... ခုနက စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ။ တကယ်လို့ နောက်ဘဝ ရှိခဲ့ရင် ငါ နင့်ဇနီးသည် သေချာပေါက် ဖြစ်အောင် လုပ်မယ်။ ဘာတွေပဲ ဖြစ်နေပါစေ နင့်ကို ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး"
ပြောပြီးတာနဲ့ ဝတ်စုံရှည်ကို ပြန်ဝတ်ပြီး ပြေးထွက်သွားသည်။
လီချင်းယွင် သက်ပြင်းချပြီး ပြန်အိပ်လိုက်သည်။
ဒါပေမဲ့ အိပ်မပျော်။ ၄ နှစ်တာ သံယောဇဉ်ကို ပြန်တွေးမိပြီး မာနကြီးခဲ့တဲ့ ကောင်မလေး ဒီအခြေအနေ ရောက်သွားတာ မြင်တော့ စိတ်မကောင်း ဖြစ်မိသည်။
လင်းယွီယောက် အခန်းမပြန်ဘဲ ဟင်းလင်းပြင်ထဲ တစ်ယောက်တည်း ပျံသန်းထွက်သွားသည်။ မိုးကုတ်စက်ဝိုင်းမှာ နေရောင်ခြည်နီနီ ထွက်ပေါ်လာမှ ရပ်လိုက်သည်။
ချောက်ကမ်းပါး အစွန်းမှာ ရပ်ပြီး တိမ်ပင်လယ်ကြီးကို ငေးကြည့်နေသည်။ အတိတ်ကို ပြန်တွေးနေသည်။ ရေတံခွန်အောက်မှာ လီချင်းယွင် ကျင့်ကြံနေပုံ၊ ထမင်းစားပုံ၊ သူ့အနားကပ်ဖို့ အကြောင်းပြချက် အမျိုးမျိုး ရှာခဲ့ပုံတွေကို ပြန်မြင်ယောင်နေသည်။ မနေ့တစ်နေ့ကလိုပါပဲ။
"ချင်းယွင်... နင်နဲ့ အတူ မနေရရင် ငါ အသက်ရှင်နေလည်း အဓိပ္ပါယ် မရှိတော့ဘူး"
လင်းယွီယောက် သစ်သားရုပ်ထုလေးကို ထုတ်ပြီး ပွတ်သပ်လိုက်သည်။ "နောက်ဘဝမှာ ဆုံကြစို့!"
ပြောပြီးတာနဲ့ ကျင့်ကြံမှု စွမ်းအားကို ပိတ်ပင်လိုက်ပြီး ချောက်ကမ်းပါးထဲ ခုန်ချလိုက်သည်။
...
ရေခဲနှင်းနတ်ဘုရားနယ်မြေတွင်...
"စီနီယာအစ်ကိုကြီးလီ... နေရာအနှံ့ ရှာပေမဲ့ မိန်းကလေးလင်းကို မတွေ့ဘူး" ဂျူနီယာလေး တစ်ယောက် လာပြောသည်။
"ဘာဖြစ်တာလဲ"
"ဘယ်ရောက်သွားတာလဲ" လီချင်းယွင် စိတ်ပူသွားသည်။ "နှုတ်မဆက်ဘဲ ထွက်သွားစရာ အကြောင်း မရှိပါဘူး။ ဝူချန်ဂိုဏ်း ပြန်မယ် ဆိုရင်တောင်မှလေ"
"ဝူချန်ဂိုဏ်းဘက် သွားရှာခိုင်းလိုက်။ ရှာဖွေရေး နယ်ပယ် ချဲ့လိုက်။ မတွေ့မချင်း ရှာ"
"ဟုတ်ကဲ့"
လီချင်းယွင် စိတ်လေးနေသည်။
"စိတ်မပူပါနဲ့... မိန်းကလေးလင်း ဘာမှ မဖြစ်လောက်ပါဘူး" ကျန်းယွီရှီး နှစ်သိမ့်လိုက်သည်။
ရှန်မုန့်ရို၊ ကျောက်ချင်းချန် တို့လည်း ဝိုင်းနှစ်သိမ့်ပေးကြသည်။
အချိန်ဘယ်လောက် ကြာသွားလဲ မသိ။ လင်းယွီယောက် မျက်လုံး ဖွင့်ကြည့်လိုက်သည်။ ပတ်ဝန်းကျင်က မှောင်မဲပြီး ခြောက်ခြားစရာ ကောင်းနေသည်။ "ငါ ဘယ်ရောက်နေတာလဲ။ သေသွားပြီလား"
☕ Support the Translator
စာစဉ်တွေကို သဘောကျလို့ ဘာသာပြန်သူကို အားပေးကူညီချင်တယ်ဆိုရင်
အောက်ကလင့်ခ်ကနေတဆင့် Donate လုပ်နိုင်ပါတယ်။
No comments: